ငါးဖယ်ကြော်ကို စေးစေးလေးနဲ့ ပျော့ပျော့လေးဖြစ်အောင် မန္တလေးစတိုင် ကြော်ကြမယ်
Unicode
ငါးဖယ်ကြော်ကို စေးစေးလေးနဲ့ ပျော့ပျော့လေးဖြစ်အောင် ကြော်ကြမယ်ရှင်.. ဒီကြော်နည်းလေးက မန္တလေးကြော်နည်းပါ..
မန်းလေးမှာငါးဖယ်အစစ်နဲ့မဟုတ်ပဲ ငါးမြစ်ချင်းခြစ်ကြော်ရင်တောင် စားကောင်းတယ်..
စေးစေးပျော့ပျော့ဖတ်ဖတ်ကလေးတွေ..
ငါးဖယ်လို မာထုတ်ထုတ်မစားချင်တဲ့အခါ ပျော့ပျော့စေးစေးလေးစားချင်တဲ့အခါ ဒီနည်းနဲ့ကြော်ကြည့်ပါနော်..
ါးဖယ်ကြော် ပျော့လဲပျော့သလို စေးလဲစေးတယ်.. ကြော်နည်းလဲလွယ်တယ်ရှင်..
ငါးဖယ်သားလေးတွေပျော့ပြီး ပိတ်နေအောင်စေးပါတယ်..
လိုအပ်တာတွေက ငါးဖယ် ၁၀ ကျပ်သား ဂျင်းလက် ၂ ဆစ်ခန့်ညက်ညက်ထောင်းထားပါ..
ကြက်သွန်ဖြူတစ်ဥ ညက်ညက်ထောင်းထားပါ..
ရေအကြမ်းပန်းကန်တစ်ဝက် ငါးဖယ်ထဲထည့်ရန် ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်းပါရှင်..
ငါးဖယ်ထဲ ဆား၊ ရေအကြမ်းပန်းကန်တစ်ဝက် ထည့်ပြီး နှယ်ပါမယ်..
စနှယ်စမှာ ငါးဖယ်နဲ့ရေတွေ့ပြီး ခုလိုပဲ ငါးဖယ်အသားတွေ ကွဲထွက်ပါတယ်.. အစေးပေါက်လာအောင်ဆက်နှယ်ပါရှင်..
တစ်ဖြည်းဖြည်းနဲ့ ငါးဖယ်က နှယ်လို့ကောင်းလာပြီး ပျော့ပျော့စေးစေးလေးဖြစ်လာပါမယ်
အဓိက စေးနေအောင်နှယ်ရ၊ ပေါက်ရပါမယ်..
ကြော်မယ့်ဒယ်မှာ ဆီ ၇ ကျပ်သားခန့်ထည့်ပါမယ်..
ဒယ်အိုးကိုအပူမပေးသေးပဲ ငါးဖယ်လေးတွေကို လက်ထဲခပ်ရှည်ရှည်ပုံလေးတွေ ဆုပ်ပါမယ်..
အပူမပေးရသေးတဲ့ ဆီဒယ်အိုးထဲ စီထည့်ပါမယ်..
ငါးဖယ်တွေအကုန်ဆုပ်ပြီးရင် ညက်ညက်ထောင်းထားတဲ့ဂျင်းနဲ့ ကြက်သွန်ဖြူကို အရည်ညှစ်ထည့်ပါမယ်
အဖတ်တွေ လုံးဝမထည့်ပါဘူးရှင်..
ဒါဆို စကြော်လို့ရပါပြီ.. အဲ့ဒီမှာ အဓိက အကျဆုံးသောအရာလာပါပြီ..
ငါးဖယ်ကို မီးအေးအေးနဲ့သာ စကြော်ပါမယ်..
မီးပြင်းနဲ့ကြော်ရင် စေးပေမယ့် ပျော့ပျော့စေးစေးတော့မဖြစ်ပါဘူး..
မာပါမယ်ရှင်..
မီးအေးအေးမှာ အဖုံးခဏအုပ်တည်ပါမယ်..
ဆီပူပြီး ဆီပူစီဖောင်းလေးတွေတက်လာရင် ဇွန်းနဲ့အသာယာလှန်လှောကြော်ပါမယ်..
မီးလုံးဝအေးအေးနဲ့ ကြော်ပါမယ်.. တဖြည်းဖြည်းကြော်ရင်း ငါးဖယ်လေးတွေ ပွတက်လာပါမယ်..
ငါးဖယ်လေးတွေ ၂ ဆလောက် ပွတက်လာရင်တော့ အထဲကလဲကျက်ပြီမို့ ဆယ်လို့ရပါပြီရှင်..
ငါးဖယ်လေးတွေကို ဆီစစ်ပြီး စိတ်ကြိုက်သုံးဆောင်လို့ရပါပြီ..
ဂျင်းနံ့၊ ကြက်သွန်ဖြူနံလေးတွေမွှေးပြီး ပျော့ပျော့စေးစေးလေးတွေပါရှင်..
Credit
Pan Kankayae
Zaw Gyi
ငါးဖယ္ေၾကာ္ကို ေစးေစးေလးနဲ႔ ေပ်ာ့ေပ်ာ့ေလးျဖစ္ေအာင္ ေၾကာ္ၾကမယ္ရွင္.. ဒီေၾကာ္နည္းေလးက မႏၲေလးေၾကာ္နည္းပါ..
