ေငြအလြယ္ရလိုတဲ့ေလာကႀကီးမွာ ေငြထက္တန္ဖိုးရွိတဲ့ ညီမေလးလိုလူမ်ိဳးေတြ သိပ္ကိုရွားသြားၿပီ

ဒါမ်ိး သိပ္ရွားသြားၿပီ ညီမေလး။ ေနျပည္ေတာ္ ေဈးေရာင္းပြဲေတာ္မွာ ကြၽန္ေတာ္ ေဈးေရာင္းေနတုန္း တစ္ေန႔က ေဈးလာဝယ္သြားတဲ့ သားအမိႏွစ္ေယာက္ ျပန္ေရာက္လာတယ္။ ၿပီးေတာ့ “အကို စကားေလးေျပာစရာရွိလို႔ပါ” ဆိုတဲ့ သူ႔သ႑န္နဲ႔ သူ႔ဟန္ေၾကာင့္ ျပႆနာတစ္ခုရွိၿပီ

ဆိုတာ ရိပ္စားမိလိုက္တယ္။ အဲ့ဒါနဲ႔ ေရာင္းလက္စေဈးဝယ္ ခဏထားၿပီး “ေျပာပါ ညီမေလး ဘာကူညီေပးရမလဲ ဘာျဖစ္လို႔လဲ ခင္ဗ်ာ” ဆိုေတာ့ “အကိုေရ တစ္ခုေတာ့ အရင္ေတာင္းဆိုခ်င္တယ္ေနာ္ ”ဟုတ္ လူလည္း နည္းနည္းေတာ့ လန႔္သြားတယ္ ဘာမ်ားပါလိမ့္?

“အကို႔ ကေလးေတြကို အျပစ္မတင္ မဆူပါနဲ႔ေနာ္ ဒါေပမဲ့ အကိုလည္း သိသင့္တယ္ထင္လို႔ လာေျပာတာ” ဆိုေတာ့ ဒိန္းခနဲဘဲ ဟာ ဘယ္ေကာင္ ဘာျပႆနာရွာလဲမသိလို႔ အေတြးေပါင္း ေသာင္းေျခာက္ေထာင္ ေခါင္းထဲခ်က္ျခင္းတိုးလာၿပီး ေခါင္းႀကီး ႀကီးသြားတယ္။

“မေန႔က အကို႔ဆိုင္က ေ႐ႊတစ္က်ပ္သားႀကိဳး ဝယ္သြားတာ အဲ့ဒါဒီေန႔ ေ႐ႊဆိုင္မွာ သြားခ်ိန္ၾကည့္ေတာ့ ႏွစ္က်ပ္သားႀကိဳး ျဖစ္ေနတယ္အကို ကေလးေတြ မွားေပးလိုက္တယ္ ထင္တယ္ အဲ့ဒါေလးလာေျပာၿပီး ပစၥည္းေလးျပန္လာေပးတာ ညီမတို႔က ေလာေလာဆယ္ 2 က်ပ္သားဖိုး

မႏိုင္ေသးလို႔ အကို” တဲ့။ စိတ္ထဲမွာ ႐ိုးသားျဖဴစင္မႈကို မ်က္ျမင္ေတြ႕လိုက္တဲ့အခါမွာ မယုံနိင္ေအာင္ ဆြံ႕အ သြားမိတာအမွန္။ ကေလးေတြကို မဆူပါနဲ႔ ဆိုလို႔ ေပးထားတဲ့ ဂတိအတိုင္း ဘယ္သူ႔ေၾကာင့္ ဘယ္ေနရာက Error တက္လဲဆိုတာေတာင္ အေျဖမရွာမိေတာ့ပါဘူး၊

သူတို႔လည္း ရည္႐ြယ္ခ်က္ရွိရွိနဲ႔ ျဖစ္ပါေစေတာ့ရယ္လို႔ တမင္လုပ္ၾကတာမွ မဟုတ္တာ၊ အလုပ္မ်ားၾကလို႔ မေတာ္တဆ လြဲမွားမႈဆိုတာ ေနရာတိုင္းမွာ ရွိတာဘဲလို႔ ခ်က္ခ်င္းေျဖေတြး ေတြးလိုက္ရတယ္။ ဒါေပမဲ့ စိတ္ထဲတစ္ခုေတာ့ ပူသြားတာလည္း ရွိေသးတယ္၊

ဒါက ကိုယ္က ပိုပါသြားတာမို႔ တစ္ဖက္က ႐ိုး႐ိုးသားသား ျပန္လာေပးတဲ့သူနဲ႔ႀကဳံလို႔ ကိုယ္ကျပန္ရတာ၊ မဟုတ္ရင္ ဒီ amount က ကေလးေတြနဲ႔ ကြၽန္ေတာ္ၾကား စာရင္းစစ္ခ်ိန္ အျငင္းပြားရေတာ့မွာ။ ၿပီးေတာ့ ေနာက္ထပ္ ပိုဆိုးတာက ကိုယ္ကသာ 2 က်ပ္သားႀကိဳး

