ကေလးေတြ အေမရဲ႕ ဗိုက္ထဲမွာ႐ွိေနစဥ္ သင္ယူႏိုင္တဲ့ အရာေလးမ်ား
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
ကေလးေတြက အေမရဲ႕ ဗိုက္ထဲမွာ ႐ွိေနစဥ္မွာ ဘာမွ မသိႏိုင္ဘူးလို႔ ထင္ၾကပါတယ္။ တကယ္ေတာ့ မဟုတ္ပါဘူး။ ကေလးေတြက အေမ့ ဗိုက္ထဲမွာ ႐ွိစဥ္ကတည္းက သင္ယူတတ္ေနပါၿပီ။
အဲဒါေၾကာင့္လည္း တခ်ိဳ႕အေမေတြက ကိုယ္ဝန္ေဆာင္စဥ္မွာ ဘုရားစာ ႐ြတ္ေပးတာ၊ သီခ်င္းေလး ဖြင့္ေပးတာ၊ ပုံျပင္ ဖတ္ျပတာေတြကို လုပ္တတ္ၾကတာပါ။
ကေလးေတြက အေမရဲ႕ ဗိုက္ထဲမွာ ႐ွိစဥ္ကတည္းက သင္ယူတတ္ေၾကာင္းကို ေအာင္ျမင္တဲ့ သိပၸံပညာ႐ွင္ျဖစ္တဲ့ Annie Murphy က သုေတသနလုပ္ၿပီး အတည္ျပဳ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။
ကေလးေတြက အေမရဲ႕ဗိုက္ထဲမွာ အရင္ဆုံး သင္ယူမိတာက အေမရဲ႕အသံပါ။ အေမရဲ႕အသံနဲ႔ တျခားသူေတြရဲ႕အသံကို ကေလးေတြက ေကာင္းေကာင္း ခြဲျခားတတ္ပါတယ္။
ကေလးေတြက အေမရဲ႕ ဗိုက္ထဲေနစဥ္မွာ အနံ႔အရသာကို မသိဘူးလို႔ လူေတြက ထင္ၾကပါတယ္။ တကယ္ေတာ့ မဟုတ္ပါဘူး။ အေမစားတဲ့ အစားအစာေတြ အားလုံးဟာလည္း ကေလးဆီကို ေရာက္ပါတယ္။
အဲဒါေၾကာင့္လည္း ကေလးက ဗိုက္ထဲမွာ ႀကီးထြားလာတာပါ။ ကေလးေတြက သူတို႔ႀကိဳက္တဲ့အစားအစာကိုလည္း အေမသိေအာင္လို႔ မၾကာခဏ ျပတတ္ၾကပါတယ္။
ကေလးေတြက ဘာသာစကားကိုလည္း ေလ့လာႏိုင္ပါေသးတယ္။ ကေလးေတြက ဗိုက္ထဲမွာ ၾကားရတာကို အေျခခံၿပီး ပတ္ဝန္းက်င္မွာ ေျပာေနတဲ့စကားေတြကို ေလ့လာေနၾကပါၿပီ။
အေမရဲ႕ ေဘးနားက ပတ္ဝန္းက်င္၊ အနံ႔အသက္၊ အသံ၊ စိတ္ခံစားမႈ၊ အေမသုံးတဲ့ပစၥည္း စတာေတြက တစ္နည္းမဟုတ္ တစ္နည္း ကေလးကို ခံစားသိ႐ွိေစပါတယ္။ ဥပမာ အေမက ငိုေနရင္ ကေလးက ဝမ္းနည္းသလို အေမက ေပ်ာ္ေနရင္လည္း ကေလးက လိုက္ေပ်ာ္ပါတယ္။
အေမက ဗိုက္ကို ၾကင္နာစြာ ပြတ္သပ္ေပးတဲ့အခါ ကေလးက သိ႐ွိခံစား ႏိုင္ပါတယ္။ ဒီလို အထိအေတြ႕နဲ႔ သင္ၾကားေပးမႈက ကေလးရဲ႕ဦးေႏွာက္အထိ လႈံ႕ေဆာ္မႈ ျဖစ္ေစပါတယ္။
အေမရဲ႕ဗိုက္ထဲမွာ ကေလးဆီကို သဘာဝ အလင္းေရာင္ေရာ လူလုပ္အလင္းေရာင္ေရာ ေရာက္႐ွိပါတယ္။ ကေလးက အေမ့ရဲ႕ဗိုက္ထဲမွာ ႐ွိေနစဥ္မွာ လူေတြရဲ႕မ်က္ႏွာကို အစက္အေျပာက္ေတြအျဖစ္ ျမင္ရတယ္လို႔ ဆိုပါတယ္။
အသံေတြကိုလည္း ကေလးေတြက သင္ယူႏိုင္ပါၿပီ။ ကိုယ္ဝန္ ၁၈ ပတ္မွာ ကေလးေတြက အေမရဲ႕ အစာအိမ္ထဲက အသံေတြ၊ ႏွလုံးခုန္သံေတြကို နားေထာင္ႏိုင္ပါၿပီ။
ကေလးေတြက အေမရဲ႕ဗိုက္ထဲမွာ အေမရဲ႕ စိတ္ခံစားခ်က္ေတြကိုလည္း သိႏိုင္ပါၿပီ။ အာ႐ုံခံစားမႈက ေကာင္းေကာင္းဖြံ႕ၿဖိဳး လာေနပါၿပီ။ အေမရဲ႕အခ်င္းက ကေလးနဲ႔ ဆက္သြယ္ေနတာေၾကာင့္အေမရဲ႕ စိတ္ခံစားမႈေတြ၊ စိတ္ပိုင္းဆိုင္ရာ အေျခအေနေတြကို ဗိုက္ထဲမွာ ကတည္းက ရ႐ွိေနပါၿပီ။
