ပီစာ နှစ်သက်သူတွေ အတွက် Pizza လုပ်နည်း

Unicode

ပထမဦးဆုံး စမ်းလုပ်ဖြစ်တဲ့ ပီစာ လေးပါ.. လုပ်ကြည့် ဖို့ ကို မဝံ့မရဲ ဖြစ်နေခဲ့တာ ကြာလှပီ.. ပီစာ stone နဲ့ဖုတ်မှ.. ဂျုံနယ် တတ်မှ..oven ကို ၁ နာရီ နီးပါ ဖွင့်ထားရမှာကိုမနှစ်သက်တာကြောင့် နဲ့ တခြား အကြောင်းတွေကြောင့် မလုပ်ဖြစ်ခဲ့ဘူး..

တနေ့က FB သူငယ်ချင်း တယောက် သင်ပေးတဲ့ ပေါင်မုန့်လေး ဖုတ်တတ်သွားတော့ ပီစာလည်း စမ်းကြည့်ဦးမှလေ ဆိုပီး..စမ်းကြည့်တာတခါထဲနဲ့ အဆင်ပြေသွားလို့.ပီစာ နှစ်သက်သူတွေ အတွက် လုပ်နည်းလေး ရေးပေးလိုက်ပါတယ်..။

မြန်မာပြည်က အချက်ပြုတ် ၀ါသနာရှင်တွေလည်း oven ရှိစရာ မလိုဘဲ ဘိန်းမုန့် ဖုတ်သလို အပေါ်မီးအောက်မီးနဲ့သာဖုတ်ကြည့်ပါ၊ အဆင်ပြေနိုင်ပါတယ်..အချိန် အတိုအရည်တော့ နည်းနည်းကွာသွားမယ်..။

ဖုတ်မည့် အိုးကိုတော့ ကြိုတင် အပူပေးထားဖို့လိုပါမယ်..။

ပီစာ ကို စလောင်းဖုံးလို အပြားနဲ့ ပုံစံဖော်..အဆာ ထည့်..ပီးရင်‌ ပူနေတဲ့ ဒယ်အိုးထဲကို လျှောချ လိုက်ရမှာပါ၊

မပူသေးတဲ့ ဒယ်အိုးမှာ တန်းထည့်ပီး မဖုတ်သင့်ပါ၊ စလောင်းဖုံးမှာ ပီစာ ဂျိုး ကပ်မနေအောင် ဂျုံမှုန့် ကြိုတင် ဖြူ း ထားဖို့လိုပါတယ်..။

အပေါ်မှာ ထည့်တဲ့ အစာ က ကိုယ်နှစ်သက်ရာ ထည့်နိုင်တာမို့..ပီစာ dough လုပ်နည်းနဲ့ အချိုးကို ပဲ အဓိက ပြောပါမယ်..

များသော အားဖြင့် bread flour ကို သုံးလေ့ ရှိကြပေမဲ့..All purpose flour ကို သုံးထားပါတယ်..

ပါ၀င်ပစ္စည်းများ

( ၈ လက္မ အရွယ် ၂ ချပ်စာ)

ဂျုံမှုန့်……… ၁၅၀ ဂရမ်

ရိစ့် ……….၁/၂ လက်ဘက်ရည်ဇွန်း

သကြား …. ၁/၂ လက်ဘက်ရည်ဇွန်း

ဆား ……… ၁/၄ လက်ဘက်ရည်ဇွန်း

သံလွင်ဆီ ….၂ လက်ဘက်ရည်ဇွန်း

ရေနွေး ……..၅၀ မီလီလီတာ (၁၀၅ံ F)

ရေ …………..၄၀ မီလီလီတာ (ရေ အနည်းငယ် လိုတိုးပိုလျှော့ လုပ်ရန်)

ဂျုံ မှုန့်…………၁/၂cup အပို..မကပ်အောင်ဖြူးရန်

ပြုလုပ်နည်း

၁..ခွက် တခု ထဲမှာရေနွေးလေး ထည့်၊ ရိစ်ထည့်၊ သကြားထည့် ပြီး ဇွန်းနဲ့ အသာယာမွှေ၊ အဖုံးအုပ်ထား.. ၅ မိနစ် ကနေ ၁၀ မိနစ် အတွင်းမှာ အမြူတ်ထ လာပါလိမ့်မယ်၊

