ဓမၼရံႀကီးဘုရားမွာ လူသိနည္းေသးတဲ့ အခ်က္တစ္ခ်က္႐ွိ

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

ဓမၼရံႀကီးဘုရားမွာ လူသိနည္းေသးတဲ့ အခ်က္တစ္ခ်က္႐ွိတယ္။

အဲ့ဒါဘာလဲဆိုေတာ့ ေနေရာင္ျခည္ဘုရားဆင္းတုေတာ္အပၚ ထိုးက်လာေအာင္ လုပ္ထားတဲ့ ‘ ေရာင္ေတာ္ဖြင့္ အလင္းေပါက္ ‘ တစ္ခု အေ႐ွ႕မုခ္ ၊ တိုက္မႀကီးအေပၚမွာ လုပ္ထားတယ္။

ပုံကိုၾကည့္။

အေ႐ွ႕မုခ္ဆိုတာကို ေသခ်ာေျပာျပဖို႔လိုလိမ့္မယ္။

လူတခ်ိဳ႕က ပုဂံေရာက္ရင္ အရပ္ေလးမ်က္ႏွာ မခြဲတတ္ဖူးျဖစ္ေလ့႐ွိတယ္။ဓမၼရံႀကီးဘုရားကို အခုလူတိုင္းဝင္ေနတဲ့ ေဈးဆိုင္တန္းေတြ႐ွိတဲ့ အရပ္က ေျမာက္။ ေျမာက္ မုခ္ေပါ့။

ထိုင္ေတာ္မူ႐ုပ္ပြါးဆင္းတုေတာ္ႀကီး႐ွိတယ္။ ဆင္းတုေတာ္ႀကီးေနာက္မွာ အနီေရာင္မ်ားတဲ့ နံရံေဆးေရးေတြ႐ွိတယ္။

 

အဲ့ဒီတစ္ဆူတည္းေသာ႐ုပ္ပြါးဆင္းတုေတာ္ႀကီး႐ွိရာ အရပ္က အေ႐ွ႕ အရပ္။ အေ႐ွ႕မုခ္ျဖစ္ပါတယ္။

ေရာင္ေတာ္ဖြင့္ ေနအလင္းေပါက္ေသခ်ာရဲ႕လား၊ ေလဝင္ေပါက္ေရာ မျဖစ္ႏိုင္ဘူးလားေမးစရာျဖစ္ပါတယ္။ ေနထြက္ရာ အေ႐ွ႕အရပ္၊ အေ႐ွ႕မုခ္တစ္ခုတည္း မွာသာပါၿပီး က်န္တဲ့ အရပ္ ၃ မ်က္ႏွာမွာ မပါပါဘူး။ ဒါေၾကာင့္ ေျပာတာ။

ဓမၼရံႀကီးဘုရားမွာ လူမျမင္ေအာင္၊ လူေတြ သတိမထားမိေအာင္ လုပ္ထားတဲ့ ေလဝင္ေပါက္ (ventilation whole ) ေတြ အမ်ားႀကီး႐ွိတယ္။ အဲ့ဒါ သပ္သပ္ေရးပါမယ္။

ဓမၼရံႀကီးအတြင္းထဲက ဘုရား႐ုပ္ပြါးဆင္းတုေတာ္ႀကီး မ်က္ႏွာေတာ္အေပၚကို ေနေရာင္က်ေနတဲ့ ဓာတ္ပုံမ်ိဳး ႐ိုက္ဖူး၊ ရဖူးတဲ့ဓာတ္ၾဆာေတြ႐ွိရင္လည္း တစ္ခါတည္းမန္႔ေပးခဲ့ၾကေပါ့။

က်ေနာ္ေတာ့ အဲ့လိုအခိုက္တန္႔မ်ိဳးမၾကဳံဖူးေသးဘူး။

အဲ့ဒီေနအလင္းေပါက္ဟာ ဒုတိယ မုခ္ေယာင္ရဲ႕ အတြင္းထဲ ၁၄ ေပေလာက္မွာျဖစ္ေနတယ္။

ပုဂံေခတ္ဗိသုကာ ပညာ႐ွင္က ေနလမ္းေၾကာင္းကို ေသခ်ာတြက္ခ်က္ၿပီး ဖန္တီးခဲ့မွာ ေသခ်ာတယ္။

ဒါေပမယ့္ အတြင္းထဲ ၁၄ ေပေလာက္အထိဝင္ပီးမွ ေနေရာင္က်မွာ ျဖစ္တဲ့အတြက္ ေန႔တိုင္း၊ လတိုင္း ၊ ရာသီတိုင္းမွာ ေနေရာင္က်မယ္ မဟုတ္ပါ။

