သင့္ကို အံၾသသြားေစမယ့္ ခႏၶာကိုယ္ရဲ႕ ထူးဆန္းတဲ့ အခ်က္မ်ား

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

သင့္ကို အံၾသသြားေစမယ့္ ခႏၶာကိုယ္ရဲ႕ ထူးဆန္းတဲ့ အခ်က္မ်ား

သက္႐ွိေတြထဲမွာ လူေတြရဲ႕ ခႏၶာကိုယ္ဖြဲ႕စည္းမႈဟာ အ႐ႈပ္ဆုံးလို႔ အားလုံးလက္ခံထားၾကပါတယ္။ အ႐ႈပ္ဆုံးျဖစ္တာေၾကာင့္ ကြၽန္ေတာ္တို႔ ခႏၶာကိုယ္ေတြမွာ ကြၽန္ေတာ္တို႔ မသိေသးတဲ့အေၾကာင္းေတြ မ်ားစြာ႐ွိပါတယ္။

ေအာက္ပါ အခ်က္အလက္ေတြကေတာ့ သိပၸံပညာ႐ွင္ေတြ ႐ွာေဖြေတြ႕႐ွိထားတဲ့ အခ်က္ေတြပဲ ျဖစ္ပါတယ္။ သင္ဖတ္ၿပီး အံၾသသြားႏိုင္ပါတယ္။

၁။ သင့္ႏွာေခါင္းဟာ အနံေပါင္း ၅၀ဝဝဝ ခန္႔ကို မွတ္မိႏိုင္စြမ္း႐ွိပါတယ္။

၂။ လူခႏၶာကိုယ္ကို ဖြဲ႕စည္းထားတဲ့ အႏုမ်ဴအမႈန္အပိုင္းေလးေတြဟာ နာရီတိုင္းကို အခု ၆ သိန္းခန္႔ အသစ္ထပ္ထပ္ျဖစ္ေနပါတယ္။ ဒါေၾကာင့္လည္း အခ်ိန္ၾကာလာတာနဲ႔ အမွ်အသက္အ႐ြယ္ႀကီးရင့္တဲ့ ႐ုပ္ျဖစ္လာတာပါ။

၃။ ေမြးဖြားစ ကေလးတစ္ေယာက္ မွာ႐ွိတဲ့ အ႐ိုးေတြဟာ ဟာ အ႐ြယ္ေရာက္ၿပီးသူတစ္ေယာက္ရဲ႕ အ႐ိုးေတြထက္ အခု ၆၀ ခန္႔ပိုမ်ားပါသတဲ့။

၄။ လူခႏၶာကိုယ္ရဲ႕ အသန္မာဆုံးႂကြက္သားဟာ လွ်ာျဖစ္ပါတယ္။

၅။ အ႐ြယ္ေရာက္တဲ့အခါ အစိတ္အပိုင္းအားလုံးနီးပါး ႀကီးထြားမႈ ရပ္တန္႔သြားမွာ ျဖစ္ေပမယ့္ နား နဲ႔ ႏွာေခါင္း ကေတာ့ ဘယ္ေတာ့မွ ႀကီးထြားမႈ ရပ္တန္႔မွာ မဟုတ္ပါဘူး။

၆။ လူတစ္ေယာက္ခ်င္းစီမွာ မတူညီတဲ့ လက္ေဗြရာေတြ ႐ွိသလို လွ်ာေဗြရာလည္း ႐ွိပါသတဲ့။

၇။ မ်က္လုံးအျပာေရာင္နဲ႔ သူေတြဟာ အရက္ကို ပုံမွန္လူေတြထက္ ပိုေသာက္ႏိုင္ပါသတဲ့။ သူတို႔မွာ အယ္ကိုေဟာဓာတ္ခံႏိုင္စြမ္း ျမင့္မားစြာ ပါလာလို႔ပါပဲ။

၈။ လူတစ္ေယာက္ဟာ သူ႕ဘဝသက္တမ္းရဲ႕ ၁၀ပုံ ၁ပုံ ကို မ်က္ေတာင္အဖြင့္အပိတ္လုပ္ျခင္းနဲ႔ ကုန္ဆုံးပါသတဲ့။ (အသက္ ၆၀ ႐ွိတဲ့သူက မ်က္ေတာင္အဖြင့္အပိတ္လုပ္တာခ်ည္းပဲ ၆ႏွစ္ၾကာတယ္ဆိုတဲ့ သေဘာပါ)

