ပူတင်းမကြိုက်သူ တောင်စားကောင်းတဲ့ ရွေကြည်ပူတင်းလေး အိမ်မှာလုပ်စားကြရအောင် (လူတိုင်းကြိုက်မှာသေချာပါတယ်)
Unicode
ရွှေကြည်ပူတင်း
အခုပြုလုပ်ထားတဲ့ ရွှေကြည်ပူတင်းလေးကတော့ လူတိုင်းကြိုက်မှာသေချာပါတယ်။
အိမ်မှာတော့ တအိမ်လုံးကြိုက်ကြတယ်။
ပူတင်းမကြိုက်တဲ့ အိစံအမျိုးသားတောင်စားကောင်းတယ်ဆိုတော့ တကယ်ကောင်းလို့ပေါ့နော်။
ကလေးကော လူကြီးပါ နှစ်သက်ပြီး အားလဲရှိ စားလို့လဲကောင်းလို့လုပ်စားကြည့်ရအောင်နော်။
ပါ၀င်သောပစ္စည်းများ (၈ x၈ လက်မ တဘန်းစာ)
၁။ နွားနို့- ၇၅၀ ml
၂။ သကြား – ထမင်းစားဇွန်း ၁၂ ဇွန်း
၃။ ရွှေကြည် – ထမင်းစားဇွန်း ၈ ဇွန်း
၄။ ဆား – လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၅။ ကွကျဥ – ၂ လုံး
၆။ ထောပတ် – ထမင်းစားဇွန်း ၃ ဇွန်း
(ထမင်းစားဇွန်း = 1 tablespoon = 15 ml ၊ လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml )
ပြုလုပ်နည်း
၁။ ကြက်ဥကို ခလောက်ထားပါ။
၂။ အိုးတခုထဲကို နွားနို့၊ သကြား၊ ဆားတို့ကိုထည့်ရ်ျ အပူပေးပါ။
အနည်းငယ်ပူလာလျှင် ထောပတ်ကိုထည့်ပါ။ (ထောပတ်အခဲကိုထည့်လျှင် အရည်ပျော်သွားသည်အထိစောင့်ပါ။)
၃။ ထောပတ်ထည့်ပြီးလျှင် ရွှေကြည်ကိုဖြည်းဖြည်းချင်းလောင်းထည့်ပါ။အဆက်မပျက်မွှေပါ။
ပျစ်ပျစ်လေးဖြစ်သွားလျှင် မီးဖိုပေါ်မှချပါ။
၄။ မီးဖိုပေါ်မှချပြီး ၅ မိနစ်လောက်နေလျှင် ခလောက်ထားသော ကြက်ဥကို အိုးထဲကိုထည့်ရ်ျ သမသွားအောင်မွှေပါ။
၅။ ထို့နောက်ဆီသုတ်ထားသော ဘန်းထဲကိုထည့်ပါ။
၆။ အပူချိန် ၃၅၀’F (၁၈၀’C) မှာအပူပေးထားသော မုန့်ဖုတ်စက်ထဲကို မိနစ် ၅၀ ထည့်ဖုတ်ပါ။
မိနစ် ၅၀ ပြည့်လျှင် အပူချိန်ကို ၄၅၀ ‘F (230’C) မှာထားပြီး ၁၀ မိနစ်ဖုတ်ပါ။ အပေါ်ယံမျက်နှာပြင် ညိုလာပါလိမ့်မည်။
၇။ အအေးခံရ်ျ ကြိုက်နှစ်သက်ရာ အရွယ်အစားလှီးပြီး သုံးဆောင်နိုင်ပါပြီရှင်။ Credit
Zaw Gyi
ရွှေကြည်ပူတင်း
၁။ နွားနို့- ၇၅၀ ml
၅။ ကွကျဥ – ၂ လုံး
ပြုလုပ်နည်း
၁။ ကြက်ဥကို ခလောက်ထားပါ။