ကြက်သွန်မြိတ် ဝက်သားဖက်ထုပ်ပေါင်းပြုလုပ်နည်း

Unicode

အသားပေါင်း ဖက်ထုပ်ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ခရစ်စတယ်လို ကြည်လင်နေတဲ့ ဝက်သားဖက်ထုပ်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

ပြောင်းမှုန့် ၁၀၀ ဂရမ်

ဂျုံမှုန့် ၂၅ ဂရမ်

ဆားအနည်းငယ်

ရေနွေးပူ ၁၂၅ မီလီလီတာ

ဆားထည့်ကာ ပြုတ်ထားသောကြက်ဥအနှစ် ၁ လုံးဝက်သားအစာသွပ်ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

နုပ်နုပ်စဉ်းထားသော ဝက်သား ၂၅၀ ဂရမ်

ပါးပါးလှီးထားသော ကြက်သွန်မြိတ် ပန်းကန်လုံးတစ်လုံးစာ

ကြက်ဥ ၁ လုံး

ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်

နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ဝက်သား၊ ငရုတ်ကောင်းမှုန့် နှင့် ဆားတို့ကို သမအောင် နယ်ပြီးနောက်ကြက်ဥ ၁ လုံးဖောက်ထည့်ကာ သမအောင် ထပ်နယ်ပေးလိုက်ပါ။

ဇလုံအကြီးတစ်လုံးထဲတွင် ပါးပါးလှီးထားသော ကြက်သွန်မြိတ်နှင့် နှမ်းဆီတို့ကို သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် စောစောက နယ်ထားသော ဝက်သားကို ထိုဇလုံအကြီးထဲထည့်ပြီး ထပ်နယ်ပေးပါ။ ထို့နောက် ဇလုံကို အဖုံးဖုံးထားပြီး ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါ။

၂။ ပြောင်းမှုန့်နှင့်ဆန်မှုန့်တို့ကို ဇလုံအကြီးတစ်လုံးထဲထည့်ပြီးနောက် ဆားထည့်ကာ မွှေပေးလိုက်ပါ။ ထို့နောက် ရေနွေးပူ ၁၂၅ မီလီလီတာ လောင်းထည့်ကာ ဇလုံကို အဖုံးဖုံးထားပြီး ၅ မိနစ်ခန့် နှပ်ထားလိုက်ပါ။

အချိန်ပြည့်ပါက ထိုဂျုံလုံးကို စဉ်းနီတုံးပေါ်တင်ပြီး ဂျုံသားကျစ်သွားအောင် လုံးပေးလိုက်ပါ။

၃။ ထိုဂျုံလုံးကို ပုဝါအသန့်တစ်ထည်ဖြင့် ၁၀ မိနစ်ခန့် အုပ်ထားလိုက်ပါ။ ၁၀ မိနစ်ပြည့်ပါက ဂျုံလုံးကို ၁၂ ပိုင်းရအောင် ဖြတ်ကာ တစ်ပိုင်းချင်းစီကို စက်ဝိုင်းပုံသဏ္ဍာန် ဖြန့်ကျက်ပေးလိုက်ပါ။

ထို့နောက် ဂျုံပြားရဲ့ အလယ်ဗဟိုတည့်တည့်ပေါ်သို့ ဝက်သားအစာသွပ်စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်ကာ ဂျုံပြားကို ပိရမစ်ပုံသဏ္ဍာန် ပိတ်ထားလိုက်ပါ။

၄။ ပိရမစ်ပုံ ဖက်ထုပ်ရဲ့ထိပ်ပိုင်းကို ချေမွထားသော ကြက်ဥအနှစ်ဖြင့် ပိတ်ထားလိုက်ပါ။

၅။ ထို့နောက် ဖက်ထုပ်များအားလုံးကို ပေါင်းအိုးထဲထည့်ပြီး ၆ မိနစ်မှ ၈ မိနစ်ခန့် ပေါင်းပေးလိုက်ပါ။ဒါဆိုရင်တော့ အရသာရှိတဲ့ကြက်သွန်မြိတ် ဝက်သားဖက်ထုပ်ပေါင်းလေး ရရှိသွားပါပြီ။

Credit

Zaw Gyi

အသားေပါင္း ဖက္ထုပ္ႀကိဳက္ႏွစ္သက္သူမ်ားအတြက္ ဒီတစ္ခါမွာေတာ့ ခရစ္စတယ္လို ၾကည္လင္ေနတဲ့ ဝက္သားဖက္ထုပ္ျပဳလုပ္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။

