ကမ္ဘာ့ပထမဦးဆုံး ကြယ်ငါးပွင့် ရွှေဟိုတယ်ကြီး

Unicode

ကမ္ဘာ့ပထမဦးဆုံး ကြယ်ငါးပွင့် အဆင့်ရှိ ၂၄ ကရက် ရွှေသားစစ်စစ် ရွှေရည်စိမ် ရွှေကြွေပြားအုပ် ဇိမ်ခံဟိုတယ်ကြီးသည် ဗီယက်နမ်နိုင်ငံရဲ့မြို့တော် ဟနွိုင်းမြို့ လယ်‌ကောင်ရှိ ဂီအန်းဗိုရေကန်ကြီး၏ ကမ်းစပ်ပေါ်တွင်တည်ရှိသည်။

အဆိုပါ ကမ္ဘာ့ပထမဦးဆုံး ရွှေကြွေပြားကပ် ဟိုတယ်ကြီးတစ်ခုလုံး၏ ပြင်ပကိုရော ဟိုတယ်ကြီး၏ အတွင်းပိုင်းကိုပါ ၂၄ ကရက် ရွှေသားစစ်စစ် ရွှေရည်စိမ် ရွှေကြွေပြားများဖြင့် ဖုံးအုပ်အလှဆင်ထားပြီး အထပ်ပေါင်း ၂၅ ထပ်ရှိသည်။

အဆိုပါ အထပ် ၂၅ ထပ်မြင့် ရွှေဟိုတယ်ကြီးကို ဟိုအာဘင်း(Hoa Binh) ဆောက်လုပ်ရေး ကုမ္ပဏီက အမေရိကန်ဒေါ်လာ သန်း ၂၀၀(ဗြိတိန်နိုင်ငံသုံးငွေ ပေါင်သန်း ၁၆၀) အကုန်ကျခံကာ

၂၀၀၉ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ် ဇွန်လတွင် တည်ဆောက်ပြီးစီးခဲ့ကာ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂ ရက်နေ့တွင် တရားဝင် ဖွင့်လှစ်ခဲ့သည်။

ကမ္ဘာ့ပထမဦးဆုံး ၂၄ ကရက်ရွှေရည်စိမ် ရွှေကြွေပြားကပ် ရွှေဟိုတယ်ကြီး၏ အမည်မှာ ဒို့လ်စ် ဟနွိုင်း ဂိုလ်ဒင်း လိတ်ခ် (Dolce Hanoi Golden Lake Hotel)ဟိုတယ် ဖြစ်သည်။ ထိုဟိုတယ်ကြီးသည် ဗီယက်နမ်နိုင်ငံ၊ဟနွိုင်းမြို့ရှိ ကြယ်ငါးပွင့်အဆင့်ရှိ ဇိမ်ခံဟိုတယ်ကြီးဖြစ်သည်။

အဆိုပါ ရွှေဟိုတယ် တည်ဆောက်ရေးကို အမေရိကန်ပြည်ထောင်စုအခြေစိုက် ဝင့်ဒ်ဟမ်ဟိုတယ်(Wyndham Hotels & Resorts )က ကြီးကြပ်ကွပ်ကဲခဲ့သည်။

ရွှေရည်စိမ် ရွှေကြွေပြားကပ် ဟိုတယ်ကြီးတွင် လူတန်းစားအလွှာ အသီးသီးမှ ပြည်သူများ တည်းခိုနိုင်စေရန် တစ်ညတည်းခိုခ အ‌မေရိကန်ဒေါ်လာ ၂၅၀ သတ်မှတ်ထားပါသည်။

ရွှေဟိုတယ်ကြီး၏ ပြင်ပမျက်နှာစာ တစ်ခုလုံးကို ရွှေသားစစ်စစ် တစ်တန်ခန့်ဖြင့် ဖုံးအုပ်ထားတယ်လို့ သိရပါသည်။ဟိုတယ်အဝင်မှအစ ရေကူးကန်၊ အိပ်ခန်း၊ ဇွန်း၊ ခရင်း၊ ဒါး၊ ရေပိုက်ခေါင်း၊ ခွက်နဲ့ ထိုင်ခုံအထိ ရွှေပြားတွေ ကပ်ထားတာကို တွေ့ရမည် ဖြစ်သည်။

