ထူးထူးျခားျခား ပင္လယ္ႏွစ္ခု ထိစပ္ေနတဲ့ Grenen ကမ္းေျခအေၾကာင္း

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

ကမ႓ာေပၚမွာ ပင္လယ္ႏွစ္ခု ထိစပ္ေနတဲ့ ေနရာေတြ ႐ွိပါတယ္။ ဒါေပမယ့္ ပင္လယ္ႏွစ္ခု ထိစပ္ေနတဲ့ ေနရာမွာ မတ္တပ္ရပ္ဖို႔ ကေတာ့ ႐ွားပါးလြန္းတဲ့ အခြင့္အေရးပါပဲ။ ဒိန္းမတ္ႏိုင္ငံ၊ Skagen ၿမိဳ႕အနီး Grenen ကမ္းေျခမွာေတာ့ ပင္လယ္ႏွစ္ခုက ထိစပ္ေနပါတယ္။

Skagen ပင္လယ္နဲ႔ Kattegat ပင္လယ္တို႔ဟာ ႏွစ္သန္းေပါင္းမ်ားစြာ တစ္ခုကိုတစ္ခု လိႈင္းေတြ ႐ိုက္ခတ္ၿပီး ႐ွည္လ်ားတဲ့ သဲေသာင္ျပင္တစ္ခု ျဖစ္ေပၚလာပါတယ္။ အဲဒီေနရာေလးကေတာ့ သဘာဝအလွအပေတြကို ခံစားလိုသူေတြအတြက္ လည္ပတ္ဖို႔ေကာင္းတဲ့ ေနရာပါ။

Grene ကမ္းေျခကို “သစ္ကိုင္း”လို႔ ဘာသာျပန္ၾကပါတယ္။ ဘာ့ေၾကာင့္လဲ ဆိုေတာ့ ဒီကမ္းေျခက က်ဥ္း႐ွည္႐ွည္ ပုံစံ႐ွိၿပီး ကုန္းေျမကေန ဆန္႔ထြက္ေနတဲ့ပုံစံ ျဖစ္ေနလို႔ပါ။ ဆန္႔ထြက္ေနတဲ့ ပုံစံကလည္း သစ္ကိုင္းနဲ႔ ခပ္ဆင္ဆင္ တူပါတယ္။ Skagen ၿမိဳ႕က ဒိန္းမတ္ႏိုင္ငံရဲ႕ ေျမာက္ဘက္ အစြန္ဆုံးၿမိဳ႕ျဖစ္ပါတယ္။ Grenen ကမ္းေျခက ေလးကီလိုမီတာ ႐ွည္လ်ားပါတယ္။ သဲေသာင္ျပင္က ခပ္ေကြးေကြး ပုံသ႑ာန္႐ွိၿပီး ႏိုင္ငံရဲ႕အစြန္ဘက္ဆုံးေနရာ ျဖစ္ပါတယ္ ။

Skagen ၿမိဳ႕ရဲ႕ အျဖဴေရာင္မီးျပတိုက္ကို မေဆာက္ခင္ 1747 ခုႏွစ္ကဆိုရင္ သေဘၤာသားေတြက တစ္ခါတရံ ေရတိမ္ပိုင္းေက်ာက္တန္းေတြကို မျမင္ရဘဲ ကမ္းေပၚေရာက္သြားတတ္ၾကပါတယ္တဲ့။ အဲဒါေၾကာင့္ 1747 ခုႏွစ္မတိုင္ခင္က Grenen ကမ္းေျခက သေဘၤာသားေတြအတြက္ ျဖတ္သန္းသြားလာရာမွာ ခက္ခဲခဲ့ပါတယ္။

ေျမာက္ပင္လယ္ထဲကို စီးဝင္တဲ့ Skahen ပင္လယ္နဲ႔ ေဘာလ္တစ္ပင္လယ္ထဲကို စီးဝင္တဲ့ Kattegat ပင္လယ္တို႔ ဆုံရာမွာ မတ္တပ္ရပ္လိုက္ရတဲ့ ခံစားမႈက ၾကက္သီးထစရာ ေကာင္းပါတယ္။ ပင္လယ္ႏွစ္ခု ထိစပ္ေနတဲ့ေနရာက သဘာဝအံ့ဖြယ္ပါပဲ။ ပင္လယ္ႏွစ္ခုမွာ ေျခေထာက္တစ္ဖက္စီ ေရစိမ္ရင္းနဲ႔ မိုးကုတ္စက္ဝိုင္းႀကီးကို ေငးေမာၾကည့္လိုက္မယ္ဆိုရင္ေတာ့ ဆြီဒင္ႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ Gothenburg ကို ျမင္ရမွာပါ။

