ဗုဒ္ဓဘုရားရှင်ဟာ ဘာ့ကြောင့် အလုံးစုံ သိမြင်တော်မူတာလဲ








ဒါဆိုရင်



အဲဒီလောက်ပေးဆပ်ပြီးမှ ဘုရားအဖြစ်ကို ရှိလာပြီး အရာရာသိတဲ့ သဗ္ဗေညုတ ဥာဏ်တော် ကြီးကို ပိုင်ဆိုင်ခဲ့ရတာပါ လူ့ ဘဝ တစ်ဘဝတောင် ကိုယ်ဖြတ်သန်းခဲ့တဲ့ အကြောင်းအရာ တော်တော်များများကို မှတ်မိနိုင်သေးတာပဲ


Unicode

လေးအသင်္ချေ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့လို့ပါ၊ အဲဒီကာလကို တွက်ကြည့်ကြရအောင်ပါ

အသင်္ချေဆိုတာ ကိန်းဂဏန်းတွေများလွန်းလို့ချုံ့ပြီးခေါ ်တဲ့သဘောပါပဲ ကြယ်တလုံးနဲ့တလုံး အကွာအဝေးကို မိုင်နဲ့တွက်ရင် များလွန်းလို့အလင်းနစ်နဲ့တွက်သလိုပါပဲ အလင်းနှစ်တစ်နစ်ကို

မိုင်ပေါင်းကုဋေခြောက်သိန်းရှိတယ် အနီးဆုံး ကြယ်နှစ်လုံးဟာ အလင်းနှစ် လေးနှစ်ရှိတယ် အဲဒီလိုတွက်သလိုပါပဲ

တစ်သင်္ချေဆိုတာ တစ်နောက်မှာ သုည အလုံး ပေါင်း ၁၄၀ ရှိပါတယ် အဲဒါနှစ်ပေါင်းပါ ၄ သင်္ချေဆိုတော့ လေး နောက်မှာ သုည အလုံးပေါင်း ၁၄၀ ရှိပါတယ် ဘယ်လောက်ကြာမြင့်လည်းဆိုတာ မှန်းကြည့်လို့ ရနိ ုင်ပါတယ်

အဲဒါ လေးသင်္ချေရဲ့ ကာလကြာချိန် ကမ္ဘာတစ်သိန်း ဆိုတာကို ထပ်တွက်မယ် ကမ္ဘာပေါင်း တစ်သိန်းကိုအသာထားပါဦးတစ်ကမ္ဘရဲ့ အသက်တမ်းကို ဘုရားရှင်က ရဟန်းတပါးကို ဟောခဲ့ဘူးပါတယ်

တစ်ယူဇနာ (၁၃) မိုင်ပတ်လည်ရှိတဲ့ ဂိုဒေါင်ကြီးထဲကို မုန်ညင်းစေ့တွေ အပြည့်ထည့်ပါ နှစ်ပေါင်း တစ်ရာကြာလျှင် တစ်စေ့ထုတ်ပါ နောက်နှစ်ပေါင်း တစ်ရာကြာလျှင် တစ်စေ့ထပ်ထုတ်ပါ အဲဒီဂိုဒေါင်ကြီ ထဲက မုန့်ညင်းစေ့သာ ကုန်သွားမယ် တစ်ကမ္ဘာရဲ အသက်တမ်းက မကုန်နိ ုင်သေးပါဘူးတဲ့

တစ်ကမ္ဘာတောင် အဲဒီလောက်ကြာနေရင် အဲဒီလိုကမ္ဘာပေါင်း တစ်သိမ်းဆိုရင် ဘယ်လောက် ကြာနိ ုင်မလဲ မှန်းကြည့်လို့ရပါတယ်

ဒါဆိုရင်

လေးသင်္ချေကာလနဲ့ ကမ္ဘာပေါင်းတစ်သိန်း ကာလဟာ ဘယ်လောက်ထိ ရှည်လျားလည်းဆိုတာ တွေးကြည့်ယုံတင်သိနိုင်ပါတယ်

ဒါ့ကြောင့် ဗုဒ္ဓက ငါဘုရားပါရမီဖြည့်ခဲ့ရတဲ့ ကာလတွေမှာ လှူ ခဲ့တဲ့သွေးတွေဟာ သမုဒ္ဒရာ လေးစင်းထဲကရေတွေထက်များတယ် လို့ မိမ့်တော်မူခဲ့တာပေါ့

အဲဒီလောက်ပေးဆပ်ပြီးမှ ဘုရားအဖြစ်ကို ရှိလာပြီး အရာရာသိတဲ့ သဗ္ဗေညုတ ဉာဏ်တော် ကြီးကို ပိုင်ဆိုင်ခဲ့ရတာပါ လူ့ဘဝ တစ်ဘဝတောင် ကိုယ်ဖြတ်သန်းခဲ့တဲ့ အကြောင်းအရာ တော်တော်များများကို မှတ်မိနိ ုင်သေးတာပဲ

လေးသင်္ချေကမ္ဘာတစ်သိန်းပေးဆပ်ခဲ့တဲ့ ဘုရားရှင်အကုန်သိတယ်ဆိုတာ ဘာ့ကြောင့် မဖြစ်နိ ုင်ရမှာလဲ တကယ်တော့ ကျွန်တော်တို့တတွေဟာ လေးသင်္ချေကမ္ဘာတစ်သိန်း အရင်းအနှီးကို သက်တမ်း တစ်ရာတည်းနဲ့ ရှိထားကြတဲ့ ပါရမီရှင်ကြီးတွေဖြစ်ပါတယ်။