Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
7. ရေနွေးသောက်ပါ။
Credit -Zombie
Unicode
အိပ်နေစဉ်အတွင်းမှာ သွယ်လျလှပသွားစေမယ့် နည်းလမ်း(၇)ချက်…
ညမှာဆိုရင် ခန္ဓာကိုယ်က ကယ်လိုရီ 300 နဲ့ 400 ကြားအထိ လောင်ကျွမ်းပါတယ်။ လောင်ကျွမ်းသွားတဲ့ ကယ်လိုရီပမာဏက တစ်နာရီပြေးလို့ ကုန်သွားတဲ့ စွမ်းအင်နဲ့ ညီမျှပါတယ်။ အိပ်နေစဉ်အတွင်းမှာ ကိုယ်အလေးချိန် ကျသွားအောင် လုပ်လို့မယ့် နည်းလမ်းလေးတွေက အတော်ကို လွယ်ကူပါတယ်။
1. ညဘက်ကို အေးမြတဲ့ အခန်းအပူချိန်မှာ အိပ်ပါ။
အခန်းအပူချိန် 18`C (64.4`F) မှာ အိပ်သင့်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက အကြံပေးကြပါတယ်။ အေးတဲ့ ပတ်ဝန်းကျင်က အဆီတွေကို ပိုပြီးနည်းစေ ပါတယ် …။
အေးတဲ့ အခန်းထဲမှာ အိပ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းသိမ်းထားဖို့အတွက် စွမ်းအင်တွေကို ပိုပြီးသုံးရပါတယ်။ အဲဒါကြောင့် အေးတဲ့အခန်းထဲမှာ အိပ်ရင် မနက်ရောက်တဲ့ အခါ ပေါ့ပါးလန်းဆန်းနေမှာပါ။
2. စပျစ်သီးဖျော်ရည် သောက်ပါ။
စပျစ်သီးဖျော်ရည်က ကယ်လိုရီတွေ လောင်ကျွမ်းဖို့ ကူညီပေးပါတယ်။ အိပ်နေတဲ့အခါမှာ ခန္ဓာကိုယ်အပူချိန်ကို ဆက်လက်ထိန်းသိမ်းထားဖို့အတွက် အဆီတွေကို အသုံးပြုရပါတယ်။
အဲဒါကြောင့် အိပ်ရာမဝင်ခင်မှာ စပျစ်သီးဖျော်ရည် တစ်ခွက်လောက် သောက်တဲ့အခါ မလိုတဲ့အဆီတွေ ဖယ်ရှားပြီးသား ဖြစ်မှာပါ။ စပျစ်သီးဖျော်ရည်သောက်တဲ့အခါ သကြားထည့်မသောက်ဖို့တော့ လိုပါတယ်။
3. အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန်မှန်ဖို့ လိုပါတယ်။
အိပ်ချိန်မမှန်တဲ့ အခါ ခန္ဓာကိုယ်က အလေးချိန် ပိုတက်လာမှာပါ။ အိပ်ချိန်မှန်ခြင်းက ကယ်လိုရီတွေ လောင်ကျွမ်းဖို့ အကူအညီ ဖြစ်စေမှာပါ။ အိပ်ချိန်မမှန်တဲ့အခါ ပင်ပန်းနွမ်းနယ်လာပြီး ကယ်လိုရီများတဲ့မုန့်တွေကို စားချင်လာပါလိမ့်မယ်။ အဲဒါကြောင့် အိပ်ချိန်မှန်ဖို့ လိုပါတယ်။
4. ညအိပ်ခါနီးမှာ ဖုန်း၊ tablet နဲ့ ကွန်ပျူတာကို မသုံးသင့်ပါဘူး။
ဖုန်းတွေ၊ ကွန်ပျူတာတွေက ထွက်တဲ့ အလင်းရောင်ကြောင့် အိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။
Smartphoneတွေရဲ့ အလင်းရောင်က အိပ်စက်မှုကို လှုံ့ဆော်ပေးတဲ့ ဟော်မုန်းထွက်မှုကို နှောင့်နှေးစေပါတယ်။ အဲဒါကြောင့် အိပ်ပျော်ဖို့ အချိန်ယူရပြီး အိပ်ရာနိုးလာရင်လည်း ပင်ပန်းသလို ခံစားနေရမှာပါ။
အိပ်ရာမဝင်ခင် 2 နာရီ အလိုကတည်းက smartphone ကို မသုံးသင့်တော့ပါဘူး။ Smartphone အစား စာအုပ်ဖတ်တာက မြန်မြန်အိပ်ပျော်စေမှာပါ …။
5. ပရိုတိန်းဓာတ်ပါဝင်တဲ့ မုန့်တွေကို စားပါ။
ပရိုတိန်းဓာတ်များများ ပါဝင်တဲ့ ဒိန်ချဉ်၊ အဆီပါဝင်မှုနည်းတဲ့ ဒိန်ခဲပျော့ ၊ အဆီနည်းတဲ့ ကြက်ဆင်သား၊ မြေပဲထောပတ်တို့ကို အိပ်ရာမဝင်ခင်မှာ စားလို့ရပါတယ်။ အဲဒီအခါ ခန္ဓာကိုယ်မှာ ကြွက်သားတွေ တက်လာမှာပါ။
6. လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ဖိစီးမှုတွေကို ဖယ်ရှားပေးနိုင်မယ့် အကောင်းဆုံး နည်းလမ်းပါပဲ။ ဒါပေမယ့် လေ့ကျင့်ခန်းကို နေ့စဉ်ပုံမှန်ပြုလုပ်ပေးဖို့တော့ လိုပါတယ်။ရေကူးခြင်းနဲ့ အလေးမခြင်းက ညဘက်မှာ လုပ်ဖို့အကောင်းဆုံး လေ့ကျင့်ခန်းတွေပါပဲ။ အဲဒီလိုလေ့ကျင့်ခန်းတွေလုပ်ပြီး အိပ်တဲ့အခါ ခန္ဓာကိုယ်မှာ ကယ်လိုရီတွေ ပိုလောင်ကျွမ်းမှာပါ။
7. ရေနွေးသောက်ပါ။
လက်ဖက်ခြောက်ခတ်ထားတဲ့ ရေနွေးကို ညဘက်မှာသောက်ရင် အဆီတွေ ပိုကျမှာပါ။ စိတ်မချရတဲ့နည်းလမ်းတွေနဲ့ ပြုလုပ်ထားတဲ့ diet လက်ဖက်ခြောက်တွေကိုတော့ မသောက်ရင် ပိုကောင်းပါတယ်။ သဘာဝလက်ဖက်ခြောက်က ကျန်းမာရေးကို ကောင်းစေတဲ့အပြင် အဆီပိုတွေ ကျစေမှာပါ။
သစ်ကြံပိုးခေါက်ကလည်း ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ရောင်ရမ်းတာကို သက်သာစေမှာပါ။ ပက်ပါမင့်က အစားစားချင်စိတ်ကို လျှော့ချပေးပါတယ်။ ချာမိုမိုင်းပွင့်က အစာချေစနစ်ကို တိုးတက်စေပြီး နာဗ်ကြောတွေကို ဖြေလျှော့ပေးပါတယ်။
ဒီအချက်လေးတွေက လွယ်ကူပါတယ်။ လေ့ကျင့်ခန်းနေ့စဉ် လုပ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ အစားအစာတွေကို စားရင်ပိုပြီး ထိရောက်ပါတယ် …။
Credit -Zombie