ကျန်းမာခြင်းဥစ္စာကြွယ်ဝခြင်း၊အသက်ရှည်ခြင်း၊ပျော်ရွှင်ခြင်းတို့ကိုပေးစွမ်းနိုင်သောအင်ကြင်းကျောက်

Unicode

မြန်မာအခေါ်အင်ကြင်းကျောက်သည်ဂရိဘာသာpetraမှဆင်းသက်လာပြီးကျောက်သားအသွင်ပြောင်းသွားသောသစ်ပင်သစ်ကိုင်းသစ်သားဟုအဓိပ္ပါယ်ရပါသည်အင်္ဂလိပ်ဘာသာဖြင့်petrified woodဟုခေါ်ဝေါ်ပါသည်။

ထို့ကြောင့်အင်ကြင်းကျောက်သည်အင်ကြင်းပင်တစ်မျိုးထည်းမှဖြစ်သောကျောက်ကို ဆိုသည်မဟုတ်ဘဲမည်သည့်သစ်ပင်သစ်ကိုင်းသစ်သားမှအသွင်ပြောင်းဖြစ်လာသောကျောက်များကိုအင်ကြင်းကျောက်ဟုယျေဘူယသုံးစွဲသောနာမည်ဖြစ်ပါသည်

ကမ္ဘာပေါ်ရှိအင်ကြင်းကျောက်များသည်လွန်ခဲ့သောနှစ်သန်းပေါင်း၅သန်းမှသန်း၂၀၀အကြားတွင်ပေါက်ရောက်ခဲ့သောသစ်ပင်သစ်သားသစ်ကိုင်းများ၏ရုပ်ကြွင်းများဖြစ်ကြပါသည်

မြန်မာနိုင်ငံအတွင်းတွင်တွေ့ရသောအင်ကြင်းကျောက်များမှာနှစ်သန်းပေါင်း၅သန်းမှသန်း၁၇၀ကြားရှိသည်ဟုဖော်ပြထားသည်ကိုတွေ့ရပါသည်

လွန်ခဲ့သောနှစ်သန်းပေါင်းများစွာကကမ္ဘာပေါ်တွင်ပေါက်ရောက်နေသောသစ်ပင်များသည်လဲကျသေဆုံးသွားပြီးသဲနုန်းမြေများဖုန်းလွမ်းခံရခြင်းမီးတောင်ချော်ပြာများဖုံးလွမ်းခံရခြင်းတို့ကြောင့်မြေမျက်နှာပြင်အောက်သို့ရောက်ရှိခဲ့ရပါသည်

ကမ္ဘာမြေအပေါ်ယံလွှာတွင်အပေါများဆုံးဖြစ်သောဆီလီကာသလင်းဓာတ်ပစ္စည်းတို့တိုးဝင်ဓာတ်ပြုခြင်းကိုခံကြရပါသည်သစ်ပင်သစ်သား၏ ဆဲလ်များထဲသို့အောက်ဆီဂျင်နှင့်လဲလှယ်ဓာတ်ပြုရပါသည်

နှစ်ပေါင်းများစွာမြေကြီးထု၏ဖိအားအပူချိန်တို့ကြောင့်မပျက်စီးဘဲကျန်နေသည့်သစ်ပင်သစ်သားအစိတ်အပိုင်းများသည်ကျောက်တုံးအဖြစ်ပြောင်းလဲသွားရပါသည်

်မြေကြီးထု၏ဖိအားအပူချိန်နှင့်ဓာတ်ပြုသည့်ပစ္စည်းများအပေါ်မူတည်၍နေရာအသီးသီးတွင်အရည်အသွေးအမျိုးမျိုကွဲပြားစွာတွေ့ရလေ့ရှိပါသည်ဓာတ်ပြုသည့်ပစ္စည်းများရောနှောပါဝင်မှုကြောင့်အရောင်အမျိုးမျိုးစွဲထင်ရပါသည်

ကာဗွန်ဓာတ်ပြုမှုကြောင့်အနက်ရောင်ကိုဘော့ ဓာတ်ပြုမှုကြောင့်အစိမ်းရောင်အပြာရောင်ခရိုမီယံဓာတ်ပြုမှုကြောင့်အစိမ်းရောင်အပြာရောင်ကော့ပါးဓာတ်ပြုမှုကြောင့်အစိမ်းရောင်အပြာရာင်အိုင်းယွင်းအောက်ဆိုက်ဓာတ်ပြုမှုကြောင့်

အနီအညိုအဝါရောင်မင်းဂနိဓာတ်ပြုမှုကြောင့်ပန်းရောင်လိမ္မော်ရောင်မန်ဂနိအောက်ဆိုက်ဓာတ်ပြုမှုကြောငိ့အဝါရောင်အနက်ဖျော့အစရှိသဖြင့်ကျောက်တွင်အရောင်များစွဲထင်ရပါသည်

ကမ္ဘာပေါ်တွင်အင်ကြင်းကျောက်ကိုနိုင်ငံပေါင်း၂၇နိုင်ငံတွင်တွေ့ရှိရသည်ဟုသိရပါသည်

ဩစတေးလျှအာဂျင်တီးနားဘယ်လ်ဂျီယံဘရာဇီးကနေဒါတရုပ်နိုင်ငံအနောက်မြောက်ပိုင်းချက်ဂျာမဏီအီကွေဒေါအီဂျစ်ပြင်သစ်ဂရိဟန်ဂေရီအိန္ဒိယအင်ဒိုနီးရှားမြန်မာအစ္စရေးလစ်ဗျားနမ်ဘီးယား

