ဘီယာေၾကာင့္ ထြက္ေနတဲ့ ဗိုက္ကို ခ်ပ္ရပ္သြားေစမယ့္ နည္းလမ္း (၄) ခု

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

ဗိုက္က အဆီေတြက တက္ဖို႔ လြယ္သေလာက္ က်ဖို႔ေတာ့ အလြန္ ခက္ပါတယ္။ ဒါေပမယ့္ အဆီေတြကို လ်င္လ်င္ျမန္ျမန္ က်ေစမယ့္ နည္းလမ္းေတြ ႐ွိလို႔ စိတ္ပူစရာ မလိုေတာ့ ပါဘူး။

1. စားေသာက္မႈပုံစံကို ေျပာင္းပါ။

ေန႔စဥ္ စားေသာက္ေနတဲ့ အစားအစာေတြ ထဲမွာ သၾကားနဲ႔ ကာဗြန္ဟိုက္ဒရိတ္ ေတြကို နည္းႏိုင္သမွ် နည္းေအာင္ ေလွ်ာ့စားပါ။ အခ်ိဳရည္ေသာက္မယ့္ အစား ေရေႏြးၾကမ္းေသာက္ပါ။ အခ်ိဳမ်ားတဲ့ ႏို႔ေပါင္မုန္႔လုံးေတြ အစား အေစ့အဆံေတြကို စားပါ။ သၾကားအစား ပ်ားရည္ကို စားပါ။ အသီးအ႐ြက္နဲ႔ အမွ်င္ဓါတ္ ပါတာေတြကို ပိုစားေပးပါ။

2. ကိုယ္အေလးခ်ိန္ကို ေလွ်ာ့ပါ။

တစ္ေန႔ကို မိနစ္ 30 ခန္႔ ေျပးျခင္းက က်န္းမာေရးအတြက္ သင့္ေလ် ာ္ပါတယ္။ အစပိုင္းမွာ မိနစ္ 30 ၾကာေအာင္ မေျပးႏိုင္ဘူး ဆိုရင္ လမ္းေလွ်ာက္လို႔ ရပါတယ္။ ေျပးျခင္းက လမ္းေလွ်ာက္ျခင္းထက္ 2.5 ဆ ပိုၿပီး ကယ္လိုရီေလာင္ကြၽမ္းေစပါတယ္။

တပတ္ကို ႏွစ္ခါ၊ သုံးခါေလာက္ ေရကူးပါ။ အေရးအႀကီးဆုံးက လႈပ္လႈပ္႐ွား႐ွား ေနဖို႔ပါပဲ။ တစ္နာရီေရကူးျခင္းက ကယ္လိုရီ 500 ေလာင္ကြၽမ္းေစ ပါတယ္။

စက္ဘီးစီးျခင္း ကလည္း ကိုယ္အေလးခ်ိန္က်ဖို႔အတြက္ အေျခခံက်တဲ့ ေလ့က်င့္ခန္းပါပဲ။ တစ္ပတ္ကို 2 ႀကိမ္ 3 ႀကိမ္ခန္႔ စက္ဘီးစီးေပးလို႔ ရပါတယ္။

3. ဝမ္းဗိုက္ ေလ့က်င့္ခန္းမ်ား

အသက္ေအာင့္ ေလ့က်င့္ခန္းက ဗိုက္ကို လုံးဝ ခ်ပ္ရပ္သြားေစ မွာေတာ့ မဟုတ္ပါဘူး။ ပထမဆုံး အေနနဲ႔ အဆုတ္က ေလေတြကို အကုန္႐ွဴထုတ္လိုက္ပါ။ 15 စကၠန္႔ ကေန 20 စကၠန္႔ေလာက္ အထိ အသက္ေအာင့္ ထားပါ။ အဲဒိအတိုင္း 10 ခါ ျပဳလုပ္ပါ။ တစ္ရက္ကို 4 ႀကိမ္ေလာက္ ျပဳလုပ္ေပးတဲ့ အခါ ခါးေသး လာတာကို ေတြ႕ရ မွာပါ။