၂..ဇလုံ တခုထဲမှာ ဂျုံမှုန့်၊ ဆား ထည့် ပီး သမအောင် ‌မွှေထားလိုက်ပါ၊ရေ ၄၀ မီလီမီတာ နဲ့ သံလွင်ဆီနဲ့ ရောပီး ဂျုံထည့်ထားတဲ့ ဇလုံထဲထည့်၊ အမြှုတ်တွေ ထနေတဲ့ ရိစ်ထည့်ပီး အစမှာ ကော်ဇွန်းလေးနဲ့ မွှေပေး ၊ အားလုံး ထွေးသွားတဲ့ အခါ လက်နဲ့ နယ်ပေးပါတယ်..။

လက်နဲ့ နယ်တဲ့ အခါမှာ..ညာဘက် လက် ဖနောင့်နဲ့ ဖိပီး အရှေ့ဘက်ကို တွန်းတယ်..ဘယ်ဘက်က နဲ့ ဂျုံကို ခေါက်ပီး ပြန်ဆွဲယူလာပါတယ်..အဲ့လို အသာယာ အလိုက်သင့် ( အားသုံးပီး မြန်မြန် လုပ်တာ မဟုတ်) တွန်းလိုက် ဆွဲယူလာလိုက်နဲ့ ဂျုံသား ချောမွေ့သွားတဲ့ အထိ နယ်ပေး mပါတယ်.

၃..ချောမွေ့သွားရင် အလုံးလေးလုံးပီး..ဇလုံထဲ ထည့်ပီး အဖုံး အုပ်ထားပေး၊ အခန်းအပူချိန် 85 ကနေ 95 လောက် အထိရှိရင် ၁-၂ နာရီ အတွင်းမှာ ဂျုံလုံးက ၂ ဆခွဲလောက် မြင့်တက်လာပါတယ်…အဲဒီ အခါမှာ ..ဂျုံမှုန့် ဖြူးထားတဲ့ မျက်နှာပြင်ပေါ် တင်လိုက်ပီး ..၂ ပိုင်း အညီမျှ ပိုင်းပါ၊

၄..တပိုင်းချင်းကို လုံးချောနေအောင်လှိမ့်ပီး ပလပ်စတစ် စ ဖုံးထားပါ၊ အခန်းအပူချိန်ပေါ်မူတည်ပီး ၁-၂ နာရီ အတွင်းမှာ ၂ ဆ ဖြစ်လာပါလိမ့်မယ်..

၅.ဂျုံ တလုံးဆီကို ယူပီး..အနားသား တလျှောက်မှာ လက်မ ၀က်လောက်ကို ထူထူဖောင်းဖောင်းလေး ထားခဲ့ ပီး အတွင်းဘက် အသားတွေကို အသာယာ ဆွဲဆန့်တယ်. ပြန်ပြန်ကျုံ့တဲ့ အတွက် စိတ်ရှည်ရှည်နဲ့ ‌ပေါက်မထွက်အောင် သတိထားပီး အသာယာ ဆွဲဖြန့်ပါ၊

(ဂျုံနယ် တာနဲ့ နှပ်ထားတာ အသားကျရင် လွယ်လွယ်ကူကူနဲ့ ပေါက်မထွက်ပါ)

၆.. လိုချင်တဲ့ အရွယ် ရပီဆိုရင် ဖုတ်မဲ့ ဗန်းပေါ်တင်..ပီစာဆော့ ဟင်းချိုသောက်ဇွန်းနဲ့ ၂-၃ ဇွန်းလောက် ဖြန့်ထည့်၊ ချိစ့်ဖြူးထည့်၊ ကိုယ်ထည့်ချင်တဲ့ အသား ဖြန့်ထည့်၊ ကြက်သွန်နီ..မှို.. ငရုပ်ပွ ..သံလွင်သီး စသဖြင့်တို့ ထည့်နိုင်ပါတယ်..အပေါ်က တခါ ချိစ့် ထပ်ဖြူး ပီး..
၅၀၀ံF ကြိုတင် အပူပေးထားတဲ့ အာဗင်ထဲမှာ ၁၂ မိနစ် ဖုတ်ပါတယ်..။

(၃လက္မ အမြင့် ၇ှိတဲ့ ၈လက္မ အရွယ် ကိတ်မုန့် ဗန်းထဲမှာ မကပ်တဲ့ စက္ကူ (Parchment paper )ခံပီး ဖုတ်ပါတယ်။

မူရင်းပို့စ်ပိုင်ရှင်အား လေးစားစွာ Credit ပေးပါသည်။

Zaw Gyi

ပထမဦးဆုံး စမ္းလုပ္ျဖစ္တဲ့ ပီစာ ေလးပါ.. လုပ္ၾကည့္ ဖို႔ ကို မဝံ့မရဲ ျဖစ္ေနခဲ့တာ ၾကာလွပီ.. ပီစာ stone နဲ႔ဖုတ္မွ.. ဂ်ဳံနယ္ တတ္မွ..oven ကို ၁ နာရီ နီးပါ ဖြင့္ထားရမွာကိုမႏွစ္သက္တာေၾကာင့္ နဲ႔ တျခား အေၾကာင္းေတြေၾကာင့္ မလုပ္ျဖစ္ခဲ့ဘူး..