ရွှေဟိုတယ်ကြီးရှိ ရွှေအသုံးအဆောင် ပစ္စည်းများသည် လာရောက်တည်းခိုသော ဧည့်သည်များအတွက် စည်းစိမ်အရှိဆုံးနှင့် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန် ရည်မှန်းထားပြီး ရွှေအသုံး အဆောင်ပစ္စည်းများက တည်းခိုသော ဧည့်သည်များ၏ အထွေထွေကျန်းမာရေးကို တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

ရွှေကို အရေပြားနှင့် တိုက်ရိုက်ထိတွေ့မိအောင် အသုံးပြုခြင်းသည် အဆစ်အမျက်နာကျင်ကိုက်ခဲသော ရောဂါဝေဒနာများကို သက်သာစေရန် အထောက်အကူပြုကြောင်း၊

ရွှေနှင့်အရေပြားကို တိုက်ရိုက်ထိတွေ့မှုကြောင့် ရောင်ရမ်းနာကျင်ကိုက်ခဲမှုကို သက်သာစေကြောင်း၊အရေပြားကျန်းမာရေးကို တိုးတက်ကောင်းမွန်လာစေခြင်း၊

ခန္ဓာကိုယ်အပူချိန် ပုံမှန်ဖြစ်စေခြင်းနှင့် စိတ်ကို ကြည်လင်ရွှင်လန်းစေခြင်းတို့ကို ဖြစ်စေကြောင်း ဟိုတယ်တာဝန်ရှိသူများက ပြောကြားသည်။

ပြိုင်ဘက်ကင်း ဇိမ်ခံရွှေဟိုတယ်ကြီး၏ ခေါင်မိုးပေါ်တွင် ရွှေပြားများဖြင့် အလှဆင်ထားသည့် အလွန်ကျယ်ပြောသော ရေကူးကန်ကြီးပါရှိပြီး

ရွှေဟိုတယ်ကြီးပေါ်မှ ဟနွိုင်းမြို့ ပတ်ဝန်းကျင်ရှုမျှော်ခင်းနှင့် ဂီအန်းဗို ရေကန်ကြီးတို့ကို အပေါ် စီးမှ မြင်ကွင်းကျယ် တစ်‌မျှော်တစ်ခေါ် မျက်စိတစ်ဆုံးကြည့်ရှုနိုင်သည်။

ဒို့လ်စ် ဟနွိုင်း ဂိုလ်ဒင်း လိတ်ခ်(DoLce Hanoi Golden Lake Hotel) ဟိုတယ်ကြီးမှာ မဖြစ်မနေ ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ် ကြည့်ရှု ရမည့်နေရာဖြစ်လာမည်ဟု ဟိုအာဘင်း တည်ဆောက်ရေးကုမ္ပဏီ၏ ညွှန်ကြားမှူး ကပြောကြားသည်။

ရွှေဟိုတယ်ကြီးတွင် လာရောက်တည်းခိုအပန်းဖြေ အနားယူနေသော ဧည့်သည်များအနေဖြင့် ရွှေအစစ်ဖြင့် အုပ်ထားသော အသုံးအဆောင်ပစ္စည်းများကို အသုံးပြုရခြင်းကြောင့် တော်ဝင်မင်းမျိုးမင်းနွယ်များကဲ့သို့ ခံစားနိုင်ရန် ဖန်တီးထားခြင်းဖြစ်သည်ဟု ဆိုသည်။

ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းမြို့ရှိ ကမ္ဘာ့ပထမဦးဆုံး ကြယ်ငါးပွင့် ရွှေဟိုတယ်ကြီးကို ကမ္ဘာလှည့်ခရီးသည်များက တစ်မူထူးခြားမှုကြောင့် စိတ်ဝင်စား လာရောက် လည်ပတ် တည်းခိုလျက်ရှိသည်။

