ဓမၼတာလာစဥ္မွာျဖစ္တတ္တဲ့ ဗိုက္ေအာင့္ျခင္းကို သက္သာေစမယ့္ ေလ့က်င့္ခန္း (၁၀)မ်ိဳး

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

ဗိုက္ေအာင့္တာကို ေယာဂေလ့က်င့္ခန္းက သက္သာေစပါတယ္။ အမ်ိဴးသမီးေတြ ဓမၼတာလာတဲ့အခါ ျဖစ္တတ္တဲ့ ဗိုက္ေအာင့္ဗိုက္နာျခင္းေတြကို ဒီေလ့က်င့္ခန္းေလးေတြက သက္သာေစမွာပါ။

၁။ Cobra pose

– ၾကမ္းျပင္ေပၚမွာ ေမွာက္လိုက္ၿပီး လက္ႏွစ္ဖက္ကို ေထာက္ထားပါ။

– တံေတာင္ဆစ္ကို တန္းတန္းထားၿပီး ၾကမ္းျပင္နဲ႔ ရင္ဘတ္ကို ခြာထားပါ။

– ဒီအေနအထားအတိုင္း စကၠန္႔ ၃၀ ခန္႔ၾကာေအာင္ ေနရမွာျဖစ္ပါတယ္။

– ဗိုက္ႂကြက္သား နာက်င္တာေတြကို ဒီေလ့က်င့္ခန္းက သက္သာေစမွာပါ။

၂။ Fish pose

– အရင္ဆုံး ၾကမ္းျပင္ေပၚ ပက္လက္လွန္ခ်လိုက္ၿပီး လက္ေမာင္းနဲ႔ ၉၀ ဒီဂရီေထာက္လိုက္ပါ။

– ေခါင္းကိုလည္း ေနာက္ျပန္ ေမာ့ထားပါ။

– ဒီေလ့က်င့္ခန္းကို ၁၅ စကၠန္႔ၾကာ ျပဳလုပ္ေပးရမွာပါ။

– ဒီေလ့က်င့္ခန္းက တင္ပဆုံ႐ုံးနားက အဂၤါေတြကို ေသြးလည္ပတ္မႈ ေကာင္းေစပါတယ္။

၃။ Bow pose

– အရင္ဆုံး ညီညာတဲ့ၾကမ္းျပင္ေပၚကို ေမွာက္ခ်လိုက္ပါ။

– လက္ေတြကို ေျမႇာက္ၿပီး ေျခေထာက္ကိုလည္း ေကြးလိုက္ပါ။

– ေျမႇာက္ထားတဲ့လက္နဲ႔ ေျခခ်င္းဝတ္ကို ကိုင္ထားပါ။

– ဒီေလ့က်င့္ခန္းကို စကၠန္႔ ၃၀ ၾကာျပဳလုပ္ေပးရမွာပါ။

– ဒီေလ့က်င့္ခန္းက သားအိမ္ထဲက ေသြးလည္ပတ္မႈေတြကို တိုးတက္ေစၿပီး ဓမၼတာလာစဥ္မွာ ျဖစ္တတ္တဲ့ ေက်ာနာက်င္မႈေတြကို သက္သာေစပါတယ္။

၄။ ေျခေထာက္ကို ေကြးျခင္း

– ညီညာတဲ့ၾကမ္းျပင္ေပၚမွာ ပက္လက္လွန္ပါ။

– ၿပီးေတာ့ ဒူးကို ရင္ဘတ္အထိေရာက္ေအာင္ေကြးလိုက္ၿပီး ေကြးထားတဲ့ဒူးကို လက္နဲ႔ ယွက္ထားပါ။

– တစ္မိနစ္ၾကာေအာင္ ဒီေလ့က်င့္ခန္းကို ျပဳလုပ္ၿပီးရင္ေတာ့ ပုံမွန္အေနအထားအတိုင္း ေနလို႔ရပါၿပီ။

– ဒီေလ့က်င့္ခန္းက ဝမ္းဗိုက္ကို ဖိထားတာေၾကာင့္ ဗိုက္နာက်င္မႈေတြကို သက္သာေစပါတယ္။

၅။ Diamond pose

– ညီညာတဲ့ၾကမ္းျပင္ေပၚမွာ ေျခေထာက္ႏွစ္ဖက္ေပၚကို ဖိထိုင္လိုက္ပါ။

– လက္ႏွစ္ဖက္ကို ေပါင္ေပၚမွာတင္ၿပီး ခါးကို မတ္မတ္ထားပါ။ လည္ပင္းကိုလည္း တည့္တည့္ထားပါ။

