ႏွစ္ သန္း ၁၀၀ ရွိ ပန္းပြင့္သစ္အား ျမန္မာ့ပယင္းေက်ာက္အတြင္း ေတြ႕ရွိ။

Unicode

အော်ရီဂွန်ပြည်နယ် တက္ကသိုလ်မှ ပညာရှင်များသည် နှစ် သန်း ၁၄၆ သန်းမှ ၆၄ သန်းကြားတွင် ရှိသည့် Cretaceous ခေတ်ကာလ (လွန်ခဲ့သော နှစ်သန်းပေါင်း ၁၄၅.၅ သန်းနှင့် ၆၅.၅ သန်း) က ပန်းမျိုးတစ်မျိုး၏ အဖိုပွင့်တစ်ခုကို မြန်မာပယင်းကျောက်အတွင်း တွေ့ရှိသည်။

နေရောင်ကြိုက်သော ယင်း အဖိုပွင့်ကို ပယင်းကျောက်အတွင်း အေးခဲစွာ ရှိနေသည်ကို တွေ့ရှိခြင်း ဖြစ်၍ အံ့ဖွယ်တစ်ပါးပဲ ဖြစ်သည်။

“ဒါဟာ ခရစ္စမတ် ပန်းတော့မဟုတ်ပေမယ့် အလှတစ်ပါးပဲ။ အထူးသဖြင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ လောက်က ရှိခဲ့တဲ့ သစ်တောရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာကို စဉ်းစားမိရင်ပေါ့။”ဟု ယင်းတက္ကသိုလ် သိပ္ပံဌာနမှ ဂုဏ်ထူးဆောင် ပါမောက္ခဂျော့ပွိုင်နာက ပြောသည်။

အဆိုပါ အဖိုပွင့် တွေ့ရှိမှုကို Botanical Research Institute of Texas ဂျာနယ်တွင် ပုံနှိပ်ဖော်ပြခဲ့ခြင်း ဖြစ်သည်။

“အခု အဖိုပွင့်ဟာ အရမ်းသေးပါတယ်၊ ၂ မီလီမီတာလောက်ပဲ ရှည်တယ်။ ဒါပေမယ် နွယ်လိမ်နွယ်ရစ်ပုံမျိုး ဝတ်ဆံဖို ၅၀ လောက် ရှိနေတာ ဖြစ်တယ်။ ပန်းဝတ်မှုန်အိမ်ကလည်း နေကို မျက်နှာမူထားတယ်။”

ဟု ပယင်းကျောက်များအတွင်းက သစ်ပင်ပန်းပင်များနှင့် သက်ရှိများ၏ ဇီဝဓာတ်ကို အသုံးချပြီး ဇီဝဗေဒနှင့် အတိတ် ဂေဟစနစ်ကို လေ့လာသည့် နိုင်ငံတကာပညာရှင် ပွိုင်နာက ဆိုသည်။

အဆိုပါ တွေ့ရှိရသော အဖိုမျိုးစေ့ပန်းတွင် ဝတ်ဆံထုတ်လုပ်ပေးရာ ခေါင်းဖြစ်သည့် ပန်းဝတ်မှုန်အိမ်ပါ ရိုးတံသည်လည်း ပန်းနှင့် တစ်ပါတည်း ရှိနေသည်။

“ သိပ်သေးငယ်တယ်ဆိုပေမယ့်လည်း အသေးစိတ်တွေက မပျက်မယွင်းကြွင်းကျန်နေတာကတော့ အံ့သြစရာပါပဲဗျာ။” ဟု ပွိုင်နာက ဆိုသည်။ ” ကျွန်တော်တို့ တွေ့ရှိတဲ့ ဒီမျိုးဟာ အပင်ပေါ်က အစုအဝေးရဲ့တစ်စိတ်တဒေသဖြစ်နိုင်ပြီး ဆင်တူပန်းအများကြီးပါဝင်နိုင်တယ်၊ ဖြစ်နိုင်ချေတစ်ချို့ကတော့ အမပွင့်တွေပေါ့ ”

ရှာဖွေတွေ့ရှိမှုသစ်တွင် ဥပုံသဏ္ဍာန်ရှိသော အခေါင်းပေါက်ပါပန်းခွက်ပုံဖြစ်ပြီး ဝတ်ဆံဖို ထွက်ရှိသည့် အခန်းအကန့်လည်းရှိသည်။ ပန်း၏ အပြင်လွှာတွင် ပွင့်ဖတ်ပုံ ခြောက်ခုပါရှိကာ ဝတ်ဆုံအိမ် နှစ်ခုပါရှိသည်။

အဆိုပါ ပန်းအား Valviloculus pleristaminis ဟု အမည်ပေးထားပြီး Valva ဆိုသည်မှာ လက်တင်နာမည်အားဖြင့် ဘောင်ကွပ်တံခါးပေါ်မှ သစ်ရွက်ဆိုသည့် အဓိပ္ပာယ်ဆောင်သည်။
Credit

