ျမစ္ေရ အတက္အက် နဲ႔ ဆန္႔က်င္ဘက္‌ ေျပာင္းလဲျဖစ္‌ေပၚေန‌ေသာ ျမန္မာႏိုင္ငံက တြင္းႀကီး

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

ဘုတလင္ၿမိဳ႕နယ္မွာ ႐ွိတဲ့တြင္းေတာင္ပဲ ျဖစ္ပါတယ္။တြင္းေတာင္ပတ္လည္အက်ယ္အဝန္းမွာ ေလးမိုင္ခန္႔႐ွိၿပီး ေရပတ္လည္ အက်ယ္အဝန္းမွာ သုံးမိုင္ခန္႔ျဖစ္ပါတယ္။

တြင္းေတာင္ထဲမွေရဟာ ခ်င္းတြင္းျမစ္ႏွင့္ဆက္စပ္လ်က္႐ွိၿပီး ခ်င္းတြင္းျမစ္ေရတက္လွ်င္ တြင္းေတာင္ကန္ေရ က်သြားတတ္ပါတယ္။

ခ်င္းတြင္းျမစ္ေရက်လွ်င္ေတာ့ တြင္းေတာင္ကန္ေရ တက္လာပါတယ္။

ကန္ေရဟာ တစ္ျခားေရကန္ေတြနဲ႔ မတူပဲ ညိဳညစ္၊နီစပ္ၿပီး ေရညႇိေရာင္အတိုင္း ျဖစ္ေနပါတယ္။

ၾကည္လင္ျခင္းလဲမ႐ွိ ခြၽဲပ်စ္ၿပီး ငန္လည္းငန္ပါတယ္။ေရဆင္းခ်ိဳးလွ်င္ ဆပ္ျပာတိုက္စရာ မလိုပဲ ‌ဆပ္ျပာတိုက္ၿပီးသကဲ့သို႔ ျဖစ္ေနပါတယ္။

လက္ႏွီးစုပ္တစ္ခုကို ခ်ၾကည့္လွ်င္ ဆပ္ျပာတိုက္ၿပီး ေလွ်ာ္ၿပီးသကဲ့သို႔ ျဖဴေဖြးေနတတ္ပါတယ္လို႔ ဆိုၾကပါတယ္။

တြင္းေတာင္ကန္အတြင္း ပိုးေလာက္လန္းႏွင့္တူသည့္ တြင္းပိုးႏွင့္ ျဖဳတ္ကဲ့သို႔ေသာ ပိုးေကာင္ငယ္ ႏွစ္မ်ိဳးသာ ေတြ႕ရပါတယ္။

ငါး၊လိပ္၊ဖား၊ပုဇြန္စသည္တို႔ မေနႏိုင္ဘူးလို႔လည္း သိရပါတယ္။

တြင္းေတာင္တစ္ေလွ်ာက္ ေရခ်ိဳတြင္းမ်ား တူးၿပီး ကြမ္းစိုက္ၾကပါတယ္။

တြင္းကြမ္းကလည္း နာမည္လဲႀကီးပါတယ္။တြင္းကြမ္းႏွင့္တြင္းပိုးဟာ တြင္းေတာင္ရဲ႕ နာမည္ႀကီးထြက္ကုန္လည္းျဖစ္ပါတယ္။

တြင္းပိုးဟာ ဥပုသ္ေန႔တြင္သာေပၚၿပီး တစ္ႏွစ္လွ်င္ တစ္လသာရႏိုင္ပါတယ္။

မိုးအုံ႔ေနလွ်င္ တြင္းပိုးမ်ား အလိုအေလ်ာက္ေပၚလာတတ္ပါတယ္။တြင္းပိုးကို လက္ပိုက္ သို႔မဟုတ္ ဆန္ကာျဖင့္ ဆယ္ယူၿပီး ေရေႏြးေျဖာရပါတယ္။

