“ရာဇဝင္ထဲက မင္းဆိုး မင္းညစ္ရဲ႕ နိဂုံး”

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

ပုဂံေခတ္ သကၠရာဇ္ ၆၁၇ ခုႏွစ္ခန္႔တြင္ နရသီဟပေတ့မင္းနန္းတက္ပါသည္။

ထိုမင္းသည္ ဖခင္လက္ထက္က မိဖုရားအရာ ထားခဲ့ေသာ မိဖုရားေစာကိုပင္ ဆက္လက္ၿပီး မိဖုရားေျမႇာက္ခဲ့သည္ဟုဆိုသည္။

ပညာအရာတြင္ သူမတူေအာင္ ထင္႐ွားေသာ မိဖုရားႀကီးျဖစ္ေသာေၾကာင့္ မိမိအားထိန္းသိမ္းေစာင့္ေ႐ွာက္ရန္ ေနရာေပးထားသည္ဟု ယူဆရပါသည္။

အမ်က္ေစာင္မာန္ ႀကီးၿပီး စဥ္းစားဉာဏ္နည္းလွသျဖင့္လည္း မိဖုရားဖြားေစာကသာ နရပတိကို ထိန္းခ်ဳပ္ၿပီး အုပ္ခ်ဳပ္ေနခဲ့ရ သည္။

အမတ္ႀကီး ရာဇသႀကၤန္သည္ နရပတိကို ထီးနန္းရေစေရး အကူအညီေပးခဲ့႐ုံမက အလြန္အထိန္းအုပ္ ေကာင္းလွေသာေၾကာင့္ မင္းတိုင္ပင္အျဖစ္ ခန္႔ထားျခင္းျဖစ္သည္။

သို႔ေသာ္ေနာက္ပိုင္းတြင္ မင္းတိုင္ပင္ဘိုးဘိုးကို ေခ်ာင္ထိုးထားသျဖင့္ စိတ္နာၿပီး ရာဇသႀကၤန္က “ပန္းပြတ္သည္ေျမး” ဟု မ်ိဳး႐ိုးကိုထိပါးၿပီး ႏွိမ္ေခၚလိုက္သည္။

နရပတိသည္ စိတ္ဆိုးၿပီး ရာဇသႀကၤန္ကို ရာထူးခ်ကာ ေအာက္အရပ္ဒလသို႔ ပို႔လိုက္ေလေတာ့သည္။

ရာဇသႀကၤန္အမတ္ႀကီးမ႐ွိေတာ့လွ်င္ ရခိုင္ႏွင့္ မုတၱမစားမ်ားက ပုန္ကန္ျခားနားၾကေတာ့သည္။

အနီးတြင္ အားကိုးရေသာ အမတ္ႀကီးရာဇသႀကၤန္လည္းမ႐ွိေတာ့။ ပညာ႐ွင္ကိုမွီခိုေနၾကရေသာ မင္းတို႔ဘဝ ဘာမွ်ဆက္လုပ္ျခင္းငွာမတတ္သာသျဖင့္ မိႈင္ေတြ ေနခ်ိန္၌ မိဖုရားေစာက မင္းႀကီးကို ရာဇသႀကၤန္အားျပန္ေခၚၿပီးတိုင္ပင္ရန္ အၾကံေပးရသည္။

ရာဇသႀကၤန္ ေရာက္လာမွ ရခိုင္ႏွင့္ မုတၱမအေရးကို ၿငိမ္းေအးရန္ စီမံခဲ့ရသည္။သကၠရာဇ္ ၆၄၆ ခုႏွစ္တြင္ ပုဂံကို တ႐ုတ္တို႔ဝင္ဖ်က္သည္။

နရပတိလည္း မခုခံႏိုင္ေသာေၾကာင့္ ေအာက္ဘက္ ပုသိမ္သို႔ ထြက္ ေျပးရသည္။ ထို႔ေၾကာင့္ တ႐ုတ္ေျပးမင္းဟုတြင္ပါသည္။

