မထိုက္သူကို ေမာင္းထုတ္ၿပီး ထိုက္သူပိုင္႐ွင္ကို ေစာင့္လို႔ ကိုယ္ထင္ျပခဲ့တဲ့ ေက်ာက္စိမ္းတုံးႀကီး
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
ဒီ တခါ ေတာ့ ေက်ာက္စိမ္းတလုံးဟာ အခ်ိန္မတန္ပဲ ရကိုမရဘူးဆိုတာေလး ေျပာျပခ်င္မိတယ္။
ေညာင္ကိုးပင္ေရာက္ေတာ့ ကြၽန္ေတာ္တို႔တဲက ထိပ္ဆုံးမွာဗ် ျမင္ေအာင္ေျပာရရင္ ေဝွခါနဲ႔တာမခံသြားတဲ့ ေတာလမ္းေလးေဘးမွာ။ ေတာင္ထိပ္မေရာက္တေရာက္မွာေပါ့
ယလုပ္ကြက္ေတြ အားလုံးကို အေပၚကေနၾကည္လို႔ရတယ္ အဲဒီအခ်ိန္က တာမခံလမ္းက ကားသြားလို႔မရေသးဘူး အဲဒီလမ္းကားသြားလို႔ ရေအာင္ ကြၽန္ေတာ္တို႔ ေဖာက္ခဲ့တာ ေမွာ္သစ္ကုန္းက ႐ွိသမ်က်င္းေတြတစ္လတိတိနားၿပီး ေဖာက္ေပးခဲ့ရတာဗ်။
က်င္း တက်င္းကို လမ္းေပဘယ္ေလာက္လည္းမမွတ္မိေတာ့ဘူး ကိုယ့္က်င္းအဖြဲ႕ ရဲ႕ သတ္မွတ္ေနရာကိုမဲႏိႈက္ၿပီး ေဖာက္ရတာ ေတာ္ေတာ္ပင္ပန္းတယ္။ သစ္ပင္ ေပါတဲ့ေနရာရတဲ့အဖြဲ႕က ေတာ္ေတာ္ အဆင္ေျပတယ္ အပင္ေတြကို ျဖတ္လဲဲၿပီး နားခ်ိန္မွာထင္းခြဲေရာင္းတာ အမယ္ အရက္ဖိုး တင္မက ဘိန္းဖိုးပါရၾကသဗ်။
ေက်ာက္ေဆာင္ေက်ာက္တုံး ေနရာက်တဲ့အဖြဲ႕ေတာ့ သြားေရာပဲ ဒီတေနရာကို ဘယ္ႏွရက္နဲ႔အၿပီး လို႔သတ္မွတ္ထားတာဆိုေတာ့ မၿပီးၿပီးေအာင္ လုပ္ၾကရတာ မၿပီးတဲ့အဖြဲ႕က ေမွာ္ထဲ က်င္းဆင္းခြင့္မရဘူး တေနရာထဲလည္းမဟုတ္ဘူး တေနရာၿပီး ေနာက္တေနရာနဲ႔ တလျပည့္ေအာင္လုပ္ရတာဗ်
ကြၽန္ေတာ္တို႔ေလာပန္းက ေမွာ္သစ္ကုန္းအဝင္ လမ္းေအာက္ဘက္အျခမ္းမွာ လက္ဖက္ရည္ဆိုင္နဲ႔ ဗြီဒီယို႐ုံ ဖြင့္တယ္ ဆိုင္နံမည္က ရီဖန္း ေလာပန္း နံမည္က တာဖ သူ႕အမ်ိဳးသမီးက ေဒၚဝါႏု နပ္စမဗ် ေဆးခန္းလည္းဖြင့္တယ္ ကြၽန္ေတာ္တို႔ကိုေတာ္ေတာ္ခ်စ္႐ွာပါတယ္ အေမတေယာက္လိုပါပဲ ႏွာေစးေခ်ာင္းဆိုးကိုအျဖစ္မခံဘူး တန္းကုေပးတယ္
ဆရာမတင္သေဘာေကာင္းတာလားဆိုဘယ္ဟုတ္မလည္း ေလာပန္း ကလည္းေကာင္းတယ္ တပတ္ကိုဆန္ေလးျပည္လို႔သာေျပာတာ အိတ္လိုက္ဝယ္ေပးတယ္ ဆန္ေကာင္းဗ် ကုန္ၿပီလို႔သာေျပာ တန္းေရာက္လာတာ အသားဆို တပတ္သုံးရက္ေလာက္ ဝယ္ပို႔တယ္ ကြၽန္ေတာ္တို႔ရတဲ့ ရိကၡာ ေငြေလးရာက အပိုပဲ အရက္ေသာက္မလား ဘိန္း႐ွဴမလား ႀကိဳက္တာလုပ္ဘာမွမေျပာဘူး တခါတေလ ေစ်းတန္း ဆင္းလို႔ဆိုင္နားေရာက္ရင္ လဘက္ရည္ ကအလကားေသာက္ရေသးတယ္
အားလုံးအဆင္ေျပတယ္ မေျပတာကေက်ာက္မရတာပဲ။ဒီလိုနဲ႔ မိုးဝင္လာ ခဲ့တယ္ ေခါင္းေပါင္က်င္းၿပီးသားေတြကလည္း တေႏြလုံးထိုးၿပီးလို႔ကုန္ၿပီ ေက်ာက္ဆိုလို႔ မ်ိဳးေလး ေတြပဲရတယ္ ေက်ာက္ေကာင္း ၾကက္မတဝပ္ ဆိုၿပီး တူးလိုက္တာ ေပငါးဆယ္ေက်ာ္တဲ့ေက်ာက္ေက်ာခုံ ႀကီးပဲကုန္သြားတယ္ ဘယ္မွာလဲ ေက်ာက္စိမ္း ဘယ္ေရာက္ေနလဲေပါ့
မိုးဝင္ေတာ့ မိုးတြင္းထုံးစံအတိုင္း ေမ်ာတိုက္ရေတာ့မယ္ မႉန္ကန္ကလည္း႐ွိၿပီးသားေမ်ာေၾကာင္းကလည္း႐ွိၿပီးသား ဆိုေတာ့ ေရေပးတဲ့ ေကာ္မတီ ကသတ္မွတ္တဲ့အခ်ိန္ ထၿပီးေမ်ာတိုက္လိုက္ ႐ုံပဲ ေမ်ာတိုက္တာက တခါတေလအိပ္ေရးပ်က္တာကလြဲၿပီး သက္သာပါတယ္ မသက္သာတာက သဲဝဲစားတာ ေတာ္ေတာ္ဆိုးပါတယ္ဗ်
ာ ေရကေတာင္က်ေရကို ေကာ္မတီက ကန္အႀကီးနဲ႔ေလွာင္ၿပီး က်င္းေတြကိုေပးတာ ေတာင္က်ေရဆိုေတာ့ ဆင္ေခ်းေတြ ဖက္ပုပ္ေတြ နဲ႔ေလ ၊ဝဲ ကေတာ့ဘာစားသလဲမေမးနဲ႔ ကြၽန္ေတာ္တို႔ တဲမွာေျခာက္ေယာက္႐ွိတာ တေယာက္မွ ထမင္းထမခ်က္ႏိုင္ဘူး ေလာပန္း အိမ္က လူယုံကလာခ်က္ေကြၽးရတဲ့အထိပဲ။
ေမွ်ာေလးရသေလာက္တိုက္ၿပီး ေက်ာက္ေက်ာထိုးၾကတယ္ က်င္းေခါင္းက အရင္ကေျပာဖူးတဲ့ ကိုႏိုင္ ကြၽန္ေတာ္နဲ႔တရပ္ကြက္တည္း သူ႕ညီ သဲေမာင္နဲ႔ကကြၽန္ေတာ္နဲ႔သူငယ္ခ်င္း ကိုႏိုင္က ေမွာ္ထဲမွာ အဲဒီတုန္းက ကို ခုႏွစ္ႏွစ္႐ွိၿပီေက်ာက္မရေသး။ ကြၽန္ေတာ္ လည္းႏွစ္ႏွစ္ေက်ာ္ေလာက္ထင္တယ္ ေစာ္ဘြားေခ်ာင္တုန္းက သူက က်င္းသုံး ကြၽန္ေတာ္ က က်င္းတစ္ တေဆာင္ ထည္းေနလာတာ ဒီေရာက္ေတာ့သူက ကြၽန္ေတာ့္ကို သူ႕ညီအရင္းလိုပဲ
အလိုလည္းလိုက္တယ္ အဲဒီေခတ္က က်င္းေခါင္းဆို အေကာင္ပဲ က်င္းေခါင္းနဲ႔ပိုင္တဲ့ေကာင္ဆိုအေနစား အေတာ္ေခ်ာင္တာ ဘယ္ေကာင္ ဒီေန႔က်င္းဆင္းမယ္ ဘယ္ေကာင္ ထမင္းခ်က္မယ္ ဆိုတာ က်င္းေခါင္းကပဲဆုံးျဖတ္ပိုင္ခြင့္႐ွိတယ္။ရိကၡာေငြဆိုလည္း သူပဲစီမံတာ ဒီတပတ္ဘာဝယ္မယ္ ဘယ္ေလာက္ဖိုးဝယ္မယ္ သူပဲလုပ္တာ ေငြပိုရင္လည္း သူေပးသေလာက္ပဲရတာဗ်
တဲမွာ ကြၽန္ေတာ္ ကအငယ္ဆုံး က်င္းေခါင္း သူ႕ညီေျပာထားေတာ့ ဘယ္သူမွမထိရဲဘူး က်င္းမသြားခ်င္ရင္ အရက္မႉးေအာင္ေသာက္ ၿပီးေသာင္က်န္းပလိုက္တယ္ ဘယ္ရမလဲ ကြၽန္ေတာ္ လည္းအေကာင္ပဲ ပိုဆိုးတာက ေလာပန္းမိန္းမ ဆရာမကလည္း ကြၽန္ေတာ့္ကို သူ႕သားအရင္းလိုခ်စ္ တာ ဖ်ားခ်င္ေယာင္ေဆာင္ၿပီး ေဆးခန္းသြားျပ ရင္လည္းဘာမွမေျပာဘူး မႈန္႔ဖိုးဆိုၿပီးေပးေသးတယ္။