– ဒီေလ့က်င့္ခန္းကို ၅ မိနစ္ၾကာျပဳလုပ္ေပးရမွာပါ။

– ဒီေလ့က်င့္ခန္းက တင္ပဆုံး႐ိုးႂကြက္သားေတြကို ေျဖေလွ်ာ့ေပးတာေၾကာင့္ ႂကြက္သားနာက်င္တာေတြ ေလ်ာ့သြားေစပါတယ္။

၆။ Cat-cow pose

– ညီညာတဲ့ၾကမ္းျပင္ေပၚမွာ ေလးဘက္ေထာက္ၿပီး ေခါင္းကို ေမာ့ထားပါ။

– ၿပီးရင္ အသက္ဝဝ႐ွဴပါ။

– ဒီေလ့က်င့္ခန္းကို အႀကိမ္၂၀ ခန္႔ျပဳလုပ္လို႔ရပါတယ္။

– ဒီေလ့က်င့္ခန္းက ဗိုက္ႂကြက္သားနဲ႔ ေက်ာနာတာကို သက္သာေစမွာပါ။

၇။ Child pose

– ပထမဆုံးအေနနဲ႔ ေျခေထာက္ႏွစ္ဖက္ေပၚကို ဖိထိုင္လိုက္ပါ။

– ၿပီးရင္ လက္ေမာင္းေတြကို ေျမႇာက္ၿပီး ျဖည္းျဖည္းခ်င္း ၾကမ္းျပင္ေပၚေကြးခ်ခိုပ္ပါ။ နဖူးက ၾကမ္းျပင္နဲ႔ ထိရမွာျဖစ္ပါတယ္။

– ရင္ဘတ္နဲ႔ ေပါင္ကလည္း ထိေနရမွာပါ။

– ဒီအေနအထားအတိုင္း တစ္မိနစ္ၾကာ ေနေပးရမွာပါ။

သူ႕ရဲ႕အက်ိဴးေက်းဇူးကေတာ့ ဗိုက္ပြတာ၊ ေလထိုးတာကို သက္သာေစတာပါ။

၈။ Downward-facing dog pose

– ပထမဆုံး ညီညာတဲ့ ၾကမ္းျပင္ေပၚမွာ ရပ္ၿပီး ခႏၶါကိုယ္ကို ေ႐ွ႕ကို ကိုင္းခ်လိုက္ပါ။

– လက္ႏွစ္ဖက္က ၾကမ္းျပင္မွာ ေထာက္ထားရမွာပါ။

– ဒီေလ့က်င့္ခန္းကို ၁ မိနစ္ကေန ၃ မိနစ္ၾကာအထိ ျပဳလုပ္လို႔ ရပါတယ္။

– သူ႕ရဲ႕အက်ိဳးေက်းဇူးကေတာ့ ဗိုက္ႂကြက္သားနဲ႔ ပုခုံးႂကြက္သားေတြကို ၾကံ့ခိုင္လာေစပါတယ္။

၉။ Plank

– ညီညာတဲ့ၾကမ္းျပင္ေပၚမွာ ခႏၶါကိုယ္ကို အရင္ဆုံးေမွာက္လိုက္ပါ၊။

– ၿပီးေတာ့ တံေတာင္ဆစ္ႏွစ္ဖက္ကို ၾကမ္းျပင္ေပၚမွာ ေထာက္ထားပါ။ ေျခေထာက္ကိုလည္း ေျခေခ်ာင္းေတြနဲ႔ ေထာက္ထားရမွာပါ။

– Plank ေထာက္တဲ့အခါ ေက်ာက ေျဖာင့္တန္းေနရမွာျဖစ္ပါတယ္။

– Plankကို ၁၀ စကၠန္႔ၾကာ ေထာက္ရမွာျဖစ္ပါတယ္။

– Plankေထာက္တာက ေက်ာ႐ိုးကို သန္မာေစၿပီး ဗိုက္အဆီလည္း က်ေစပါတယ္။

၁၀။ Happy baby pose

– ညီညာတဲ့ ၾကမ္းျပင္ေပၚမွာ ပက္လက္လွန္လိုက္ၿပီး ေျခေထာက္ႏွစ္ေခ်ာင္းကို ေျမႇာက္လိုက္ပါ။