နရပတိသည္ ပြဲေတာ္တစ္ခါတည္လွ်င္ ဟင္းခြက္ သုံးရာျပည့္မွသာ ပြဲေတာ္တည္ေလ့႐ွိသည္ဟုဆိုသည္။ ပုသိမ္အေျပးတြင္ ဟင္းခြက္ တစ္ရာ့ငါးဆယ္သာစားရေသာေၾကာင့္ မ်က္ရည္က်သည္။

မိဖုရာဖြားေစာက တရားသေဘာဆင္ျခင္ရန္ေျပာၿပီး ေျဖသိမ့္ရသည္။အေနအထိုင္ဆင္းရဲျခင္းကို မခံႏိုင္ေသာေၾကာင့္ နရပတိက ပုဂံကိုျပန္ရန္ မိဖုရားဖြားေစာႏွင့္တိုင္ပင္သည္။

ထိုအခ်ိန္တြင္ မိဖုရားဖြားေစာက နရပတိကို ေလွ်ာက္ထားသည့္စကားမ်ားမွာ သမိုင္းဝင္ ဆုံးမစကားမ်ားျဖစ္ေတာ့သည္။

မင္းတစ္ပါး အေနျဖင့္ အုပ္စိုးစဥ္ကာလတြင္ ျပည္သူအေပၚ အလြန္အမင္း ဖိႏွိပ္ခ်ဳပ္ခ်ယ္လြန္းေသာေၾကာင့္ လက္ခံႏိုင္ဖြယ္ရာ အေၾကာင္း မ႐ွိဟု မိဖုရားႀကီးကဆိုသည္။

မိဖုရားႀကီးက“မင္းႀကီး ျပည့္ဝမ္းကိုေဖာက္ေသာသူ၊ ျပည့္ဦးကင္းကိုႏွိမ္ေသာသူ၊ ျပည့္တံခြန္ကို လွဲေသာသူ၊ ျပည့္မ်က္စိကို ေဖာက္ထုတ္သူ၊ ျပည့္အစြယ္ကိုခ်ိဳးသူ၊ ျပည့္မ်က္ႏွာကိုဖ်က္သူ၊ ျပည့္ေျချပည့္လက္က ိဳျဖတ္ေသာသူတို႔သည္ ဒုကၡေတြ႕ရမည္သာတည္း” ဟု ဆိုလိုက္ပါသည္။

အလြန္တန္ဖိုး႐ွိလွေသာ မင္းက်င့္တရားမ်ားႏွင့္ဆိုင္ေသာ ဆုံးမစကားဟုဆိုရေပလိမ့္မည္။မိဖုရားႀကီးဖြားေစာ တင္စားခဲ့ေသာ ျပည့္ဝမ္းဆိုသည္မွာသူေဌးသူႂကြယ္မ်ားျဖစ္သည္။

ျပည့္ဦးကင္းဆိုသည္မွာ မႉးႀကီးမတ္ ႀကီးမ်ားျဖစ္သည္။

ျပည့္တံခြန္ဆိုသည္မွာ ရဟန္းသူေတာ္ေကာင္းမ်ားျဖစ္သည္။

ျပည့္မ်က္စိဆိုသည္မွာ စာတတ္ေပတတ္ ပညာ႐ွိမ်ားျဖစ္သည္။

ျပည့္အစြယ္ဆိုသည္မွာ မင္းညီမင္းသားမ်ားျဖစ္သည္။

ျပည့္မ်က္ႏွာဆိုသည္မွာ သားပ်ိဳ၊ သမီးပ်ိဳ ျပည္သူတို႔ျဖစ္သည္။

ျပည့္ေျခ ျပည့္လက္ဆိုသည္မွာ ရဲမက္စစ္သည္တို႔ျဖစ္သည္။

အားလုံးကို ညီၫြတ္မွ်တစြာ အေလးထားဆက္ဆံရမည့္အစား စိတ္မထင္လွ်င္ မထင္သလို ႏွိပ္ကြပ္သတ္ျဖတ္ေနေသာ မင္းျဖစ္ေသာေၾကာင့္ ျပည္သူသည္ အေရးၾကဳံလာလွ်င္ မိမိဘက္ကရပ္တည္ေပးႏိုင္ဖြယ္မ႐ွိ။

