မလေးရှားတွင် ထူးဆန်းသည့် မြွေအငယ်စားအရွယ်၊ တူပုံစံဦးခေါင်းတီကောင်မျိုးစိပ်ကို တွေ့ရှိ
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
Unicode
မလေးရှားနိုင်ငံ၊ Johor Bahru မြို့အနီးမှာ နေထိုင်တဲ့ ဒန်းနစ်ရှ်ဟိုတို့ မိသားစုဟာ
တောင်တက်ခရီးစဉ်တစ်ခုမှာ မြွေတစ်ကောင်ရဲ့ အရွယ်အစား မရှိတရှိ တူပုံစံဦးခေါင်းနဲ့ တီကောင်မျိုးစိပ်ကို တွေ့ရှိခဲ့ပါတယ်။
ကနဦးတုန်းကတော့ ဒန်းနစ်ရှ်ဟာ မြွေတစ်ကောင်လို့ ထင်ခဲ့ပေမယ့်၊ လှုပ်ရှားမှုက နှေးကွေးလွန်းလို့ ထူးဆန်းတဲ့ မြွေမျိုးစိပ်လို့သာ သတ်မှတ်ပြီး၊ ဗွီဒီယိုမှတ်တမ်း ရယူခဲ့ပါတယ်။
တကယ်တော့ ထိုတီကောင်မျိုးစိပ်ဟာ ဥရောပတစ်လွှားမှာ ပေါ်များပြီး၊ Hammerhead worm လို့ လူသိများါတယ်။ Bipalium လို့လည်း ခေါ်ဆိုကြပြီး၊
လူတို့ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ယူဆကြပါတယ်။ ဒန်းနစ်ရှ်ကတော့ အဆိုပါ တီကောင်ကို ”
ဒီမြွေက ဘယ်လိုမြွေအမျိုးအစားလဲ “ဆိုပြီး လူမှုကွန်ယက်မှာ ဖြန့်ဝေခဲ့ပါတယ်။ အဆိုပါ ဗွီဒီယိုဖိုင်ဟာ ကြည့်ရှုသူ 10 သန်း ကျော်လွန်ခဲ့ပါတယ်။
အဆိုပါ တီကောင်ဟာ ရွံစရာ ကောင်းပြီး၊ အခြားတီကောင်တွေထက် စေးကပ်တဲ့အရည်တွေကို အဆပေါင်းများစွာ ထုတ်လုပ်နိုင်ပါတယ်။
ယင်းတို့ဟာ အခြားတီကောင်များကဲ့သို့ပင် ရွှံ့နှစ်နဲ့ ရေညှိတို့ကို စားသုံးကြပြီး၊ ဥပေါက်ဖွားမှုမှာလည်း ဒီအတိုင်း ဥချထားခဲ့ပါတယ်။ ခန္ဓာကိုယ်အရွယ်အစားကိုလည်း တစ်ပေကျော်ကျော်အထိ ဆန့်နိုင်ကြပါတယ်။
အဆိုပါ တီကောင်တွေဟာ ခန္ဓာကိုယ်အပိုင်းပိုင်း ဖြစ်အောင် ပြုလုပ်နိုင်တဲ့ တီကောင်မျိုးစိတ်ဖြစ်ပြီး၊
အပိုင်းပိုင်းဖြစ်သွားတဲ့ အစိတ်ပိုင်းကနေ နောက်ထပ် 10 ရက် လောက် အတွင်းမှာ ဦးခေါင်းအသစ်ထပ်ထွက်ပြီး၊ သက်ရှိ တူပုံစံဦးခေါင်းတီကောင်အဖြစ် ဆက်လက်ကြင်လည်ကြတယ်လို့ ဆိုပါတယ်။Credit