တောကြက်ဥ၊ အိမ်ကြက်ဥ နဲ့ စီပီ ကြက်ဥတို့ အ ကြောင်းနှင့် ဆေးဖက်ဝင် ပုံများ
Unicode
တောကြက်ဥ မမြင်ဖူးသူ တွေအတွက် တောကြ က်ဥ အိမ်ကြက်ဥ CP ကြက်ဥတို့ကို ယှဉ်ပြထား တာပါ …
ရောင်းရန်မဟုတ်ပါ … နောက်အလျှင်း သင့်လျှင် ရေကြက်ဥ၊ ရေဘဲဥ၊ ဒင်ကျီးဥများနှင့်
ဟင်္သာဥများ ကိုပါ ရှာဖွေကာ တင်ပြ ပေးပါမည်။
တောကြက်ဥ ……
တော အစပ်တွင် တွေ့ရလေ့ရှိသည်။ အပင် ခပ်လတ်လတ် ကိုင်းခြုံ ဆူးခြုံများရှိ အသိုက်များတွင် တွေ့ရသည်။ တစ်လုံးမှစ၍
အများဆုံး ၅ လုံးခန့်အထိသာ တွေ့ရတတ်သည်။
ရှားပါး၍ ဆေးဖက်ဝင်သည် ဟုဆိုကြ၍ တရုတ်သမားတော် များက အဝယ် များသည်။
ယခင်ကပေါများသော်လည်း လက်ရှိအချိန်၌ ရှားပါးနေပြီ
ဖြစ်သည်။ တစ်လုံးလျှင် ၂၅၀၀ ကျပ်ခန့် အထိပေါက်ဈေး ရှိသည်။
တောကြက်ဥကို ဆန်အရက်ဖြင့် ဖျော်သောက်ပါက အမျိုးသမီးများ မီးယပ်သွေးဆုံးကိုင်ခြင်း ကိုယ်ဝန်ဆိပ် တက်ခြင်းများ
သက်သာ ပျောက်ကင်း စေသည်။ တရုတ်ရိုးရာ အားတိုး ဆေးများတွင် ထည့်သွင်း ဖော်စပ်ကြသည်။
အိမ်ကြက်ဥ … သဘာဝ အတိုင်း လွှတ်ကျောင်း မွေးမြူ ထားသည့် ကြက်မ များမှာ ဥ
သော အကောင် ပေါက်မည့် ဥ ဖြစ်သည်။
မဒမ်းများမှ ဥသော လေဥသည် တန်ဖိုးမရှိ ဆေးဖက် မဝင်ပါ အိမ်ကြက် ဥသည် ထွေထွေထူးထူး ပြော စရာ မရှိအောင် မြန်မာ တို့နှင့် ရင်းနှီးပြီး သားပင်ဖြစ်သည်။
အိမ်ကြက်ဥတွင် စစ်တကောင်း ကြ က်ဥ၊ ညောင်ကန်ကြက်၊ တိုက်ကြက်ဥ နှင့် တိန် ညင်ကြက်ဥ ဟူ၍ အမျိုးအစား ကွဲပြားသည်။
တစ်လုံးလျှင် ၅၀၀ ကျပ်ခန့်အထိ ပေါက်ဈေးရှိသည်။ အရက်နာ ကျသူတွေ အတွက် အိမ်ကြက်
ဥ နှင့် သံပုရာသီး ဖျော်သောက်ခြင်း၊ အမျိုးသား များအတွက် အိမ်ကြက်ဥ၊ ဖီးကြမ်းနှင့် ပျားရည် ခေါက်စားခြင်း စသည်တို့ဖြင့်
လက်ရှိ၌ အသုံးပြုကြသည်။ မွေးမြူရေး ကြက်ဥရဲ့အ ကြောင်းက တော့ မပြောတော့ပါဘူး။ credit ဖိုးသူတော်
