သင်လုံးဝမြင်ဖူးမှာ မဟုတ်တဲ့ ကမ္ဘာပေါ်က ထူးထူးဆန်းဆန်းဖြစ်ရပ် (၁၂) ခု

ကမ္ဘာကြီးက အလှအပတွေနဲ့ လူသားတွေကို အံ့ဩပျော်ရွှင်သွားအောင် အမြဲတမ်း လုပ်ပေးတတ် ပါတယ်။ ဒီလို ထူးဆန်းတဲ့ အဖြစ်အပျက်တွေထဲက ၁၂ ခုကို  ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော် ။

၁။ အနက်ရောင်နေ

ကောင်းကင်မှာ ငှက်ပေါင်း 50000 လောက် စုဝေးသွားတဲ့အခါ အနက်ရောင် နေလုံးကြီးလို ဖြစ်သွားပါတယ်။ ငှက်အုပ်စုကြီးက ထွက်လာတဲ့ အသံက အဝေးက မိုးခြိမ်းသံလို ပါပဲ။

၂။ သေမင်းတောင်ကြားက ရွေ့လျားနေတဲ့ ကျောက်တုံးများ

အမေရိကန်နိုင်ငံက လူသူကင်းမဲ့တဲ့ တောင်ကြားထဲမှာ ကျောက်တုံး အပိုင်းအစလေးတွေက ရွေ့လျားနေ ပါတယ်။ ကျောက်တုံးတွေရဲ့ နောက်မှာ ခြေရာလေးတွေ ကျန်ခဲ့ပါတယ်။

၃။ ရေအောက်က အဝိုင်းကွက်များ

Japan နိုင်ငံက ပင်လယ်ရေအောက် ထဲမှာ ပါးပူတင်းအထီးတွေက ညီညာတဲ့ စက်ဝိုင်းတွေကို ဖန်တီးပါတယ်။ ဒီလိုစက်ဝိုင်းတွေကို ငါးပူတင်း အမတွေကို ဆွဲဆောင်ဖို့ အတွက် ပြုလုပ်တာဖြစ်ပါတယ်။

၄။ ရာသီဥတုအလိုက် တစ်နေရာမှ တစ်နေရာကို ပြောင်းရွှေ့တတ်တဲ့ Monarch လိပ်ပြာ

Monarch လိပ်ပြာတွေက ကနေဒါနိုင်ငံကနေ အမေရိကန်နိုင်ငံ တောင်ပိုင်းကို အုပ်စုလိုက် ပြောင်းရွှေ့တတ်ပါတယ်။ သူတို့ပြောင်းရွှေ့တဲ့ ခရီးက မိုင်ထောင်ချီ ဝေးပါတယ်။

၅။ ပန်းကန္တာရ

လွန်ခဲ့တဲ့နှစ်တွေ တုန်းက Chile နိုင်ငံမှာ ပုံမှန်ထက် မိုးပိုရွာတာကြောင့် Atacama ကန္တာရကြီးက ပန်းပင်တွေ၊ သစ်ပင်တွေနဲ့ ဖုံးလွှမ်းသွား ပါတယ်။

၆။ Mammatus တိမ်

ဒီလိုတိမ်မျိုးက တွေ့ရခဲပါတယ်။ အီကွေတာ မျဉ်းဖြတ်သွားတဲ့ အပူပိုင်းဒေသတွေမှာ အဓိကအားဖြင့် တွေ့ရပါတယ်။ အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်တော့မယ် ဆိုရင်လည်း Mammatus တိမ်တွေ ဖြစ်ပေါ်လာတတ် ပါတယ်။

၇။ Maldives ကမ်းခြေက အလင်းရောင်ထွက်နေတဲ့ လှိုင်းများ

မျောလှေးမျိုးစိတ်တွေက ပင်လယ်လှိုင်းတွေကို အလင်းရောင်ထွက်စေ ပါတယ်။

၈။ သက်တံရောင် ယူကလစ်ပင်

ယူကလစ်ပင်ရဲ့ သစ်ခွံမှာ အပြာရောင်၊ ခရမ်းရောင်၊ လိမ္မော်ရောင်၊ နီညိုရောင်တွေ ဖြစ်ပေါ်နေတာကြောင့် သက်တံလို အရောင်စုံနေတာပါ။

၉။ ခရီးထွက်နေတဲ့ ငါးသေတ္တာငါး

သန်းနဲ့ချီပြီး များပြားတဲ့ ငါးသေတ္တာငါးတွေက တောင်အမေရိက ပင်လယ်ကမ်းရိုးတန်းရဲ့ အရှေ့ဘက်ကနေ မြောက်ဘက်အထိ ခရီးထွက်ကြပါတယ်။

၁၀။ Winne Pooh အရုပ်ပုံစံ တိမ်

အင်္ဂလန်နိုင်ငံ Desert ဒေသမှာပြုလုပ်တဲ့ ကလေးတွေ အတွက် လှူဒါန်းပွဲမှာ Winnie Pooh ပုံစံ တိမ်ကို တွေ့ရတာပါ။ Winnie Pooh ပုံစံဖြစ်ပေါ်နေတဲ့ တိမ်က ပျားရည်စားပြီး ပျော်ပျော်ရွှင်ရွှင် အနားယူနေပုံနဲ့ တူပါတယ်။

၁၁။ ဆူနာမီတိမ်

ဆူနာမီလှိုင်းလုံး ပုံစံတိမ်ကို ဆစ်ဒနီမြို့ရဲ့ ကောင်းကင်မှာ တွေ့ရတာပါ။ ဆူနာမီတိမ်က တစ်ကမ္ဘာလုံးကို မှင်သက်သွားစေပါတယ်။

၁၂။ ဖုန်မုန်တိုင်း

ဖုန်မုန်တိုင်းက 2013 ခုနှစ် အစောပိုင်းကာလ ဩစတေးလျနိုင်ငံ အနောက်ပိုင်းမှာ တိုက်ခတ်ခဲ့ ပါတယ်။
Credit