ယုံစားလြယ္တဲ့ မိန္းကေလးမ်ား ဖတ္ထားသင့္ေသာ ပုံျပင္
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
တခါတုန္းက ေကာင္မေလး တေယာက္ဟာ သူ႕အဘြားအိမ္ကို သြားဖို႔ ဆိုၿပီး ေတာင္တက္လမ္းအတိုင္း ေလွ်ာက္လာေနတုန္း ေ႐ွာကနဲ အသံၾကားေတာ့ ငုံ႔ၾကည့္လိုက္တယ္ ။ ေျခေထာက္နားမွာ ေႁမြ တစ္ေကာင္ ၊ ေႁမြက ခေလာက္ဆြဲေႁမြ အမ်ိဳးအစား ။ အဲ့ဒီအခ်ိန္မွာ ေကာင္မေလး ဘာမွ မလုပ္ရေသးခင္ ေႁမြက ေကာင္မေလးကို ေျပာပါတယ္ ။
” ငါေတာ့ ေသရေတာ့မယ္ ထင္တယ္.. အရမ္းလည္း ခ်မ္းေနတယ္.. ဒီေနရာမွာ အရမ္းေအးတာပဲ.. အခုထိလည္း ဘာမွ မစားရေသးဘူး.. ျဖစ္ႏိုင္ရင္ ငါ့ကို နင့္ရဲ႕ အက်ႌထဲထည့္ၿပီး အတူ ေခၚသြားပါလား ” လို႔ေႁမြက ေျပာပါတယ္ ။
ေကာင္မေလးက ျပန္ေျပာတယ္ ။
” မျဖစ္ဘူး.. မျဖစ္ဘူး.. နင္ဘာေႁမြလဲ ဆိုတာ ငါသိတယ္.. နင္က ခေလာက္ဆြဲေႁမြ.. ငါ နင့္ကို ေခၚသြားရင္… နင္ ငါ့ကို ကိုက္မွာ.. နင္က အဆိပ္ျပင္းတယ္ ”
ေႁမြက ေကာင္မေလး ေျပာတာကို လက္မခံဘူး ။
” မကိုက္ဘူး.. မကိုက္ဘူး.. စိတ္ခ်.. နင္သာ ငါ့ကို ကူညီရင္.. ငါဟာ နင့္သူငယ္ခ်င္းေကာင္းပဲ.. နင့္ကိုငါ ေကာင္းေကာင္း မြန္မြန္ တကယ္ ဆက္ဆံမွာပါ ”
ေႁမြက ဒီလို ေျပာလာေတာ့ ေကာင္မေလး ေတြေဝသြားတယ္ ။ ၿပီးေတာ့ ေႁမြကို ၾကည့္တယ္ ။ ေႁမြက လွလိုက္တာ ။ သူ႕အကြက္ေလးေတြက ပန္းခ်ီကား တခ်ပ္လိုပဲ ။ ငါျမင္ဖူးသမွ် ေႁမြေတြထဲမွာ သူအလွဆုံးပဲ.. ။ ေကာင္မေလး ခ်က္ခ်င္းပဲ ဆုံးျဖတ္လိုက္တယ္ ။
” ေကာင္းၿပီ နင့္ကို ငါယုံတယ္.. နင့္ကို ငါ ကယ္မယ္.. ဘယ္လို သက္႐ွိ သတၱဝါမဆို ၾကင္နာမႈနဲ႔ ထိုက္တန္တယ္ ဆိုတာ ငါ လက္ခံတယ္ ”
ေကာင္မေလးက ေျပာေျပာ ဆိုဆိုနဲ႔ ေႁမြကို ညင္ညင္သာသာနဲ႔ ယူၿပီး အက်ႌေအာက္ထဲ ထည့္လို႔ သူ႕အဘြားအိမ္ကို ဆက္ ထြက္လာ ခဲ့တယ္.. ။ ေလွ်ာက္လာရင္း ေလွ်ာက္လာရင္းနဲ႔ ေကာင္မေလးဟာ ျပင္းထန္တဲ့ နာက်င္မႈ တခုကို ခံစားလိုက္ရတယ္ ။ ေႁမြက သူ႕ကို ကိုက္လိုက္ပါၿပီ ။
ေကာင္မေလး ငိုတယ္ ၊ ေနာင္တရတယ္ ။
” နင္ ငါ့ကို ဘယ္လို လုပ္လိုက္တာလဲ.. နင္ေျပာေတာ့ မကိုက္ဘူးဆို ၊ ငါ နင့္ကို ယုံခဲ့တယ္ေလ ”
ေႁမြက တစ္ခြန္းပဲ ျပန္ေျပာပါတယ္ ။
” နင္ ငါ့ကို ေခၚသြားဖို႔ ဆုံးျဖတ္ကတည္းက.. ငါ ဘယ္လို အမ်ိဳးအစားလဲ ဆိုတာ နင္သိၿပီးသားပဲ ၊ မတတ္ႏိုင္ဘူးေလ နင့္ထိုက္နဲ႔ နင့္ကံေပါ့..”
