D Day လာေတာ့မွာ . . . ဒါေတြႀကိဳ လုပ္ထားၾကပါ

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

သဒ္ေဝ့ဗ္တုန္းကလည္း ႀကိဳျပင္ပါဆို လက္လုပ္လက္စားေတြက ဘယ္လိုႀကိဳျပင္မွာလဲ အေၾကာင္းျပေနတယ္။ (ေန႔စဥ္ဝင္ေငြထဲကေန မီးေသြးတထုတ္ေလာက္၊ ဆန္တဗူးေလာက္၊ ပဲတဗူးေလာက္၊ ေဆးျပားေလး တကဒ္ေလာက္ ဖဲ့ဖဲ့ၿပီး စုထားေလဗ်ာ)။

ကိုယ္ခ်င္းမစာေျပာတာမဟုတ္ဘူး။ က်ေနာ္လည္း ဝင္ေငြတျပားမွ မရွိတာ ၆လရွိၿပီ။ ဒီလိုပဲ ျဖည္းျဖည္းခ်င္း စုရတာပဲ။ေအး.. ကိုဗစ္က အရက္ပ်ံဂ်ယ္နဲ႔ လက္ေဆးလို႔ရတယ္၊ က်ည္ဆံမွန္ရင္ ပ႐ုပ္ဆီ လိမ္းလို႔ရတာ မဟုတ္ဘူး။ စစ္ပြဲဆိုတာ ကိုဗစ္လို mask တပ္ၿပီး ကာကြယ္လို႔ မရဘူး။

D day စလို႔ ၿမိဳ႕ျပတိုက္ပြဲေတြ ျဖစ္ၿပီ ဆိုရင္ စစ္တပ္က ျဖတ္၄ျဖတ္ဆိုတာမ်ိဳးေတြ လာမွာ…မီးျဖတ္မယ္ ဆိုရင္..ခင္ဗ်ားမွာ ဖေယာင္းတိုင္ရွိၿပီလား?မီးေသြးမီးဖိုရွိၿပီလား? မီးေသြးရွိၿပီလား?

မီးျခစ္ ေတယာက္တလုံးရွိလား?ဓာတ္မီးရွိလား???(ေရဒီယိုရွိလား?)။အင္တာနက္ျဖတ္၊ ဖုန္းလိုင္းျဖတ္လာရင္ ဘယ္လိုရင္ဆိုင္ရမလဲ ႀကိဳစဥ္းစားထားတာရွိလား?

လမ္းပန္းဆက္သြယ္ေရးပါ ျဖတ္မွာ သဒ္ေဝ့ဗ္လို အလႉရွင္လည္း မလာႏိုင္ဘူး။ ၃မ်ိဳး ၁၀၀ လည္း မလာႏိုင္ဘူး။ အလႉရွင္ေတြလည္း သူတို႔မိသားစု သူတို႔ျပန္ကာကြယ္ေနရမွာပဲ။

ၿပီးေတာ့ ေရျဖတ္လိုက္ၿပီဆိုပါေတာ့ (နယ္ေတြက ေရတြင္းေရကန္ရွိေသးတယ္)။ ၿမိဳ႕ႀကီးေတြ ေသာက္ေရ သုံးေရအတြက္ ႀကိဳစဥ္းစားထားၾကတာ ရွိၿပီလား။

ထိခိုက္ဒါဏ္ရာရရင္၊ ေနမေကာင္းျဖစ္ရင္ ေသာက္ဖို႔ လိမ္းဖို႔ ေဆးေတြ စုေဆာင္းထားၿပီးၿပီလား??

