အရသာ လ ည်း အရမ် းရှိ သန့် လည်းသန့်တဲ့ ကြ က် သာ းလုံး အိ မ်တွင် ပြုလုပ်နည်း
Unicode
အရသာလည်း အရမ်းရှိ သန့်လည်းသန့်တဲ့ ကြက်သားလုံး အိမ်တွင် ပြုလုပ်နည်း
ကြက်သားလုံး ကိုယ်တိုင်လုပ်ပါတယ်ရှင်
လုပ်နည်း မျှဝေပေးမယ်နော်။
ကြက်သား ၅၀၀၀ ဖိုးကို ကြက်သားလုံး ၅၅ လုံးရပါတယ်။
တခြားပစ္စည်းဖိုးတွေပါ တွက်လိုက်မယ်ဆိုပါက တစ်လုံးကို ၁၁၀ လောက်ပဲကျတယ်။
သန့်လဲသန့်တယ် စားရတာလဲ မစိုးရိမ်နေရတော့ဘူးလေ။
ရယ်ဒီမိတ်
အသားလုံးတွေ
ခုနောက်ပိုင်းစားရတာ စိတ်မသန့်လို့
တတ်သည့်ပညာ
မနေသာလို့ အပင်ပန်းခံပြီး လုပ်စားလိုက်ပါတယ်။
လုပ်နည်းရေးပေးမယ်နော်။
ပါဝင်ပစ္စည်းများကြက်ရင်ဖုံသား
– ၅၀ သားပဲငံပြာရည် အကြည်
– ထမင်းစားဇွန်း၂ဇွန်းသကြား
– ထမင်းစားဇွန်းဝက်ငရုပ်ကောင်းမှူန့်
– လက်ဖက်စားဇွန်း၁ဇွန်းကြက်သားမှုန့်
– ဇွန်းဝက်ပြောင်းဖူးမှုန့်
– ထမင်းစားဇွန်း ၂ဇွန်းဆော်ဒါမှုန့်
– လက်ဖက်ဇွန်း ၁ဇွန်းရေခဲရေ
– 150ml (၁ခွက်စာဖန်ခွက်)ပြုလုပ်ပုံအဆင့်ဆင့်ပထမဦးစွာ အသားကို အနေတော်လေးတွေ လှီးဖြတ်ပြီး အသားကြိတ်စက် ဖြင့် ညှက်နေအောင်ကြိတ်ပေးပါ။
ခွက်တခုထဲသို့ ရေခဲရေနှင့် ပြောင်းဖူးမှူန့် ငရုပ်ကောင်းမှုန့်\ သကြား\ ကြက်သားမှုန့်\ပဲငံပြာရည်\ဆော်ဒါမှုန့် တို့ထည့်ကာ သမအောင်ဖျော်ပြီး
ကြိတ်ထားတဲ့အသားထဲသို့ ထည့်၍ သမအောင် ကြိတ်စက်ဖြင့် ၅ မိနစ်ခန့် ဆက်ကြိတ်ပြီး ရရှိလာသော ရောစပ်ပြီးသာ ကြိတ်သားများကို ဗူးထဲထည့်ပြီး
အဖုံးလုံအောင်ဖုံးပြီး ရေခဲသေတ္တာ ခဲတဲ့အထပ်မှာ ၂ နာရီခန့် ထည့်ထားပါ။
၂ နာရီပြည့်ပါက ကြိတ်စက်ထဲသို့ တခေါက်ပြန်ထည့်ပြီး စီးနေအောင် ၅ မိနစ်ခန့်ထပ်ကြိတ်ပါ။
ပြီးပါက အသားလုံးပြုတ်ရန် ပြင်ဆင်ပါ။
အိုးတစ်ခုထဲသို့ ရေထည့်ပြီး မီးအေးအေးနဲ့ တည်ထားတဲ့ အထဲကို အသားလုံးများ ဖြည်းဖြည်း ခြင်း လုံး၍ ထည့်ပါ။
အသားလုံးများ ကျက်လာပါက ရေပေါ်သို့ ပေါ်လာမှာ ဖြစ်ပါတယ်။ ၅ မိနစ်ခန့် ထားပြီးမှ ဆယ်ယူပါ။
ပေါ်လာသည့် အသားလုံးများကို ရေခဲရေ ထည့်သို့ထည့်ပြီး နာရီဝက်ခန့် စိမ်ထားပြီးမှ ဆယ်ယူ၍ လေ လုံ ဗူးထဲထည့်၍ ရေခဲသေတ္တာထဲ ထည့်၍ သိမ်းထားပြီး စားလို့ရပါပြီးရှင်။
အဆင်ပြေကြပါစေနော်။ ဟင်းချက်ဝါသနာရှင်များ မည်သူမဆို S h a r e လို့ ရပါတယ်ရှင် ။