သို႔ျဖစ္ရာ ပုဂံသို႔မျပန္ဘဲ ေနလိုက္ ျခင္းကပိုေကာင္း၏ဟုဆုံးမသည္။သို႔ေသာ္မင္းအာဏာႏွင့္စည္းစိမ္ကို မက္ေသာ နရပတိသည္ပုဂံသို႔ျပန္သည္။

ျပည္ၿမိဳ႕သို႔အေရာက္တြင္ သားေတာ္ျပည္စား သီဟသူက ေလွေပၚတက္လာၿပီး စားေတာ္အုပ္လာဆက္သည္။

မိဖုရားႀကီးက စားေတာ္အုပ္ထဲတြင္ အဆိပ္ခတ္ထားမွန္း သိသည္။

သို႔ျဖစ္ရာ နရပတိအနားကပ္ၿပီး

“မင္းႀကီး စားေတာ္အုပ္စားလည္း အဆိပ္ျဖင့္ေသရမည္။

စားေတာ္အုပ္ကို မစားလည္း ဓားလွံလက္နက္မ်ားျဖင့္ သတ္ရန္ ျပင္ ဆင္ထားၾကသည္။ အသင္မင္းႀကီး ႀကိဳက္သလိုသာေသရန္ စီစဥ္ပါေလ” ဟုဆိုလိုက္သည္။

နရပတိကလည္း

“ငါသည္ ျဖစ္ေလရာဘဝတြင္ သားေယာက်္ားမရသည္ ျဖစ္ရပါလို” ဟုဆုေတာင္းကာ အဆိပ္ခတ္ထားသည့္ ဆြမ္းအုပ္ကို စားလိုက္ၿပီး အနိစၥေရာက္ေလသည္။

ျပည္သူအေပၚ ၾကမ္းတမ္းယုတ္မာေသာ မင္းဆိုးမင္းညစ္တို႔သည္ တစ္နည္းမဟုတ္ တစ္နည္းျဖင့္ ျပဳတ္က်ေသလြန္ရသည္သာ ျဖစ္သည္။

သမိုင္းတြင္ နာမည္ဆိုးျဖင့္ ေက်ာ္ၾကားခဲ့ေသာ မင္းတို႔ကား ျပည္သူအေပၚ ရက္စက္ယုတ္မာသေလာက္ အေသဆိုး ျဖင့္ ေသၾကရသူမ်ားျဖစ္ေတာ့သည္။

Credit: Kyaw Bala

Unicode

ပုဂံခေတ် သက္ကရာဇ် ၆၁၇ ခုနှစ်ခန့်တွင် နရသီဟပတေ့မင်းနန်းတက်ပါသည်။

ထိုမင်းသည် ဖခင်လက်ထက်က မိဖုရားအရာ ထားခဲ့သော မိဖုရားစောကိုပင် ဆက်လက်ပြီး မိဖုရားမြှောက်ခဲ့သည်ဟုဆိုသည်။

ပညာအရာတွင် သူမတူအောင် ထင်ရှားသော မိဖုရားကြီးဖြစ်သောကြောင့် မိမိအားထိန်းသိမ်းစောင့်ရှောက်ရန် နေရာပေးထားသည်ဟု ယူဆရပါသည်။

အမျက်စောင်မာန် ကြီးပြီး စဉ်းစားဉာဏ်နည်းလှသဖြင့်လည်း မိဖုရားဖွားစောကသာ နရပတိကို ထိန်းချုပ်ပြီး အုပ်ချုပ်နေခဲ့ရ သည်။

အမတ်ကြီး ရာဇသင်္ကြန်သည် နရပတိကို ထီးနန်းရစေရေး အကူအညီပေးခဲ့ရုံမက အလွန်အထိန်းအုပ် ကောင်းလှသောကြောင့် မင်းတိုင်ပင်အဖြစ် ခန့်ထားခြင်းဖြစ်သည်။