(သဒ္ေဝဗ့္တုန္းကလည္း လက္ထဲေငြနည္းလို႔ ႀကိဳမဝယ္ထားၾက၊ တကယ္လည္း ျဖစ္ေရာ ၇၀၀ တန္ကို ၇၀၀၀ ေပးဝယ္ၾကရတာ၊ ပိုေတာင္ကုန္ေသး)။

အကယ္၍ အေရးေပၚ အေျခအေန ေျပးရမယ့္အေနအထား ေရာက္ခဲ့သည္ရွိေသာ္ အလြယ္တကူ မၿပီးေျပးဖို႔ အေရးေပၚအိပ္ ထည့္ထားၿပီးၿပီလား??ေခါက္ဆြဲေျခာက္ကို အမ်ားႀကီး မဝယ္နဲ႔။ တကယ္ငတ္ရင္ ဆန္တို႔ ပဲတို႔ကမွ ေရရွည္ခံတာ။

ေလာေလာဆည္ေတာင္ ကရင္ဖက္၊ ကယားဖက္က၊ ခ်င္းဖက္က၊ စစ္ကိုင္းဖက္က ေျပးရတဲ့ ျပည္သူေတြ တခါတရံ ေတာထဲက အ႐ြက္ေတြ ျပဳတ္စားၾကရတာပဲ။ ဒါေတာင္ ျဖတ္၄ျဖတ္မဟုတ္ေသးဘူး။

(ကိုယ့္ရပ္ကိုယ္႐ြာမွာ ျဖစ္ခ်င္မွလည္း ျဖစ္မွာပါ ဆိုေပမယ့္ ကိုယ္အိမ္တည့္တည့္မွာ ျဖစ္ခ်င္လည္း ျဖစ္မွာပဲ။ ဘာမွ တရားေသေျပာမရပါဘူး)။ တကယ္ျဖစ္လာၿပီ ဆိုရင္လည္း ကိုဗစ္တုန္းကလို Mask ေလးေမးခ်ိတ္ၿပီး ေစ်းသြားခ်င္လို႔ မရဘူးေလ။ ျပင္ၾက၊ စုၾက၊ ဖဲ့ဖဲ့ၿပီး ဝယ္ထားၾကပါ။

ျပည္သူရႈံးရင္ ေတာ္လွန္ေရးရႈံးတာပဲ။ ႐ုပ္ရွင္ေတြထဲကလို ကိုယ့္ကို လာကယ္ေနရတာနဲ႔ တကယ့္ သူရဲေကာင္း ၅ေယာက္ ေသသြားတယ္ဆိုတဲ့ အကြက္မ်ိဳး မျဖစ္ပါေစနဲ႔။
မိမိကိုယ္ကိုယ္ ေစာင့္ေရွာက္ႏိုင္ျခင္းဟာလည္း ေတာ္လွန္ေရးအတြက္ အေထာက္အကူ ျဖစ္ပါတယ္။

Unicode

သဒ်ဝေ့ဗ်တုန်းကလည်း ကြိုပြင်ပါဆို လက်လုပ်လက်စားတွေက ဘယ်လိုကြိုပြင်မှာလဲ အကြောင်းပြနေတယ်။ (နေ့စဉ်ဝင်ငွေထဲကနေ မီးသွေးတထုတ်လောက်၊ ဆန်တဗူးလောက်၊ ပဲတဗူးလောက်၊ ဆေးပြားလေး တကဒ်လောက် ဖဲ့ဖဲ့ပြီး စုထားလေဗျာ)။

ကိုယ်ချင်းမစာပြောတာမဟုတ်ဘူး။ ကျနော်လည်း ဝင်ငွေတပြားမှ မရှိတာ ၆လရှိပြီ။ ဒီလိုပဲ ဖြည်းဖြည်းချင်း စုရတာပဲ။အေး.. ကိုဗစ်က အရက်ပျံဂျယ်နဲ့ လက်ဆေးလို့ရတယ်၊ ကျည်ဆံမှန်ရင် ပရုပ်ဆီ လိမ်းလို့ရတာ မဟုတ်ဘူး။ စစ်ပွဲဆိုတာ ကိုဗစ်လို mask တပ်ပြီး ကာကွယ်လို့ မရဘူး။

D day စလို့ မြို့ပြတိုက်ပွဲတွေ ဖြစ်ပြီ ဆိုရင် စစ်တပ်က ဖြတ်၄ဖြတ်ဆိုတာမျိုးတွေ လာမှာ…မီးဖြတ်မယ် ဆိုရင်..ခင်ဗျားမှာ ဖယောင်းတိုင်ရှိပြီလား?မီးသွေးမီးဖိုရှိပြီလား? မီးသွေးရှိပြီလား?