နယူးဇီလန်ဆော်ဒီအာရေဗျထိုင်းယူကရိန်းအင်္ဂလန်နှင့်အမေရိကန်ပြည်ထောင်စု တို့တွင်တွေ့ရသည်ဟုသိရပါသည်

်အင်ကြင်းကျောက်၏အရည်အသွေးကိုလိုက်၍တကီလိုလျှင်$1မှ$20အထိအမျိုးမျိုးရေင်းဝယ်ကြသည်ကိုတွေ့ရပါသည်

အလွန်ရှားပါးသောအချက်များပါရှိသည့်ကျောက်များသည်တကီလို$100ကျော်ရောင်းချသည်ကိုလေ့လာသိရှိရပါသည်

နိုင်ငံတကာမှအင်ကြင်းကျောက် ပညာရှင်များလက်ခံတင်ပြထားသည့်ကျောက်ကိုတန်ဖိုးတက်စေသောအချက်များတန်ဖိုးကျစေသောအချက်များကိုဖော်ပြပေးပါမည်

အင်ကြင်းကျောက်ကိုတန်ဖိုးတက်စေသောအချက်များလှပ၍တောက်ပသောအရောင်ရှိရမည်အရောင်အသွေးစုံလင်စွာပါရှိရမည်အလင်းမှုန်မှအလင်းပေါက်ကျောက်သားဖြစ်ရမည်

အဂိတ်(သို့)အိုပယ်တိုးဝင်နေသောကျောက်သားဖြစ်ရမည်သစ်သားအမျှင်အကြောများထင်ရှားစွာပါရှိရမည်အပင်၏သစ်သား ၏အခေါက်အတိုင်းမပျက်စီးဘဲလှပစွာရှိရမည်အခက်အလက်များအပေါက်ကြီးများစသည်ဖြင့်မကျိုးမပဲ့ရှိနေရမည်အပင်စားသောပိုးကောင်အင်းဆက်ကြီးကောင်များအပင်အတွင်းကျောက်ဖြစ်လျှက်ပါရှိရမည်

အင်ကြင်းကျောက်ကိုတန်ဖိုးကျစေသောအဓိကအချက်များမွဲခြောက်ခြောက်အရောင်ရှိနေသောအလင်းပိတ်သောကျောက်သားပွသောရွှံ့များထုံးဂျိုးများပါများစွာပါနေသောအချက်များသည်တန်ဖိုးကျစေပါသည်

်ကမ္ဘာနိုင်ငံအချို့တွင်၁၉၇၂ခုနှစ်ခန့် မှစတင်၍အင်ကြင်းကျောက်အလှဆင်ပစ္စည်းများထုတ်လုပ်ရောင်းဝယ်သုံးစွဲနေကြပြီဖြစ်ပါတယ်ကျနော်တို့မြန်မာနိုင်ငံတွင်မကွေးတိုင်းဒေသကြီးမန်းလေးတိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့တွင်အင်ကြင်းကျောက်များတွေ့နိုင်ပါသည်

်အင်ကြင်းကျောက်များသည်ကျောက်စိမ်းများကဲ့သို့တနေရာထဲတွင်စုပြုံဖြစ်ပေါ်နေခြင်းမရှိပါဟိုနေရာတစ်ခုဒီနေရာတစ်ခုပြန့်ကျဲ၍သာတွေ့နိုင်ပါသည်သို့ဖြစ်၍လုပ်ကွက်များရယူ၍လုပ်ကိုင်ရန်ခက်ခဲလှပါသည်

လွန်ခဲ့သောနှစ်ပေါင်း၂၀၀ကျော်မှယနေ့အထိကျောက်စိမ်းများများစွာထုတ်ယူနိုင်သော်လည်းအင်ကြင်းကျောက်ကိုမည်ည့်နိုင်ငံတွင်မှကျောက်စိမ်းများထုတ်သလိုပေါများစွာထုတ်ယူနိုင်ခြင်းမရှိပါတွေ့ရခဲသောကြောင့်ဖြစ်ပါသည်ရှားပါးခြင်းဂုဏ်သတ္တအပြည့်ရှိသည်ကိုတွေ့ရပါသည်

မပျက်မစီးဘဲနှစ်သန်းပေါင်းများစွာကဖြစ်ပေါ်ခဲ့ပြီးမာဆင့်၇ရှိသောတာရှည်ခံသည့်သတ္တိလည်းရှိပါသည်အရောင်အသွေးအမျိုးနှင့်လှပသောသတ္တိလည်းရှိပါသည်အင်ကြင်းကျောက်ကိုအိမ်ခြံအတွင်းထားရှိလျှင်ဖြစ်စေ ဝတ်ဆင်လျှင်ဖြစ်စေကျန်းမာခြင်းဥစ္စာကြွယ်ဝခြင်းအသက်ရှည်ခြင်းပျော်ရွှင်ခြင်းတို့ကိုပေးစွမ်းသည်ဟု

ရှေးဟောင်းဂရိစာပေများနှင့်မြန်မာ့လောကီပညာရှင်များကမှတ်တမ်းများဆိုခဲ့ကြပါသည်သို့ဖြစ်ပါ၍မြန်မာ့အင်ကြင်းကျောက်များကိုမြန်မာများပိုင်ဆိုင်နိုင်ကြပြီးအကျိုးကျေးဇူးများရရှိပါစေကြောင်းဆုတောင်းမေတ္တာပို့သအပ်ပါသည်

Credit:ဆန်းမိုးအောင်(မုံရွာ)

Zaw Gyi
