ဝမ္းနည္းစရာ ေကာင္းတာကေတာ့ ဒီကမ္းေျခမွာ ပင္လယ္ေရစီးေၾကာင္းၾကမ္းလို႔ ေရကူးခြင့္ မျပဳပါဘူး။ ဒါေပမယ့္ ဒိန္းမတ္ႏိုင္ငံရဲ႕ ရင္သပ္႐ႈေမာဖြယ္ ကမ္းေျခေတြ႐ွိပါေသးတယ္။ Grenen ကမ္းေျခတစ္ဝိုက္မွာ ေဒသရင္းအပင္ေတြနဲ႔ ေဒသရင္းတိရစၧာန္ေတြ ေပါမ်ားပါတယ္။ သမုဒၵရာထဲမွာ က်င္လည္က်က္စားၾကတဲ့ ေရေနသတၱဝါ အႀကီးစားေတြကလည္း လိႈင္းထန္တဲ့ ပင္လယ္ေရထဲမွာ ကူးခတ္ေနၾကပါတယ္။

ပင္လယ္ဖ်ံေတြဆိုရင္ ကမ္းေျခကိုလာလည္တဲ့ ဧည့္သည္ေတြၾကားမွာ ပ်င္းရိပ်င္းတြဲနဲ႔ လဲေလ်ာင္းေနတတ္ ၾကပါေသးတယ္။ လာေရာက္လည္ပတ္သူေတြကေတာ့ လင္းပိုင္ေတြ၊ ေျမာက္ပိုင္း ခဲေရာင္ေဝလငါးေတြနဲ႔ အနက္ေရာင္ ေဝလငါးေတြ ကူးခတ္ေနၾကတာကို ပိုၿပီးအာ႐ုံစိုက္ၾကပါတယ္။ ကမ္းေျခကို လာလည္မယ္ဆိုရင္ေတာ့ ထူးဆန္းအံ့ဩဖြယ္ သက္႐ွိေတြကို ၾကည့္ႏိုင္ဖို႔ မွန္ေျပာင္းကို ယူျဖစ္ေအာင္ ယူလာခဲ့ပါ။

Grenen က ကမ္းေျခက ကြဲျပားျခားနားတဲ့ ကုန္းေျမေၾကာင့္လည္း နာမည္ႀကီးပါတယ္။ အဲဒီကုန္းေျမက အသစ္ျဖစ္ေပၚေနဆဲျဖစ္တယ္လို႔ သိပၸံပညာ႐ွင္ေတြက အခိုင္အမာ ေျပာၾကပါတယ္။ လြန္ခဲ့တဲ့ တစ္ရာစုေက်ာ္ေက်ာ္ေလာက္က ေက်ာက္တန္းဟာ အေ႐ွ႕ေျမာက္ဘက္ျဖစ္တဲ့ ဆြီဒင္ႏိုင္ငံဘက္ကို တိုးသြားပါတယ္။

ဒါေၾကာင့္ Grenen ကမ္းေျခအေၾကာင္းကို ေနာင္ဆိုရင္ လူေတြ နားလည္လာႏိုင္ေတာ့မွာ မဟုတ္ဘူးလို႔ ကြၽမ္းက်င္ပညာ႐ွင္ေတြက ေျပာၾကတာပါ။

Skagen ၿမိဳ႕ကို သြားလည္တာက Grenen ကမ္းေျခကို ေရာက္ဖို႔ တစ္ခုတည္းအတြက္ မဟုတ္ပါဘူး။ Skagen ၿမိဳ႕က နာမည္ႀကီးတဲ့ ဒိန္းမတ္ၿမိဳ႕တစ္ၿမိဳ႕ပါ။ 19 ရာစုေႏွာင္းပိုင္းနဲ႔ 20 ရာစုအစပိုင္းမွာ Skagen ၿမိဳ႕က အႏုပညာ႐ွင္ေတြေၾကာင့္ နာမည္ႀကီးပါတယ္။ အထူးသျဖင့္ ပန္းခ်ီဆရာေတြက တစ္မူထူးျခားတဲ့ ႐ႈခင္းေတြအတြက္ ၿမိဳ႕အစြန္ အဖ်ားေနရာေတြမွာ ေခတၱသြားေန တတ္ၾကပါတယ္။