ဒီလိုနဲ႔ ကြၽန္ေတာ္ တို႔အဖြဲ႕ ေက်ာက္မရ ပဲ တရာသီကုန္ ၿပီး ေနာက္တရာသီ ဆက္ၾကတယ္ ေအာက္ေက်ာက ေက်ာက္က်ဲ တယ္တဲ့ ေလာပန္းက ၾကက္ေခါင္းၾကည့္တတ္တယ္ ၾကက္ဖို ၾကက္မနဲ႔က်င္းနတ္တင္ၿပီးၾကည္တာ က်င္းေခါင္းကိုပဲေခၚၿပီးတိုးတိုးတိတ္တိတ္ ေခၚေျပာတာ မင္းတို႔ ဒီႏွစ္ေတာ့ ေက်ာက္ရေတာ့မယ္ အေပၚခုံတက္တူး ရန္ေတြလည္း ျဖစ္လိမ့္မယ္ သတိထားလို႔ေျပာလိုက္တယ္ ကြၽန္ေတာ္က က်င္းေခါင္း လူဆိုေတာ့ သူကျပန္ေျပာျပတယ္ သူမ်ားေတြမသိဘူး မေျပာရဘူး ေျပာရင္ ေက်ာက္ ေျပာင္းသြားတတ္တယ္ေျပာတာပဲဗ်။
အဲဒါနဲ႔ အေပၚတက္တူးေရာ ဆိုပါေတာ့ ေလာပန္းက တက်င္းပဲေထာင္ေပမယ့္ႏွစ္ေနရာယူထား တာ အရင္ႏွစ္က ေအာက္ေက်ာတူးတဲ့က်င္းနဲ႔ ခုႏွစ္ အေပၚေက်ာတူးတဲ့က်င္းကတဆက္တည္း အေပၚေက်ာဆို ကိုယ္ေတြအႀကိဳက္ေပါ့ ေကာ္ေတာင္းလည္း အေဝးႀကီးမထမ္းရေတာ့ဘူး သံဒိုင္လည္း သိပ္အားမစိုက္ရဘူး ေျမမွန္ထက္ နဲနဲ ပဲပိုမာတာဆိုေတာ့ ေအးေဆးပဲ
အေပၚတက္တူး ေတာ့ မိုးတြင္းေမ်ာတိုက္ တုန္းက ေမ်ာေၾကာင္း အတိုင္းတူးျဖစ္တယ္ က်င္းထိတ္ကေမ်ာေၾကာင္းႏွတ္ခမ္းမွာ ဘိုင္ပင္ေပါက္ တပင္႐ွိေနတယ္ သူ႕ေနာက္မွာ ေခါင္းေပါင္းေတြက မ်ားႀကီးဗ်။
အဲဒီလို တူးရင္းနဲ႔ ဘိုင္ပင္ေပါက္နားေရာက္လာေလ တဲမွာ ေနတိုင္းလိုရန္ျဖစ္ ၾကတယ္ ထူးေတာ့ထူးတယ္ဗ် အရင္ကလည္း မေအေတြႏွမေတြ ဆဲၾက ေတာင္းၾက ဘာမွ မျဖစ္ဘူး အခုဆို တေယာက္နဲ႔တေယာက္ဘာမဟုတ္တာေလးနဲ႔ ရန္ျဖစ္ၾကၿပီ ကြၽန္ေတာ္ကသိေနၿပီးသားဆိုေတာ့ ေပ်ာ္ၿပီေလ ေက်ာက္ကမေဝးေတာ့ဘူး
အရင္ကဆို သူမ်ားထလို႔ထမင္းစားၿပီးတာေတာင္ မထတဲ့ေကာင္က အေစာႀကီးထ ထမင္းေတြဘာေတြခ်က္ ဝီရိယေတြေကာင္းလာခဲ့တယ္ တဲကေကာင္ေတြနဲ႔လဲ ျပႆနာမျဖစ္ေအာင္ေ႐ွာင္ေနရတယ္ ဒါေတာင္မွဒီေကာင္ေတြက လူကို လာၿငိေနေသးတယ္ ဘာရမလဲ ေအးပါကြာ လို႔လုပ္လိုက္ရင္ၿပီးေရာေပါ့။
တူးရင္းတူးရင္း ဘိုင္ပင္ေပါက္ နားေရာက္ေတာ့ ကြၽန္ေတာ္ ေခါင္းေပါက္တယ္ ဘိုင္ပင္ေျခရင္းကေန ေက်ာက္ခဲျပဳတ္က်တာ နမိတ္ျပတာျဖစ္မွာေပါ့ ေက်ာက္ခဲကေသးလို႔ ေလးခ်က္ခ်ဳပ္လိုက္ရတယ္။ဆရာမဆို မ်က္ရည္ေတြဝဲလို႔ ငါ့သားေလးကို က်င္းေပးမဆင္းနဲ႔ နားပါေစတဲ့ ေလာပန္းကလည္း ကြၽန္ေတာ့ကိုက်င္းေပးမဆင္းေတာ့ဘူး က်င္းသားေတြကလည္း သေဘာတူတယ္ အနာေပ်ာက္တဲ့အထိ နားခြင့္ရတယ္ ဆရာမကေဆးခန္းမွာပဲေခၚထားလို႔တဲမျပန္ရဘူး။
မၾကာပါဘူး တဲမွာ ရန္ေတြျဖစ္လို႔ လူႏွစ္ေယာက္ထြက္သြားတယ္ ႐ွိတာမွ ေျခာက္ေယာက္ပါဆို ကြၽန္ေတာ္ကနား ႏွစ္ေယာက္ကထြက္ဆိုေတာ့ လူမ႐ွိေတာ့ဘူး က်င္းျပန္ဆင္းေတာ့မယ္ ဆိုေတာ့ ဆရာမက မလႊတ္ခ်င္ဘူး ေလာပန္းက သက္သာတဲ့ေနရာကေနလုပ္ပါ မလုပ္ႏိုင္ေသးဘူးဆို ျပန္လာ ခဲ့ဘာညာေျပာမွအဆင္ေျပသြားတယ္
က်င္းျပန္ဆင္းေတာ့ ဒီေကာင္ေတြ ဘိုင္ပင္ ေက်ာ္သြားၿပီ က်င္းတူးေနရင္းဘာရယ္မဟုတ္ ဘိုင္ပင္ေအာက္ကို ၾကည္မိသြားတယ္ ဘိုင္ပင္ေအာက္မွာ ေက်ာက္ အႀကီးႀကီး တလုံး႐ွီတယ္ ။ကြၽန္ေတာ္ က ကိုႏိုင္ကိုေမးၾကည့္တယ္ ေက်ာက္နဲ႔ေတာ္ေတာ္တူတယ္ေပါ့
ေဟ်ာင့္ ကုတုံး ငါေမွာ္ထဲမွာေနလာတာ ခုႏွစ္ ႏွစ္႐ွိၿပီ အဲေလာက္ေတာ့သိပါတယ္ကြ အဲဒါ ေတာင္ဆန္တုံးႀကီးတဲ့ ဟုတ္လို႔လားဗ်ာေတာ္ေတာ္တူတယ္ေနာ္ဆိုေတာ့ ေဟ်ာင့္ ေလွ်ာက္မလုပ္နဲ႔ေနာ္ ကုတုံး သူ႕အေနာက္မွာ ေခါင္းေပါင္းေတြအမ်ားႀကီးတဲ့
ၾကဳံတုန္း ႂကြားရအုန္းမယ္ကြၽန္ေတာ့္ကို မိဘေပးတဲ့ ေအာင္ႀကိဳင္ဆိုတဲ့နံမည္ကေစာ္ဘြားေခ်ာင္မွာ က်န္ခဲ့တယ္။
ျဖစ္ပုံကဒီလိုဗ်
အဲဒီတုန္းကေလာပန္းေမွာ္ထဲေခၚလာတဲ့အထဲကြၽန္ေတာ္ကအငယ္ဆုံး အစြာဆုံးဆိုေတာ့ ေလာပန္းက ခ်စ္႐ွာပါတယ္ သူမ်ားေတြ ပြိဳင့္ဖိနပ္တရံ ကိုအေလာေတာင္းေနရတဲ့ အခ်ိန္အသစ္လိုခ်င္ရင္ အေဟာင္းျပရတဲ့အခ်ိန္ ကြၽန္ေတာ္ က တလႏွစ္ရံသုံးရံရတယ္ ရမွာေပါ့ ကြၽန္ေတာ္ ကငယ္ေသးေတာ့ ဖိနပ္ကမေတာ္ဘူး
ပထမႀကီးတာကိုရတယ္အဆင္မေျပဘူး ေလာပန္ကိုသြားေျပာတယ္ ေနာက္တရံ ထပ္ထုတ္ေပးတယ္ မရဘူး ေခ်ာင္းဆုံက သူ႕ညီမဆိုင္မွာ သြား႐ွာဖို႔ စာေရးေပးတယ္ သြား႐ွာတယ္ ေတာ္တာမေတြ႕ဘူး ေျခေထာက္ကသိပ္ငယ္ေနတာ အခုအသက္ေလးဆယ္ေက်ာ္ေရာက္တာေတာင္ သုံးဆယ့္႐ွစ္ပဲစီးလို႔ရတယ္ဗ် စဥ္းစားတာၾကည့္ေပါ့။
အဲဒါနဲ႔ ပဲရတာယူလာခဲ့တယ္ ေခ်ာင္းဆုံကို ေမွာ္သစ္ကုန္ကေနသြားရတာလြယ္သေလာက္ ျပန္တက္ရတာမလြယ္ဘူး ကြၽန္ေတာ္စဥ္းစားတယ္ ဖိနပ္ကသုံးရံ ႐ွိတယ္ဒါကအသစ္ ငါဘာပဲစီစီး ေလာပန္းက မသိဘူး။ေလာေလာဆယ္ ေမာတယ္ အရက္ေသာက္မယ္ေပါ့ ပြိဳင့္ဖိနပ္အသစ္ေလး ရသေလာက္နဲ႔ေရာင္ၿပီး အရက္ေသာက္ပလိုက္တယ္ ႏွစ္ပတ္ေလာက္ေနေတာ့ ေျခညႇပ္ဖိနပ္ေလးစီးၿပီး ေလာပန္းေ႐ွ႕ကေနျဖတ္ေလွ်ာက္ၿပီးက်င္းသြားတယ္