တေန႔က FB သူငယ္ခ်င္း တေယာက္ သင္ေပးတဲ့ ေပါင္မုန္႔ေလး ဖုတ္တတ္သြားေတာ့ ပီစာလည္း စမ္းၾကည့္ဦးမွေလ ဆိုပီး..စမ္းၾကည့္တာတခါထဲနဲ႔ အဆင္ေျပသြားလို႔.ပီစာ ႏွစ္သက္သူေတြ အတြက္ လုပ္နည္းေလး ေရးေပးလိုက္ပါတယ္..။

ျမန္မာျပည္က အခ်က္ျပဳတ္ ၀ါသနာရွင္ေတြလည္း oven ရွိစရာ မလိုဘဲ ဘိန္းမုန္႔ ဖုတ္သလို အေပၚမီးေအာက္မီးနဲ႔သာဖုတ္ၾကည့္ပါ၊ အဆင္ေျပႏိုင္ပါတယ္..အခ်ိန္ အတိုအရည္ေတာ့ နည္းနည္းကြာသြားမယ္..။

ဖုတ္မည့္ အိုးကိုေတာ့ ႀကိဳတင္ အပူေပးထားဖို႔လိုပါမယ္..။

ပီစာ ကို စေလာင္းဖုံးလို အျပားနဲ႔ ပုံစံေဖာ္..အဆာ ထည့္..ပီးရင္‌ ပူေနတဲ့ ဒယ္အိုးထဲကို ေလွ်ာခ် လိုက္ရမွာပါ၊

မပူေသးတဲ့ ဒယ္အိုးမွာ တန္းထည့္ပီး မဖုတ္သင့္ပါ၊ စေလာင္းဖုံးမွာ ပီစာ ဂ်ိဳး ကပ္မေနေအာင္ ဂ်ဳံမႈန္႔ ႀကိဳတင္ ျဖဴ း ထားဖို႔လိုပါတယ္..။

အေပၚမွာ ထည့္တဲ့ အစာ က ကိုယ္ႏွစ္သက္ရာ ထည့္ႏိုင္တာမို႔..ပီစာ dough လုပ္နည္းနဲ႔ အခ်ိဳးကို ပဲ အဓိက ေျပာပါမယ္..

မ်ားေသာ အားျဖင့္ bread flour ကို သုံးေလ့ ရွိၾကေပမဲ့..All purpose flour ကို သုံးထားပါတယ္..

ပါ၀င္ပစၥည္းမ်ား

( ၈ လကၼ အ႐ြယ္ ၂ ခ်ပ္စာ)

ဂ်ဳံမႈန္႔……… ၁၅၀ ဂရမ္

ရိစ့္ ……….၁/၂ လက္ဘက္ရည္ဇြန္း

သၾကား …. ၁/၂ လက္ဘက္ရည္ဇြန္း

ဆား ……… ၁/၄ လက္ဘက္ရည္ဇြန္း

သံလြင္ဆီ ….၂ လက္ဘက္ရည္ဇြန္း

ေရေႏြး ……..၅၀ မီလီလီတာ (၁၀၅ံ F)

ေရ …………..၄၀ မီလီလီတာ (ေရ အနည္းငယ္ လိုတိုးပိုေလွ်ာ့ လုပ္ရန္)

ဂ်ဳံ မႈန္႔…………၁/၂cup အပို..မကပ္ေအာင္ျဖဴးရန္

ျပဳလုပ္နည္း

၁..ခြက္ တခု ထဲမွာေရေႏြးေလး ထည့္၊ ရိစ္ထည့္၊ သၾကားထည့္ ၿပီး ဇြန္းနဲ႔ အသာယာေမႊ၊ အဖုံးအုပ္ထား.. ၅ မိနစ္ ကေန ၁၀ မိနစ္ အတြင္းမွာ အျမဴတ္ထ လာပါလိမ့္မယ္၊

