“ ေရနဲ႔ဖန္ခြက္ပဲ ရွိ႐ုံနဲ႔ အိမ္ထဲမွာ အလြယ္တကူစိုက္ပ်ိဳးႏိုင္တဲ့ ပန္းပင္၊ စားပင္ (၅) မ်ိဳး 🌹🌷🌹”
Unicode
“ ရေနဲ့ဖန်ခွက်ပဲ ရှိရုံနဲ့ အိမ်ထဲမှာ အလွယ်တကူစိုက်ပျိုးနိုင်တဲ့ ပန်းပင်၊ စားပင် (၅) မျိုး 🌹🌷🌹”
အပင်စိုက်ဖို့ဆိုရင် ယေဘယျအားဖြင့် မြေနေရာလည်း လိုသလို၊ စနစ်တကျ ရေလောင်း၊ ပေါင်းသင်တာတွေ လုပ်ပေးဖို့လိုအပ်ပါတယ်။
ဒီလိုဆိုတော့ တိုက်ခန်းမှာ နေတဲ့သူတွေ၊ အလုပ်များတဲ့သူတွေအနေနဲ့ အပင်စိုက်ချင်ရင်တောင် အဲလိုပြဿနာလေးတွေကြောင့် မစိုက်ဖြစ်ကြပါဘူး။
ခုဖော်ပြပေးမှာကတော့ ရေနဲ့ဖန်ခွက်တစ်ခွက် ရှိရုံနဲ့ အလွယ်တကူ စိုက်ပျိုးလို့ရတဲ့ ပန်းပင်တွေ၊ စားပင်တွေပဲဖြစ်ပါတယ်။ ကြည့်လိုက်ပါနော်။
(၁) မုန်ညင်းဖြူ
ဖန်ခွက်ထဲကို ရေထည့်လိုက်ပြီး ပုံမှာပြထားတဲ့အတိုင်း မုန်ညင်းဖြူရဲ့ အောက်ခြေကို ထည့်ထားလိုက်ပါ။ အရွက်တွေ တဖြည်းဖြည်း ပြန်ထွက်လာတာကို တွေ့မြင်ရမှာပါ။
(၂) ကြက်သွန်နီ
ဖန်ခွက်ထဲကို ရေထည့်ပြီး ကြက်သွန်နီဥ (အနည်းဆုံး ၂လက်မ အမြင့် ရှိရပါမယ်) ကို ထည့်လိုက်ပါ။ ကြက်သွန်မြိတ်တွေ ထွက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။
(၃) ပူစီနံ
ရေထည့်ထားတဲ့ ဖန်ခွက်ထဲကို ပူစီနံတွေ ထည့်ထားလိုက်ပါ။ အရွက်လေးတွေကို စားသုံးပြီးရင်တောင် ပြန်ပြန်ထွက်လာမှာဖြစ်ပါတယ်။
(၄) ကျူးလစ်
ကျူးလစ်ဥလေးကို ရေအနည်းငယ် ထည့်ထားတဲ့ ဖန်ခွက်ထဲမှာ ထားလိုက်ပါ။ ရက်တွေ ကြာလာတာနဲ့အမျှ အပင်လေးတွေပေါက်ပြီး ပန်းပါပွင့်လာမှာဖြစ်ပါတယ်။
(၅) ဗေဒါ
ဗေဒါဥလေးတွေကို ရေအနည်းငယ် ထည့်ထားတဲ့ ဖန်ခွက်ထဲ ထည့်လိုက်ပါ။ ရက်အနည်းငယ်အတွင်းမှာပဲ အပင်ပေါက်ပြီး ပန်းလေးတွေ ပွင့်လာမှာဖြစ်ပါတယ်။
Em Em
Zaw Gyi
“ ေရနဲ႔ဖန္ခြက္ပဲ ရွိ႐ုံနဲ႔ အိမ္ထဲမွာ အလြယ္တကူစိုက္ပ်ိဳးႏိုင္တဲ့ ပန္းပင္၊ စားပင္ (၅) မ်ိဳး 🌹🌷🌹”
အပင္စိုက္ဖို႔ဆိုရင္ ေယဘယ်အားျဖင့္ ေျမေနရာလည္း လိုသလို၊ စနစ္တက် ေရေလာင္း၊ ေပါင္းသင္တာေတြ လုပ္ေပးဖို႔လိုအပ္ပါတယ္။
ဒီလိုဆိုေတာ့ တိုက္ခန္းမွာ ေနတဲ့သူေတြ၊ အလုပ္မ်ားတဲ့သူေတြအေနနဲ႔ အပင္စိုက္ခ်င္ရင္ေတာင္ အဲလိုျပႆနာေလးေတြေၾကာင့္ မစိုက္ျဖစ္ၾကပါဘူး။
ခုေဖာ္ျပေပးမွာကေတာ့ ေရနဲ႔ဖန္ခြက္တစ္ခြက္ ရွိ႐ုံနဲ႔ အလြယ္တကူ စိုက္ပ်ိဳးလို႔ရတဲ့ ပန္းပင္ေတြ၊ စားပင္ေတြပဲျဖစ္ပါတယ္။ ၾကည့္လိုက္ပါေနာ္။
(၁) မုန္ညင္းျဖဴ
ဖန္ခြက္ထဲကို ေရထည့္လိုက္ၿပီး ပုံမွာျပထားတဲ့အတိုင္း မုန္ညင္းျဖဴရဲ႕ ေအာက္ေျခကို ထည့္ထားလိုက္ပါ။ အ႐ြက္ေတြ တျဖည္းျဖည္း ျပန္ထြက္လာတာကို ေတြ႕ျမင္ရမွာပါ။
(၂) ၾကက္သြန္နီ
ဖန္ခြက္ထဲကို ေရထည့္ၿပီး ၾကက္သြန္နီဥ (အနည္းဆုံး ၂လက္မ အျမင့္ ရွိရပါမယ္) ကို ထည့္လိုက္ပါ။ ၾကက္သြန္ၿမိတ္ေတြ ထြက္လာတာကို ေတြ႕ရမွာျဖစ္ပါတယ္။
(၃) ပူစီနံ
ေရထည့္ထားတဲ့ ဖန္ခြက္ထဲကို ပူစီနံေတြ ထည့္ထားလိုက္ပါ။ အ႐ြက္ေလးေတြကို စားသုံးၿပီးရင္ေတာင္ ျပန္ျပန္ထြက္လာမွာျဖစ္ပါတယ္။
(၄) က်ဴးလစ္
က်ဴးလစ္ဥေလးကို ေရအနည္းငယ္ ထည့္ထားတဲ့ ဖန္ခြက္ထဲမွာ ထားလိုက္ပါ။ ရက္ေတြ ၾကာလာတာနဲ႔အမွ် အပင္ေလးေတြေပါက္ၿပီး ပန္းပါပြင့္လာမွာျဖစ္ပါတယ္။
(၅) ေဗဒါ
ေဗဒါဥေလးေတြကို ေရအနည္းငယ္ ထည့္ထားတဲ့ ဖန္ခြက္ထဲ ထည့္လိုက္ပါ။ ရက္အနည္းငယ္အတြင္းမွာပဲ အပင္ေပါက္ၿပီး ပန္းေလးေတြ ပြင့္လာမွာျဖစ္ပါတယ္။
Em Em