ပင်လယ်ထဲသို့ ခရီးသွားများ ပစ်လိုက်သော ဒင်္ဂါပြားများကို ရေငုပ်ပြီး ပြန်လိုက်ဆည်ကာ မြေးလေးတွေကို ရှာဖွေကျွေးနေသော အဖွားအို(video)
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
Hlaing (Love Feeling)
Unicode
ဖိလစ်ပိုင်နိုင်ငံ Quezonပြည်နယ် Lucenaတွင် နေထိုင်သော Mariaအမည်ရှိ အသက် ၇၄နှစ်အရွယ် အဖွားအိုတစ်ဦးသည် စားဝတ်နေရေးအတွက် ပင်လယ်အောက် ရေငုပ်ခြင်းဖြင့် မြေးလေးတွေကို ကျောင်းထားပေးခဲ့သည်။
အဖွားအိုသည် နေ့စဥ် လှေဟောင်းလေးတစ်စင်းနှင့် ပင်လယ်ဆိပ်ကမ်းသို့ သွားရောက်ကာ ခရီးသွားများ ပင်လယ်ထဲပစ်ချလိုက်သည့် အကြွေစေ့လေးတွေကို ရေငုပ်ပြီး လိုက်ရှာခဲ့သည်။
ထိုဆိပ်ကမ်းသို့ လာရောက်လည်ပတ်သော သူများအနေနှင့် ပင်လယ်ထဲသို့သွားသည့်အခါ ဘေးကင်းလုံခြုံရန်အတွက် အကြွေစေ့လေးများ ပစ်ချရသည့် အစဥ်အလာရှိခဲ့သည်။
ထို့ကြောင့် ရေငုပ်သမားများသည် ဆိပ်ကမ်းသို့ လာရာက်ပြီး အကြွေစေ့လေးတွေကို ရေငုပ်ပြီးရှာကြကာ အဖွားအိုသည်လည်း အန္တရာယ်များလှသော ထိုအလုပ်ကိုလုပ်ကိုင်ခဲ့သည်။
အဖွားအိုသည် မမောနိုင်မပန်းနိုင် ပင်လယ်ထဲရေငုပ်ပြီး မြေးလေးတွေကို ရှာဖွေကျွေးနေခြင်းဖြင့် ပျော်ရွှင်နေတတ်ကာ အများဧ။် ချီးမွမ်းခြင်းများစွာကို ခံနေရသည်။
Hlaing (Love Feeling)