ေလာပန္း ကလွမ္းေခၚတယ္ ကေလးမင္းပြိဳင့္ဖိနပ္ေရာတဲ့ စီးလို႔မရေတာ့ဘူးလြင့္ပစ္လိုက္ၿပီ ဆိုေတာ့ ခနေလး ဆိုၿပီး အခန္းထဲဝင္ စာေလးတေစာင္ကိုင္လာၿပီးလာေပးတယ္ အ့ကိုင္တို႔နားသြားယူတဲ့ အ့ကိုင္ ဆိုတာသူ႕ညီမ ေခ်ာင္းဆုံက သူအကိုလက္မွတ္နဲ႔စာသာပါလာရင္လိုခ်င္တာရတယ္ အဲဒီဖိနပ္လည္းအရက္ျဖစ္သြားတာပဲ ေနာက္ဆိုႏွစ္ပတ္တရံႏုန္းေလာက္ သြားေတာင္ၿပီး အရက္ေသာက္ျဖစ္တယ္ ေလာပန္းက သိေတာ့သိမွာပါ မေျပာခ်င္လိုေနမွာေပါ့။
ဖိနပ္နဲ႔အရက္ေသာက္ေနရာက ဂြင္တခုေပၚလာတယ္ ကေလးမင္းဆံပင္႐ွည္ေနၿပီ ၾကည္မေကာင္းေတာ့ဘူး ေရာ့ပိုက္ဆံယူသြား ညပ္လာခဲ့ တဲ့ ဆံပင္ညပ္ဖို႔ပိုက္ဆံသုံးရမွာသိပ္ႏွေမ်ာတာပဲ ဒါနဲ႔ ေစ်းတန္းတက္ၿပီးပလိပ္ဒါးဝယ္သူမ်ားကိုအကူညီေတာင္းၿပီး ကုတုံးရိတ္ခိုင္းလိုက္ ပါေတာ့တယ္ ဒါးဝယ္ၿပီးပိုတဲ့ပိုက္ဆံ အရက္ေသာက္လာခဲ့တယ္ ကုတုံးရိတ္လိုက္လိုလားမသိဘူး ဒီေန႔ေသာက္တာနဲနဲေလးမ်ားသြားတာကို အေဆာင္မျပန္ႏိုင္ေတာ့ဘူး
အဲဒီေန႔ကေသာက္တာ အ့ဂ်ီး ရဲ႕ဆိုင္မွာဗ်။ျဖစ္ခ်င္ေတာ့ အဲဒီေန႔မွ အေဆာင္မွာေလာပန္းကိုယ္တိုင္လူစစ္တယ္ အေဆာင္မႈးက ေအာင္ႀကိဳင္ ျပန္မလာေၾကာင္း တေနကုန္မေတြ႕ေၾကာင္းေျပာေတာ့ ေလာပန္းျပာသြားတယ္သူေခၚလာတာေလ။တခုခုျဖစ္လို႔မရဘူး ေတြ႕ေအာင္႐ွာရမယ္ ဆိုၿပီးက်င္းေခါင္းေတြကိုထြက္႐ွာခိုင္းပါေတာ့တယ္
ေစ်းတန္းကုန္းတက္လိုက္တာနဲ႔အ့ဂ်ီးက တိုင္ပါေတာ့တယ္ နင္တို႔အေဆာင္က ကေလး မူးၿပီး ငါ့အခန္းထဲဝင္အိပ္ေနတယ္ အန္ထားတာလည္အမ်ားႀကီးဆိုပဲ ၊က်င္ေခါင္းေတြကိုယ္တိုင္ကြၽန္ေတာ့္ကိုထမ္းေခၚခဲ့ရပါတယ္။မိုးလင္းေတာ့ေလာပန္းကအေဆာင္ထဲဆင္းလာၿပီးကြၽန္ေတာ့ကိုလာၾကည့္ပါတယ္ သူပါမ်က္လုံးျပဴးသြားပါတယ္ ကေလးမင္းကိုဆံပင္ညႇပ္ခိုင္းတာ ဘယ္လိုျဖစ္တာလဲ တဲ့ ကြၽန္ေတာ္ လည္းမညာပါဘူး ပိုက္ဆံ ကအရက္ေသာက္လို႔ကုန္သြားတဲ့အေၾကာင္း ကုတုံးပဲရိတ္ လိုက္ရေၾကာင္းေပါ့။ဒါနဲ႔ မင္းဘယ္ေလာက္ေတာင္ေသာက္လို႔ျပန္မလာႏိုင္တာလဲတဲ့ ေသာက္တာကအရင္တိုင္းပဲေလာပန္း
ကုတုံး ရိတ္လိုက္လို႔ မထႏိုင္ေတာ့တာလို႔ ေျပာေတာ့ ေအး မင္းကိုဒဏ္ေပးတဲ့အေနနဲ႔ နံမည္ေျပာင္းၿပီ ဒီေကာင္ကို ကုတုံးလို႔ေခၚရမယ္ဆိုၿပီး ကင္ပြန္း တပ္ေပးလိုက္တာ ေဝွခါမွာေလးႏွစ္ ကို ေအာင္ႀကိဳင္ဆိုတဲ့နံမည္ဘယ္သူမွမသိေတာ့ပဲ ကုတုံး ဆိုလို႔ကေတာ့ ေမွာ္သစ္ကုန္းအဝင္ကေန ေမးလိုက္ ကေလးကအစသိတဲ့သူျဖစ္သြားပါတယ္။
ျပန္ဆက္ရရင္ အဲဒီ ဘိုင္ပင္ေအာက္က အခ်ိန္ေျခာက္ရာေလာက္႐ွိတဲ့ေက်ာက္တုံးႀကီးကို ကြၽန္ေတာ္စိတ္ထဲေက်ာက္ျဖစ္ရမယ္ လို႔အခိုင္မာေတြးထားတာ ထိုးခ်မယ္တကဲကဲေပါ့ အားလုံးကဝိုင္းတားၾကတယ္လူကလည္းနဲေနတယ္ ဒီအခ်ိန္ၿဖိဳခ်လိုက္လို႔ေက်ာက္ျဖစ္သြားရင္အေၾကာင္းမဟုတ္ဘူး မျဖစ္ခဲ့ရင္ ျပန္က်င္းရမယ့္ေခါင္းေပါင္းေတြကမနဲဘူးေပါ့။
ဒီလိုနဲ႔ ႏွစ္လေက်ာ္လာတဲ့အခ်ိန္ မတ္လဆန္းေလာက္ေပါ့မိုးေလးစ႐ြာလာပါတယ္ ေလာပန္းကလည္းလူသစ္ႏွစ္ေယာက္ထပ္ပို႔တယ္ ေမ်ာတိုက္ထားတဲ့ေက်ာက္ေက်ာကိုကုန္ေအာင္တူးဖို႔ပါ။
ဆရာမရဲ႕ေမာင္တန္ဂြင္းက က်င္းအထိလာပို႔ရင္း အဲဒီ ေက်ာက္တုံးကိုေတြ႕သြားပါတယ္ ကိုႏိုင္ ဒါေက်ာက္မဟုတ္ဘူးလားလို႔ကခ်င္လိုေမးေတာ့ ကိုႏိုင္က တန္ဂြင္းမင္းျမန္ျမန္ျပန္ ငါဆြဲထိုးမိမယ္ဆိုၿပီးေအာ္လိုက္ေတာ့တန္ဂြင္းလည္းေၾကာက္လိုသာျပန္ရတာ အဲဒီေက်ာက္တုံးႀကီးကိုလွည့္ၾကည့္လွည္ၾကည့္နဲ႔ ညေနက်င္းနားၿပီး
တဲေရာက္တယ္ဆိုရင္ပဲ မိုးကသဲသဲထန္ထန္႐ြာပါေတာ့တယ္။ေနာက္ေန႔မနက္မိုးလင္းေတာ့ကိုႏိုင္က ကုတုံး ေရလာကြာ ညကမိုးမ်ားတယ္က်င္းသြားၾကည့္ရေအာင္ဆိုၿပီးေခၚလို႔လိုက္သြားၾကည့္ေတာ့ အဲဒီဘိုင္ပင္လဲသြားၿပီး ကြၽန္ေတာ္ ေက်ာက္လို႔ယုံၾကည္ထားတဲ့ေက်ာက္တုံးႀကီးကက်င္းအဝတည့္တည့္မွာျပဳတ္က်ေနပါၿပီ။
အဆဲၾကမ္းတဲ့ကိုႏိုင္ကေတာ့ ထုံးစံအတိုင္း ေက်ာက္တုံးႀကီးကိုဆဲပါေတာ့တယ္ ဒီေကာင္က်လာလို႔ အလုပ္ကို႐ွဴပ္တယ္ေပါ့ တဲျပန္ ၿပီးထမင္းစားရင္းအားလုံးကိုေျပာျပေတာ့ မေန႔ကမွ ဝင္တဲ့ႏွစ္ေယာက္မွာတေယာက္ကထြက္မယ္ျဖစ္ေရာ ေလာပန္းအိမ္ကဟင္းပို႔လာတာၾကဳံတာနဲ႔ အေၾကာင္း စုံေလာပန္းကိုစကားပါးလိုက္တယ္ ၿပိဳထားတာအမ်ားႀကီးဒီလူနဲ႔မႏိုင္ဘူး ဘယ္လိုလုပ္ရမလဲလို႔ေမးခိုင္းလိုက္ေတာ့ တန္ဂြင္းကိုလာၾကည့္ခိုင္းပါတယ္။
ဒီေကာင္ကလည္းဒီေက်ာက္တုံးပဲ လာၾကည့္ေနတယ္ ကြၽန္ေတာ့္နားကပ္ၿပီး ကုတုံး ငါေတာ့ေက်ာက္ထင္တယ္မင္းေရာတဲ့ ငါလည္းထင္တာပဲ ကိုႏိုင္ကမဟုတ္ဘူးတဲ့ကြ သူ႕ကိုသြားမေျပာနဲ႔အုန္း မင္းကိုဆဲေနလိမ္မယ္လို႔ေျပာလိုက္ေတာ့ ေအးပါဆိုၿပီးျပန္သြားတယ္ ခနေနေတာ့ ေလပန္းအိမ္က အရပ္ပုပုနဲ႔လူေကာင္ေသးေသး ပေလာင္လူမ်ိဳး က်င္းသားသစ္တေယာက္လာပို႔တယ္။