အဲဒီ ပန္းခ်ီဆရာေတြက Skagen ပန္းခ်ီဆရာေတြဆိုၿပီး လူသိမ်ားလာခဲ့ပါတယ္။ ယေန႔ေခတ္မွာေတာ့ သူတို႔ရဲ႕ ပန္းခ်ီကား တစ္ေထာင္ေက်ာ္ကို Skagen ျပတိုက္မွာ ျပသထားပါတယ္။ အခုဆိုရင္ Skagen ကို ဧည့္သည္ေတြ သန္းနဲ႔ခ်ီၿပီး လာလည္ေနၾကပါၿပီ ။ ဧည့္သည္ေတြက အားလပ္ရက္ေတြကို ဒိန္းမတ္ႏိုင္ငံရဲ႕ ေက်းလက္ေဒသမွာ ကုန္ဆုံးၾကပါတယ္။

သဘာဝတရားကို စိတ္ဝင္စားတဲ့ သူေတြအတြက္ေတာ့ Grenen ကမ္းေျခက မေသခင္သြားသင္တဲ့ေနရာထဲမွာ ပါဝင္ပါတယ္။ အျဖဴေရာင္ သဲေသာင္ျပင္ေတြ႐ွိတဲ့ ကမ္းေျခေတြက ၿမိဳ႕အေ႐ွ႕ဘက္ကေန အေနာက္ဘက္အထိ ကီလိုမီတာမ်ားစြာ ႐ွည္လ်ားပါတယ္။ ၿမိဳ႕အေ႐ွ႕ဘက္က ပင္လယ္ေရက လိႈင္းတံပိုး မ႐ွိပါဘူး။ ဒါေပမယ့္ ၿမိဳ႕အေနာက္ဘက္မွာ႐ွိတဲ့ ကမ္းေျခအမ်ားစုမွာ ေရကူးရင္ေတာ့ အႏၲရာယ္ ကင္းပါတယ္။

ခရီးသြားလမ္းၫႊန္ေတြနဲ႔ ဆက္သြယ္ၿပီး သြားမယ္ဆိုရင္ေတာ့ သစ္ေတာေတြ၊ လယ္ကြင္းေတြ၊ သဲခုံေတြဆီကို ေရာက္မွာပါ။ ေတာင္တက္ျခင္း၊ ျမင္းစီးျခင္းနဲ႔ အျခားလႈပ္႐ွားသြားလာျခင္းေတြကို တစ္ႏွစ္ပတ္လုံး စီစဥ္ေပးထားပါတယ္။ ေႏြဦးနဲ႔ ေႏြရာသီအခ်ိန္မွာ လာလည္ရင္ေတာ့ လည္ပတ္ဖို႔ ေ႐ြးခ်ယ္စရာ ပိုမ်ားပါတယ္။

ေမလမွာက်င္းပတဲ့ Skagen ငွက္ပြဲေတာ္အတြင္းမွာ သန္းနဲ႔ခ်ီတဲ့ ေဒသတြင္း ခရီးသြားေတြနဲ႔ ႏိုင္ငံျခားသား ခရီးသြားေတြက ေဒသတစ္ခုမွ တစ္ခုကို ေျပာင္းေ႐ႊ႕တဲ့ငွက္ေတြကိုၾကည့္ဖို႔ လာေရာက္ၾကပါတယ္။ ဥေရာပမွာဆိုရင္ Skagen ၿမိဳ႕က ငွက္မ်ိဳးစိတ္ေတြကို ျမင္ႏိုင္တဲ့ ထိပ္တန္းၿမိဳ႕တစ္ၿမိဳ႕ျဖစ္ပါတယ္။