၉။ ယေန႔ 20 Megapixels, 30 Megapixels ႐ွိတဲ့ကင္မရာေတြကို ေတာ္ေတာ္မ်ားၿပီလို႔ ေအာက္ေမ့ေနတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔တေတြရဲ႕မ်က္စိဟာ 576 Megapixels ေတာင္ ႐ွိပါသတဲ့။

၁၀။ လူေတြ ခႏၶာကိုယ္က ဘက္တီးရီးယားစုစုေပါင္းရဲ႕ အေလးခ်ိန္စုစုေပါင္းဟာ ခ်ိန္ၾကည့္မယ္ဆိုရင္ ၄ ေပါင္ခန္႔ ႐ွိမွာပါ။

၁၁။ လူေတြရဲ႕ ဘယ္ခႏၶာကိုယ္အစိတ္အပိုင္းမွာမဆို ျဖစ္ႏိုင္တဲ့ ကင္ဆာေပါင္း အမ်ိဳးအစား ၁၀ဝ ေက်ာ္႐ွိပါတယ္။

၁၂။ လူေတြရဲ႕ ဦးေႏွာက္ပုံမွန္လည္ပတ္ႏိုင္ဖို႔ အတြက္ လူ႕ခႏၶာကိုယ္က ေသြးနဲ႔ ေအာက္ဆီဂ်င္ ၂၀% ကို အသုံးျပဳရပါတယ္။

၁၃။ အံၾသသြားမလားမသိဘူး။ ကြၽန္ေတာ္တို႔ ခႏၶာကိုယ္က အ႐ိုးတိုင္းမွာ ေရ ၃၁% ေပါင္းစပ္ ပါဝင္ေနပါသတဲ့။

၁၄။ လမ္းေလွ်ာက္ဖို႔ ေျခတစ္လွမ္းလွမ္းတိုင္းမွာ အေၾကာေပါင္း ၂၀ဝ ကိုအသုံးျပဳရပါတယ္။

၁၅။ ဖ်ားနာေနတဲ့ လူတစ္ေယာက္ရဲ႕ ကိုယ္အပူခ်ိန္ဟာ ၁၁၅.၇ ဒီဂီရီဖာရင္ဟိုက္ ႐ွိႏိုင္ေၾကာင္း မွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။

၁၆။ လွ်ာမွာ႐ွိတဲ့ ရသာခံအဖုေလးေတြဟာ ၁၀ရက္မွာ တစ္ခါ အသစ္ အစားထိုးၿပီး ျပန္ေပါက္ေလ့႐ွိပါတယ္။

၁၇။ လူတစ္ေယာက္ရဲ လက္ေခ်ာင္း ၅ ေခ်ာင္းမွာ လက္သန္းကို အားအနည္းဆုံးလို႔ ကြၽန္ေတာ္တို႔ ထင္ထားတတ္ပါတယ္။ တကယ္ေတာ့ လက္သန္းဟာ အသန္မာဆုံး လက္ေခ်ာင္းပဲ ျဖစ္ပါတယ္။ တကယ္လို႔မ်ား လက္တစ္ဖက္မွာ လက္သန္းသာ မ႐ွိခဲ့ရင္ ဒီလက္ရဲ႕သန္မာမႈဟာ ၅၀% ဆုံး႐ႈံးသြားမွာပါ။

၁၈။ လူ႕ရဲ႕ ႏွလုံးဟာ ပ်မ္းမွ်အားျဖင့္ တစ္ေန႔မွာ အႀကိမ္ ၁သိန္း ေလာက္ခုန္ပါသတဲ့။
၁၉။ လူေတြရဲ႕ ခႏၶာကိုယ္က အေသးငယ္ဆုံး အ႐ိုးကေတာ့ နားအလယ္မွာ႐ွိတဲ့ အ႐ိုးပဲျဖစ္ပါတယ္။ ၂.၈မီလီမီတာပဲ ႐ွိပါတယ္။

၂၀။ ခႏၶာကိုယ္ရဲ႕ ဘယ္ဘက္အျခမ္းကို ဦးေႏွာက္ညာဘက္ျခမ္းက ထိန္းခ်ဳပ္ၿပီး ၊ ခႏၶာကိုယ္ ညာဘက္အျခမ္းကိုေတာ့ ဦးေႏွာက္ဘယ္ဘက္ျခမ္းက ထိန္းခ်ဳပ္ပါသတဲ့။