ကြၽန္ေတာ္ တို႔ က်င္ေခါင္းႀကီးဆဲပါၿပီ ဒီတခါေလာပန္းကိုပါဆဲတာဗ် ဒီေလာက္ၿပိဳထားတာ ေခါက္စားေန႔စား႐ွာမေပးဘူး ဒီေကာင္ကို ဘာလုပ္ရမွာလဲ ဆိုၿပီးေတာ့ပြဲၾကမ္းၿပီး ကုတုံး မင္းဒီေကာင္ကို တဲလိုက္ပို႔ ထမင္းခ်က္ခိုင္းထား မင္းျပန္လာ ခဲ့တဲ့ ကြၽန္ေတာ္ က်င္းျပန္ေရာက္ေတာ့ ကြၽန္ေတာ့္ေက်ာက္ႀကီးတဝက္ပဲက်န္ေတာ့တယ္
ကိုႏိုင္ေက်ာက္ကြဲသြားတာလား လို႔ေမးေတာ့ ငါနဲ႔ အိုက္ပီး သံဒိုင္နဲ႔လိမ့္ၿပီးတျခမ္းေျမစာပုံေအာက္ခ်ပလိုက္ၿပီတဲ့ ကြၽန္ေတာ္ လည္းသူစိတ္တိုေနေတာ့ ဘာမမေျပာေတာ့ပဲ ေျမစာ ေတြေဂၚေတာင္းထဲထည့္လိုက္ထမ္းလိုက္ေပါ့။ထမင္းစား ခ်ိန္ တဲျပန္ေတာ့ ပေလာင္ကထမင္းမက်က္ေသးဘူး ကိုႏိုင္ ေဒါသျဖစ္ၿပီး ဆဲတာ ျပန္ေတာင္ေျပာမျပတတ္ေတာ့ဘူး။ဝိုင္းၿပီးခ်က္ျပဳတ္စားေသာက္ၿပီး က်င္းျပန္လာေတာ့ မင္းတို႔ လုပ္လုပ္ႏွင့္အုန္းငါျပန္လာခဲ့မယ္ဆိုၿပီးကိုႏိုင္ေျမစာပုံေအာက္ကိုဆင္းသြားပါတယ္။
ကိုႏိုင္မ႐ွိရင္ ကြၽန္ေတာ္ ကဆရာလုပ္ရတယ္ ကိုအိုက္ပီးတို႔ကထည့္ေပးကြၽန္ေတာ္ထမ္းမယ္ ေမာင္ဝင္းမင္းကဂဲေတြတက္႐ွင္းဆိုၿပီးခိုင္းေနတုန္း ကိုႏိုင္ျပန္တက္လာတယ္ ခြက္တလုံးလည္းကိုင္လာတယ္။
ကုတုံး မင္းဟိုးေအာက္မွာေရသြားခပ္တဲ့ ဘာလုပ္ဖို႔တုန္းဆိုေတာ့ ကုတုံး မင္းမွန္တယ္ ဒါေက်ာက္ကြတဲ့”။ကြၽန္ေတာ္လည္း ကိုအိုက္ပီး ေရာ့ ေအာက္မွာေရသြားခပ္လို႔ျပန္ခိုင္း ၿပီး ေမာင္ဝင္း ျပန္ဆင္းလာ သံဒိုင္လည္း ယူလာခဲ့ လို႔ ေျပာလိုက္တယ္။
ေမာင္ဝင္းကမယုံဘူး ဘာလုပ္ဖို႔တုန္းတဲ့ မင္းေတာ္ေတာ္စကားမ်ားတာပဲ ဒီဟာေက်ာက္ကြဆိုေတာ့ မယုံဘူး ေလာင္းမယ္ဆိုၿပီးဆင္းလာပါတယ္။ကြၽန္ေတာ္လည္းသူ႕ဆီ သံဒိုင္ယူၿပီး ေက်ာက္ကို သုံးခ်က္ထိုးၾကည့္လိုက္ပါတယ္။
ေသခ်ာပါၿပီ ေက်ာက္အစစ္ပါ ကိုအိုက္ပီး ခပ္လာတဲ့ေရနဲ႔ ကိုႏိုင္နဲ႔ကြၽန္ေတာ္ ေက်ာက္ကိုေဆးၾကည့္ ၾကပါတယ္။ေက်ာက္ရဲ႕ယမ္းကအလုံးေလးေတြပါ ေမွာ္ထဲကအေခၚကေတာ့ ႐ွၿဖီး ခြန္လို႔ေခၚပါတယ္ ယမ္းထဲမွာ အေကာင္းဆုံး ေတြထဲကတခုေပါ့။ဒီယမ္းမ်ိဳးက အသားတန္းကိုမွန္းစရာမလိုေအာင္ကိုေကာင္းပါတယ္ ေသခ်ာသြားေအာင္ အပဲ့ေနရာကိုလက္တဝါးစာေက်ာ္ေက်ာ္ေလာက္ေဆးၾကည့္ေတာ့မွ ကိုယ့္မ်က္စိကိုယ္ေတာင္မယုံႏိုင္ေအာင္ျဖစ္ရပါတယ္
ကိုႏိုင္ နဲ႔ကြၽန္ေတာ္ပဲသိေသးတယ္ေမာင္ဝင္း အိုက္ပီး၊ ႏုလင္းနဲ႔ပေလာင္ေလးတို႔က မနက္ကေျမစာပုံမွာ လိမ့္ျပစ္လိုက္တဲ့ ေက်ာက္တျခမ္းကို သြားထမ္းေနၾကတယ္။ေက်ာက္ကလ်ိဳဖဲ့ပါ ဝလုေတာင္တက္စျပဳေနၿပီ ဒေတာင္မွေဆးလိုက္တဲ့လက္တဝါးသာသာေလးကအရည္ကြက္ႀကီးျဖစ္ေနတယ္ က်န္တဲ့ ေနရာမေဆးရဲေတာ့ဘူးကိုႏိုင္က႐ႊံ႕ျပန္သုတ္လိုက္ပါေတာ့တယ္။
ေဟ့ေမာင္ဝင္း ျမန္ျမန္ လာစမ္း အေရးႀကီးလို႔ က်င္းကိုေလာပန္းသြားေခၚလာ ျမန္ျမန္ သြားေနာ္ ေလာပန္းကို တိုးတိုးတိတ္တိတ္ ေျပာ ကားပါရရင္ ယူလာလို႔ ေျပာလိုက္လို႔ ကိုႏိုင္ ကမွာေနတယ္ ကြၽန္ေတာ္ တို႔က မနက္ကပဲ့သြားတဲ့အျခမ္းကိုသြားထမ္းၿပီး ျပန္ဆက္ၾကည့္ၾကတယ္ မရဘူးဗ် အပဲ့ျခင္းမတူဘူး ယမ္းလည္းတူေက်ာက္သားလည္တူရဲ႕သားနဲ႔ဆက္မရဘူး ဒါဆို အလယ္ကတပိုင္း႐ွိရမယ္ေပါ့ ႐ွာၾက ဘယ္လို႐ွာ႐ွာမေတြ႕ေတာ့ပါဘူး ဒီေန႔ အထိလည္းစဥ္းစားမရေသးပါဘူး သူ႕ကိုကြၽန္ေတာ္ျမင္တုန္းက တလုံးလုံးအျပည့္ပါ အခုရတာက အခ်ိန္ ေလးရာေလာက္ တျခမ္း ႏွစ္ရာေက်ေလာက္တျခမ္းပါ။
ေျပာခ်င္တာက ဒီေက်ာက္ကို ကြၽန္ေတာ္ေခါင္းေပါက္ၿပီးမၾကာခင္ ေတြ႕တာ ဆိုေတာ့ သုံးလေက်ာ္သြားပါၿပီ။ဘာျဖစ္လို႔ ပိုင္ဆိုင္ခြင့္ ေနာက္က် ခဲ့ရသေလ က်ာက္တိုင္းမွာ ပိုင္႐ွင္ ႐ွိတယ္ဆိုတဲ့စကားကပဲမွန္ေနသလားပေလာင္ေလးကို ထမင္းခ်က္ခိုင္းတုန္းက ေက်ာက္ပါလိုသိခဲ့ရင္ က်င္းဆင္းခြင့္မရေသးတဲ့ ပေလာင္ေလး ေဝစုမရႏိုင္ပါဘူး သူက်င္းဆင္းတဲ့ေန႔လည္ပိုင္းမွေက်ာက္မွန္းဘာလို႔သိရတာလဲေညာင္ကိုးပင္ ကနတ္ႀကီးတယ္ဆိုတာမွန္ေနလားေက်ာက္ေတြ႕ၿပီးမွထြက္သြား ရတဲ့ သုံးေယာက္ကေကာ ေက်ာက္ေမာင္းတာမ်ားလား။
ဘာပဲေျပာေျပာသုံးလေက်ာ္ေလာက္ အဝၾကည္ခြင့္ေပးထားၿပီး မိုး႐ြာလို႔ က်င္းထဲခုန္ခ်လာေပးတဲ့ေက်ာက္ ဒါေတာင္မွ တျခမ္းကိုေျမစာပုံကိုသြားျပစ္ခံရတဲေက်ာက္ ေမွာ္ၾကာႀကီး ကိုႏိုင္ မ်က္စိေမွာက္ခဲ့တဲ့ေက်ာက္ က်င္းထဲကို နာရီပိုင္းေလာက္ကေလးေျခခ်ၿပီး ေမွာ္ၾကာေတြနဲ႔အတူတူပေလာင္လူမ်ိဳးေလးကိုေဝစုေပးခဲ့တဲ့ေက်ာက္။
အဒီေက်ာက္ နဲ႔ ကံတရားအေၾကာင္းကေတာ့ အႏွစ္အစိတ္ေလာက္ရင္ထဲမွာ အျမစ္တြယ္ေနခဲ့ပါတယ္
ဆက္ပါအုန္းမယ္ ေအာင္ႀကိဳင္