Skagen ၿမိဳ႕ရဲ႕ ရင္သပ္႐ႈေမာဖြယ္ ေနရာကို ႐ွာေဖြေနတယ္ ဆိုရင္ေတာ့ Skagen Odde Nature Centre ကို သြားျဖစ္ေအာင္ သြားသင့္ပါတယ္။ ဒီအဆင့္အတန္းျမင့္မားတဲ့ ျပတိုက္မွာ သဲ၊ေရ၊ေလ၊ အလင္းေရာင္ေတြရဲ႕ အလွအပေတြကို အဓိကထား ေဖာ္ျပထားပါတယ္။ Skagen ၿမိဳ႕ရဲ႕ သဘာဝျဖစ္ရပ္ေတြကို ခရီးသြားေတြ သိ႐ွိလာေအာင္ ဒီျပတိုက္က ကူညီေပးပါလိမ့္မယ္။

Credit – Zombie (Lovemedia)

Ref – theculturetrip

Unicode

ကမ္ဘာပေါ်မှာ ပင်လယ်နှစ်ခု ထိစပ်နေတဲ့ နေရာတွေ ရှိပါတယ်။ ဒါပေမယ့် ပင်လယ်နှစ်ခု ထိစပ်နေတဲ့ နေရာမှာ မတ်တပ်ရပ်ဖို့ ကတော့ ရှားပါးလွန်းတဲ့ အခွင့်အရေးပါပဲ။ ဒိန်းမတ်နိုင်ငံ၊ Skagen မြို့အနီး Grenen ကမ်းခြေမှာတော့ ပင်လယ်နှစ်ခုက ထိစပ်နေပါတယ်။

Skagen ပင်လယ်နဲ့ Kattegat ပင်လယ်တို့ဟာ နှစ်သန်းပေါင်းများစွာ တစ်ခုကိုတစ်ခု လှိုင်းတွေ ရိုက်ခတ်ပြီး ရှည်လျားတဲ့ သဲသောင်ပြင်တစ်ခု ဖြစ်ပေါ်လာပါတယ်။ အဲဒီနေရာလေးကတော့ သဘာဝအလှအပတွေကို ခံစားလိုသူတွေအတွက် လည်ပတ်ဖို့ကောင်းတဲ့ နေရာပါ။

Grene ကမ်းခြေကို “သစ်ကိုင်း”လို့ ဘာသာပြန်ကြပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ဒီကမ်းခြေက ကျဉ်းရှည်ရှည် ပုံစံရှိပြီး ကုန်းမြေကနေ ဆန့်ထွက်နေတဲ့ပုံစံ ဖြစ်နေလို့ပါ။ ဆန့်ထွက်နေတဲ့ ပုံစံကလည်း သစ်ကိုင်းနဲ့ ခပ်ဆင်ဆင် တူပါတယ်။ Skagen မြို့က ဒိန်းမတ်နိုင်ငံရဲ့ မြောက်ဘက် အစွန်ဆုံးမြို့ဖြစ်ပါတယ်။ Grenen ကမ်းခြေက လေးကီလိုမီတာ ရှည်လျားပါတယ်။ သဲသောင်ပြင်က ခပ်ကွေးကွေး ပုံသဏ္ဍာန်ရှိပြီး နိုင်ငံရဲ့အစွန်ဘက်ဆုံးနေရာ ဖြစ်ပါတယ် ။

Skagen မြို့ရဲ့ အဖြူရောင်မီးပြတိုက်ကို မဆောက်ခင် 1747 ခုနှစ်ကဆိုရင် သင်္ဘောသားတွေက တစ်ခါတရံ ရေတိမ်ပိုင်းကျောက်တန်းတွေကို မမြင်ရဘဲ ကမ်းပေါ်ရောက်သွားတတ်ကြပါတယ်တဲ့။ အဲဒါကြောင့် 1747 ခုနှစ်မတိုင်ခင်က Grenen ကမ်းခြေက သင်္ဘောသားတွေအတွက် ဖြတ်သန်းသွားလာရာမှာ ခက်ခဲခဲ့ပါတယ်။