Credit – Zombie (Lovemedia)
Unicode
ကလေးတွေက အမေရဲ့ ဗိုက်ထဲမှာ ရှိနေစဉ်မှာ ဘာမှ မသိနိုင်ဘူးလို့ ထင်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ကလေးတွေက အမေ့ ဗိုက်ထဲမှာ ရှိစဉ်ကတည်းက သင်ယူတတ်နေပါပြီ။
အဲဒါကြောင့်လည်း တချို့အမေတွေက ကိုယ်ဝန်ဆောင်စဉ်မှာ ဘုရားစာ ရွတ်ပေးတာ၊ သီချင်းလေး ဖွင့်ပေးတာ၊ ပုံပြင် ဖတ်ပြတာတွေကို လုပ်တတ်ကြတာပါ။
ကလေးတွေက အမေရဲ့ ဗိုက်ထဲမှာ ရှိစဉ်ကတည်းက သင်ယူတတ်ကြောင်းကို အောင်မြင်တဲ့ သိပ္ပံပညာရှင်ဖြစ်တဲ့ Annie Murphy က သုတေသနလုပ်ပြီး အတည်ပြု ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ကလေးတွေက အမေရဲ့ဗိုက်ထဲမှာ အရင်ဆုံး သင်ယူမိတာက အမေရဲ့အသံပါ။ အမေရဲ့အသံနဲ့ တခြားသူတွေရဲ့အသံကို ကလေးတွေက ကောင်းကောင်း ခွဲခြားတတ်ပါတယ်။
ကလေးတွေက အမေရဲ့ ဗိုက်ထဲနေစဉ်မှာ အနံ့အရသာကို မသိဘူးလို့ လူတွေက ထင်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ အမေစားတဲ့ အစားအစာတွေ အားလုံးဟာလည်း ကလေးဆီကို ရောက်ပါတယ်။
အဲဒါကြောင့်လည်း ကလေးက ဗိုက်ထဲမှာ ကြီးထွားလာတာပါ။ ကလေးတွေက သူတို့ကြိုက်တဲ့အစားအစာကိုလည်း အမေသိအောင်လို့ မကြာခဏ ပြတတ်ကြပါတယ်။
ကလေးတွေက ဘာသာစကားကိုလည်း လေ့လာနိုင်ပါသေးတယ်။ ကလေးတွေက ဗိုက်ထဲမှာ ကြားရတာကို အခြေခံပြီး ပတ်ဝန်းကျင်မှာ ပြောနေတဲ့စကားတွေကို လေ့လာနေကြပါပြီ။
အမေရဲ့ ဘေးနားက ပတ်ဝန်းကျင်၊ အနံ့အသက်၊ အသံ၊ စိတ်ခံစားမှု၊ အမေသုံးတဲ့ပစ္စည်း စတာတွေက တစ်နည်းမဟုတ် တစ်နည်း ကလေးကို ခံစားသိရှိစေပါတယ်။ ဥပမာ အမေက ငိုနေရင် ကလေးက ဝမ်းနည်းသလို အမေက ပျော်နေရင်လည်း ကလေးက လိုက်ပျော်ပါတယ်။
အမေက ဗိုက်ကို ကြင်နာစွာ ပွတ်သပ်ပေးတဲ့အခါ ကလေးက သိရှိခံစား နိုင်ပါတယ်။ ဒီလို အထိအတွေ့နဲ့ သင်ကြားပေးမှုက ကလေးရဲ့ဦးနှောက်အထိ လှုံ့ဆော်မှု ဖြစ်စေပါတယ်။
အမေရဲ့ဗိုက်ထဲမှာ ကလေးဆီကို သဘာဝ အလင်းရောင်ရော လူလုပ်အလင်းရောင်ရော ရောက်ရှိပါတယ်။ ကလေးက အမေ့ရဲ့ဗိုက်ထဲမှာ ရှိနေစဉ်မှာ လူတွေရဲ့မျက်နှာကို အစက်အပြောက်တွေအဖြစ် မြင်ရတယ်လို့ ဆိုပါတယ်။
အသံတွေကိုလည်း ကလေးတွေက သင်ယူနိုင်ပါပြီ။ ကိုယ်ဝန် ၁၈ ပတ်မှာ ကလေးတွေက အမေရဲ့ အစာအိမ်ထဲက အသံတွေ၊ နှလုံးခုန်သံတွေကို နားထောင်နိုင်ပါပြီ။
ကလေးတွေက အမေရဲ့ဗိုက်ထဲမှာ အမေရဲ့ စိတ်ခံစားချက်တွေကိုလည်း သိနိုင်ပါပြီ။ အာရုံခံစားမှုက ကောင်းကောင်းဖွံ့ဖြိုး လာနေပါပြီ။ အမေရဲ့အချင်းက ကလေးနဲ့ ဆက်သွယ်နေတာကြောင့်အမေရဲ့ စိတ်ခံစားမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ဗိုက်ထဲမှာ ကတည်းက ရရှိနေပါပြီ။
Zombie (Lovemedia)