Credit to original author AK
Unicode
ဒီ တခါ တော့ ကျောက်စိမ်းတလုံးဟာ အချိန်မတန်ပဲ ရကိုမရဘူးဆိုတာလေး ပြောပြချင်မိတယ်။
ညောင်ကိုးပင်ရောက်တော့ ကျွန်တော်တို့တဲက ထိပ်ဆုံးမှာဗျ မြင်အောင်ပြောရရင် ဝှေခါနဲ့တာမခံသွားတဲ့ တောလမ်းလေးဘေးမှာ။ တောင်ထိပ်မရောက်တရောက်မှာပေါ့
ယလုပ်ကွက်တွေ အားလုံးကို အပေါ်ကနေကြည်လို့ရတယ် အဲဒီအချိန်က တာမခံလမ်းက ကားသွားလို့မရသေးဘူး အဲဒီလမ်းကားသွားလို့ ရအောင် ကျွန်တော်တို့ ဖောက်ခဲ့တာ မှော်သစ်ကုန်းက ရှိသမျကျင်းတွေတစ်လတိတိနားပြီး ဖောက်ပေးခဲ့ရတာဗျ။
ကျင်း တကျင်းကို လမ်းပေဘယ်လောက်လည်းမမှတ်မိတော့ဘူး ကိုယ့်ကျင်းအဖွဲ့ ရဲ့ သတ်မှတ်နေရာကိုမဲနှိုက်ပြီး ဖောက်ရတာ တော်တော်ပင်ပန်းတယ်။ သစ်ပင် ပေါတဲ့နေရာရတဲ့အဖွဲ့က တော်တော် အဆင်ပြေတယ် အပင်တွေကို ဖြတ်လဲဲပြီး နားချိန်မှာထင်းခွဲရောင်းတာ အမယ် အရက်ဖိုး တင်မက ဘိန်းဖိုးပါရကြသဗျ။
ကျောက်ဆောင်ကျောက်တုံး နေရာကျတဲ့အဖွဲ့တော့ သွားရောပဲ ဒီတနေရာကို ဘယ်နှရက်နဲ့အပြီး လို့သတ်မှတ်ထားတာဆိုတော့ မပြီးပြီးအောင် လုပ်ကြရတာ မပြီးတဲ့အဖွဲ့က မှော်ထဲ ကျင်းဆင်းခွင့်မရဘူး တနေရာထဲလည်းမဟုတ်ဘူး တနေရာပြီး နောက်တနေရာနဲ့ တလပြည့်အောင်လုပ်ရတာဗျ
ကျွန်တော်တို့လောပန်းက မှော်သစ်ကုန်းအဝင် လမ်းအောက်ဘက်အခြမ်းမှာ လက်ဖက်ရည်ဆိုင်နဲ့ ဗွီဒီယိုရုံ ဖွင့်တယ် ဆိုင်နံမည်က ရီဖန်း လောပန်း နံမည်က တာဖ သူ့အမျိုးသမီးက ဒေါ်ဝါနု နပ်စမဗျ ဆေးခန်းလည်းဖွင့်တယ် ကျွန်တော်တို့ကိုတော်တော်ချစ်ရှာပါတယ် အမေတယောက်လိုပါပဲ နှာစေးချောင်းဆိုးကိုအဖြစ်မခံဘူး တန်းကုပေးတယ်
ဆရာမတင်သဘောကောင်းတာလားဆိုဘယ်ဟုတ်မလည်း လောပန်း ကလည်းကောင်းတယ် တပတ်ကိုဆန်လေးပြည်လို့သာပြောတာ အိတ်လိုက်ဝယ်ပေးတယ် ဆန်ကောင်းဗျ ကုန်ပြီလို့သာပြော တန်းရောက်လာတာ အသားဆို တပတ်သုံးရက်လောက် ဝယ်ပို့တယ် ကျွန်တော်တို့ရတဲ့ ရိက္ခာ ငွေလေးရာက အပိုပဲ အရက်သောက်မလား ဘိန်းရှူမလား ကြိုက်တာလုပ်ဘာမှမပြောဘူး တခါတလေ စျေးတန်း ဆင်းလို့ဆိုင်နားရောက်ရင် လဘက်ရည် ကအလကားသောက်ရသေးတယ်
အားလုံးအဆင်ပြေတယ် မပြေတာကကျောက်မရတာပဲ။ဒီလိုနဲ့ မိုးဝင်လာ ခဲ့တယ် ခေါင်းပေါင်ကျင်းပြီးသားတွေကလည်း တနွေလုံးထိုးပြီးလို့ကုန်ပြီ ကျောက်ဆိုလို့ မျိုးလေး တွေပဲရတယ် ကျောက်ကောင်း ကြက်မတဝပ် ဆိုပြီး တူးလိုက်တာ ပေငါးဆယ်ကျော်တဲ့ကျောက်ကျောခုံ ကြီးပဲကုန်သွားတယ် ဘယ်မှာလဲ ကျောက်စိမ်း ဘယ်ရောက်နေလဲပေါ့
မိုးဝင်တော့ မိုးတွင်းထုံးစံအတိုင်း မျောတိုက်ရတော့မယ် မှူန်ကန်ကလည်းရှိပြီးသားမျောကြောင်းကလည်းရှိပြီးသား ဆိုတော့ ရေပေးတဲ့ ကော်မတီ ကသတ်မှတ်တဲ့အချိန် ထပြီးမျောတိုက်လိုက် ရုံပဲ မျောတိုက်တာက တခါတလေအိပ်ရေးပျက်တာကလွဲပြီး သက်သာပါတယ် မသက်သာတာက သဲဝဲစားတာ တော်တော်ဆိုးပါတယ်ဗျ
ာ ရေကတောင်ကျရေကို ကော်မတီက ကန်အကြီးနဲ့လှောင်ပြီး ကျင်းတွေကိုပေးတာ တောင်ကျရေဆိုတော့ ဆင်ချေးတွေ ဖက်ပုပ်တွေ နဲ့လေ ၊ဝဲ ကတော့ဘာစားသလဲမမေးနဲ့ ကျွန်တော်တို့ တဲမှာခြောက်ယောက်ရှိတာ တယောက်မှ ထမင်းထမချက်နိုင်ဘူး လောပန်း အိမ်က လူယုံကလာချက်ကျွေးရတဲ့အထိပဲ။
မျှောလေးရသလောက်တိုက်ပြီး ကျောက်ကျောထိုးကြတယ် ကျင်းခေါင်းက အရင်ကပြောဖူးတဲ့ ကိုနိုင် ကျွန်တော်နဲ့တရပ်ကွက်တည်း သူ့ညီ သဲမောင်နဲ့ကကျွန်တော်နဲ့သူငယ်ချင်း ကိုနိုင်က မှော်ထဲမှာ အဲဒီတုန်းက ကို ခုနှစ်နှစ်ရှိပြီကျောက်မရသေး။ ကျွန်တော် လည်းနှစ်နှစ်ကျော်လောက်ထင်တယ် စော်ဘွားချောင်တုန်းက သူက ကျင်းသုံး ကျွန်တော် က ကျင်းတစ် တဆောင် ထည်းနေလာတာ ဒီရောက်တော့သူက ကျွန်တော့်ကို သူ့ညီအရင်းလိုပဲ
အလိုလည်းလိုက်တယ် အဲဒီခေတ်က ကျင်းခေါင်းဆို အကောင်ပဲ ကျင်းခေါင်းနဲ့ပိုင်တဲ့ကောင်ဆိုအနေစား အတော်ချောင်တာ ဘယ်ကောင် ဒီနေ့ကျင်းဆင်းမယ် ဘယ်ကောင် ထမင်းချက်မယ် ဆိုတာ ကျင်းခေါင်းကပဲဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ရိက္ခာငွေဆိုလည်း သူပဲစီမံတာ ဒီတပတ်ဘာဝယ်မယ် ဘယ်လောက်ဖိုးဝယ်မယ် သူပဲလုပ်တာ ငွေပိုရင်လည်း သူပေးသလောက်ပဲရတာဗျ
တဲမှာ ကျွန်တော် ကအငယ်ဆုံး ကျင်းခေါင်း သူ့ညီပြောထားတော့ ဘယ်သူမှမထိရဲဘူး ကျင်းမသွားချင်ရင် အရက်မှူးအောင်သောက် ပြီးသောင်ကျန်းပလိုက်တယ် ဘယ်ရမလဲ ကျွန်တော် လည်းအကောင်ပဲ ပိုဆိုးတာက လောပန်းမိန်းမ ဆရာမကလည်း ကျွန်တော့်ကို သူ့သားအရင်းလိုချစ် တာ ဖျားချင်ယောင်ဆောင်ပြီး ဆေးခန်းသွားပြ ရင်လည်းဘာမှမပြောဘူး မှုန့်ဖိုးဆိုပြီးပေးသေးတယ်။
