ေငြကိုဘယ္လိုခိုင္းမလဲ

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

ပိုက္ဆံ႐ွာျခင္းဟာ လူေတြရဲ႕ ေမြးရာပါ ရပ္တည္ေရးအသိပါ။ လူတိုင္း ေငြ႐ွာၾကၿပီး ခ်မ္းသာသူ သိပ္နည္းေနတာ ၾကည့္ရင္ သူေဌးျဖစ္ဖို႔ခက္မယ္ဆိုတာ သိသာပါတယ္။ ဒါေပမယ့္ ကိုယ္႐ွာထားတဲ့ ေငြကို ခိုင္းတတ္ေစတတ္ရင္ မခ်မ္းသာေတာင္ မေၾကာင့္ၾကရေတာ့ပါဘူး။

(၁) ႀကိဳးစား႐ွာ ေခြၽတာသုံး

Source: Unsplash

အလြန္႐ိုးလွတဲ့ ေငြေၾကး စည္းမ်ဥ္းတစ္ခုက ေငြကို ပို႐ွာဖို႔နဲ႔အသုံးအစြဲ စိစစ္ဖို႔ပါပဲ။ တစ္ခါတစ္ေလမွာ အေသးသုံးေလးေတြေၾကာင့္ စာရင္းေပ်ာက္သြားတဲ့ ေငြေတြ သိန္းဂဏန္းမ်ားစြာ ႐ွိတာ ကြၽန္ေတာ္တို႔ေတြ႕ရမွာပါ။ ဒီယိုေပါက္ဟာ ေသးလြန္းေပးမယ့္ အၿမဲကို ႐ွိေနတာ ျဖစ္လို႔႐ွာေဖြၿပီး ပိတ္ထားသင့္ပါတယ။္

(၂) အေႂကြးကင္းေအာင္ေနပါ

Source: Pixabay

ပိုက္ဆံအေခ်းအငွား လက္လြယ္သူေတြဟာ အၿမဲေငြေၾကး ျပႆနာတက္ပါတယ္။ Credit Card သုံးတာ ၊ ဇိမ္ခံပစၥည္းအတြက္ ျပင္ပေခ်းေငြ ယူတာအျပင္ ရပ္ကြက္ထဲက Microfinance ေတြဆီက ေငြေခ်းတာအထိ တတ္ႏိုင္သမွ် ေ႐ွာင္သင့္သလို ႐ွိထားတဲ့ အေႂကြးေတြလည္း အျမန္ဆပ္သင့္ပါတယ္။

(၃) ဝင္ေငြထဲက စုပါ

Source: Pexels

ပိုက္ဆံစုဖို႔မေမ့ပါနဲ႔။ ရာခိုင္ႏႈန္း နည္းရင္ေတာင္မွ ေငြစုျဖစ္ေအာင္ စုသင့္ပါတယ္။ ေငြစုျခင္းဟာ ကာလ႐ွည္ၾကာေလေလ အက်ိဳး႐ွိေလေလပါပဲ။

(၄) ရင္းႏွီးျမႇပ္ႏွံပါ

Source: Unsplash

စုထားတဲ့ ပိုက္ဆံေတြကို မိႈတက္မခံပါနဲ႔။ လုပ္ငန္းတစ္ခု ေထာင္တာ ၊ ဒါမွမဟုတ္ ကိုယ္တတ္ကြၽမ္းနားလည္ၿပီး ယုံၾကည္ထိုက္တဲ့ အလုပ္တစ္ခုခုမွာ ေငြေၾကး ထည့္ဝင္တာမ်ိဳး လုပ္မယ္ဆိုရင္ ဒီေငြဟာ ကိုယ့္အိတ္ကပ္ထဲကို ေနာက္ထပ္ ေငြပမာဏအသစ္ေတြ ထည့္ေပးသြားမွာ ျဖစ္ပါတယ္။

Featured Image Source : Unsplash

Unicode

ပိုက်ဆံရှာခြင်းဟာ လူတွေရဲ့ မွေးရာပါ ရပ်တည်ရေးအသိပါ။ လူတိုင်း ငွေရှာကြပြီး ချမ်းသာသူ သိပ်နည်းနေတာ ကြည့်ရင် သူဌေးဖြစ်ဖို့ခက်မယ်ဆိုတာ သိသာပါတယ်။ ဒါပေမယ့် ကိုယ်ရှာထားတဲ့ ငွေကို ခိုင်းတတ်စေတတ်ရင် မချမ်းသာတောင် မကြောင့်ကြရတော့ပါဘူး။

(၁) ကြိုးစားရှာ ချွေတာသုံး

Source: Unsplash

အလွန်ရိုးလှတဲ့ ငွေကြေး စည်းမျဉ်းတစ်ခုက ငွေကို ပိုရှာဖို့နဲ့အသုံးအစွဲ စိစစ်ဖို့ပါပဲ။ တစ်ခါတစ်လေမှာ အသေးသုံးလေးတွေကြောင့် စာရင်းပျောက်သွားတဲ့ ငွေတွေ သိန်းဂဏန်းများစွာ ရှိတာ ကျွန်တော်တို့တွေ့ရမှာပါ။ ဒီယိုပေါက်ဟာ သေးလွန်းပေးမယ့် အမြဲကို ရှိနေတာ ဖြစ်လို့ရှာဖွေပြီး ပိတ်ထားသင့်ပါတယ။်

(၂) အကြွေးကင်းအောင်နေပါ

Source: Pixabay

ပိုက်ဆံအချေးအငှား လက်လွယ်သူတွေဟာ အမြဲငွေကြေး ပြဿနာတက်ပါတယ်။ Credit Card သုံးတာ ၊ ဇိမ်ခံပစ္စည်းအတွက် ပြင်ပချေးငွေ ယူတာအပြင် ရပ်ကွက်ထဲက Microfinance တွေဆီက ငွေချေးတာအထိ တတ်နိုင်သမျှ ရှောင်သင့်သလို ရှိထားတဲ့ အကြွေးတွေလည်း အမြန်ဆပ်သင့်ပါတယ်။

(၃) ဝင်ငွေထဲက စုပါ

Source: Pexels

ပိုက်ဆံစုဖို့မမေ့ပါနဲ့။ ရာခိုင်နှုန်း နည်းရင်တောင်မှ ငွေစုဖြစ်အောင် စုသင့်ပါတယ်။ ငွေစုခြင်းဟာ ကာလရှည်ကြာလေလေ အကျိုးရှိလေလေပါပဲ။

(၄) ရင်းနှီးမြှပ်နှံပါ

Source: Unsplash

စုထားတဲ့ ပိုက်ဆံတွေကို မှိုတက်မခံပါနဲ့။ လုပ်ငန်းတစ်ခု ထောင်တာ ၊ ဒါမှမဟုတ် ကိုယ်တတ်ကျွမ်းနားလည်ပြီး ယုံကြည်ထိုက်တဲ့ အလုပ်တစ်ခုခုမှာ ငွေကြေး ထည့်ဝင်တာမျိုး လုပ်မယ်ဆိုရင် ဒီငွေဟာ ကိုယ့်အိတ်ကပ်ထဲကို နောက်ထပ် ငွေပမာဏအသစ်တွေ ထည့်ပေးသွားမှာ ဖြစ်ပါတယ်။

Featured Image Source : Unsplash