မန္းေလးမွာငါးဖယ္အစစ္နဲ႔မဟုတ္ပဲ ငါးျမစ္ခ်င္းျခစ္ေၾကာ္ရင္ေတာင္ စားေကာင္းတယ္..
ေစးေစးေပ်ာ့ေပ်ာ့ဖတ္ဖတ္ကေလးေတြ..
ငါးဖယ္လို မာထုတ္ထုတ္မစားခ်င္တဲ့အခါ ေပ်ာ့ေပ်ာ့ေစးေစးေလးစားခ်င္တဲ့အခါ ဒီနည္းနဲ႔ေၾကာ္ၾကည့္ပါေနာ္..
ါးဖယ္ေၾကာ္ ေပ်ာ့လဲေပ်ာ့သလို ေစးလဲေစးတယ္.. ေၾကာ္နည္းလဲလြယ္တယ္ရွင္..
ငါးဖယ္သားေလးေတြေပ်ာ့ၿပီး ပိတ္ေနေအာင္ေစးပါတယ္..
လိုအပ္တာေတြက ငါးဖယ္ ၁၀ က်ပ္သား ဂ်င္းလက္ ၂ ဆစ္ခန္႔ညက္ညက္ေထာင္းထားပါ..
ၾကက္သြန္ျဖဴတစ္ဥ ညက္ညက္ေထာင္းထားပါ..
ေရအၾကမ္းပန္းကန္တစ္ဝက္ ငါးဖယ္ထဲထည့္ရန္ ဆားလက္ဖက္ရည္ဇြန္းတစ္ဇြန္းပါရွင္..
ငါးဖယ္ထဲ ဆား၊ ေရအၾကမ္းပန္းကန္တစ္ဝက္ ထည့္ၿပီး ႏွယ္ပါမယ္..
စႏွယ္စမွာ ငါးဖယ္နဲ႔ေရေတြ႕ၿပီး ခုလိုပဲ ငါးဖယ္အသားေတြ ကြဲထြက္ပါတယ္.. အေစးေပါက္လာေအာင္ဆက္ႏွယ္ပါရွင္..
တစ္ျဖည္းျဖည္းနဲ႔ ငါးဖယ္က ႏွယ္လို႔ေကာင္းလာၿပီး ေပ်ာ့ေပ်ာ့ေစးေစးေလးျဖစ္လာပါမယ္
အဓိက ေစးေနေအာင္ႏွယ္ရ၊ ေပါက္ရပါမယ္..
ေၾကာ္မယ့္ဒယ္မွာ ဆီ ၇ က်ပ္သားခန္႔ထည့္ပါမယ္..
ဒယ္အိုးကိုအပူမေပးေသးပဲ ငါးဖယ္ေလးေတြကို လက္ထဲခပ္ရွည္ရွည္ပုံေလးေတြ ဆုပ္ပါမယ္..
အပူမေပးရေသးတဲ့ ဆီဒယ္အိုးထဲ စီထည့္ပါမယ္..
ငါးဖယ္ေတြအကုန္ဆုပ္ၿပီးရင္ ညက္ညက္ေထာင္းထားတဲ့ဂ်င္းနဲ႔ ၾကက္သြန္ျဖဴကို အရည္ညႇစ္ထည့္ပါမယ္
အဖတ္ေတြ လုံးဝမထည့္ပါဘူးရွင္..
ဒါဆို စေၾကာ္လို႔ရပါၿပီ.. အဲ့ဒီမွာ အဓိက အက်ဆုံးေသာအရာလာပါၿပီ..
ငါးဖယ္ကို မီးေအးေအးနဲ႔သာ စေၾကာ္ပါမယ္..
မီးျပင္းနဲ႔ေၾကာ္ရင္ ေစးေပမယ့္ ေပ်ာ့ေပ်ာ့ေစးေစးေတာ့မျဖစ္ပါဘူး..
မာပါမယ္ရွင္..
မီးေအးေအးမွာ အဖုံးခဏအုပ္တည္ပါမယ္..
ဆီပူၿပီး ဆီပူစီေဖာင္းေလးေတြတက္လာရင္ ဇြန္းနဲ႔အသာယာလွန္ေလွာေၾကာ္ပါမယ္..
မီးလုံးဝေအးေအးနဲ႔ ေၾကာ္ပါမယ္.. တျဖည္းျဖည္းေၾကာ္ရင္း ငါးဖယ္ေလးေတြ ပြတက္လာပါမယ္..
ငါးဖယ္ေလးေတြ ၂ ဆေလာက္ ပြတက္လာရင္ေတာ့ အထဲကလဲက်က္ၿပီမို႔ ဆယ္လို႔ရပါၿပီရွင္..
ငါးဖယ္ေလးေတြကို ဆီစစ္ၿပီး စိတ္ႀကိဳက္သုံးေဆာင္လို႔ရပါၿပီ..
ဂ်င္းနံ႔၊ ၾကက္သြန္ျဖဴနံေလးေတြေမႊးၿပီး ေပ်ာ့ေပ်ာ့ေစးေစးေလးေတြပါရွင္..
Credit
Pan Kankayae