မြောက်ပင်လယ်ထဲကို စီးဝင်တဲ့ Skahen ပင်လယ်နဲ့ ဘောလ်တစ်ပင်လယ်ထဲကို စီးဝင်တဲ့ Kattegat ပင်လယ်တို့ ဆုံရာမှာ မတ်တပ်ရပ်လိုက်ရတဲ့ ခံစားမှုက ကြက်သီးထစရာ ကောင်းပါတယ်။ ပင်လယ်နှစ်ခု ထိစပ်နေတဲ့နေရာက သဘာဝအံ့ဖွယ်ပါပဲ။ ပင်လယ်နှစ်ခုမှာ ခြေထောက်တစ်ဖက်စီ ရေစိမ်ရင်းနဲ့ မိုးကုတ်စက်ဝိုင်းကြီးကို ငေးမောကြည့်လိုက်မယ်ဆိုရင်တော့ ဆွီဒင်နိုင်ငံရဲ့မြို့တော် Gothenburg ကို မြင်ရမှာပါ။

ဝမ်းနည်းစရာ ကောင်းတာကတော့ ဒီကမ်းခြေမှာ ပင်လယ်ရေစီးကြောင်းကြမ်းလို့ ရေကူးခွင့် မပြုပါဘူး။ ဒါပေမယ့် ဒိန်းမတ်နိုင်ငံရဲ့ ရင်သပ်ရှုမောဖွယ် ကမ်းခြေတွေရှိပါသေးတယ်။ Grenen ကမ်းခြေတစ်ဝိုက်မှာ ဒေသရင်းအပင်တွေနဲ့ ဒေသရင်းတိရစ္ဆာန်တွေ ပေါများပါတယ်။ သမုဒ္ဒရာထဲမှာ ကျင်လည်ကျက်စားကြတဲ့ ရေနေသတ္တဝါ အကြီးစားတွေကလည်း လှိုင်းထန်တဲ့ ပင်လယ်ရေထဲမှာ ကူးခတ်နေကြပါတယ်။

ပင်လယ်ဖျံတွေဆိုရင် ကမ်းခြေကိုလာလည်တဲ့ ဧည့်သည်တွေကြားမှာ ပျင်းရိပျင်းတွဲနဲ့ လဲလျောင်းနေတတ် ကြပါသေးတယ်။ လာရောက်လည်ပတ်သူတွေကတော့ လင်းပိုင်တွေ၊ မြောက်ပိုင်း ခဲရောင်ဝေလငါးတွေနဲ့ အနက်ရောင် ဝေလငါးတွေ ကူးခတ်နေကြတာကို ပိုပြီးအာရုံစိုက်ကြပါတယ်။ ကမ်းခြေကို လာလည်မယ်ဆိုရင်တော့ ထူးဆန်းအံ့ဩဖွယ် သက်ရှိတွေကို ကြည့်နိုင်ဖို့ မှန်ပြောင်းကို ယူဖြစ်အောင် ယူလာခဲ့ပါ။

Grenen က ကမ်းခြေက ကွဲပြားခြားနားတဲ့ ကုန်းမြေကြောင့်လည်း နာမည်ကြီးပါတယ်။ အဲဒီကုန်းမြေက အသစ်ဖြစ်ပေါ်နေဆဲဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက အခိုင်အမာ ပြောကြပါတယ်။ လွန်ခဲ့တဲ့ တစ်ရာစုကျော်ကျော်လောက်က ကျောက်တန်းဟာ အရှေ့မြောက်ဘက်ဖြစ်တဲ့ ဆွီဒင်နိုင်ငံဘက်ကို တိုးသွားပါတယ်။ ဒါကြောင့် Grenen ကမ်းခြေအကြောင်းကို နောင်ဆိုရင် လူတွေ နားလည်လာနိုင်တော့မှာ မဟုတ်ဘူးလို့ ကျွမ်းကျင်ပညာရှင်တွေက ပြောကြတာပါ။

Skagen မြို့ကို သွားလည်တာက Grenen ကမ်းခြေကို ရောက်ဖို့ တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ Skagen မြို့က နာမည်ကြီးတဲ့ ဒိန်းမတ်မြို့တစ်မြို့ပါ။ 19 ရာစုနှောင်းပိုင်းနဲ့ 20 ရာစုအစပိုင်းမှာ Skagen မြို့က အနုပညာရှင်တွေကြောင့် နာမည်ကြီးပါတယ်။