– ၿပီးရင္ ေျခေထာက္ကို ျဖည္းျဖည္းခ်င္းေကြးၿပီး လက္က ေျခေခ်ာင္းေတြနဲ႔ ထိေနရမွာပါ။

– ဒီေလ့က်င့္ခန္းကို ၁ မိနစ္ကေန ၂ မိနစ္ၾကာေအာင္ ျပဳလုပ္လို႔ရပါတယ္။

သူ႕ရဲ႕အက်ိဴးေက်းဇူးေတြကေတာ့ ဗိုက္ေအာင့္တာကို သက္သာေစၿပီး အေညာင္းအညာေျပေစပါတယ္။

Unicode

ဗိုက်အောင့်တာကို ယောဂလေ့ကျင့်ခန်းက သက်သာစေပါတယ်။ အမျိူးသမီးတွေ ဓမ္မတာလာတဲ့အခါ ဖြစ်တတ်တဲ့ ဗိုက်အောင့်ဗိုက်နာခြင်းတွေကို ဒီလေ့ကျင့်ခန်းလေးတွေက သက်သာစေမှာပါ။

၁။ Cobra pose

– ကြမ်းပြင်ပေါ်မှာ မှောက်လိုက်ပြီး လက်နှစ်ဖက်ကို ထောက်ထားပါ။

– တံတောင်ဆစ်ကို တန်းတန်းထားပြီး ကြမ်းပြင်နဲ့ ရင်ဘတ်ကို ခွာထားပါ။

– ဒီအနေအထားအတိုင်း စက္ကန့် ၃၀ ခန့်ကြာအောင် နေရမှာဖြစ်ပါတယ်။

– ဗိုက်ကြွက်သား နာကျင်တာတွေကို ဒီလေ့ကျင့်ခန်းက သက်သာစေမှာပါ။

၂။ Fish pose

– အရင်ဆုံး ကြမ်းပြင်ပေါ် ပက်လက်လှန်ချလိုက်ပြီး လက်မောင်းနဲ့ ၉၀ ဒီဂရီထောက်လိုက်ပါ။

– ခေါင်းကိုလည်း နောက်ပြန် မော့ထားပါ။

– ဒီလေ့ကျင့်ခန်းကို ၁၅ စက္ကန့်ကြာ ပြုလုပ်ပေးရမှာပါ။

– ဒီလေ့ကျင့်ခန်းက တင်ပဆုံရုံးနားက အင်္ဂါတွေကို သွေးလည်ပတ်မှု ကောင်းစေပါတယ်။

၃။ Bow pose

– အရင်ဆုံး ညီညာတဲ့ကြမ်းပြင်ပေါ်ကို မှောက်ချလိုက်ပါ။

– လက်တွေကို မြှောက်ပြီး ခြေထောက်ကိုလည်း ကွေးလိုက်ပါ။

– မြှောက်ထားတဲ့လက်နဲ့ ခြေချင်းဝတ်ကို ကိုင်ထားပါ။

– ဒီလေ့ကျင့်ခန်းကို စက္ကန့် ၃၀ ကြာပြုလုပ်ပေးရမှာပါ။

– ဒီလေ့ကျင့်ခန်းက သားအိမ်ထဲက သွေးလည်ပတ်မှုတွေကို တိုးတက်စေပြီး ဓမ္မတာလာစဉ်မှာ ဖြစ်တတ်တဲ့ ကျောနာကျင်မှုတွေကို သက်သာစေပါတယ်။

၄။ ခြေထောက်ကို ကွေးခြင်း

– ညီညာတဲ့ကြမ်းပြင်ပေါ်မှာ ပက်လက်လှန်ပါ။

– ပြီးတော့ ဒူးကို ရင်ဘတ်အထိရောက်အောင်ကွေးလိုက်ပြီး ကွေးထားတဲ့ဒူးကို လက်နဲ့ ယှက်ထားပါ။

– တစ်မိနစ်ကြာအောင် ဒီလေ့ကျင့်ခန်းကို ပြုလုပ်ပြီးရင်တော့ ပုံမှန်အနေအထားအတိုင်း နေလို့ရပါပြီ။

– ဒီလေ့ကျင့်ခန်းက ဝမ်းဗိုက်ကို ဖိထားတာကြောင့် ဗိုက်နာကျင်မှုတွေကို သက်သာစေပါတယ်။

၅။ Diamond pose

– ညီညာတဲ့ကြမ်းပြင်ပေါ်မှာ ခြေထောက်နှစ်ဖက်ပေါ်ကို ဖိထိုင်လိုက်ပါ။

– လက်နှစ်ဖက်ကို ပေါင်ပေါ်မှာတင်ပြီး ခါးကို မတ်မတ်ထားပါ။ လည်ပင်းကိုလည်း တည့်တည့်ထားပါ။