ပါဝင္ပစၥည္းမ်ား

ေျပာင္းမႈန႔္ ၁၀၀ ဂရမ္

ဂ်ဳံမႈန႔္ ၂၅ ဂရမ္

ဆားအနည္းငယ္

ေရေႏြးပူ ၁၂၅ မီလီလီတာ

ဆားထည့္ကာ ျပဳတ္ထားေသာၾကက္ဥအႏွစ္ ၁ လုံးဝက္သားအစာသြပ္ျပဳလုပ္ရန္ လိုအပ္ေသာ ပါဝင္ပစၥည္းမ်ား

ႏုပ္ႏုပ္စဥ္းထားေသာ ဝက္သား ၂၅၀ ဂရမ္

ပါးပါးလွီးထားေသာ ၾကက္သြန္ၿမိတ္ ပန္းကန္လုံးတစ္လုံးစာ

ၾကက္ဥ ၁ လုံး

ဆားႏွင့္ င႐ုတ္ေကာင္းမႈန႔္အနည္းငယ္

ႏွမ္းဆီ စားပြဲတင္ဇြန္း ၁ ဇြန္း

ျပဳလုပ္နည္း အဆင့္ဆင့္

၁။ ပန္းကန္လုံးအေသးတစ္လုံးထဲတြင္ ဝက္သား၊ င႐ုတ္ေကာင္းမႈန႔္ ႏွင့္ ဆားတို႔ကို သမေအာင္ နယ္ၿပီးေနာက္ၾကက္ဥ ၁ လုံးေဖာက္ထည့္ကာ သမေအာင္ ထပ္နယ္ေပးလိုက္ပါ။

ဇလုံအႀကီးတစ္လုံးထဲတြင္ ပါးပါးလွီးထားေသာ ၾကက္သြန္ၿမိတ္ႏွင့္ ႏွမ္းဆီတို႔ကို သမေအာင္ ေမႊေပးလိုက္ပါ။ ထို႔ေနာက္ ေစာေစာက နယ္ထားေသာ ဝက္သားကို ထိုဇလုံအႀကီးထဲထည့္ၿပီး ထပ္နယ္ေပးပါ။ ထို႔ေနာက္ ဇလုံကို အဖုံးဖုံးထားၿပီး ေရခဲေသတၱာထဲ ထည့္ထားလိုက္ပါ။

၂။ ေျပာင္းမႈန႔္ႏွင့္ဆန္မႈန႔္တို႔ကို ဇလုံအႀကီးတစ္လုံးထဲထည့္ၿပီးေနာက္ ဆားထည့္ကာ ေမႊေပးလိုက္ပါ။ ထို႔ေနာက္ ေရေႏြးပူ ၁၂၅ မီလီလီတာ ေလာင္းထည့္ကာ ဇလုံကို အဖုံးဖုံးထားၿပီး ၅ မိနစ္ခန႔္ ႏွပ္ထားလိုက္ပါ။

အခ်ိန္ျပည့္ပါက ထိုဂ်ဳံလုံးကို စဥ္းနီတုံးေပၚတင္ၿပီး ဂ်ဳံသားက်စ္သြားေအာင္ လုံးေပးလိုက္ပါ။

၃။ ထိုဂ်ဳံလုံးကို ပုဝါအသန႔္တစ္ထည္ျဖင့္ ၁၀ မိနစ္ခန႔္ အုပ္ထားလိုက္ပါ။ ၁၀ မိနစ္ျပည့္ပါက ဂ်ဳံလုံးကို ၁၂ ပိုင္းရေအာင္ ျဖတ္ကာ တစ္ပိုင္းခ်င္းစီကို စက္ဝိုင္းပုံသ႑ာန္ ျဖန႔္က်က္ေပးလိုက္ပါ။

ထို႔ေနာက္ ဂ်ဳံျပားရဲ႕ အလယ္ဗဟိုတည့္တည့္ေပၚသို႔ ဝက္သားအစာသြပ္စားပြဲတင္ဇြန္း ၁ ဇြန္း ထည့္ကာ ဂ်ဳံျပားကို ပိရမစ္ပုံသ႑ာန္ ပိတ္ထားလိုက္ပါ။

၄။ ပိရမစ္ပုံ ဖက္ထုပ္ရဲ႕ထိပ္ပိုင္းကို ေခ်မြထားေသာ ၾကက္ဥအႏွစ္ျဖင့္ ပိတ္ထားလိုက္ပါ။

၅။ ထို႔ေနာက္ ဖက္ထုပ္မ်ားအားလုံးကို ေပါင္းအိုးထဲထည့္ၿပီး ၆ မိနစ္မွ ၈ မိနစ္ခန႔္ ေပါင္းေပးလိုက္ပါ။ဒါဆိုရင္ေတာ့ အရသာရွိတဲ့ၾကက္သြန္ၿမိတ္ ဝက္သားဖက္ထုပ္ေပါင္းေလး ရရွိသြားပါၿပီ။

Credit