ဝယ္တဲ့သူကို တစ္က်ပ္သားႀကိဳးကုံး မွားေပးမိရင္ ဆိုတဲ့အေတြးက ေသာကပြားေစတာမို႔ ေနာက္ဆို ပိုမိုသတိထား အမွားနည္းေအာင္လုပ္ၾကဖို႔ေတာ့ ေဆာ္ေၾသာ္မိတာအမွန္။ အသက္တစ္ရာ မေနရေပမဲ့ အမႈတစ္ရာ ေပြရတယ္ ဆိုတဲ့စကားအတိုင္း ျပႆနာေတြ မႀကဳံေစခ်င္တဲ့

ေစတနာေတြနဲ႔ အလင္းျပေပးတဲ့ ေနျပည္ေတာ္ Junction မွာ က်င္းပေသာ ကြၽန္ေတာ္တို႔ 29 ရတနာရဲ႕ စိန္အထူးေရာင္းပြဲမွာ လာေရာက္အားေပးတဲ့ ေတာင္ႀကီးကညီမေလး ၿငိမ္းသၪၨာထက္ေရ ေက်းဇူးအမ်ားႀကီး တင္ပါတယ္ခင္ဗ်ာ။ ညီမရဲ႕ ေစတနာေမတၱာအျပည့္နဲ႔

ေထာက္ျပေပးတဲ့ေက်းဇူးကို ကြၽန္ေတာ့္တစ္သက္ မေမ့ပါဘူးေနာ္။ ေငြအလြယ္ရလိုတဲ့ ေလာကႀကီးမွာ ေငြထက္တန္ဖိုးရွိတဲ့ ဒီလိုအရာေတြဟာ သိပ္ကိုရွားသြားၿပီ ညီမေလး။ ညီမအတြက္ အကို တကယ္ဂုဏ္ယူပါတယ္ ညီမေရ။ ျဖဴစင္႐ိုးသား ေစတနာထားတဲ့ ေတာင္ႀကီးသူ

ညီမေလး ၿငိမ္း အတြက္ Share တစ္ခ်က္နဲ႔ ဂုဏ္ျပဳေပးၾကဖို႔ ေမတၱာရပ္ခံ တိုက္တြန္းအပ္ပါတယ္ဗ်ာ။ မွတ္ခ်က္ – ယခုျဖစ္စဥ္မွာ ကိုယ္တိုင္ မွားယြင္းျခင္းေၾကာင့္မဟုတ္ဘဲ ကြၽန္ေတာ္ အလုပ္မ်ားေနခ်ိန္ ကြၽန္ေတာ့္ကိုယ္စား 29 ရတနာ အဖြဲ႕ကိုယ္စား Customer ကို

စိတ္ေက်နပ္မႈ ရေအာင္ ဧည့္ဝတ္ျပဳ ဧည့္ခံေတာင္းပန္ ဓာတ္ပုံမွတ္တမ္းတင္ထားေပးပါေသာ ညီေလး ထက္လင္းႏွင့္ ညီေလး သီဟတို႔အား 29 ရတနာကိုယ္စား ေက်းဇူးတင္ ဂုဏ္ျပဳပါတယ္ ညီတို႔ေရ။

Unicode

ဒါမျိး သိပ်ရှားသွားပြီ ညီမလေး။ နေပြည်တော် ဈေးရောင်းပွဲတော်မှာ ကျွန်တော် ဈေးရောင်းနေတုန်း တစ်နေ့က ဈေးလာဝယ်သွားတဲ့ သားအမိနှစ်ယောက် ပြန်ရောက်လာတယ်။ ပြီးတော့ “အကို စကားလေးပြောစရာရှိလို့ပါ” ဆိုတဲ့ သူ့သဏ္ဍန်နဲ့ သူ့ဟန်ကြောင့် ပြဿနာတစ်ခုရှိပြီ

ဆိုတာ ရိပ်စားမိလိုက်တယ်။ အဲ့ဒါနဲ့ ရောင်းလက်စဈေးဝယ် ခဏထားပြီး “ပြောပါ ညီမလေး ဘာကူညီပေးရမလဲ ဘာဖြစ်လို့လဲ ခင်ဗျာ” ဆိုတော့ “အကိုရေ တစ်ခုတော့ အရင်တောင်းဆိုချင်တယ်နော် ”ဟုတ် လူလည်း နည်းနည်းတော့ လန့်သွားတယ် ဘာများပါလိမ့်?