ဒီလိုနဲ့ ကျွန်တော် တို့အဖွဲ့ ကျောက်မရ ပဲ တရာသီကုန် ပြီး နောက်တရာသီ ဆက်ကြတယ် အောက်ကျောက ကျောက်ကျဲ တယ်တဲ့ လောပန်းက ကြက်ခေါင်းကြည့်တတ်တယ် ကြက်ဖို ကြက်မနဲ့ကျင်းနတ်တင်ပြီးကြည်တာ ကျင်းခေါင်းကိုပဲခေါ်ပြီးတိုးတိုးတိတ်တိတ် ခေါ်ပြောတာ မင်းတို့ ဒီနှစ်တော့ ကျောက်ရတော့မယ် အပေါ်ခုံတက်တူး ရန်တွေလည်း ဖြစ်လိမ့်မယ် သတိထားလို့ပြောလိုက်တယ် ကျွန်တော်က ကျင်းခေါင်း လူဆိုတော့ သူကပြန်ပြောပြတယ် သူများတွေမသိဘူး မပြောရဘူး ပြောရင် ကျောက် ပြောင်းသွားတတ်တယ်ပြောတာပဲဗျ။
အဲဒါနဲ့ အပေါ်တက်တူးရော ဆိုပါတော့ လောပန်းက တကျင်းပဲထောင်ပေမယ့်နှစ်နေရာယူထား တာ အရင်နှစ်က အောက်ကျောတူးတဲ့ကျင်းနဲ့ ခုနှစ် အပေါ်ကျောတူးတဲ့ကျင်းကတဆက်တည်း အပေါ်ကျောဆို ကိုယ်တွေအကြိုက်ပေါ့ ကော်တောင်းလည်း အဝေးကြီးမထမ်းရတော့ဘူး သံဒိုင်လည်း သိပ်အားမစိုက်ရဘူး မြေမှန်ထက် နဲနဲ ပဲပိုမာတာဆိုတော့ အေးဆေးပဲ
အပေါ်တက်တူး တော့ မိုးတွင်းမျောတိုက် တုန်းက မျောကြောင်း အတိုင်းတူးဖြစ်တယ် ကျင်းထိတ်ကမျောကြောင်းနှတ်ခမ်းမှာ ဘိုင်ပင်ပေါက် တပင်ရှိနေတယ် သူ့နောက်မှာ ခေါင်းပေါင်းတွေက များကြီးဗျ။
အဲဒီလို တူးရင်းနဲ့ ဘိုင်ပင်ပေါက်နားရောက်လာလေ တဲမှာ နေတိုင်းလိုရန်ဖြစ် ကြတယ် ထူးတော့ထူးတယ်ဗျ အရင်ကလည်း မအေတွေနှမတွေ ဆဲကြ တောင်းကြ ဘာမှ မဖြစ်ဘူး အခုဆို တယောက်နဲ့တယောက်ဘာမဟုတ်တာလေးနဲ့ ရန်ဖြစ်ကြပြီ ကျွန်တော်ကသိနေပြီးသားဆိုတော့ ပျော်ပြီလေ ကျောက်ကမဝေးတော့ဘူး
အရင်ကဆို သူများထလို့ထမင်းစားပြီးတာတောင် မထတဲ့ကောင်က အစောကြီးထ ထမင်းတွေဘာတွေချက် ဝီရိယတွေကောင်းလာခဲ့တယ် တဲကကောင်တွေနဲ့လဲ ပြဿနာမဖြစ်အောင်ရှောင်နေရတယ် ဒါတောင်မှဒီကောင်တွေက လူကို လာငြိနေသေးတယ် ဘာရမလဲ အေးပါကွာ လို့လုပ်လိုက်ရင်ပြီးရောပေါ့။
တူးရင်းတူးရင်း ဘိုင်ပင်ပေါက် နားရောက်တော့ ကျွန်တော် ခေါင်းပေါက်တယ် ဘိုင်ပင်ခြေရင်းကနေ ကျောက်ခဲပြုတ်ကျတာ နမိတ်ပြတာဖြစ်မှာပေါ့ ကျောက်ခဲကသေးလို့ လေးချက်ချုပ်လိုက်ရတယ်။ဆရာမဆို မျက်ရည်တွေဝဲလို့ ငါ့သားလေးကို ကျင်းပေးမဆင်းနဲ့ နားပါစေတဲ့ လောပန်းကလည်း ကျွန်တော့ကိုကျင်းပေးမဆင်းတော့ဘူး ကျင်းသားတွေကလည်း သဘောတူတယ် အနာပျောက်တဲ့အထိ နားခွင့်ရတယ် ဆရာမကဆေးခန်းမှာပဲခေါ်ထားလို့တဲမပြန်ရဘူး။
မကြာပါဘူး တဲမှာ ရန်တွေဖြစ်လို့ လူနှစ်ယောက်ထွက်သွားတယ် ရှိတာမှ ခြောက်ယောက်ပါဆို ကျွန်တော်ကနား နှစ်ယောက်ကထွက်ဆိုတော့ လူမရှိတော့ဘူး ကျင်းပြန်ဆင်းတော့မယ် ဆိုတော့ ဆရာမက မလွှတ်ချင်ဘူး လောပန်းက သက်သာတဲ့နေရာကနေလုပ်ပါ မလုပ်နိုင်သေးဘူးဆို ပြန်လာ ခဲ့ဘာညာပြောမှအဆင်ပြေသွားတယ်
ကျင်းပြန်ဆင်းတော့ ဒီကောင်တွေ ဘိုင်ပင် ကျော်သွားပြီ ကျင်းတူးနေရင်းဘာရယ်မဟုတ် ဘိုင်ပင်အောက်ကို ကြည်မိသွားတယ် ဘိုင်ပင်အောက်မှာ ကျောက် အကြီးကြီး တလုံးရှီတယ် ။ကျွန်တော် က ကိုနိုင်ကိုမေးကြည့်တယ် ကျောက်နဲ့တော်တော်တူတယ်ပေါ့
ဟျောင့် ကုတုံး ငါမှော်ထဲမှာနေလာတာ ခုနှစ် နှစ်ရှိပြီ အဲလောက်တော့သိပါတယ်ကွ အဲဒါ တောင်ဆန်တုံးကြီးတဲ့ ဟုတ်လို့လားဗျာတော်တော်တူတယ်နော်ဆိုတော့ ဟျောင့် လျှောက်မလုပ်နဲ့နော် ကုတုံး သူ့အနောက်မှာ ခေါင်းပေါင်းတွေအများကြီးတဲ့
ကြုံတုန်း ကြွားရအုန်းမယ်ကျွန်တော့်ကို မိဘပေးတဲ့ အောင်ကြိုင်ဆိုတဲ့နံမည်ကစော်ဘွားချောင်မှာ ကျန်ခဲ့တယ်။
ဖြစ်ပုံကဒီလိုဗျ
အဲဒီတုန်းကလောပန်းမှော်ထဲခေါ်လာတဲ့အထဲကျွန်တော်ကအငယ်ဆုံး အစွာဆုံးဆိုတော့ လောပန်းက ချစ်ရှာပါတယ် သူများတွေ ပွိုင့်ဖိနပ်တရံ ကိုအလောတောင်းနေရတဲ့ အချိန်အသစ်လိုချင်ရင် အဟောင်းပြရတဲ့အချိန် ကျွန်တော် က တလနှစ်ရံသုံးရံရတယ် ရမှာပေါ့ ကျွန်တော် ကငယ်သေးတော့ ဖိနပ်ကမတော်ဘူး
ပထမကြီးတာကိုရတယ်အဆင်မပြေဘူး လောပန်ကိုသွားပြောတယ် နောက်တရံ ထပ်ထုတ်ပေးတယ် မရဘူး ချောင်းဆုံက သူ့ညီမဆိုင်မှာ သွားရှာဖို့ စာရေးပေးတယ် သွားရှာတယ် တော်တာမတွေ့ဘူး ခြေထောက်ကသိပ်ငယ်နေတာ အခုအသက်လေးဆယ်ကျော်ရောက်တာတောင် သုံးဆယ့်ရှစ်ပဲစီးလို့ရတယ်ဗျ စဉ်းစားတာကြည့်ပေါ့။
အဲဒါနဲ့ ပဲရတာယူလာခဲ့တယ် ချောင်းဆုံကို မှော်သစ်ကုန်ကနေသွားရတာလွယ်သလောက် ပြန်တက်ရတာမလွယ်ဘူး ကျွန်တော်စဉ်းစားတယ် ဖိနပ်ကသုံးရံ ရှိတယ်ဒါကအသစ် ငါဘာပဲစီစီး လောပန်းက မသိဘူး။လောလောဆယ် မောတယ် အရက်သောက်မယ်ပေါ့ ပွိုင့်ဖိနပ်အသစ်လေး ရသလောက်နဲ့ရောင်ပြီး အရက်သောက်ပလိုက်တယ် နှစ်ပတ်လောက်နေတော့ ခြေညှပ်ဖိနပ်လေးစီးပြီး လောပန်းရှေ့ကနေဖြတ်လျှောက်ပြီးကျင်းသွားတယ်