လေးစားစွာဖြင့် Thida Lay Lay
Zaw Gyi
အရသာလည္း အရမ္းရွိ သန႔္လည္းသန႔္တဲ့ ၾကက္သားလုံး အိမ္တြင္ ျပဳလုပ္နည္းၾကက္သားလုံး ကိုယ္တိုင္လုပ္ပါတယ္ရွင္
လုပ္နည္း မွ်ေဝေပးမယ္ေနာ္။ၾကက္သား ၅၀၀၀ ဖိုးကို ၾကက္သားလုံး ၅၅ လုံးရပါတယ္။
တျခားပစၥည္းဖိုးေတြပါ တြက္လိုက္မယ္ဆိုပါက
တစ္လုံးကို ၁၁၀ ေလာက္ပဲက်တယ္။သန႔္လဲသန႔္တယ္ စားရတာလဲ မစိုးရိမ္ေနရေတာ့ဘူးေလ။
ရယ္ဒီမိတ္ အသားလုံးေတြ ခုေနာက္ပိုင္းစားရတာ စိတ္မသန႔္လို႔ တတ္သည့္ပညာ မေနသာလို႔ အပင္ပန္းခံၿပီး လုပ္စားလိုက္ပါတယ္။
လုပ္နည္းေရးေပးမယ္ေနာ္။
ပါဝင္ပစၥည္းမ်ားၾကက္ရင္ဖုံသား
– ၅၀ သားပဲငံျပာရည္ အၾကည္
– ထမင္းစားဇြန္း၂ဇြန္းသၾကား
– ထမင္းစားဇြန္းဝက္င႐ုပ္ေကာင္းမႉန႔္
– လက္ဖက္စားဇြန္း၁ဇြန္းၾကက္သားမႈန႔္
– ဇြန္းဝက္ေျပာင္းဖူးမႈန႔္
– ထမင္းစားဇြန္း ၂ဇြန္းေဆာ္ဒါမႈန႔္
– လက္ဖက္ဇြန္း ၁ဇြန္းေရခဲေရ
– 150ml (၁ခြက္စာဖန္ခြက္)ျပဳလုပ္ပုံအဆင့္ဆင့္ပထမဦးစြာ အသားကို အေနေတာ္ေလးေတြ လွီးျဖတ္ၿပီး အသားႀကိတ္စက္ ျဖင့္ ညႇက္ေနေအာင္ႀကိတ္ေပးပါ။
ခြက္တခုထဲသို႔ ေရခဲေရႏွင့္ ေျပာင္းဖူးမႉန႔္ င႐ုပ္ေကာင္းမႈန႔္\ သၾကား\ ၾကက္သားမႈန႔္\ပဲငံျပာရည္\ေဆာ္ဒါမႈန႔္ တို႔ထည့္ကာ သမေအာင္ေဖ်ာ္ၿပီး ႀကိတ္ထားတဲ့အသားထဲသို႔ ထည့္၍
သမေအာင္ ႀကိတ္စက္ျဖင့္ ၅ မိနစ္ခန႔္ ဆက္ႀကိတ္ၿပီး ရရွိလာေသာ ေရာစပ္ၿပီးသာ ႀကိတ္သားမ်ားကို ဗူးထဲထည့္ၿပီး အဖုံးလုံေအာင္ဖုံးၿပီး ေရခဲေသတၱာ ခဲတဲ့အထပ္မွာ ၂ နာရီခန႔္ ထည့္ထားပါ။
၂ နာရီျပည့္ပါက ႀကိတ္စက္ထဲသို႔ တေခါက္ျပန္ထည့္ၿပီး စီးေနေအာင္ ၅ မိနစ္ခန႔္ထပ္ႀကိတ္ပါ။
ၿပီးပါက အသားလုံးျပဳတ္ရန္ ျပင္ဆင္ပါ။အိုးတစ္ခုထဲသို႔ ေရထည့္ၿပီး မီးေအးေအးနဲ႔ တည္ထားတဲ့ အထဲကို အသားလုံးမ်ား ျဖည္းျဖည္း ျခင္း လုံး၍ ထည့္ပါ။
အသားလုံးမ်ား က်က္လာပါက ေရေပၚသို႔ ေပၚလာမွာ ျဖစ္ပါတယ္။ ၅ မိနစ္ခန႔္ ထားၿပီးမွ ဆယ္ယူပါ။
ေပၚလာသည့္ အသားလုံးမ်ားကို ေရခဲေရ ထည့္သို႔ထည့္ၿပီး နာရီဝက္ခန႔္ စိမ္ထားၿပီးမွ ဆယ္ယူ၍ ေလ လုံ ဗူးထဲထည့္၍ ေရခဲေသတၱာထဲ ထည့္၍ သိမ္းထားၿပီး
စားလို႔ရပါၿပီးရွင္။အဆင္ေျပၾကပါေစေနာ္။ ဟင္းခ်က္ဝါသနာရွင္မ်ား မည္သူမဆို S h a r e လို႔ ရပါတယ္ရွင္ ။
ေလးစားစြာျဖင့္ Thida Lay Lay