Zaw Gyi

ေအာ္ရီဂြန္ျပည္နယ္ တကၠသိုလ္မွ ပညာရွင္မ်ားသည္ ႏွစ္ သန္း ၁၄၆ သန္းမွ ၆၄ သန္းၾကားတြင္ ရွိသည့္ Cretaceous ေခတ္ကာလ (လြန္ခဲ့ေသာ ႏွစ္သန္းေပါင္း ၁၄၅.၅ သန္းႏွင့္ ၆၅.၅ သန္း) က ပန္းမ်ိဳးတစ္မ်ိဳး၏ အဖိုပြင့္တစ္ခုကို ျမန္မာပယင္းေက်ာက္အတြင္း ေတြ႕ရွိသည္။

ေနေရာင္ႀကိဳက္ေသာ ယင္း အဖိုပြင့္ကို ပယင္းေက်ာက္အတြင္း ေအးခဲစြာ ရွိေနသည္ကို ေတြ႕ရွိျခင္း ျဖစ္၍ အံ့ဖြယ္တစ္ပါးပဲ ျဖစ္သည္။

“ဒါဟာ ခရစၥမတ္ ပန္းေတာ့မဟုတ္ေပမယ့္ အလွတစ္ပါးပဲ။ အထူးသျဖင့္ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၁၀၀ ေလာက္က ရွိခဲ့တဲ့ သစ္ေတာရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္တယ္ဆိုတာကို စဥ္းစားမိရင္ေပါ့။”ဟု ယင္းတကၠသိုလ္ သိပၸံဌာနမွ ဂုဏ္ထူးေဆာင္ ပါေမာကၡေဂ်ာ့ပြိဳင္နာက ေျပာသည္။

အဆိုပါ အဖိုပြင့္ ေတြ႕ရွိမႈကို Botanical Research Institute of Texas ဂ်ာနယ္တြင္ ပုံႏွိပ္ေဖာ္ျပခဲ့ျခင္း ျဖစ္သည္။

“အခု အဖိုပြင့္ဟာ အရမ္းေသးပါတယ္၊ ၂ မီလီမီတာေလာက္ပဲ ရွည္တယ္။ ဒါေပမယ္ ႏြယ္လိမ္ႏြယ္ရစ္ပုံမ်ိဳး ဝတ္ဆံဖို ၅၀ ေလာက္ ရွိေနတာ ျဖစ္တယ္။ ပန္းဝတ္မႈန္အိမ္ကလည္း ေနကို မ်က္ႏွာမူထားတယ္။”

ဟု ပယင္းေက်ာက္မ်ားအတြင္းက သစ္ပင္ပန္းပင္မ်ားႏွင့္ သက္ရွိမ်ား၏ ဇီဝဓာတ္ကို အသုံးခ်ၿပီး ဇီဝေဗဒႏွင့္ အတိတ္ ေဂဟစနစ္ကို ေလ့လာသည့္ ႏိုင္ငံတကာပညာရွင္ ပြိဳင္နာက ဆိုသည္။

အဆိုပါ ေတြ႕ရွိရေသာ အဖိုမ်ိဳးေစ့ပန္းတြင္ ဝတ္ဆံထုတ္လုပ္ေပးရာ ေခါင္းျဖစ္သည့္ ပန္းဝတ္မႈန္အိမ္ပါ ႐ိုးတံသည္လည္း ပန္းႏွင့္ တစ္ပါတည္း ရွိေနသည္။

“ သိပ္ေသးငယ္တယ္ဆိုေပမယ့္လည္း အေသးစိတ္ေတြက မပ်က္မယြင္းႂကြင္းက်န္ေနတာကေတာ့ အံ့ၾသစရာပါပဲဗ်ာ။” ဟု ပြိဳင္နာက ဆိုသည္။ ” ကြၽန္ေတာ္တို႔ ေတြ႕ရွိတဲ့ ဒီမ်ိဳးဟာ အပင္ေပၚက အစုအေဝးရဲ႕တစ္စိတ္တေဒသျဖစ္ႏိုင္ၿပီး ဆင္တူပန္းအမ်ားႀကီးပါဝင္ႏိုင္တယ္၊ ျဖစ္ႏိုင္ေခ်တစ္ခ်ိဳ႕ကေတာ့ အမပြင့္ေတြေပါ့ ”

ရွာေဖြေတြ႕ရွိမႈသစ္တြင္ ဥပုံသ႑ာန္ရွိေသာ အေခါင္းေပါက္ပါပန္းခြက္ပုံျဖစ္ၿပီး ဝတ္ဆံဖို ထြက္ရွိသည့္ အခန္းအကန႔္လည္းရွိသည္။ ပန္း၏ အျပင္လႊာတြင္ ပြင့္ဖတ္ပုံ ေျခာက္ခုပါရွိကာ ဝတ္ဆုံအိမ္ ႏွစ္ခုပါရွိသည္။

အဆိုပါ ပန္းအား Valviloculus pleristaminis ဟု အမည္ေပးထားၿပီး Valva ဆိုသည္မွာ လက္တင္နာမည္အားျဖင့္ ေဘာင္ကြပ္တံခါးေပၚမွ သစ္႐ြက္ဆိုသည့္ အဓိပၸာယ္ေဆာင္သည္။
Credit