၂..ဇလုံ တခုထဲမွာ ဂ်ဳံမႈန္႔၊ ဆား ထည့္ ပီး သမေအာင္ ‌ေမႊထားလိုက္ပါ၊ေရ ၄၀ မီလီမီတာ နဲ႔ သံလြင္ဆီနဲ႔ ေရာပီး ဂ်ဳံထည့္ထားတဲ့ ဇလုံထဲထည့္၊ အျမႇဳတ္ေတြ ထေနတဲ့ ရိစ္ထည့္ပီး အစမွာ ေကာ္ဇြန္းေလးနဲ႔ ေမႊေပး ၊ အားလုံး ေထြးသြားတဲ့ အခါ လက္နဲ႔ နယ္ေပးပါတယ္..။

လက္နဲ႔ နယ္တဲ့ အခါမွာ..ညာဘက္ လက္ ဖေနာင့္နဲ႔ ဖိပီး အေရွ႕ဘက္ကို တြန္းတယ္..ဘယ္ဘက္က နဲ႔ ဂ်ဳံကို ေခါက္ပီး ျပန္ဆြဲယူလာပါတယ္..အဲ့လို အသာယာ အလိုက္သင့္ ( အားသုံးပီး ျမန္ျမန္ လုပ္တာ မဟုတ္) တြန္းလိုက္ ဆြဲယူလာလိုက္နဲ႔ ဂ်ဳံသား ေခ်ာေမြ႕သြားတဲ့ အထိ နယ္ေပး mပါတယ္.

၃..ေခ်ာေမြ႕သြားရင္ အလုံးေလးလုံးပီး..ဇလုံထဲ ထည့္ပီး အဖုံး အုပ္ထားေပး၊ အခန္းအပူခ်ိန္ 85 ကေန 95 ေလာက္ အထိရွိရင္ ၁-၂ နာရီ အတြင္းမွာ ဂ်ဳံလုံးက ၂ ဆခြဲေလာက္ ျမင့္တက္လာပါတယ္…အဲဒီ အခါမွာ ..ဂ်ဳံမႈန္႔ ျဖဴးထားတဲ့ မ်က္ႏွာျပင္ေပၚ တင္လိုက္ပီး ..၂ ပိုင္း အညီမွ် ပိုင္းပါ၊

၄..တပိုင္းခ်င္းကို လုံးေခ်ာေနေအာင္လွိမ့္ပီး ပလပ္စတစ္ စ ဖုံးထားပါ၊ အခန္းအပူခ်ိန္ေပၚမူတည္ပီး ၁-၂ နာရီ အတြင္းမွာ ၂ ဆ ျဖစ္လာပါလိမ့္မယ္..

၅.ဂ်ဳံ တလုံးဆီကို ယူပီး..အနားသား တေလွ်ာက္မွာ လက္မ ၀က္ေလာက္ကို ထူထူေဖာင္းေဖာင္းေလး ထားခဲ့ ပီး အတြင္းဘက္ အသားေတြကို အသာယာ ဆြဲဆန္႔တယ္. ျပန္ျပန္က်ဳံ႕တဲ့ အတြက္ စိတ္ရွည္ရွည္နဲ႔ ‌ေပါက္မထြက္ေအာင္ သတိထားပီး အသာယာ ဆြဲျဖန္႔ပါ၊

(ဂ်ဳံနယ္ တာနဲ႔ ႏွပ္ထားတာ အသားက်ရင္ လြယ္လြယ္ကူကူနဲ႔ ေပါက္မထြက္ပါ)

၆.. လိုခ်င္တဲ့ အ႐ြယ္ ရပီဆိုရင္ ဖုတ္မဲ့ ဗန္းေပၚတင္..ပီစာေဆာ့ ဟင္းခ်ိဳေသာက္ဇြန္းနဲ႔ ၂-၃ ဇြန္းေလာက္ ျဖန္႔ထည့္၊ ခ်ိစ့္ျဖဴးထည့္၊ ကိုယ္ထည့္ခ်င္တဲ့ အသား ျဖန္႔ထည့္၊ ၾကက္သြန္နီ..မႈိ.. င႐ုပ္ပြ ..သံလြင္သီး စသျဖင့္တို႔ ထည့္ႏိုင္ပါတယ္..အေပၚက တခါ ခ်ိစ့္ ထပ္ျဖဴး ပီး..
၅၀၀ံF ႀကိဳတင္ အပူေပးထားတဲ့ အာဗင္ထဲမွာ ၁၂ မိနစ္ ဖုတ္ပါတယ္..။

(၃လကၼ အျမင့္ ရွိတဲ့ ၈လကၼ အ႐ြယ္ ကိတ္မုန္႔ ဗန္းထဲမွာ မကပ္တဲ့ စကၠဴ (Parchment paper )ခံပီး ဖုတ္ပါတယ္။

မူရင္းပို႔စ္ပိုင္ရွင္အား ေလးစားစြာ Credit ေပးပါသည္။