ေရတြင္းပ်က္ထဲ က်ေနတဲ့ ျမည္း
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
တစ္ေန႔မွာ လယ္သမား တေယာက္ရဲ႕ ျမည္းဟာ မေတာ္တဆ ေရတြင္းပ်က္ထဲကို ျပဳတ္က်ပါေရာ ။
ျမည္းဟာ သနားစဖြယ္ ငိုေႂကြးေနခဲ့ၿပီး၊ လယ္သမားကလည္း ဘယ္လိုလုပ္ရမလဲ ဆိုတာ အၾကံထုတ္ေန ခဲ့ပါတယ္ ။
ျမည္းဟာ အိုမင္းေနၿပီ ေရတြင္းေဟာင္းကလည္း ေဟာင္းေနလို႔ ေျမဖို႔ျပစ္ဖို႔ လိုေနၿပီ ၊ ဒါေၾကာင့္ ျမည္းကို ကယ္တင္ဖို႔ မထိုက္တန္ေတာ့ဘူးလို႔ လယ္သမားက ဆုံးျဖတ္လိုက္တယ္ ။
လယ္သမားဟာ အိမ္နီးနားခ်င္းေတြကို ဖိတ္ေခၚၿပီး အကူအညီ ေတာင္းခဲ့တယ္ ။
အိမ္နီးခ်င္းေတြလည္း ေဂၚျပား ကိုယ္စီ ကိုင္ၿပီး ေရာက္လာၾကတယ္ ။ ေရတြင္းကို အမိႈက္ေတြ ေျမႀကီးေတြနဲ႔ စတင္ဖို႔ ၾကတယ္ ။
အစမွာေတာ့ ျမည္းဟာ သူ႕ကို ေရတြင္းထဲမွာ ေျမႀကီးနဲ႔ ဖို႔သတ္ေနတယ္ ဆိုတာ သိၿပီး တုန္လႈပ္ ငိုေႂကြးေတာ့တယ္ ။ ေနာက္ေတာ့ ျမည္းဟာ ၿငိမ္သက္ သြားတယ္ ။
ေျမႀကီးေတြ ေတာ္ေတာ္မ်ားမ်ား ဖို႔ၿပီးေတာ့ လယ္သမားဟာ ေရတြင္းထဲကို ငုံ႔ၾကည့္ လိုက္တယ္ ။ လယ္သမားဟာ ျမင္လိုက္ရတဲ့ အရာကို အံအားသင့္ သြားတယ္ ။
ျမည္းဟာ သူ႕ရဲ႕ ေက်ာေပၚကို က်လာတဲ့ အမိႈက္ေတြ ေျမႀကီးေတြကို ခါခ်ၿပီး ျမင့္တက္လာတဲ့ ေျမသားနဲ႔ အတူ
အေပၚကို တျဖည္းျဖည္း ေရာက္လာတယ္ ။ ေနာက္ဆုံးမွာ ျမည္းဟာ သူ႕ကိုဖို႔တဲ့ ေျမႀကီးေတြကို အသုံးခ်ရင္း ေရတြင္းထဲက လြတ္ေျမာက္လာ ခဲ့တယ္ ။
လူ႕ဘဝမွာ ဘယ္လို အညစ္အေၾကးေတြ မေကာင္းမႈေတြ သင့္အေပၚ က်ေရာက္ေနပါေစ ။ ဒါေတြကို ခါခ်ၿပီး ဘဝတက္လမ္း အတြက္ အသုံးခ် လိုက္ပါ ။ တကယ္ေတာ့ ဒုကၡ ဆိုတာ သင့္ဘဝ ေအာင္ျမင္ဖို႔ အတြက္ ခုတုံးေတြ ေလွခါးထစ္ေတြပဲ ျဖစ္ပါတယ္ ။
ဘယ္လိုပဲ နက္႐ိႈင္းတဲ့ ဒုကၡ ေရတြင္းထဲ က်ေရာက္ပါေစ.. အ႐ႈံးမေပး ပါနဲ႔ ၊ ဒုကၡေတြကို ခါထုတ္ပစ္လိုက္ၿပီး ေလွခါးထစ္လို အသုံးခ်လိုက္ပါ ။