Zaw Gyi
ေတာၾကက္ဥ မျမင္ဖူးသူ ေတြအတြက္ ေတာၾက က္ဥ အိမ္ၾကက္ဥ CP ၾကက္ဥတို႔ကို ယွဥ္ျပထား တာပါ …
ေရာင္းရန္မဟုတ္ပါ … ေနာက္အလွ်င္း သင့္လွ်င္ ေရၾကက္ဥ၊ ေရဘဲဥ၊ ဒင္က်ီးဥမ်ားႏွင့္
ဟသၤာဥမ်ား ကိုပါ ရွာေဖြကာ တင္ျပ ေပးပါမည္။ေတာၾကက္ဥ ……
ေတာ အစပ္တြင္ ေတြ႕ရေလ့ရွိသည္။ အပင္ ခပ္လတ္လတ္ ကိုင္းၿခဳံ ဆူးၿခဳံမ်ားရွိ အသိုက္မ်ားတြင္ ေတြ႕ရသည္။ တစ္လုံးမွစ၍
အမ်ားဆုံး ၅ လုံးခန႔္အထိသာ ေတြ႕ရတတ္သည္။
ရွားပါး၍ ေဆးဖက္ဝင္သည္ ဟုဆိုၾက၍ တ႐ုတ္သမားေတာ္ မ်ားက အဝယ္ မ်ားသည္။
ယခင္ကေပါမ်ားေသာ္လည္း လက္ရွိအခ်ိန္၌ ရွားပါးေနၿပီ
ျဖစ္သည္။ တစ္လုံးလွ်င္ ၂၅၀၀ က်ပ္ခန႔္ အထိေပါက္ေဈး ရွိသည္။
ေတာၾကက္ဥကို ဆန္အရက္ျဖင့္ ေဖ်ာ္ေသာက္ပါက အမ်ိဳးသမီးမ်ား မီးယပ္ေသြးဆုံးကိုင္ျခင္း ကိုယ္ဝန္ဆိပ္ တက္ျခင္းမ်ား
သက္သာ ေပ်ာက္ကင္း ေစသည္။ တ႐ုတ္႐ိုးရာ အားတိုး ေဆးမ်ားတြင္ ထည့္သြင္း ေဖာ္စပ္ၾကသည္။
အိမ္ၾကက္ဥ … သဘာဝ အတိုင္း လႊတ္ေက်ာင္း ေမြးျမဴ ထားသည့္ ၾကက္မ မ်ားမွာ ဥ
ေသာ အေကာင္ ေပါက္မည့္ ဥ ျဖစ္သည္။
မဒမ္းမ်ားမွ ဥေသာ ေလဥသည္ တန္ဖိုးမရွိ ေဆးဖက္ မဝင္ပါ အိမ္ၾကက္ ဥသည္ ေထြေထြထူးထူး ေျပာ စရာ မရွိေအာင္ ျမန္မာ တို႔ႏွင့္ ရင္းႏွီးၿပီး သားပင္ျဖစ္သည္။
အိမ္ၾကက္ဥတြင္ စစ္တေကာင္း ၾက က္ဥ၊ ေညာင္ကန္ၾကက္၊ တိုက္ၾကက္ဥ ႏွင့္ တိန္ ညင္ၾကက္ဥ ဟူ၍ အမ်ိဳးအစား ကြဲျပားသည္။
တစ္လုံးလွ်င္ ၅၀၀ က်ပ္ခန႔္အထိ ေပါက္ေဈးရွိသည္။ အရက္နာ က်သူေတြ အတြက္ အိမ္ၾကက္
ဥ ႏွင့္ သံပုရာသီး ေဖ်ာ္ေသာက္ျခင္း၊ အမ်ိဳးသား မ်ားအတြက္ အိမ္ၾကက္ဥ၊ ဖီးၾကမ္းႏွင့္ ပ်ားရည္ ေခါက္စားျခင္း စသည္တို႔ျဖင့္
လက္ရွိ၌ အသုံးျပဳၾကသည္။ ေမြးျမဴေရး ၾကက္ဥရဲ႕အ ေၾကာင္းက ေတာ့ မေျပာေတာ့ပါဘူး။ credit ဖိုးသူေတာ္