Source-pyi myanmar

Zaw Gyi

ကမာၻ႔ပထမဦးဆုံး ၾကယ္ငါးပြင့္ အဆင့္ရွိ ၂၄ ကရက္ ေ႐ႊသားစစ္စစ္ ေ႐ႊရည္စိမ္ ေ႐ႊေႂကြျပားအုပ္ ဇိမ္ခံဟိုတယ္ႀကီးသည္ ဗီယက္နမ္ႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ ဟႏြိဳင္းၿမိဳ႕ လယ္‌ေကာင္ရွိ ဂီအန္းဗိုေရကန္ႀကီး၏ ကမ္းစပ္ေပၚတြင္တည္ရွိသည္။

အဆိုပါ ကမာၻ႔ပထမဦးဆုံး ေ႐ႊေႂကြျပားကပ္ ဟိုတယ္ႀကီးတစ္ခုလုံး၏ ျပင္ပကိုေရာ ဟိုတယ္ႀကီး၏ အတြင္းပိုင္းကိုပါ ၂၄ ကရက္ ေ႐ႊသားစစ္စစ္ ေ႐ႊရည္စိမ္ ေ႐ႊေႂကြျပားမ်ားျဖင့္ ဖုံးအုပ္အလွဆင္ထားၿပီး အထပ္ေပါင္း ၂၅ ထပ္ရွိသည္။

အဆိုပါ အထပ္ ၂၅ ထပ္ျမင့္ ေ႐ႊဟိုတယ္ႀကီးကို ဟိုအာဘင္း(Hoa Binh) ေဆာက္လုပ္ေရး ကုမၸဏီက အေမရိကန္ေဒၚလာ သန္း ၂၀၀(ၿဗိတိန္ႏိုင္ငံသုံးေငြ ေပါင္သန္း ၁၆၀) အကုန္က်ခံကာ

၂၀၀၉ ခုႏွစ္တြင္ စတင္ တည္ေဆာက္ခဲ့ၿပီး ၂ဝ၂ဝ ျပည့္ႏွစ္ ဇြန္လတြင္ တည္ေဆာက္ၿပီးစီးခဲ့ကာ ၂၀၂၀ ျပည့္ႏွစ္ ဇူလိုင္လ ၂ ရက္ေန႔တြင္ တရားဝင္ ဖြင့္လွစ္ခဲ့သည္။

ကမာၻ႔ပထမဦးဆုံး ၂၄ ကရက္ေ႐ႊရည္စိမ္ ေ႐ႊေႂကြျပားကပ္ ေ႐ႊဟိုတယ္ႀကီး၏ အမည္မွာ ဒို႔လ္စ္ ဟႏြိဳင္း ဂိုလ္ဒင္း လိတ္ခ္ (Dolce Hanoi Golden Lake Hotel)ဟိုတယ္ ျဖစ္သည္။ ထိုဟိုတယ္ႀကီးသည္ ဗီယက္နမ္ႏိုင္ငံ၊ဟႏြိဳင္းၿမိဳ႕ရွိ ၾကယ္ငါးပြင့္အဆင့္ရွိ ဇိမ္ခံဟိုတယ္ႀကီးျဖစ္သည္။

အဆိုပါ ေ႐ႊဟိုတယ္ တည္ေဆာက္ေရးကို အေမရိကန္ျပည္ေထာင္စုအေျခစိုက္ ဝင့္ဒ္ဟမ္ဟိုတယ္(Wyndham Hotels & Resorts )က ႀကီးၾကပ္ကြပ္ကဲခဲ့သည္။

ေ႐ႊရည္စိမ္ ေ႐ႊေႂကြျပားကပ္ ဟိုတယ္ႀကီးတြင္ လူတန္းစားအလႊာ အသီးသီးမွ ျပည္သူမ်ား တည္းခိုႏိုင္ေစရန္ တစ္ညတည္းခိုခ အ‌ေမရိကန္ေဒၚလာ ၂၅၀ သတ္မွတ္ထားပါသည္။