ဓမၼအလင္းေရာင္
Unicode
တစ်နေ့မှာ လယ်သမား တယောက်ရဲ့ မြည်းဟာ မတော်တဆ ရေတွင်းပျက်ထဲကို ပြုတ်ကျပါရော ။ မြည်းဟာ သနားစဖွယ် ငိုကြွေးနေခဲ့ပြီး၊ လယ်သမားကလည်း ဘယ်လိုလုပ်ရမလဲ ဆိုတာ အကြံထုတ်နေ ခဲ့ပါတယ် ။
မြည်းဟာ အိုမင်းနေပြီ ရေတွင်းဟောင်းကလည်း ဟောင်းနေလို့ မြေဖို့ပြစ်ဖို့ လိုနေပြီ ၊ ဒါကြောင့် မြည်းကို ကယ်တင်ဖို့ မထိုက်တန်တော့ဘူးလို့ လယ်သမားက ဆုံးဖြတ်လိုက်တယ် ။
လယ်သမားဟာ အိမ်နီးနားချင်းတွေကို ဖိတ်ခေါ်ပြီး အကူအညီ တောင်းခဲ့တယ် ။ အိမ်နီးချင်းတွေလည်း ဂေါ်ပြား ကိုယ်စီ ကိုင်ပြီး ရောက်လာကြတယ် ။ ရေတွင်းကို အမှိုက်တွေ မြေကြီးတွေနဲ့ စတင်ဖို့ ကြတယ် ။
အစမှာတော့ မြည်းဟာ သူ့ကို ရေတွင်းထဲမှာ မြေကြီးနဲ့ ဖို့သတ်နေတယ် ဆိုတာ သိပြီး တုန်လှုပ် ငိုကြွေးတော့တယ် ။ နောက်တော့ မြည်းဟာ ငြိမ်သက် သွားတယ် ။
မြေကြီးတွေ တော်တော်များများ ဖို့ပြီးတော့ လယ်သမားဟာ ရေတွင်းထဲကို ငုံ့ကြည့် လိုက်တယ် ။ လယ်သမားဟာ မြင်လိုက်ရတဲ့ အရာကို အံအားသင့် သွားတယ် ။
မြည်းဟာ သူ့ရဲ့ ကျောပေါ်ကို ကျလာတဲ့ အမှိုက်တွေ မြေကြီးတွေကို ခါချပြီး မြင့်တက်လာတဲ့ မြေသားနဲ့ အတူ အပေါ်ကို တဖြည်းဖြည်း ရောက်လာတယ် ။ နောက်ဆုံးမှာ မြည်းဟာ သူ့ကိုဖို့တဲ့ မြေကြီးတွေကို အသုံးချရင်း ရေတွင်းထဲက လွတ်မြောက်လာ ခဲ့တယ် ။
လူ့ဘဝမှာ ဘယ်လို အညစ်အကြေးတွေ မကောင်းမှုတွေ သင့်အပေါ် ကျရောက်နေပါစေ ။ ဒါတွေကို ခါချပြီး ဘဝတက်လမ်း အတွက် အသုံးချ လိုက်ပါ ။ တကယ်တော့ ဒုက္ခ ဆိုတာ သင့်ဘဝ အောင်မြင်ဖို့ အတွက် ခုတုံးတွေ လှေခါးထစ်တွေပဲ ဖြစ်ပါတယ် ။
ဘယ်လိုပဲ နက်ရှိုင်းတဲ့ ဒုက္ခ ရေတွင်းထဲ ကျရောက်ပါစေ.. အရှုံးမပေး ပါနဲ့ ၊ ဒုက္ခတွေကို ခါထုတ်ပစ်လိုက်ပြီး လှေခါးထစ်လို အသုံးချလိုက်ပါ ။
ဓမ္မအလင်းရောင်