Plank ေထာက္တာက ကယ္လိုရီေတြကို ေလာင္ကြၽမ္းေစၿပီး ဝမ္းဗိုက္ႂကြက္သားေတြကို သန္မာေစပါတယ္။ ခႏၶါကိုယ္ အေနအထားကိုလည္း မွန္ေစတဲ့ အျပင္ ေနာက္ေက်ာနာျခင္း ကိုလည္း သက္သာေစပါတယ္။

4. အိပ္ ထ မ တင္ ေလ့က်င့္ခန္း

အိပ္ ထ မ တင္ ေလ့က်င့္ခန္းက ဗိုက္ခ်ပ္ေစတဲ့ အျပင္ ေက်ာ႐ိုးမႀကီးကိုလည္း သန္မာေစ ပါတယ္။ ေက်ာ႐ိုးမႀကီးကို ဆန္႔တန္းထားတဲ့ အခါ တျခားႂကြက္သားေတြ အေပၚ သက္ေရာက္ ေနတဲ့ ဖိအားေတြကိုလည္း ေလ်ာ့သြားေစ ပါတယ္။ အိပ္ ထ မ တင္ ေလ့က်င့္ခန္းက အမ်ိဳးအစား အမ်ားႀကီး ႐ွိပါတယ္။

ေျခေထာက္ ေျမႇာက္ ေလ့က်င့္ခန္း

ညီညာတဲ့ ၾကမ္းျပက္ေပၚ လဲခ်လိုက္ၿပီး လက္ကို ဆန္႔တန္းထားပါ။ ေျခေထာက္ကို ျဖည္းျဖည္းခ်င္း ေျမႇာက္လိုက္ခ်လိုက္နဲ႔ 15 ႀကိမ္ ျပဳလုပ္ပါ။ ရက္ 30 ၾကာတဲ့ အခါ ထူးျခားမႈကို ေတြ႕ရမွာပါ။

ေလ့က်င့္ခန္းျပဳလုပ္ၿပီးတဲ့ အခါ ေရေအးနဲ႔ ေရခ်ိဳးပါ။ ေရေအးနဲ႔ ေရခ်ိဳးျခင္းက ႂကြက္သား နာက်င္မႈကို မျဖစ္ေစပါဘူး။ ခႏၶါကိုယ္ထဲက ကယ္လိုရီေတြ ကိုလည္း ေလာင္ကြၽမ္းသြားေစ ပါတယ္။

Credit -Zombie (Lovemedia)

Unicode

ဗိုက်က အဆီတွေက တက်ဖို့ လွယ်သလောက် ကျဖို့တော့ အလွန် ခက်ပါတယ်။ ဒါပေမယ့် အဆီတွေကို လျင်လျင်မြန်မြန် ကျစေမယ့် နည်းလမ်းတွေ ရှိလို့ စိတ်ပူစရာ မလိုတော့ ပါဘူး။

1. စားသောက်မှုပုံစံကို ပြောင်းပါ။

နေ့စဉ် စားသောက်နေတဲ့ အစားအစာတွေ ထဲမှာ သကြားနဲ့ ကာဗွန်ဟိုက်ဒရိတ် တွေကို နည်းနိုင်သမျှ နည်းအောင် လျှော့စားပါ။ အချိုရည်သောက်မယ့် အစား ရေနွေးကြမ်းသောက်ပါ။ အချိုများတဲ့ နို့ပေါင်မုန့်လုံးတွေ အစား အစေ့အဆံတွေကို စားပါ။ သကြားအစား ပျားရည်ကို စားပါ။ အသီးအရွက်နဲ့ အမျှင်ဓါတ် ပါတာတွေကို ပိုစားပေးပါ။