သို့သော်နောက်ပိုင်းတွင် မင်းတိုင်ပင်ဘိုးဘိုးကို ချောင်ထိုးထားသဖြင့် စိတ်နာပြီး ရာဇသင်္ကြန်က “ပန်းပွတ်သည်မြေး” ဟု မျိုးရိုးကိုထိပါးပြီး နှိမ်ခေါ်လိုက်သည်။

နရပတိသည် စိတ်ဆိုးပြီး ရာဇသင်္ကြန်ကို ရာထူးချကာ အောက်အရပ်ဒလသို့ ပို့လိုက်လေတော့သည်။

ရာဇသင်္ကြန်အမတ်ကြီးမရှိတော့လျှင် ရခိုင်နှင့် မုတ္တမစားများက ပုန်ကန်ခြားနားကြတော့သည်။

အနီးတွင် အားကိုးရသော အမတ်ကြီးရာဇသင်္ကြန်လည်းမရှိတော့။ ပညာရှင်ကိုမှီခိုနေကြရသော မင်းတို့ဘဝ ဘာမျှဆက်လုပ်ခြင်းငှာမတတ်သာသဖြင့် မှိုင်တွေ နေချိန်၌ မိဖုရားစောက မင်းကြီးကို ရာဇသင်္ကြန်အားပြန်ခေါ်ပြီးတိုင်ပင်ရန် အကြံပေးရသည်။

ရာဇသင်္ကြန် ရောက်လာမှ ရခိုင်နှင့် မုတ္တမအရေးကို ငြိမ်းအေးရန် စီမံခဲ့ရသည်။သက္ကရာဇ် ၆၄၆ ခုနှစ်တွင် ပုဂံကို တရုတ်တို့ဝင်ဖျက်သည်။

နရပတိလည်း မခုခံနိုင်သောကြောင့် အောက်ဘက် ပုသိမ်သို့ ထွက် ပြေးရသည်။ ထို့ကြောင့် တရုတ်ပြေးမင်းဟုတွင်ပါသည်။

နရပတိသည် ပွဲတော်တစ်ခါတည်လျှင် ဟင်းခွက် သုံးရာပြည့်မှသာ ပွဲတော်တည်လေ့ရှိသည်ဟုဆိုသည်။ ပုသိမ်အပြေးတွင် ဟင်းခွက် တစ်ရာ့ငါးဆယ်သာစားရသောကြောင့် မျက်ရည်ကျသည်။

မိဖုရာဖွားစောက တရားသဘောဆင်ခြင်ရန်ပြောပြီး ဖြေသိမ့်ရသည်။အနေအထိုင်ဆင်းရဲခြင်းကို မခံနိုင်သောကြောင့် နရပတိက ပုဂံကိုပြန်ရန် မိဖုရားဖွားစောနှင့်တိုင်ပင်သည်။

ထိုအချိန်တွင် မိဖုရားဖွားစောက နရပတိကို လျှောက်ထားသည့်စကားများမှာ သမိုင်းဝင် ဆုံးမစကားများဖြစ်တော့သည်။

မင်းတစ်ပါး အနေဖြင့် အုပ်စိုးစဉ်ကာလတွင် ပြည်သူအပေါ် အလွန်အမင်း ဖိနှိပ်ချုပ်ချယ်လွန်းသောကြောင့် လက်ခံနိုင်ဖွယ်ရာ အကြောင်း မရှိဟု မိဖုရားကြီးကဆိုသည်။

မိဖုရားကြီးက“မင်းကြီး ပြည့်ဝမ်းကိုဖောက်သောသူ၊ ပြည့်ဦးကင်းကိုနှိမ်သောသူ၊ ပြည့်တံခွန်ကို လှဲသောသူ၊ ပြည့်မျက်စိကို ဖောက်ထုတ်သူ၊ ပြည့်အစွယ်ကိုချိုးသူ၊ ပြည့်မျက်နှာကိုဖျက်သူ၊ ပြည့်ခြေပြည့်လက်က ိုဖြတ်သောသူတို့သည် ဒုက္ခတွေ့ရမည်သာတည်း” ဟု ဆိုလိုက်ပါသည်။