၂၁။ ဉာဏ္ရည္ပိုျမင့္မားတဲ့သူေတြဟာ ပိုၿပီးေတာ့အိပ္မက္ေတြ မက္ေလ့႐ွိပါတယ္။

၂၂။ သင့္ဘဝတစ္ေလွ်ာက္ထြက္ခဲ့တဲ့ တံေတြးပမာဏဟာ ပုံမွန္ေရကူးကန္ ၂ကန္ကို ျဖည့္ႏိုင္ေလာက္တဲ့အထိ မ်ားျပားပါတယ္။


crd#
#winhlaingoo

Unicode

သင့်ကို အံသြသွားစေမယ့် ခန္ဓာကိုယ်ရဲ့ ထူးဆန်းတဲ့ အချက်များ

သက်ရှိတွေထဲမှာ လူတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှုဟာ အရှုပ်ဆုံးလို့ အားလုံးလက်ခံထားကြပါတယ်။ အရှုပ်ဆုံးဖြစ်တာကြောင့် ကျွန်တော်တို့ ခန္ဓာကိုယ်တွေမှာ ကျွန်တော်တို့ မသိသေးတဲ့အကြောင်းတွေ များစွာရှိပါတယ်။

အောက်ပါ အချက်အလက်တွေကတော့ သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိထားတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ သင်ဖတ်ပြီး အံသြသွားနိုင်ပါတယ်။

၁။ သင့်နှာခေါင်းဟာ အနံပေါင်း ၅၀ဝဝဝ ခန့်ကို မှတ်မိနိုင်စွမ်းရှိပါတယ်။

၂။ လူခန္ဓာကိုယ်ကို ဖွဲ့စည်းထားတဲ့ အနုမျူအမှုန်အပိုင်းလေးတွေဟာ နာရီတိုင်းကို အခု ၆ သိန်းခန့် အသစ်ထပ်ထပ်ဖြစ်နေပါတယ်။ ဒါကြောင့်လည်း အချိန်ကြာလာတာနဲ့ အမျှအသက်အရွယ်ကြီးရင့်တဲ့ ရုပ်ဖြစ်လာတာပါ။

၃။ မွေးဖွားစ ကလေးတစ်ယောက် မှာရှိတဲ့ အရိုးတွေဟာ ဟာ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ အရိုးတွေထက် အခု ၆၀ ခန့်ပိုများပါသတဲ့။

၄။ လူခန္ဓာကိုယ်ရဲ့ အသန်မာဆုံးကြွက်သားဟာ လျှာဖြစ်ပါတယ်။

၅။ အရွယ်ရောက်တဲ့အခါ အစိတ်အပိုင်းအားလုံးနီးပါး ကြီးထွားမှု ရပ်တန့်သွားမှာ ဖြစ်ပေမယ့် နား နဲ့ နှာခေါင်း ကတော့ ဘယ်တော့မှ ကြီးထွားမှု ရပ်တန့်မှာ မဟုတ်ပါဘူး။

၆။ လူတစ်ယောက်ချင်းစီမှာ မတူညီတဲ့ လက်ဗွေရာတွေ ရှိသလို လျှာဗွေရာလည်း ရှိပါသတဲ့။

၇။ မျက်လုံးအပြာရောင်နဲ့ သူတွေဟာ အရက်ကို ပုံမှန်လူတွေထက် ပိုသောက်နိုင်ပါသတဲ့။ သူတို့မှာ အယ်ကိုဟောဓာတ်ခံနိုင်စွမ်း မြင့်မားစွာ ပါလာလို့ပါပဲ။

၈။ လူတစ်ယောက်ဟာ သူ့ဘဝသက်တမ်းရဲ့ ၁၀ပုံ ၁ပုံ ကို မျက်တောင်အဖွင့်အပိတ်လုပ်ခြင်းနဲ့ ကုန်ဆုံးပါသတဲ့။ (အသက် ၆၀ ရှိတဲ့သူက မျက်တောင်အဖွင့်အပိတ်လုပ်တာချည်းပဲ ၆နှစ်ကြာတယ်ဆိုတဲ့ သဘောပါ)