အခ်ဥ္ထည့္ ၿပီး အစိုအျဖစ္ စားသုံးႏိုင္ပါတယ္။တြင္းေတာင္ေရထဲတြင္ ဓါတ္ ၁၆ မ်ိဳးမွ် ပါဝင္ေနတယ္လို႔ ေဟာ္လန္နဲ႔ဂ်ပန္သုေတသီမ်ားကဆိုၾကပါတယ္။

Credit

Unicode

ဘုတလင်မြို့နယ်မှာ ရှိတဲ့တွင်းတောင်ပဲ ဖြစ်ပါတယ်။တွင်းတောင်ပတ်လည်အကျယ်အဝန်းမှာ လေးမိုင်ခန့်ရှိပြီး ရေပတ်လည် အကျယ်အဝန်းမှာ သုံးမိုင်ခန့်ဖြစ်ပါတယ်။

တွင်းတောင်ထဲမှရေဟာ ချင်းတွင်းမြစ်နှင့်ဆက်စပ်လျက်ရှိပြီး ချင်းတွင်းမြစ်ရေတက်လျှင် တွင်းတောင်ကန်ရေ ကျသွားတတ်ပါတယ်။

ချင်းတွင်းမြစ်ရေကျလျှင်တော့ တွင်းတောင်ကန်ရေ တက်လာပါတယ်။

ကန်ရေဟာ တစ်ခြားရေကန်တွေနဲ့ မတူပဲ ညိုညစ်၊နီစပ်ပြီး ရေညှိရောင်အတိုင်း ဖြစ်နေပါတယ်။

ကြည်လင်ခြင်းလဲမရှိ ချွဲပျစ်ပြီး ငန်လည်းငန်ပါတယ်။ရေဆင်းချိုးလျှင် ဆပ်ပြာတိုက်စရာ မလိုပဲ ‌ဆပ်ပြာတိုက်ပြီးသကဲ့သို့ ဖြစ်နေပါတယ်။

လက်နှီးစုပ်တစ်ခုကို ချကြည့်လျှင် ဆပ်ပြာတိုက်ပြီး လျှော်ပြီးသကဲ့သို့ ဖြူဖွေးနေတတ်ပါတယ်လို့ ဆိုကြပါတယ်။

တွင်းတောင်ကန်အတွင်း ပိုးလောက်လန်းနှင့်တူသည့် တွင်းပိုးနှင့် ဖြုတ်ကဲ့သို့သော ပိုးကောင်ငယ် နှစ်မျိုးသာ တွေ့ရပါတယ်။

ငါး၊လိပ်၊ဖား၊ပုဇွန်စသည်တို့ မနေနိုင်ဘူးလို့လည်း သိရပါတယ်။

တွင်းတောင်တစ်လျှောက် ရေချိုတွင်းများ တူးပြီး ကွမ်းစိုက်ကြပါတယ်။

တွင်းကွမ်းကလည်း နာမည်လဲကြီးပါတယ်။တွင်းကွမ်းနှင့်တွင်းပိုးဟာ တွင်းတောင်ရဲ့ နာမည်ကြီးထွက်ကုန်လည်းဖြစ်ပါတယ်။

တွင်းပိုးဟာ ဥပုသ်နေ့တွင်သာပေါ်ပြီး တစ်နှစ်လျှင် တစ်လသာရနိုင်ပါတယ်။

မိုးအုံ့နေလျှင် တွင်းပိုးများ အလိုအလျောက်ပေါ်လာတတ်ပါတယ်။တွင်းပိုးကို လက်ပိုက် သို့မဟုတ် ဆန်ကာဖြင့် ဆယ်ယူပြီး ရေနွေးဖြောရပါတယ်။

အချဉ်ထည့် ပြီး အစိုအဖြစ် စားသုံးနိုင်ပါတယ်။တွင်းတောင်ရေထဲတွင် ဓါတ် ၁၆ မျိုးမျှ ပါဝင်နေတယ်လို့ ဟော်လန်နဲ့ဂျပန်သုတေသီများကဆိုကြပါတယ်။

Credit