အလွန်တန်ဖိုးရှိလှသော မင်းကျင့်တရားများနှင့်ဆိုင်သော ဆုံးမစကားဟုဆိုရပေလိမ့်မည်။မိဖုရားကြီးဖွားစော တင်စားခဲ့သော ပြည့်ဝမ်းဆိုသည်မှာသူဌေးသူကြွယ်များဖြစ်သည်။

ပြည့်ဦးကင်းဆိုသည်မှာ မှူးကြီးမတ် ကြီးများဖြစ်သည်။

ပြည့်တံခွန်ဆိုသည်မှာ ရဟန်းသူတော်ကောင်းများဖြစ်သည်။

ပြည့်မျက်စိဆိုသည်မှာ စာတတ်ပေတတ် ပညာရှိများဖြစ်သည်။

ပြည့်အစွယ်ဆိုသည်မှာ မင်းညီမင်းသားများဖြစ်သည်။

ပြည့်မျက်နှာဆိုသည်မှာ သားပျို၊ သမီးပျို ပြည်သူတို့ဖြစ်သည်။

ပြည့်ခြေ ပြည့်လက်ဆိုသည်မှာ ရဲမက်စစ်သည်တို့ဖြစ်သည်။

အားလုံးကို ညီညွတ်မျှတစွာ အလေးထားဆက်ဆံရမည့်အစား စိတ်မထင်လျှင် မထင်သလို နှိပ်ကွပ်သတ်ဖြတ်နေသော မင်းဖြစ်သောကြောင့် ပြည်သူသည် အရေးကြုံလာလျှင် မိမိဘက်ကရပ်တည်ပေးနိုင်ဖွယ်မရှိ။

သို့ဖြစ်ရာ ပုဂံသို့မပြန်ဘဲ နေလိုက် ခြင်းကပိုကောင်း၏ဟုဆုံးမသည်။သို့သော်မင်းအာဏာနှင့်စည်းစိမ်ကို မက်သော နရပတိသည်ပုဂံသို့ပြန်သည်။

ပြည်မြို့သို့အရောက်တွင် သားတော်ပြည်စား သီဟသူက လှေပေါ်တက်လာပြီး စားတော်အုပ်လာဆက်သည်။

မိဖုရားကြီးက စားတော်အုပ်ထဲတွင် အဆိပ်ခတ်ထားမှန်း သိသည်။

သို့ဖြစ်ရာ နရပတိအနားကပ်ပြီး

“မင်းကြီး စားတော်အုပ်စားလည်း အဆိပ်ဖြင့်သေရမည်။

စားတော်အုပ်ကို မစားလည်း ဓားလှံလက်နက်များဖြင့် သတ်ရန် ပြင် ဆင်ထားကြသည်။ အသင်မင်းကြီး ကြိုက်သလိုသာသေရန် စီစဉ်ပါလေ” ဟုဆိုလိုက်သည်။

နရပတိကလည်း

“ငါသည် ဖြစ်လေရာဘဝတွင် သားယောက်ျားမရသည် ဖြစ်ရပါလို” ဟုဆုတောင်းကာ အဆိပ်ခတ်ထားသည့် ဆွမ်းအုပ်ကို စားလိုက်ပြီး အနိစ္စရောက်လေသည်။

ပြည်သူအပေါ် ကြမ်းတမ်းယုတ်မာသော မင်းဆိုးမင်းညစ်တို့သည် တစ်နည်းမဟုတ် တစ်နည်းဖြင့် ပြုတ်ကျသေလွန်ရသည်သာ ဖြစ်သည်။

သမိုင်းတွင် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော မင်းတို့ကား ပြည်သူအပေါ် ရက်စက်ယုတ်မာသလောက် အသေဆိုး ဖြင့် သေကြရသူများဖြစ်တော့သည်။

Credit: Kyaw Bala