လောပန်း ကလှမ်းခေါ်တယ် ကလေးမင်းပွိုင့်ဖိနပ်ရောတဲ့ စီးလို့မရတော့ဘူးလွင့်ပစ်လိုက်ပြီ ဆိုတော့ ခနလေး ဆိုပြီး အခန်းထဲဝင် စာလေးတစောင်ကိုင်လာပြီးလာပေးတယ် အ့ကိုင်တို့နားသွားယူတဲ့ အ့ကိုင် ဆိုတာသူ့ညီမ ချောင်းဆုံက သူအကိုလက်မှတ်နဲ့စာသာပါလာရင်လိုချင်တာရတယ် အဲဒီဖိနပ်လည်းအရက်ဖြစ်သွားတာပဲ နောက်ဆိုနှစ်ပတ်တရံနုန်းလောက် သွားတောင်ပြီး အရက်သောက်ဖြစ်တယ် လောပန်းက သိတော့သိမှာပါ မပြောချင်လိုနေမှာပေါ့။
ဖိနပ်နဲ့အရက်သောက်နေရာက ဂွင်တခုပေါ်လာတယ် ကလေးမင်းဆံပင်ရှည်နေပြီ ကြည်မကောင်းတော့ဘူး ရော့ပိုက်ဆံယူသွား ညပ်လာခဲ့ တဲ့ ဆံပင်ညပ်ဖို့ပိုက်ဆံသုံးရမှာသိပ်နှမျောတာပဲ ဒါနဲ့ စျေးတန်းတက်ပြီးပလိပ်ဒါးဝယ်သူများကိုအကူညီတောင်းပြီး ကုတုံးရိတ်ခိုင်းလိုက် ပါတော့တယ် ဒါးဝယ်ပြီးပိုတဲ့ပိုက်ဆံ အရက်သောက်လာခဲ့တယ် ကုတုံးရိတ်လိုက်လိုလားမသိဘူး ဒီနေ့သောက်တာနဲနဲလေးများသွားတာကို အဆောင်မပြန်နိုင်တော့ဘူး
အဲဒီနေ့ကသောက်တာ အ့ဂျီး ရဲ့ဆိုင်မှာဗျ။ဖြစ်ချင်တော့ အဲဒီနေ့မှ အဆောင်မှာလောပန်းကိုယ်တိုင်လူစစ်တယ် အဆောင်မှုးက အောင်ကြိုင် ပြန်မလာကြောင်း တနေကုန်မတွေ့ကြောင်းပြောတော့ လောပန်းပြာသွားတယ်သူခေါ်လာတာလေ။တခုခုဖြစ်လို့မရဘူး တွေ့အောင်ရှာရမယ် ဆိုပြီးကျင်းခေါင်းတွေကိုထွက်ရှာခိုင်းပါတော့တယ်
စျေးတန်းကုန်းတက်လိုက်တာနဲ့အ့ဂျီးက တိုင်ပါတော့တယ် နင်တို့အဆောင်က ကလေး မူးပြီး ငါ့အခန်းထဲဝင်အိပ်နေတယ် အန်ထားတာလည်အများကြီးဆိုပဲ ၊ကျင်ခေါင်းတွေကိုယ်တိုင်ကျွန်တော့်ကိုထမ်းခေါ်ခဲ့ရပါတယ်။မိုးလင်းတော့လောပန်းကအဆောင်ထဲဆင်းလာပြီးကျွန်တော့ကိုလာကြည့်ပါတယ် သူပါမျက်လုံးပြူးသွားပါတယ် ကလေးမင်းကိုဆံပင်ညှပ်ခိုင်းတာ ဘယ်လိုဖြစ်တာလဲ တဲ့ ကျွန်တော် လည်းမညာပါဘူး ပိုက်ဆံ ကအရက်သောက်လို့ကုန်သွားတဲ့အကြောင်း ကုတုံးပဲရိတ် လိုက်ရကြောင်းပေါ့။ဒါနဲ့ မင်းဘယ်လောက်တောင်သောက်လို့ပြန်မလာနိုင်တာလဲတဲ့ သောက်တာကအရင်တိုင်းပဲလောပန်း
ကုတုံး ရိတ်လိုက်လို့ မထနိုင်တော့တာလို့ ပြောတော့ အေး မင်းကိုဒဏ်ပေးတဲ့အနေနဲ့ နံမည်ပြောင်းပြီ ဒီကောင်ကို ကုတုံးလို့ခေါ်ရမယ်ဆိုပြီး ကင်ပွန်း တပ်ပေးလိုက်တာ ဝှေခါမှာလေးနှစ် ကို အောင်ကြိုင်ဆိုတဲ့နံမည်ဘယ်သူမှမသိတော့ပဲ ကုတုံး ဆိုလို့ကတော့ မှော်သစ်ကုန်းအဝင်ကနေ မေးလိုက် ကလေးကအစသိတဲ့သူဖြစ်သွားပါတယ်။
ပြန်ဆက်ရရင် အဲဒီ ဘိုင်ပင်အောက်က အချိန်ခြောက်ရာလောက်ရှိတဲ့ကျောက်တုံးကြီးကို ကျွန်တော်စိတ်ထဲကျောက်ဖြစ်ရမယ် လို့အခိုင်မာတွေးထားတာ ထိုးချမယ်တကဲကဲပေါ့ အားလုံးကဝိုင်းတားကြတယ်လူကလည်းနဲနေတယ် ဒီအချိန်ဖြိုချလိုက်လို့ကျောက်ဖြစ်သွားရင်အကြောင်းမဟုတ်ဘူး မဖြစ်ခဲ့ရင် ပြန်ကျင်းရမယ့်ခေါင်းပေါင်းတွေကမနဲဘူးပေါ့။
ဒီလိုနဲ့ နှစ်လကျော်လာတဲ့အချိန် မတ်လဆန်းလောက်ပေါ့မိုးလေးစရွာလာပါတယ် လောပန်းကလည်းလူသစ်နှစ်ယောက်ထပ်ပို့တယ် မျောတိုက်ထားတဲ့ကျောက်ကျောကိုကုန်အောင်တူးဖို့ပါ။
ဆရာမရဲ့မောင်တန်ဂွင်းက ကျင်းအထိလာပို့ရင်း အဲဒီ ကျောက်တုံးကိုတွေ့သွားပါတယ် ကိုနိုင် ဒါကျောက်မဟုတ်ဘူးလားလို့ကချင်လိုမေးတော့ ကိုနိုင်က တန်ဂွင်းမင်းမြန်မြန်ပြန် ငါဆွဲထိုးမိမယ်ဆိုပြီးအော်လိုက်တော့တန်ဂွင်းလည်းကြောက်လိုသာပြန်ရတာ အဲဒီကျောက်တုံးကြီးကိုလှည့်ကြည့်လှည်ကြည့်နဲ့ ညနေကျင်းနားပြီး
တဲရောက်တယ်ဆိုရင်ပဲ မိုးကသဲသဲထန်ထန်ရွာပါတော့တယ်။နောက်နေ့မနက်မိုးလင်းတော့ကိုနိုင်က ကုတုံး ရေလာကွာ ညကမိုးများတယ်ကျင်းသွားကြည့်ရအောင်ဆိုပြီးခေါ်လို့လိုက်သွားကြည့်တော့ အဲဒီဘိုင်ပင်လဲသွားပြီး ကျွန်တော် ကျောက်လို့ယုံကြည်ထားတဲ့ကျောက်တုံးကြီးကကျင်းအဝတည့်တည့်မှာပြုတ်ကျနေပါပြီ။
အဆဲကြမ်းတဲ့ကိုနိုင်ကတော့ ထုံးစံအတိုင်း ကျောက်တုံးကြီးကိုဆဲပါတော့တယ် ဒီကောင်ကျလာလို့ အလုပ်ကိုရှူပ်တယ်ပေါ့ တဲပြန် ပြီးထမင်းစားရင်းအားလုံးကိုပြောပြတော့ မနေ့ကမှ ဝင်တဲ့နှစ်ယောက်မှာတယောက်ကထွက်မယ်ဖြစ်ရော လောပန်းအိမ်ကဟင်းပို့လာတာကြုံတာနဲ့ အကြောင်း စုံလောပန်းကိုစကားပါးလိုက်တယ် ပြိုထားတာအများကြီးဒီလူနဲ့မနိုင်ဘူး ဘယ်လိုလုပ်ရမလဲလို့မေးခိုင်းလိုက်တော့ တန်ဂွင်းကိုလာကြည့်ခိုင်းပါတယ်။
ဒီကောင်ကလည်းဒီကျောက်တုံးပဲ လာကြည့်နေတယ် ကျွန်တော့်နားကပ်ပြီး ကုတုံး ငါတော့ကျောက်ထင်တယ်မင်းရောတဲ့ ငါလည်းထင်တာပဲ ကိုနိုင်ကမဟုတ်ဘူးတဲ့ကွ သူ့ကိုသွားမပြောနဲ့အုန်း မင်းကိုဆဲနေလိမ်မယ်လို့ပြောလိုက်တော့ အေးပါဆိုပြီးပြန်သွားတယ် ခနနေတော့ လေပန်းအိမ်က အရပ်ပုပုနဲ့လူကောင်သေးသေး ပလောင်လူမျိုး ကျင်းသားသစ်တယောက်လာပို့တယ်။