“အကို့ ကလေးတွေကို အပြစ်မတင် မဆူပါနဲ့နော် ဒါပေမဲ့ အကိုလည်း သိသင့်တယ်ထင်လို့ လာပြောတာ” ဆိုတော့ ဒိန်းခနဲဘဲ ဟာ ဘယ်ကောင် ဘာပြဿနာရှာလဲမသိလို့ အတွေးပေါင်း သောင်းခြောက်ထောင် ခေါင်းထဲချက်ခြင်းတိုးလာပြီး ခေါင်းကြီး ကြီးသွားတယ်။

“မနေ့က အကို့ဆိုင်က ရွှေတစ်ကျပ်သားကြိုး ဝယ်သွားတာ အဲ့ဒါဒီနေ့ ရွှေဆိုင်မှာ သွားချိန်ကြည့်တော့ နှစ်ကျပ်သားကြိုး ဖြစ်နေတယ်အကို ကလေးတွေ မှားပေးလိုက်တယ် ထင်တယ် အဲ့ဒါလေးလာပြောပြီး ပစ္စည်းလေးပြန်လာပေးတာ ညီမတို့က လောလောဆယ် 2 ကျပ်သားဖိုး

မနိုင်သေးလို့ အကို” တဲ့။ စိတ်ထဲမှာ ရိုးသားဖြူစင်မှုကို မျက်မြင်တွေ့လိုက်တဲ့အခါမှာ မယုံနိင်အောင် ဆွံ့အ သွားမိတာအမှန်။ ကလေးတွေကို မဆူပါနဲ့ ဆိုလို့ ပေးထားတဲ့ ဂတိအတိုင်း ဘယ်သူ့ကြောင့် ဘယ်နေရာက Error တက်လဲဆိုတာတောင် အဖြေမရှာမိတော့ပါဘူး၊

သူတို့လည်း ရည်ရွယ်ချက်ရှိရှိနဲ့ ဖြစ်ပါစေတော့ရယ်လို့ တမင်လုပ်ကြတာမှ မဟုတ်တာ၊ အလုပ်များကြလို့ မတော်တဆ လွဲမှားမှုဆိုတာ နေရာတိုင်းမှာ ရှိတာဘဲလို့ ချက်ချင်းဖြေတွေး တွေးလိုက်ရတယ်။ ဒါပေမဲ့ စိတ်ထဲတစ်ခုတော့ ပူသွားတာလည်း ရှိသေးတယ်၊

ဒါက ကိုယ်က ပိုပါသွားတာမို့ တစ်ဖက်က ရိုးရိုးသားသား ပြန်လာပေးတဲ့သူနဲ့ကြုံလို့ ကိုယ်ကပြန်ရတာ၊ မဟုတ်ရင် ဒီ amount က ကလေးတွေနဲ့ ကျွန်တော်ကြား စာရင်းစစ်ချိန် အငြင်းပွားရတော့မှာ။ ပြီးတော့ နောက်ထပ် ပိုဆိုးတာက ကိုယ်ကသာ 2 ကျပ်သားကြိုး

ဝယ်တဲ့သူကို တစ်ကျပ်သားကြိုးကုံး မှားပေးမိရင် ဆိုတဲ့အတွေးက သောကပွားစေတာမို့ နောက်ဆို ပိုမိုသတိထား အမှားနည်းအောင်လုပ်ကြဖို့တော့ ဆော်သြော်မိတာအမှန်။ အသက်တစ်ရာ မနေရပေမဲ့ အမှုတစ်ရာ ပွေရတယ် ဆိုတဲ့စကားအတိုင်း ပြဿနာတွေ မကြုံစေချင်တဲ့

စေတနာတွေနဲ့ အလင်းပြပေးတဲ့ နေပြည်တော် Junction မှာ ကျင်းပသော ကျွန်တော်တို့ 29 ရတနာရဲ့ စိန်အထူးရောင်းပွဲမှာ လာရောက်အားပေးတဲ့ တောင်ကြီးကညီမလေး ငြိမ်းသဉ္ဇာထက်ရေ ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။ ညီမရဲ့ စေတနာမေတ္တာအပြည့်နဲ့

ထောက်ပြပေးတဲ့ကျေးဇူးကို ကျွန်တော့်တစ်သက် မမေ့ပါဘူးနော်။ ငွေအလွယ်ရလိုတဲ့ လောကကြီးမှာ ငွေထက်တန်ဖိုးရှိတဲ့ ဒီလိုအရာတွေဟာ သိပ်ကိုရှားသွားပြီ ညီမလေး။ ညီမအတွက် အကို တကယ်ဂုဏ်ယူပါတယ် ညီမရေ။ ဖြူစင်ရိုးသား စေတနာထားတဲ့ တောင်ကြီးသူ

ညီမလေး ငြိမ်း အတွက် Share တစ်ချက်နဲ့ ဂုဏ်ပြုပေးကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါတယ်ဗျာ။ မှတ်ချက် – ယခုဖြစ်စဉ်မှာ ကိုယ်တိုင် မှားယွင်းခြင်းကြောင့်မဟုတ်ဘဲ ကျွန်တော် အလုပ်များနေချိန် ကျွန်တော့်ကိုယ်စား 29 ရတနာ အဖွဲ့ကိုယ်စား Customer ကို

စိတ်ကျေနပ်မှု ရအောင် ဧည့်ဝတ်ပြု ဧည့်ခံတောင်းပန် ဓာတ်ပုံမှတ်တမ်းတင်ထားပေးပါသော ညီလေး ထက်လင်းနှင့် ညီလေး သီဟတို့အား 29 ရတနာကိုယ်စား ကျေးဇူးတင် ဂုဏ်ပြုပါတယ် ညီတို့ရေ။