အထူးသဖြင့် ပန်းချီဆရာတွေက တစ်မူထူးခြားတဲ့ ရှုခင်းတွေအတွက် မြို့အစွန် အဖျားနေရာတွေမှာ ခေတ္တသွားနေ တတ်ကြပါတယ်။

အဲဒီ ပန်းချီဆရာတွေက Skagen ပန်းချီဆရာတွေဆိုပြီး လူသိများလာခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ သူတို့ရဲ့ ပန်းချီကား တစ်ထောင်ကျော်ကို Skagen ပြတိုက်မှာ ပြသထားပါတယ်။ အခုဆိုရင် Skagen ကို ဧည့်သည်တွေ သန်းနဲ့ချီပြီး လာလည်နေကြပါပြီ ။ ဧည့်သည်တွေက အားလပ်ရက်တွေကို ဒိန်းမတ်နိုင်ငံရဲ့ ကျေးလက်ဒေသမှာ ကုန်ဆုံးကြပါတယ်။

သဘာဝတရားကို စိတ်ဝင်စားတဲ့ သူတွေအတွက်တော့ Grenen ကမ်းခြေက မသေခင်သွားသင်တဲ့နေရာထဲမှာ ပါဝင်ပါတယ်။ အဖြူရောင် သဲသောင်ပြင်တွေရှိတဲ့ ကမ်းခြေတွေက မြို့အရှေ့ဘက်ကနေ အနောက်ဘက်အထိ ကီလိုမီတာများစွာ ရှည်လျားပါတယ်။ မြို့အရှေ့ဘက်က ပင်လယ်ရေက လှိုင်းတံပိုး မရှိပါဘူး။ ဒါပေမယ့် မြို့အနောက်ဘက်မှာရှိတဲ့ ကမ်းခြေအများစုမှာ ရေကူးရင်တော့ အန္တရာယ် ကင်းပါတယ်။

ခရီးသွားလမ်းညွှန်တွေနဲ့ ဆက်သွယ်ပြီး သွားမယ်ဆိုရင်တော့ သစ်တောတွေ၊ လယ်ကွင်းတွေ၊ သဲခုံတွေဆီကို ရောက်မှာပါ။ တောင်တက်ခြင်း၊ မြင်းစီးခြင်းနဲ့ အခြားလှုပ်ရှားသွားလာခြင်းတွေကို တစ်နှစ်ပတ်လုံး စီစဉ်ပေးထားပါတယ်။ နွေဦးနဲ့ နွေရာသီအချိန်မှာ လာလည်ရင်တော့ လည်ပတ်ဖို့ ရွေးချယ်စရာ ပိုများပါတယ်။

မေလမှာကျင်းပတဲ့ Skagen ငှက်ပွဲတော်အတွင်းမှာ သန်းနဲ့ချီတဲ့ ဒေသတွင်း ခရီးသွားတွေနဲ့ နိုင်ငံခြားသား ခရီးသွားတွေက ဒေသတစ်ခုမှ တစ်ခုကို ပြောင်းရွှေ့တဲ့ငှက်တွေကိုကြည့်ဖို့ လာရောက်ကြပါတယ်။ ဥရောပမှာဆိုရင် Skagen မြို့က ငှက်မျိုးစိတ်တွေကို မြင်နိုင်တဲ့ ထိပ်တန်းမြို့တစ်မြို့ဖြစ်ပါတယ်။

Skagen မြို့ရဲ့ ရင်သပ်ရှုမောဖွယ် နေရာကို ရှာဖွေနေတယ် ဆိုရင်တော့ Skagen Odde Nature Centre ကို သွားဖြစ်အောင် သွားသင့်ပါတယ်။ ဒီအဆင့်အတန်းမြင့်မားတဲ့ ပြတိုက်မှာ သဲ၊ရေ၊လေ၊ အလင်းရောင်တွေရဲ့ အလှအပတွေကို အဓိကထား ဖော်ပြထားပါတယ်။ Skagen မြို့ရဲ့ သဘာဝဖြစ်ရပ်တွေကို ခရီးသွားတွေ သိရှိလာအောင် ဒီပြတိုက်က ကူညီပေးပါလိမ့်မယ်။

Credit – Zombie (Lovemedia)

Ref – theculturetrip