မီးခြစ် တေယာက်တလုံးရှိလား?ဓာတ်မီးရှိလား???(ရေဒီယိုရှိလား?)။အင်တာနက်ဖြတ်၊ ဖုန်းလိုင်းဖြတ်လာရင် ဘယ်လိုရင်ဆိုင်ရမလဲ ကြိုစဉ်းစားထားတာရှိလား?

လမ်းပန်းဆက်သွယ်ရေးပါ ဖြတ်မှာ သဒ်ဝေ့ဗ်လို အလှူရှင်လည်း မလာနိုင်ဘူး။ ၃မျိုး ၁၀၀ လည်း မလာနိုင်ဘူး။ အလှူရှင်တွေလည်း သူတို့မိသားစု သူတို့ပြန်ကာကွယ်နေရမှာပဲ။

ပြီးတော့ ရေဖြတ်လိုက်ပြီဆိုပါတော့ (နယ်တွေက ရေတွင်းရေကန်ရှိသေးတယ်)။ မြို့ကြီးတွေ သောက်ရေ သုံးရေအတွက် ကြိုစဉ်းစားထားကြတာ ရှိပြီလား။ထိခိုက်ဒါဏ်ရာရရင်၊ နေမကောင်းဖြစ်ရင် သောက်ဖို့ လိမ်းဖို့ ဆေးတွေ စုဆောင်းထားပြီးပြီလား?? (သဒ်ဝေဗ့်တုန်းကလည်း လက်ထဲငွေနည်းလို့ ကြိုမဝယ်ထားကြ၊ တကယ်လည်း ဖြစ်ရော ၇၀၀ တန်ကို ၇၀၀၀ ပေးဝယ်ကြရတာ၊ ပိုတောင်ကုန်သေး)။

အကယ်၍ အရေးပေါ် အခြေအနေ ပြေးရမယ့်အနေအထား ရောက်ခဲ့သည်ရှိသော် အလွယ်တကူ မပြီးပြေးဖို့ အရေးပေါ်အိပ် ထည့်ထားပြီးပြီလား??ခေါက်ဆွဲခြောက်ကို အများကြီး မဝယ်နဲ့။ တကယ်ငတ်ရင် ဆန်တို့ ပဲတို့ကမှ ရေရှည်ခံတာ။ လောလောဆည်တောင် ကရင်ဖက်၊ ကယားဖက်က၊ ချင်းဖက်က၊ စစ်ကိုင်းဖက်က ပြေးရတဲ့ ပြည်သူတွေ တခါတရံ တောထဲက အရွက်တွေ ပြုတ်စားကြရတာပဲ။ ဒါတောင် ဖြတ်၄ဖြတ်မဟုတ်သေးဘူး။

(ကိုယ့်ရပ်ကိုယ်ရွာမှာ ဖြစ်ချင်မှလည်း ဖြစ်မှာပါ ဆိုပေမယ့် ကိုယ်အိမ်တည့်တည့်မှာ ဖြစ်ချင်လည်း ဖြစ်မှာပဲ။ ဘာမှ တရားသေပြောမရပါဘူး)။ တကယ်ဖြစ်လာပြီ ဆိုရင်လည်း ကိုဗစ်တုန်းကလို Mask လေးမေးချိတ်ပြီး ဈေးသွားချင်လို့ မရဘူးလေ။ ပြင်ကြ၊ စုကြ၊ ဖဲ့ဖဲ့ပြီး ဝယ်ထားကြပါ။

ပြည်သူရှုံးရင် တော်လှန်ရေးရှုံးတာပဲ။ ရုပ်ရှင်တွေထဲကလို ကိုယ့်ကို လာကယ်နေရတာနဲ့ တကယ့် သူရဲကောင်း ၅ယောက် သေသွားတယ်ဆိုတဲ့ အကွက်မျိုး မဖြစ်ပါစေနဲ့။
မိမိကိုယ်ကိုယ် စောင့်ရှောက်နိုင်ခြင်းဟာလည်း တော်လှန်ရေးအတွက် အထောက်အကူ ဖြစ်ပါတယ်။