အိုးနဲ႔တူတဲ့လူသုံးမ်ိဳး

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

အိုးနဲ႔တူတဲ့လူသုံးမ်ိဳး

(၁)မျပည့္တဲ့အိုး။

“မျပည့္တဲ့အိုး ေဘာင္ဘင္ခတ္” ဆိုသလို နည္းနည္းသိၿပီး စကားကို ေဟာင္ဖြာ ေဟာင္ဖြာနဲ႔ အမ်ားႀကီးေျပာခ်င္တဲ့သူမ်ိဳးပါ။

အေျခအေနမွန္ကိုလည္း ေကာင္းစြာမသုံးသပ္၊ အရိပ္အကဲကိုလည္း နားမလည္၊ ကိုယ္ေျပာခ်င္တာကိုပဲ ဇြတ္အတင္း ေျပာတတ္ပါေသးတယ္။

ဒီအိုးလို သူမ်ိဳးဟာ- ပတ္ဝန္းက်င္နဲ႔ဖီလာ ကန္႔လန္႔ အၿမဲျဖစ္ေန တတ္ၿပီး အ႐ူး ၊အေပါ ၊စိတ္မမွန္သူလို႔ ကဲ့ရဲ႕ ႐ႈတ္ခ် အျပစ္တင္ျခင္း ခံရတတ္ပါတယ္။

(၂)ျပည့္ေနၿပီလို႔_ထင္ေနတဲ့အိုး။

အရာရာ ငါသိ၊ ငါတတ္၊ ငါသာလွ်င္ အျမတ္ဆုံးလို႔ ေသြးနားထင္ေရာက္ကာ မိမိကိုယ္ကို အထင္ႀကီး ဘဝင္ ေလဟပ္ေနသူမ်ိဳးပါ။

ဘာမဆို သိၿပီးသား၊ တတ္ၿပီးသား အခ်ိဳး မ်ိဳးနဲ႔ အျခားတစ္ပါးသူကို ႏွိမ့္ခ် ဆက္ဆံ တတ္ပါေသးတယ္။

စကားေျပာ ေမာက္မာ ခက္ထန္တတ္ၿပီး အၿမဲလိုလို ဆရာႀကီး ဂိုက္ဖမ္းေနတတ္ကာ ကိုယ့္ကိုယ္ကို ျဖည့္စရာ မလိုေလာက္ေအာင္ျပည့္ေနၿပီ ထင္ေနတတ္တဲ့ အိုးမ်ိဳးလိုပါ။

ဒီအိုးလို သူမ်ိဳးဟာ- ပတ္ဝန္းက်င္ရဲ႕ ေ႐ွာင္ကြင္းမႈကို ခံရတတ္ၿပီး တေျဖးေျဖး အေရးမပါ အရာမေရာက္ေတာ့တဲ့ ဘဝအေျခအေနမ်ိဳး ၾကဳံရတတ္ပါတယ္။

(၃) ဘာဆို_ဘာမွမ႐ွိေသးတဲ့အိုး။

အရာရာကို နားလည္ခြင့္လႊတ္ႏိုင္စြမ္း အျပည့္႐ွိေနၿပီး ငါသိစရာ၊ ငါတတ္စရာေတြ အမ်ားႀကီး ႐ွိေနပါေသးလားဆိုတာ သိေန တဲ့ လူမ်ိဳးပါ။

သူမ်ားကို အထင္မေသးတတ္သလို ကိုယ့္ကိုယ္လည္း အထင္ႀကီး ဘဝင္ျမင့္ မေနတတ္ပါဘူး။

ဒီအိုးလို သူမ်ိဳးကသာ… ပညာျပည့္ဝ ႏွလုံးလွၿပီး ေလာကအလယ္ ဂုဏ္မငယ္ရဘဲ လူခ်စ္ လူခင္ မ်ားသထက္မ်ားေနကာ ပတ္ဝန္းက်င္ရဲ႕အထင္ႀကီးေလးစားျမတ္ႏိုးမႈကို အထူး ခံစားရပါလိမ့္မယ္။

ကဲ…..