– ဒီလေ့ကျင့်ခန်းကို ၅ မိနစ်ကြာပြုလုပ်ပေးရမှာပါ။

– ဒီလေ့ကျင့်ခန်းက တင်ပဆုံးရိုးကြွက်သားတွေကို ဖြေလျှော့ပေးတာကြောင့် ကြွက်သားနာကျင်တာတွေ လျော့သွားစေပါတယ်။

၆။ Cat-cow pose

– ညီညာတဲ့ကြမ်းပြင်ပေါ်မှာ လေးဘက်ထောက်ပြီး ခေါင်းကို မော့ထားပါ။

– ပြီးရင် အသက်ဝဝရှူပါ။

– ဒီလေ့ကျင့်ခန်းကို အကြိမ်၂၀ ခန့်ပြုလုပ်လို့ရပါတယ်။

– ဒီလေ့ကျင့်ခန်းက ဗိုက်ကြွက်သားနဲ့ ကျောနာတာကို သက်သာစေမှာပါ။

၇။ Child pose

– ပထမဆုံးအနေနဲ့ ခြေထောက်နှစ်ဖက်ပေါ်ကို ဖိထိုင်လိုက်ပါ။

– ပြီးရင် လက်မောင်းတွေကို မြှောက်ပြီး ဖြည်းဖြည်းချင်း ကြမ်းပြင်ပေါ်ကွေးချခိုပ်ပါ။ နဖူးက ကြမ်းပြင်နဲ့ ထိရမှာဖြစ်ပါတယ်။

– ရင်ဘတ်နဲ့ ပေါင်ကလည်း ထိနေရမှာပါ။

– ဒီအနေအထားအတိုင်း တစ်မိနစ်ကြာ နေပေးရမှာပါ။

သူ့ရဲ့အကျိူးကျေးဇူးကတော့ ဗိုက်ပွတာ၊ လေထိုးတာကို သက်သာစေတာပါ။

၈။ Downward-facing dog pose

– ပထမဆုံး ညီညာတဲ့ ကြမ်းပြင်ပေါ်မှာ ရပ်ပြီး ခန္ဓါကိုယ်ကို ရှေ့ကို ကိုင်းချလိုက်ပါ။

– လက်နှစ်ဖက်က ကြမ်းပြင်မှာ ထောက်ထားရမှာပါ။

– ဒီလေ့ကျင့်ခန်းကို ၁ မိနစ်ကနေ ၃ မိနစ်ကြာအထိ ပြုလုပ်လို့ ရပါတယ်။

– သူ့ရဲ့အကျိုးကျေးဇူးကတော့ ဗိုက်ကြွက်သားနဲ့ ပုခုံးကြွက်သားတွေကို ကြံ့ခိုင်လာစေပါတယ်။

၉။ Plank

– ညီညာတဲ့ကြမ်းပြင်ပေါ်မှာ ခန္ဓါကိုယ်ကို အရင်ဆုံးမှောက်လိုက်ပါ၊။

– ပြီးတော့ တံတောင်ဆစ်နှစ်ဖက်ကို ကြမ်းပြင်ပေါ်မှာ ထောက်ထားပါ။ ခြေထောက်ကိုလည်း ခြေချောင်းတွေနဲ့ ထောက်ထားရမှာပါ။

– Plank ထောက်တဲ့အခါ ကျောက ဖြောင့်တန်းနေရမှာဖြစ်ပါတယ်။

– Plankကို ၁၀ စက္ကန့်ကြာ ထောက်ရမှာဖြစ်ပါတယ်။

– Plankထောက်တာက ကျောရိုးကို သန်မာစေပြီး ဗိုက်အဆီလည်း ကျစေပါတယ်။

၁၀။ Happy baby pose

– ညီညာတဲ့ ကြမ်းပြင်ပေါ်မှာ ပက်လက်လှန်လိုက်ပြီး ခြေထောက်နှစ်ချောင်းကို မြှောက်လိုက်ပါ။

– ပြီးရင် ခြေထောက်ကို ဖြည်းဖြည်းချင်းကွေးပြီး လက်က ခြေချောင်းတွေနဲ့ ထိနေရမှာပါ။

– ဒီလေ့ကျင့်ခန်းကို ၁ မိနစ်ကနေ ၂ မိနစ်ကြာအောင် ပြုလုပ်လို့ရပါတယ်။

သူ့ရဲ့အကျိူးကျေးဇူးတွေကတော့ ဗိုက်အောင့်တာကို သက်သာစေပြီး အညောင်းအညာပြေစေပါတယ်။