ကျွန်တော် တို့ ကျင်ခေါင်းကြီးဆဲပါပြီ ဒီတခါလောပန်းကိုပါဆဲတာဗျ ဒီလောက်ပြိုထားတာ ခေါက်စားနေ့စားရှာမပေးဘူး ဒီကောင်ကို ဘာလုပ်ရမှာလဲ ဆိုပြီးတော့ပွဲကြမ်းပြီး ကုတုံး မင်းဒီကောင်ကို တဲလိုက်ပို့ ထမင်းချက်ခိုင်းထား မင်းပြန်လာ ခဲ့တဲ့ ကျွန်တော် ကျင်းပြန်ရောက်တော့ ကျွန်တော့်ကျောက်ကြီးတဝက်ပဲကျန်တော့တယ်
ကိုနိုင်ကျောက်ကွဲသွားတာလား လို့မေးတော့ ငါနဲ့ အိုက်ပီး သံဒိုင်နဲ့လိမ့်ပြီးတခြမ်းမြေစာပုံအောက်ချပလိုက်ပြီတဲ့ ကျွန်တော် လည်းသူစိတ်တိုနေတော့ ဘာမမပြောတော့ပဲ မြေစာ တွေဂေါ်တောင်းထဲထည့်လိုက်ထမ်းလိုက်ပေါ့။ထမင်းစား ချိန် တဲပြန်တော့ ပလောင်ကထမင်းမကျက်သေးဘူး ကိုနိုင် ဒေါသဖြစ်ပြီး ဆဲတာ ပြန်တောင်ပြောမပြတတ်တော့ဘူး။ဝိုင်းပြီးချက်ပြုတ်စားသောက်ပြီး ကျင်းပြန်လာတော့ မင်းတို့ လုပ်လုပ်နှင့်အုန်းငါပြန်လာခဲ့မယ်ဆိုပြီးကိုနိုင်မြေစာပုံအောက်ကိုဆင်းသွားပါတယ်။
ကိုနိုင်မရှိရင် ကျွန်တော် ကဆရာလုပ်ရတယ် ကိုအိုက်ပီးတို့ကထည့်ပေးကျွန်တော်ထမ်းမယ် မောင်ဝင်းမင်းကဂဲတွေတက်ရှင်းဆိုပြီးခိုင်းနေတုန်း ကိုနိုင်ပြန်တက်လာတယ် ခွက်တလုံးလည်းကိုင်လာတယ်။
ကုတုံး မင်းဟိုးအောက်မှာရေသွားခပ်တဲ့ ဘာလုပ်ဖို့တုန်းဆိုတော့ ကုတုံး မင်းမှန်တယ် ဒါကျောက်ကွတဲ့”။ကျွန်တော်လည်း ကိုအိုက်ပီး ရော့ အောက်မှာရေသွားခပ်လို့ပြန်ခိုင်း ပြီး မောင်ဝင်း ပြန်ဆင်းလာ သံဒိုင်လည်း ယူလာခဲ့ လို့ ပြောလိုက်တယ်။
မောင်ဝင်းကမယုံဘူး ဘာလုပ်ဖို့တုန်းတဲ့ မင်းတော်တော်စကားများတာပဲ ဒီဟာကျောက်ကွဆိုတော့ မယုံဘူး လောင်းမယ်ဆိုပြီးဆင်းလာပါတယ်။ကျွန်တော်လည်းသူ့ဆီ သံဒိုင်ယူပြီး ကျောက်ကို သုံးချက်ထိုးကြည့်လိုက်ပါတယ်။
သေချာပါပြီ ကျောက်အစစ်ပါ ကိုအိုက်ပီး ခပ်လာတဲ့ရေနဲ့ ကိုနိုင်နဲ့ကျွန်တော် ကျောက်ကိုဆေးကြည့် ကြပါတယ်။ကျောက်ရဲ့ယမ်းကအလုံးလေးတွေပါ မှော်ထဲကအခေါ်ကတော့ ရှဖြီး ခွန်လို့ခေါ်ပါတယ် ယမ်းထဲမှာ အကောင်းဆုံး တွေထဲကတခုပေါ့။ဒီယမ်းမျိုးက အသားတန်းကိုမှန်းစရာမလိုအောင်ကိုကောင်းပါတယ် သေချာသွားအောင် အပဲ့နေရာကိုလက်တဝါးစာကျော်ကျော်လောက်ဆေးကြည့်တော့မှ ကိုယ့်မျက်စိကိုယ်တောင်မယုံနိုင်အောင်ဖြစ်ရပါတယ်
ကိုနိုင် နဲ့ကျွန်တော်ပဲသိသေးတယ်မောင်ဝင်း အိုက်ပီး၊ နုလင်းနဲ့ပလောင်လေးတို့က မနက်ကမြေစာပုံမှာ လိမ့်ပြစ်လိုက်တဲ့ ကျောက်တခြမ်းကို သွားထမ်းနေကြတယ်။ကျောက်ကလျိုဖဲ့ပါ ဝလုတောင်တက်စပြုနေပြီ ဒတောင်မှဆေးလိုက်တဲ့လက်တဝါးသာသာလေးကအရည်ကွက်ကြီးဖြစ်နေတယ် ကျန်တဲ့ နေရာမဆေးရဲတော့ဘူးကိုနိုင်ကရွှံ့ပြန်သုတ်လိုက်ပါတော့တယ်။
ဟေ့မောင်ဝင်း မြန်မြန် လာစမ်း အရေးကြီးလို့ ကျင်းကိုလောပန်းသွားခေါ်လာ မြန်မြန် သွားနော် လောပန်းကို တိုးတိုးတိတ်တိတ် ပြော ကားပါရရင် ယူလာလို့ ပြောလိုက်လို့ ကိုနိုင် ကမှာနေတယ် ကျွန်တော် တို့က မနက်ကပဲ့သွားတဲ့အခြမ်းကိုသွားထမ်းပြီး ပြန်ဆက်ကြည့်ကြတယ် မရဘူးဗျ အပဲ့ခြင်းမတူဘူး ယမ်းလည်းတူကျောက်သားလည်တူရဲ့သားနဲ့ဆက်မရဘူး ဒါဆို အလယ်ကတပိုင်းရှိရမယ်ပေါ့ ရှာကြ ဘယ်လိုရှာရှာမတွေ့တော့ပါဘူး ဒီနေ့ အထိလည်းစဉ်းစားမရသေးပါဘူး သူ့ကိုကျွန်တော်မြင်တုန်းက တလုံးလုံးအပြည့်ပါ အခုရတာက အချိန် လေးရာလောက် တခြမ်း နှစ်ရာကျေလောက်တခြမ်းပါ။
ပြောချင်တာက ဒီကျောက်ကို ကျွန်တော်ခေါင်းပေါက်ပြီးမကြာခင် တွေ့တာ ဆိုတော့ သုံးလကျော်သွားပါပြီ။ဘာဖြစ်လို့ ပိုင်ဆိုင်ခွင့် နောက်ကျ ခဲ့ရသလေ ကျာက်တိုင်းမှာ ပိုင်ရှင် ရှိတယ်ဆိုတဲ့စကားကပဲမှန်နေသလားပလောင်လေးကို ထမင်းချက်ခိုင်းတုန်းက ကျောက်ပါလိုသိခဲ့ရင် ကျင်းဆင်းခွင့်မရသေးတဲ့ ပလောင်လေး ဝေစုမရနိုင်ပါဘူး သူကျင်းဆင်းတဲ့နေ့လည်ပိုင်းမှကျောက်မှန်းဘာလို့သိရတာလဲညောင်ကိုးပင် ကနတ်ကြီးတယ်ဆိုတာမှန်နေလားကျောက်တွေ့ပြီးမှထွက်သွား ရတဲ့ သုံးယောက်ကကော ကျောက်မောင်းတာများလား။
ဘာပဲပြောပြောသုံးလကျော်လောက် အဝကြည်ခွင့်ပေးထားပြီး မိုးရွာလို့ ကျင်းထဲခုန်ချလာပေးတဲ့ကျောက် ဒါတောင်မှ တခြမ်းကိုမြေစာပုံကိုသွားပြစ်ခံရတဲကျောက် မှော်ကြာကြီး ကိုနိုင် မျက်စိမှောက်ခဲ့တဲ့ကျောက် ကျင်းထဲကို နာရီပိုင်းလောက်ကလေးခြေချပြီး မှော်ကြာတွေနဲ့အတူတူပလောင်လူမျိုးလေးကိုဝေစုပေးခဲ့တဲ့ကျောက်။
အဒီကျောက် နဲ့ ကံတရားအကြောင်းကတော့ အနှစ်အစိတ်လောက်ရင်ထဲမှာ အမြစ်တွယ်နေခဲ့ပါတယ်
ဆက်ပါအုန်းမယ် အောင်ကြိုင်
Credit to original author AK