သင္ေကာ ဘယ္လို အိုးမ်ိဳးျဖစ္ေနပါလဲ

Unicode

အိုးနဲ့တူတဲ့လူသုံးမျိုး

(၁)မပြည့်တဲ့အိုး။

“မပြည့်တဲ့အိုး ဘောင်ဘင်ခတ်” ဆိုသလို နည်းနည်းသိပြီး စကားကို ဟောင်ဖွာ ဟောင်ဖွာနဲ့ အများကြီးပြောချင်တဲ့သူမျိုးပါ။

အခြေအနေမှန်ကိုလည်း ကောင်းစွာမသုံးသပ်၊ အရိပ်အကဲကိုလည်း နားမလည်၊ ကိုယ်ပြောချင်တာကိုပဲ ဇွတ်အတင်း ပြောတတ်ပါသေးတယ်။

ဒီအိုးလို သူမျိုးဟာ- ပတ်ဝန်းကျင်နဲ့ဖီလာ ကန့်လန့် အမြဲဖြစ်နေ တတ်ပြီး အရူး ၊အပေါ ၊စိတ်မမှန်သူလို့ ကဲ့ရဲ့ ရှုတ်ချ အပြစ်တင်ခြင်း ခံရတတ်ပါတယ်။

(၂)ပြည့်နေပြီလို့_ထင်နေတဲ့အိုး။

အရာရာ ငါသိ၊ ငါတတ်၊ ငါသာလျှင် အမြတ်ဆုံးလို့ သွေးနားထင်ရောက်ကာ မိမိကိုယ်ကို အထင်ကြီး ဘဝင် လေဟပ်နေသူမျိုးပါ။

ဘာမဆို သိပြီးသား၊ တတ်ပြီးသား အချိုး မျိုးနဲ့ အခြားတစ်ပါးသူကို နှိမ့်ချ ဆက်ဆံ တတ်ပါသေးတယ်။

စကားပြော မောက်မာ ခက်ထန်တတ်ပြီး အမြဲလိုလို ဆရာကြီး ဂိုက်ဖမ်းနေတတ်ကာ ကိုယ့်ကိုယ်ကို ဖြည့်စရာ မလိုလောက်အောင်ပြည့်နေပြီ ထင်နေတတ်တဲ့ အိုးမျိုးလိုပါ။

ဒီအိုးလို သူမျိုးဟာ- ပတ်ဝန်းကျင်ရဲ့ ရှောင်ကွင်းမှုကို ခံရတတ်ပြီး တဖြေးဖြေး အရေးမပါ အရာမရောက်တော့တဲ့ ဘဝအခြေအနေမျိုး ကြုံရတတ်ပါတယ်။

(၃) ဘာဆို_ဘာမှမရှိသေးတဲ့အိုး။

အရာရာကို နားလည်ခွင့်လွှတ်နိုင်စွမ်း အပြည့်ရှိနေပြီး ငါသိစရာ၊ ငါတတ်စရာတွေ အများကြီး ရှိနေပါသေးလားဆိုတာ သိနေ တဲ့ လူမျိုးပါ။

သူများကို အထင်မသေးတတ်သလို ကိုယ့်ကိုယ်လည်း အထင်ကြီး ဘဝင်မြင့် မနေတတ်ပါဘူး။

ဒီအိုးလို သူမျိုးကသာ… ပညာပြည့်ဝ နှလုံးလှပြီး လောကအလယ် ဂုဏ်မငယ်ရဘဲ လူချစ် လူခင် များသထက်များနေကာ ပတ်ဝန်းကျင်ရဲ့အထင်ကြီးလေးစားမြတ်နိုးမှုကို အထူး ခံစားရပါလိမ့်မယ်။

ကဲ…..

သင်ကော ဘယ်လို အိုးမျိုးဖြစ်နေပါလဲ