၉။ ယနေ့ 20 Megapixels, 30 Megapixels ရှိတဲ့ကင်မရာတွေကို တော်တော်များပြီလို့ အောက်မေ့နေတဲ့အချိန်မှာ ကျွန်တော်တို့တတွေရဲ့မျက်စိဟာ 576 Megapixels တောင် ရှိပါသတဲ့။

၁၀။ လူတွေ ခန္ဓာကိုယ်က ဘက်တီးရီးယားစုစုပေါင်းရဲ့ အလေးချိန်စုစုပေါင်းဟာ ချိန်ကြည့်မယ်ဆိုရင် ၄ ပေါင်ခန့် ရှိမှာပါ။

၁၁။ လူတွေရဲ့ ဘယ်ခန္ဓာကိုယ်အစိတ်အပိုင်းမှာမဆို ဖြစ်နိုင်တဲ့ ကင်ဆာပေါင်း အမျိုးအစား ၁၀ဝ ကျော်ရှိပါတယ်။

၁၂။ လူတွေရဲ့ ဦးနှောက်ပုံမှန်လည်ပတ်နိုင်ဖို့ အတွက် လူ့ခန္ဓာကိုယ်က သွေးနဲ့ အောက်ဆီဂျင် ၂၀% ကို အသုံးပြုရပါတယ်။

၁၃။ အံသြသွားမလားမသိဘူး။ ကျွန်တော်တို့ ခန္ဓာကိုယ်က အရိုးတိုင်းမှာ ရေ ၃၁% ပေါင်းစပ် ပါဝင်နေပါသတဲ့။

၁၄။ လမ်းလျှောက်ဖို့ ခြေတစ်လှမ်းလှမ်းတိုင်းမှာ အကြောပေါင်း ၂၀ဝ ကိုအသုံးပြုရပါတယ်။

၁၅။ ဖျားနာနေတဲ့ လူတစ်ယောက်ရဲ့ ကိုယ်အပူချိန်ဟာ ၁၁၅.၇ ဒီဂီရီဖာရင်ဟိုက် ရှိနိုင်ကြောင်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

၁၆။ လျှာမှာရှိတဲ့ ရသာခံအဖုလေးတွေဟာ ၁၀ရက်မှာ တစ်ခါ အသစ် အစားထိုးပြီး ပြန်ပေါက်လေ့ရှိပါတယ်။

၁၇။ လူတစ်ယောက်ရဲ လက်ချောင်း ၅ ချောင်းမှာ လက်သန်းကို အားအနည်းဆုံးလို့ ကျွန်တော်တို့ ထင်ထားတတ်ပါတယ်။ တကယ်တော့ လက်သန်းဟာ အသန်မာဆုံး လက်ချောင်းပဲ ဖြစ်ပါတယ်။ တကယ်လို့များ လက်တစ်ဖက်မှာ လက်သန်းသာ မရှိခဲ့ရင် ဒီလက်ရဲ့သန်မာမှုဟာ ၅၀% ဆုံးရှုံးသွားမှာပါ။

၁၈။ လူ့ရဲ့ နှလုံးဟာ ပျမ်းမျှအားဖြင့် တစ်နေ့မှာ အကြိမ် ၁သိန်း လောက်ခုန်ပါသတဲ့။
၁၉။ လူတွေရဲ့ ခန္ဓာကိုယ်က အသေးငယ်ဆုံး အရိုးကတော့ နားအလယ်မှာရှိတဲ့ အရိုးပဲဖြစ်ပါတယ်။ ၂.၈မီလီမီတာပဲ ရှိပါတယ်။

၂၀။ ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်အခြမ်းကို ဦးနှောက်ညာဘက်ခြမ်းက ထိန်းချုပ်ပြီး ၊ ခန္ဓာကိုယ် ညာဘက်အခြမ်းကိုတော့ ဦးနှောက်ဘယ်ဘက်ခြမ်းက ထိန်းချုပ်ပါသတဲ့။

၂၁။ ဉာဏ်ရည်ပိုမြင့်မားတဲ့သူတွေဟာ ပိုပြီးတော့အိပ်မက်တွေ မက်လေ့ရှိပါတယ်။

၂၂။ သင့်ဘဝတစ်လျှောက်ထွက်ခဲ့တဲ့ တံတွေးပမာဏဟာ ပုံမှန်ရေကူးကန် ၂ကန်ကို ဖြည့်နိုင်လောက်တဲ့အထိ များပြားပါတယ်။
crd#
#winhlaingoo