ဒီသမိုင်းလေးကို သိပြီးသကာလ “နောင်အခါ ကျွန်တော် ခါငှက်သား မစားတော့ပါ”
Unicode
ဒီသမိုင်းလေးကို သိပြီးသကာလ “နောင်အခါ ကျွန်တော် ခါငှက်သား မစားတော့ပါ”
ပြောင်ခေါင်းဒေသရဲ့ တောတောင်ထဲ ရောက်ချိန် မှာ
ငှက်မုဆိုးတစ်ယောက်က လာရောင်းတာ..
တစ်ကောင်ကို ၃၀၀၀ – ကျပ်နဲ့ ခါငှက် ၂ ကောင်။
၂ ကောင်ဆိုတော့ ၆၀၀၀ – ကျပ်ပေါ့။
ဝယ်မိတာ ကတော့ အသေကောင်တွေပါ။
အဲဒီ ငှက်မုဆိုးကို ခါ – ကို ဘယ်လို ထောင်သလဲ အင်တာဗျူးမိတယ်။
သူတို့ပြောတာက ခါငှက်အထီး တွေကိုပဲ ထောင်လို့ရပါတယ်တဲ့။
mp 3 box ကို ဆိုင်ကယ် ဘက်ထရီလေးနဲ့ ချိတ် ၊
ခါငှက် အမရဲ့ အသံလုပ်ပြီး မြှူဆွယ်တဲ့ သဘော။
ညနေ မိုးချုပ်အချိန် ခါငှက်အထီးတွေက အမသံကြား တော့ ငှက်မုဆိုးတွေရဲ့ ညွှတ်ကွင်းထဲ မိကြတာပဲ။
ခါငှက်အသားက အရမ်းကျစ်တယ်။
ရင့်တယ်။ မွနေအောင် ထောင်းပြီး ကြော်စားရတဲ့ အမျိုး ။
ထောင်ဖမ်းတဲ့အခါမှာလဲ ခါငှက် အမတွေကိုတော့
မျိုးမ ပျောက်အောင် ပြန်လွှတ်ပေးပါတယ်တဲ့…
နောက်ဆက်တွဲ ကျွန်တော် မောင်ဂျိမ်းစ် လေ့လာ သိရှိ မိတာက
ခါငှက်တို့သဘာဝဟာ ချင်းတောင် တန်းက အောက်ချင်းငှက်တွေလိုပဲ။
တစ်လင် – တစ်မယား စနစ်။
ဝါတွင်းကာလ မိတ်မလိုက်ဘူး။
သူ့နယ်မြေ ကိုယ့်နယ်မြေ စည်းထားတယ်။
အဲဒီ ခါငှက်တွေက ဥမကွဲအသိုက်မပြတ် နေထိုင်ကြပြီးလျှင်
သား သမီးအများအပြား
အတောင်စုံ ခွဲခွာသွားသော်လည်း
အိုကြီးအိုမ အထိအတူတကွ နေထိုင်ကြတာတဲ့…
ယခု အဲဒီ သမိုင်းလေး သိပြီးသကာလ ခါငှက် လေးတွေရဲ့
အတုယူစရာတွေကို နောင်တ နှင့် တကွ ဒီတသက် ခါငှက်သား မစားတော့ပါ…
Credit
Zaw Gyi
ဒီသမိုင္းေလးကို သိၿပီးသကာလ “ေနာင္အခါ ကြၽန္ေတာ္ ခါငွက္သား မစားေတာ့ပါ”
ေျပာင္ေခါင္းေဒသရဲ႕
ေတာေတာင္ထဲ ေရာက္ခ်ိန္ မွာ ငွက္မုဆိုးတစ္ေယာက္က လာေရာင္းတာ..
တစ္ေကာင္ကို ၃၀၀၀ – က်ပ္နဲ႔ ခါငွက္ ၂ ေကာင္။
၂ ေကာင္ဆိုေတာ့ ၆၀၀၀ – က်ပ္ေပါ့။
ဝယ္မိတာ ကေတာ့ အေသေကာင္ေတြပါ။
အဲဒီ ငွက္မုဆိုးကို ခါ – ကို ဘယ္လို ေထာင္သလဲ အင္တာဗ်ဴးမိတယ္။
သူတို႔ေျပာတာက ခါငွက္အထီး ေတြကိုပဲ ေထာင္လို႔ရပါတယ္တဲ့။
mp 3 box ကို ဆိုင္ကယ္ ဘက္ထရီေလးနဲ႔ ခ်ိတ္ ၊ ခါငွက္ အမရဲ႕ အသံလုပ္ၿပီး ျမႇဴဆြယ္တဲ့ သေဘာ။
ညေန မိုးခ်ဳပ္အခ်ိန္ ခါငွက္အထီးေတြက
အမသံၾကား ေတာ့ ငွက္မုဆိုးေတြရဲ႕ ၫႊတ္ကြင္းထဲ မိၾကတာပဲ။
ခါငွက္အသားက အရမ္းက်စ္တယ္။ ရင့္တယ္။
မြေနေအာင္ ေထာင္းၿပီး ေၾကာ္စားရတဲ့ အမ်ိဳး ။
ေထာင္ဖမ္းတဲ့အခါမွာလဲ ခါငွက္ အမေတြကိုေတာ့ မ်ိဳးမ ေပ်ာက္ေအာင္ ျပန္လႊတ္ေပးပါတယ္တဲ့…
ေနာက္ဆက္တြဲ ကြၽန္ေတာ္ ေမာင္ဂ်ိမ္းစ္ ေလ့လာ သိရွိ မိတာက ခါငွက္တို႔သဘာဝဟာ ခ်င္းေတာင္ တန္းက ေအာက္ခ်င္းငွက္ေတြလိုပဲ။
တစ္လင္ – တစ္မယား စနစ္။ ဝါတြင္းကာလ မိတ္မလိုက္ဘူး။
သူ႔နယ္ေျမ ကိုယ့္နယ္ေျမ စည္းထားတယ္။
အဲဒီ ခါငွက္ေတြက ဥမကြဲအသိုက္မျပတ္ ေနထိုင္ၾကၿပီးလွ်င္ သား သမီးအမ်ားအျပား
အေတာင္စုံ ခြဲခြာသြားေသာ္လည္း
အိုႀကီးအိုမ အထိအတူတကြ ေနထိုင္ၾကတာတဲ့…
ယခု အဲဒီ သမိုင္းေလး သိၿပီးသကာလ ခါငွက္ ေလးေတြရဲ႕
အတုယူစရာေတြကို ေနာင္တ ႏွင့္ တကြ ဒီတသက္ ခါငွက္သား မစားေတာ့ပါ…
Credit