ေႁမြက ဒီလိုေျပာၿပီး အၿမီးေလးကို ခေလာက္လို႔ တြန္႔တြန္႔ တြန္႔တြန္႔နဲ႔ ထြက္သြား ပါေတာ့တယ္.. ။
ပုံျပင္ေလးကေတာ့ ဒါပါပဲ ။
ပုံျပင္ထဲက ေႁမြလိုပဲ က်က္သေရ တုံးတဲ့လူ ဆိုတာေတြကို က်ေနာ္တို႔ အေတာ္ မ်ားမ်ား ကိုယ့္ပတ္ဝန္းက်င္မွာ ၾကဳံဖူးမယ္ ထင္ပါတယ္…
– တခ်ိဳ႕လူေတြက သြားသနားလို႔ မရပါဘူး
– တခ်ိဳ႕လူေတြက ေစတနာနဲ႔ မတန္ပါဘူး
– တခ်ိဳ႕လူေတြက လွ်ာႏွစ္ခြနဲ႔ ခုနက ေႁမြလိုပါပဲ
– တခ်ိဳ႕လူေတြက ခုတစ္မ်ိဳး ေတာ္ၾကာ တမ်ိဳးပါပဲ
– တခ်ိဳ႕လူေတြက ေခြးၿမီးေကာက္ က်ည္ေတာက္စြပ္ေတြပါ
– တခ်ိဳ႕လူေတြက အယုံသြင္းၿပီးမွ ယုတ္မာတတ္တယ္
– တခ်ိဳ႕လူေတြက မူယာမာယာ သိပ္မ်ားပါတယ္
– တခ်ိဳ႕လူေတြက ကူလီ ကူမာ သိပ္ကြၽမ္း ပါတယ္
ဒီေတာ့ လူတိုင္းကို သြားၿပီးေတာ့ သနားဖို႔ မလိုဘူး ။
နင့္ကိုမွ မရရင္ ငါေသရပါေတာ့မယ္တို႔ ၊ ငါ ဒီတခါ တကယ္ လိမၼာပါၿပီတို႔ ၊ ငါ.. ေနာက္ မလုပ္ေတာ့ပါဘူး ကတိေပးပါတယ္ တို႔ဆို ခ်င့္ယုံၾကေပါ့ ။ ေနာက္ၿပီး သနားကမား ႐ုပ္နဲ႔ မ်က္ရည္ခံ ထိုးတိုင္း သနားစရာ မေကာင္းဘူး ဆိုတာကိုလည္း ေခါင္းထဲ ထည့္ထားပါ ။
အေပၚယံ ေ႐ႊမႈံႀကဲထားတဲ့ မ်က္ႏွာစာေတြနဲ႔ လည္း သူတို႔ရဲ႕ အတြင္းစိတ္ ေတြကို ခဏတာ အားျဖင့္ ျပည္ဖုံးကာ ခ်ထားလို႔ ရတယ္ ဆိုတာကိုလည္း စြဲမွတ္ထားပါ ။
တခ်ိဳ႕(တခ်ိဳ႕) ေသာ သူေတြဟာ ဘယ္လို သနားၾကင္နာမႈမ်ိဳး ၊ ေစတနာထားမႈမ်ိဳး ၊ ယုံၾကည္မႈမ်ိဳး ၊ ကိုယ္ခ်င္းစာမႈမ်ိဳးနဲ႔မွ မထိုက္တန္ဘူး ဆိုတာကို နားလည္ထား လိုက္ပါ ။
တခ်ိဳ႕ (တခ်ိဳ႕) လို႔ ေသခ်ာ ေရးထားတယ္ေနာ္ အကုန္လုံးကို မဆိုလိုပါဘူး ။ ပုံျပင္ေလးကို oh inspiring stuff မွာ ဖတ္ဖူးတာပါ ။
Credit – WaiPhyoMaung
Unicode
တခါတုန်းက ကောင်မလေး တယောက်ဟာ သူ့အဘွားအိမ်ကို သွားဖို့ ဆိုပြီး တောင်တက်လမ်းအတိုင်း လျှောက်လာနေတုန်း ရှောကနဲ အသံကြားတော့ ငုံ့ကြည့်လိုက်တယ် ။ ခြေထောက်နားမှာ မြွေ တစ်ကောင် ၊ မြွေက ခလောက်ဆွဲမြွေ အမျိုးအစား ။ အဲ့ဒီအချိန်မှာ ကောင်မလေး ဘာမှ မလုပ်ရသေးခင် မြွေက ကောင်မလေးကို ပြောပါတယ် ။