2. ကိုယ်အလေးချိန်ကို လျှော့ပါ။

တစ်နေ့ကို မိနစ် 30 ခန့် ပြေးခြင်းက ကျန်းမာရေးအတွက် သင့်လျေ ာ်ပါတယ်။ အစပိုင်းမှာ မိနစ် 30 ကြာအောင် မပြေးနိုင်ဘူး ဆိုရင် လမ်းလျှောက်လို့ ရပါတယ်။ ပြေးခြင်းက လမ်းလျှောက်ခြင်းထက် 2.5 ဆ ပိုပြီး ကယ်လိုရီလောင်ကျွမ်းစေပါတယ်။

တပတ်ကို နှစ်ခါ၊ သုံးခါလောက် ရေကူးပါ။ အရေးအကြီးဆုံးက လှုပ်လှုပ်ရှားရှား နေဖို့ပါပဲ။ တစ်နာရီရေကူးခြင်းက ကယ်လိုရီ 500 လောင်ကျွမ်းစေ ပါတယ်။

စက်ဘီးစီးခြင်း ကလည်း ကိုယ်အလေးချိန်ကျဖို့အတွက် အခြေခံကျတဲ့ လေ့ကျင့်ခန်းပါပဲ။ တစ်ပတ်ကို 2 ကြိမ် 3 ကြိမ်ခန့် စက်ဘီးစီးပေးလို့ ရပါတယ်။

3. ဝမ်းဗိုက် လေ့ကျင့်ခန်းများ

အသက်အောင့် လေ့ကျင့်ခန်းက ဗိုက်ကို လုံးဝ ချပ်ရပ်သွားစေ မှာတော့ မဟုတ်ပါဘူး။ ပထမဆုံး အနေနဲ့ အဆုတ်က လေတွေကို အကုန်ရှူထုတ်လိုက်ပါ။ 15 စက္ကန့် ကနေ 20 စက္ကန့်လောက် အထိ အသက်အောင့် ထားပါ။ အဲဒိအတိုင်း 10 ခါ ပြုလုပ်ပါ။ တစ်ရက်ကို 4 ကြိမ်လောက် ပြုလုပ်ပေးတဲ့ အခါ ခါးသေး လာတာကို တွေ့ရ မှာပါ။

Plank ထောက်တာက ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး ဝမ်းဗိုက်ကြွက်သားတွေကို သန်မာစေပါတယ်။ ခန္ဓါကိုယ် အနေအထားကိုလည်း မှန်စေတဲ့ အပြင် နောက်ကျောနာခြင်း ကိုလည်း သက်သာစေပါတယ်။

4. အိပ် ထ မ တင် လေ့ကျင့်ခန်း

အိပ် ထ မ တင် လေ့ကျင့်ခန်းက ဗိုက်ချပ်စေတဲ့ အပြင် ကျောရိုးမကြီးကိုလည်း သန်မာစေ ပါတယ်။ ကျောရိုးမကြီးကို ဆန့်တန်းထားတဲ့ အခါ တခြားကြွက်သားတွေ အပေါ် သက်ရောက် နေတဲ့ ဖိအားတွေကိုလည်း လျော့သွားစေ ပါတယ်။ အိပ် ထ မ တင် လေ့ကျင့်ခန်းက အမျိုးအစား အများကြီး ရှိပါတယ်။

ခြေထောက် မြှောက် လေ့ကျင့်ခန်း

ညီညာတဲ့ ကြမ်းပြက်ပေါ် လဲချလိုက်ပြီး လက်ကို ဆန့်တန်းထားပါ။ ခြေထောက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်ချလိုက်နဲ့ 15 ကြိမ် ပြုလုပ်ပါ။ ရက် 30 ကြာတဲ့ အခါ ထူးခြားမှုကို တွေ့ရမှာပါ။

လေ့ကျင့်ခန်းပြုလုပ်ပြီးတဲ့ အခါ ရေအေးနဲ့ ရေချိုးပါ။ ရေအေးနဲ့ ရေချိုးခြင်းက ကြွက်သား နာကျင်မှုကို မဖြစ်စေပါဘူး။ ခန္ဓါကိုယ်ထဲက ကယ်လိုရီတွေ ကိုလည်း လောင်ကျွမ်းသွားစေ ပါတယ်။

Credit -Zombie (Lovemedia)

For Zawgyi