ဘယ္လ၊ ဘယ္ရက္ ေတြရဲ႕ ဘယ္အခ်ိန္မွာ ေရာင္ေတာ္ဖြင့္ေနရာင္ဟာ ႐ုပ္ပြါးဆင္းတုေတာ္ရဲ႕ မ်က္ႏွာေတာ္ဆီက်မလဲ ဆိုတာ သိပ္စိတ္ဝင္စားဖို႔ေကာင္းတယ္။Credit

Unicode

ဓမ္မရံကြီးဘုရားမှာ လူသိနည်းသေးတဲ့ အချက်တစ်ချက်ရှိတယ်။

အဲ့ဒါဘာလဲဆိုတော့ နေရောင်ခြည်ဘုရားဆင်းတုတော်အပါ် ထိုးကျလာအောင် လုပ်ထားတဲ့ ‘ ရောင်တော်ဖွင့် အလင်းပေါက် ‘ တစ်ခု အရှေ့မုခ် ၊

တိုက်မကြီးအပေါ်မှာ လုပ်ထားတယ်။ ပုံကိုကြည့်။

အရှေ့မုခ်ဆိုတာကို သေချာပြောပြဖို့လိုလိမ့်မယ်။ လူတချို့က ပုဂံရောက်ရင် အရပ်လေးမျက်နှာ မခွဲတတ်ဖူးဖြစ်လေ့ရှိတယ်။

ဓမ္မရံကြီးဘုရားကို အခုလူတိုင်းဝင်နေတဲ့ ဈေးဆိုင်တန်းတွေရှိတဲ့ အရပ်က မြောက်။ မြောက် မုခ်ပေါ့။

ထိုင်တော်မူရုပ်ပွါးဆင်းတုတော်ကြီးရှိတယ်။ ဆင်းတုတော်ကြီးနောက်မှာ အနီရောင်များတဲ့ နံရံဆေးရေးတွေရှိတယ်။

အဲ့ဒီတစ်ဆူတည်းသောရုပ်ပွါးဆင်းတုတော်ကြီးရှိရာ အရပ်က အရှေ့ အရပ်။ အရှေ့မုခ်ဖြစ်ပါတယ်။

ရောင်တော်ဖွင့် နေအလင်းပေါက်သေချာရဲ့လား၊ လေဝင်ပေါက်ရော မဖြစ်နိုင်ဘူးလားမေးစရာဖြစ်ပါတယ်။ နေထွက်ရာ အရှေ့အရပ်၊ အရှေ့မုခ်တစ်ခုတည်း မှာသာပါပြီး ကျန်တဲ့ အရပ် ၃ မျက်နှာမှာ မပါပါဘူး။ ဒါကြောင့် ပြောတာ။

ဓမ္မရံကြီးဘုရားမှာ လူမမြင်အောင်၊ လူတွေ သတိမထားမိအောင် လုပ်ထားတဲ့ လေဝင်ပေါက် (ventilation whole ) တွေ အများကြီးရှိတယ်။

အဲ့ဒါ သပ်သပ်ရေးပါမယ်။

ဓမ္မရံကြီးအတွင်းထဲက ဘုရားရုပ်ပွါးဆင်းတုတော်ကြီး မျက်နှာတော်အပေါ်ကို နေရောင်ကျနေတဲ့ ဓာတ်ပုံမျိုး ရိုက်ဖူး၊ ရဖူးတဲ့ဓာတ်ဆြာတွေရှိရင်လည်း တစ်ခါတည်းမန့်ပေးခဲ့ကြပေါ့။

ကျနော်တော့ အဲ့လိုအခိုက်တန့်မျိုးမကြုံဖူးသေးဘူး။

အဲ့ဒီနေအလင်းပေါက်ဟာ ဒုတိယ မုခ်ယောင်ရဲ့ အတွင်းထဲ ၁၄ ပေလောက်မှာဖြစ်နေတယ်။ ပုဂံခေတ်ဗိသုကာ ပညာရှင်က နေလမ်းကြောင်းကို သေချာတွက်ချက်ပြီး ဖန်တီးခဲ့မှာ သေချာတယ်။

ဒါပေမယ့် အတွင်းထဲ ၁၄ ပေလောက်အထိဝင်ပီးမှ နေရောင်ကျမှာ ဖြစ်တဲ့အတွက်

နေ့တိုင်း၊ လတိုင်း ၊ ရာသီတိုင်းမှာ နေရောင်ကျမယ် မဟုတ်ပါ။ဘယ်လ၊ ဘယ်ရက် တွေရဲ့ ဘယ်အချိန်မှာ ရောင်တော်ဖွင့်နေရာင်ဟာ ရုပ်ပွါးဆင်းတုတော်ရဲ့ မျက်နှာတော်ဆီကျမလဲ ဆိုတာ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်။Credit