” ငါတော့ သေရတော့မယ် ထင်တယ်.. အရမ်းလည်း ချမ်းနေတယ်.. ဒီနေရာမှာ အရမ်းအေးတာပဲ.. အခုထိလည်း ဘာမှ မစားရသေးဘူး.. ဖြစ်နိုင်ရင် ငါ့ကို နင့်ရဲ့ အင်္ကျီထဲထည့်ပြီး အတူ ခေါ်သွားပါလား ” လို့မြွေက ပြောပါတယ် ။
ကောင်မလေးက ပြန်ပြောတယ် ။
” မဖြစ်ဘူး.. မဖြစ်ဘူး.. နင်ဘာမြွေလဲ ဆိုတာ ငါသိတယ်.. နင်က ခလောက်ဆွဲမြွေ.. ငါ နင့်ကို ခေါ်သွားရင်… နင် ငါ့ကို ကိုက်မှာ.. နင်က အဆိပ်ပြင်းတယ် ”
မြွေက ကောင်မလေး ပြောတာကို လက်မခံဘူး ။
” မကိုက်ဘူး.. မကိုက်ဘူး.. စိတ်ချ.. နင်သာ ငါ့ကို ကူညီရင်.. ငါဟာ နင့်သူငယ်ချင်းကောင်းပဲ.. နင့်ကိုငါ ကောင်းကောင်း မွန်မွန် တကယ် ဆက်ဆံမှာပါ ”
မြွေက ဒီလို ပြောလာတော့ ကောင်မလေး တွေဝေသွားတယ် ။ ပြီးတော့ မြွေကို ကြည့်တယ် ။ မြွေက လှလိုက်တာ ။ သူ့အကွက်လေးတွေက ပန်းချီကား တချပ်လိုပဲ ။ ငါမြင်ဖူးသမျှ မြွေတွေထဲမှာ သူအလှဆုံးပဲ.. ။ ကောင်မလေး ချက်ချင်းပဲ ဆုံးဖြတ်လိုက်တယ် ။
” ကောင်းပြီ နင့်ကို ငါယုံတယ်.. နင့်ကို ငါ ကယ်မယ်.. ဘယ်လို သက်ရှိ သတ္တဝါမဆို ကြင်နာမှုနဲ့ ထိုက်တန်တယ် ဆိုတာ ငါ လက်ခံတယ် ”
ကောင်မလေးက ပြောပြော ဆိုဆိုနဲ့ မြွေကို ညင်ညင်သာသာနဲ့ ယူပြီး အင်္ကျီအောက်ထဲ ထည့်လို့ သူ့အဘွားအိမ်ကို ဆက် ထွက်လာ ခဲ့တယ်.. ။ လျှောက်လာရင်း လျှောက်လာရင်းနဲ့ ကောင်မလေးဟာ ပြင်းထန်တဲ့ နာကျင်မှု တခုကို ခံစားလိုက်ရတယ် ။ မြွေက သူ့ကို ကိုက်လိုက်ပါပြီ ။
ကောင်မလေး ငိုတယ် ၊ နောင်တရတယ် ။
” နင် ငါ့ကို ဘယ်လို လုပ်လိုက်တာလဲ.. နင်ပြောတော့ မကိုက်ဘူးဆို ၊ ငါ နင့်ကို ယုံခဲ့တယ်လေ ”
မြွေက တစ်ခွန်းပဲ ပြန်ပြောပါတယ် ။
” နင် ငါ့ကို ခေါ်သွားဖို့ ဆုံးဖြတ်ကတည်းက.. ငါ ဘယ်လို အမျိုးအစားလဲ ဆိုတာ နင်သိပြီးသားပဲ ၊ မတတ်နိုင်ဘူးလေ နင့်ထိုက်နဲ့ နင့်ကံပေါ့..”
