မယုံကြည်နိုင်လောက်အောင် အံ့ဩစရာကောင်းတဲ့ ကမ္ဘာပေါ်က သဘာဝဖြစ်ရပ် (၁၄) ခု
ကမ္ဘာကြီးက သူ့ရဲ့ အလှအပတွေနဲ့ လူသားတွေကို အံ့ဩပျော်ရွှင်သွားအောင် အမြဲ လုပ်ပေးတတ်ပါတယ်။ ဒီလို ထူးဆန်းတဲ့ အဖြစ်အပျက်တွေထဲက ၁၄ ခုကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော် ။
၁။ ရွှံ့မုန်တိုင်း
ရွှံ့မုန်တိုင်းကို မီးတောင်ပေါက်ကွဲနေစဉ်အတွင်း လျှပ်စီးလက်ရင် တွေ့ရတတ်ပါတယ်။
၂။ Namibia နိုင်ငံက မှော်ဆန်ဆန် စက်ဝိုင်းများ
စူးစမ်းလေ့လာသူတွေက ဒီစက်ဝိုင်းတွေကို ကန္တာရခြတွေရဲ့ ဂန္တဝင်မြောက်လက်ရာ ဆိုပြီး မှတ်ချက်ပေးကြပါတယ်။
၃။ The Giant’s Causeway (or) ဘီလူးကြီးရဲ့တာရိုး
အိုင်ယာလန် မြောက်ပိုင်းက မီးတောင် ပေါက်ကွဲမှုကြောင့် ဒီလိုကျောက်တုံးတွေ ဖြစ်ပေါ်လာရတာပါ။ ကျောက်တုံးပေါင်း 40000 ကျော်ဟာ မီးတောင်ချော်ရည်တွေကြောင့် တစ်ခုနဲ့ တစ်ခု ပူးကပ်နေ ပါတယ်။
၄။ တိမ်ထီးဆောင်းချိန်
တွေ့ရခဲတဲ့ ထီးပွင့်ပုံစံ တိမ်တွေက အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာနိုင်ငံ မြောက်ပိုင်းမှာ ရှိပါတယ်။
၅။ Catatumbo မြစ်ပေါ်က လျှပ်စီး
တစ်နှစ်ကို 365 ရက် ရှိရာမှာ ရက်ပေါင်း 160 လောက်က Catatumbo မြစ်ပေါ်မှာ လျှပ်စီးတွေ လက်နေတတ် ပါတယ်။ သူက ညဘက်မှာပဲ လျှပ်စီးလက်တာပါ။ ညတာက 10 နာရီ ရှည်ကြာပြီး တစ်နာရီမှာ အကြိမ် 280 လျှပ်စီးလက်ပါတယ်။
၆။ ခရစ်စမတ်ကျွန်းပေါ်က အနီရောင်ဂဏန်းများ
နှစ်တိုင်းနှစ်တိုင်း ကျွန်းပေါ်က ဂဏန်း 43 သန်းလောက်က ဥချဖို့အတွက် သမုဒ္ဒရာထဲကို သွားကြပါတယ်။ ဒေသအာဏာပိုင်တွေက သူတို့ရဲ့ ရွှေ့ပြောင်းမှုကို အနှောင့်အယှက် မဖြစ်အောင် လမ်းအများစုကို တစ်ပတ်ကြာ ပိတ်ပေးထားပါတယ်။
၇။ အပြာရောင် တွင်းနက်ကြီး
Belize ကန်းရိုးတန်းရဲ့ ရေအောက်က အပြာရောင် တွင်းနက်ကြီးက အချင်း 300 မီတာထက် ကျယ်ပြီး 124 မီတာ နက်ပါတယ်။
၈။ တအိအိ လှုပ်နေတဲ့ တိမ်လှိုင်း
ဒီတိမ်တွေက သာမန်တိမ်တွေနဲ့ မတူဘဲ ရေလှိုင်းလို တအိအိလှုပ်ရှားနေတာပါ။
၉။ Tanzania နိုင်ငံက Natron ကန်
Natron ကန်ရဲ့ရေက အနီရောင်ဖြစ်ပြီး ကန်ထဲမှာ မီးတောင်ပြာ ဂုဏ်သတ္တိတွေ ရှိနေပါတယ်။ အဲဒီရေကန်ထဲကို ဆင်းရင်တော့ ဘယ်တော့မှ ပြန်တက်လာ နိုင်တော့မှာ မဟုတ်ပါဘူး။
၁၀။ Spotted lake
ကနေဒါနိုင်ငံက spotted lake က မဂ္ဂနီဆီယမ် ဆာလဖိတ်၊ ကယ်လ်ဆီယမ်၊ ဆိုဒီယမ်တွေ ထွက်ရှိတဲ့အတွက် ကမ္ဘာ့အကြီးဆုံး ကန့်သတ်နယ်မြေ ဖြစ်ပါတယ်။
၁၁။ Turkmenistan နိုင်ငံက ငရဲတံခါး
ဓာတ်ငွေ့မိုင်း အတွင်းမှာ မီးတောက်လောင်နေတာဟ 1971 ခုနှစ်ကတည်းကပါ။ အခုထိတော့ ငရဲတံခါးကို လေ့လာနေဆဲ ပါပဲ။
၁၂။ နယူးဇီလန်နိုင်ငံက စက်ဝိုင်းပုံ ကျောက်တုံးကြီးများ
ပင်လယ်လှိုင်းတွေရဲ့ တိုက်စားမှုကြောင့် ကမ်းခြေက ကျောက်တုံးကြီးတွေက စက်ဝိုင်းပုံစံ ဖြစ်လာပါတယ်။
၁၃။ မီးလောင်လွယ်တဲ့ ရေခဲပူဖောင်း
ကနေဒါနိုင်ငံပ Abraham ကန်ထဲက ရေခဲပူဖောင်းလေးတွေ ထဲမှာ မီသိန်းဓာတ်ငွေ့ ပါဝင်နေပါတယ်။
၁၄။ ရေခဲပန်းပွင့်များ
တည်ငြိမ်နေတဲ့ ရေကန်တွေနဲ့ ပင်လယ်တွေမှာ အပူချိန် အနှုတ် 22’C ရှိပြီဆိုရင် ရေမျက်နှာပြင်မှာ ရေခဲလေးတွေက ပန်းပွင့်ပုံစံ ဖြစ်သွားတာ အံ့ဩစရာ ကောင်းပါတယ်။