မြွေက ဒီလိုပြောပြီး အမြီးလေးကို ခလောက်လို့ တွန့်တွန့် တွန့်တွန့်နဲ့ ထွက်သွား ပါတော့တယ်.. ။
ပုံပြင်လေးကတော့ ဒါပါပဲ ။
ပုံပြင်ထဲက မြွေလိုပဲ ကျက်သရေ တုံးတဲ့လူ ဆိုတာတွေကို ကျနော်တို့ အတော် များများ ကိုယ့်ပတ်ဝန်းကျင်မှာ ကြုံဖူးမယ် ထင်ပါတယ်…
– တချို့လူတွေက သွားသနားလို့ မရပါဘူး
– တချို့လူတွေက စေတနာနဲ့ မတန်ပါဘူး
– တချို့လူတွေက လျှာနှစ်ခွနဲ့ ခုနက မြွေလိုပါပဲ
– တချို့လူတွေက ခုတစ်မျိုး တော်ကြာ တမျိုးပါပဲ
– တချို့လူတွေက ခွေးမြီးကောက် ကျည်တောက်စွပ်တွေပါ
– တချို့လူတွေက အယုံသွင်းပြီးမှ ယုတ်မာတတ်တယ်
– တချို့လူတွေက မူယာမာယာ သိပ်များပါတယ်
– တချို့လူတွေက ကူလီ ကူမာ သိပ်ကျွမ်း ပါတယ်
ဒီတော့ လူတိုင်းကို သွားပြီးတော့ သနားဖို့ မလိုဘူး ။
နင့်ကိုမှ မရရင် ငါသေရပါတော့မယ်တို့ ၊ ငါ ဒီတခါ တကယ် လိမ္မာပါပြီတို့ ၊ ငါ.. နောက် မလုပ်တော့ပါဘူး ကတိပေးပါတယ် တို့ဆို ချင့်ယုံကြပေါ့ ။ နောက်ပြီး သနားကမား ရုပ်နဲ့ မျက်ရည်ခံ ထိုးတိုင်း သနားစရာ မကောင်းဘူး ဆိုတာကိုလည်း ခေါင်းထဲ ထည့်ထားပါ ။
အပေါ်ယံ ရွှေမှုံကြဲထားတဲ့ မျက်နှာစာတွေနဲ့ လည်း သူတို့ရဲ့ အတွင်းစိတ် တွေကို ခဏတာ အားဖြင့် ပြည်ဖုံးကာ ချထားလို့ ရတယ် ဆိုတာကိုလည်း စွဲမှတ်ထားပါ ။
တချို့(တချို့) သော သူတွေဟာ ဘယ်လို သနားကြင်နာမှုမျိုး ၊ စေတနာထားမှုမျိုး ၊ ယုံကြည်မှုမျိုး ၊ ကိုယ်ချင်းစာမှုမျိုးနဲ့မှ မထိုက်တန်ဘူး ဆိုတာကို နားလည်ထား လိုက်ပါ ။
တချို့ (တချို့) လို့ သေချာ ရေးထားတယ်နော် အကုန်လုံးကို မဆိုလိုပါဘူး ။ ပုံပြင်လေးကို oh inspiring stuff မှာ ဖတ်ဖူးတာပါ ။
Credit – WaiPhyoMaung