ေ႐ႊဟိုတယ္ႀကီး၏ ျပင္ပမ်က္ႏွာစာ တစ္ခုလုံးကို ေ႐ႊသားစစ္စစ္ တစ္တန္ခန႔္ျဖင့္ ဖုံးအုပ္ထားတယ္လို႔ သိရပါသည္။ဟိုတယ္အဝင္မွအစ ေရကူးကန္၊ အိပ္ခန္း၊ ဇြန္း၊ ခရင္း၊ ဒါး၊ ေရပိုက္ေခါင္း၊ ခြက္နဲ႔ ထိုင္ခုံအထိ ေ႐ႊျပားေတြ ကပ္ထားတာကို ေတြ႕ရမည္ ျဖစ္သည္။

ေ႐ႊဟိုတယ္ႀကီးရွိ ေ႐ႊအသုံးအေဆာင္ ပစၥည္းမ်ားသည္ လာေရာက္တည္းခိုေသာ ဧည့္သည္မ်ားအတြက္ စည္းစိမ္အရွိဆုံးႏွင့္ အေကာင္းဆုံးဝန္ေဆာင္မႈေပးႏိုင္ရန္ ရည္မွန္းထားၿပီး ေ႐ႊအသုံး အေဆာင္ပစၥည္းမ်ားက တည္းခိုေသာ ဧည့္သည္မ်ား၏ အေထြေထြက်န္းမာေရးကို တိုးတက္ေကာင္းမြန္ေစရန္ ရည္႐ြယ္ထားျခင္းျဖစ္သည္။

ေ႐ႊကို အေရျပားႏွင့္ တိုက္႐ိုက္ထိေတြ႕မိေအာင္ အသုံးျပဳျခင္းသည္ အဆစ္အမ်က္နာက်င္ကိုက္ခဲေသာ ေရာဂါေဝဒနာမ်ားကို သက္သာေစရန္ အေထာက္အကူျပဳေၾကာင္း၊

ေ႐ႊႏွင့္အေရျပားကို တိုက္႐ိုက္ထိေတြ႕မႈေၾကာင့္ ေရာင္ရမ္းနာက်င္ကိုက္ခဲမႈကို သက္သာေစေၾကာင္း၊အေရျပားက်န္းမာေရးကို တိုးတက္ေကာင္းမြန္လာေစျခင္း၊

ခႏၶာကိုယ္အပူခ်ိန္ ပုံမွန္ျဖစ္ေစျခင္းႏွင့္ စိတ္ကို ၾကည္လင္႐ႊင္လန္းေစျခင္းတို႔ကို ျဖစ္ေစေၾကာင္း ဟိုတယ္တာဝန္ရွိသူမ်ားက ေျပာၾကားသည္။

ၿပိဳင္ဘက္ကင္း ဇိမ္ခံေ႐ႊဟိုတယ္ႀကီး၏ ေခါင္မိုးေပၚတြင္ ေ႐ႊျပားမ်ားျဖင့္ အလွဆင္ထားသည့္ အလြန္က်ယ္ေျပာေသာ ေရကူးကန္ႀကီးပါရွိၿပီး

ေ႐ႊဟိုတယ္ႀကီးေပၚမွ ဟႏြိဳင္းၿမိဳ႕ ပတ္ဝန္းက်င္ရႈေမွ်ာ္ခင္းႏွင့္ ဂီအန္းဗို ေရကန္ႀကီးတို႔ကို အေပၚ စီးမွ ျမင္ကြင္းက်ယ္ တစ္‌ေမွ်ာ္တစ္ေခၚ မ်က္စိတစ္ဆုံးၾကည့္ရႈႏိုင္သည္။

ဒို႔လ္စ္ ဟႏြိဳင္း ဂိုလ္ဒင္း လိတ္ခ္(DoLce Hanoi Golden Lake Hotel) ဟိုတယ္ႀကီးမွာ မျဖစ္မေန ကမာၻလွည့္ခရီးသည္မ်ား လာေရာက္လည္ပတ္ ၾကည့္ရႈ ရမည့္ေနရာျဖစ္လာမည္ဟု ဟိုအာဘင္း တည္ေဆာက္ေရးကုမၸဏီ၏ ၫႊန္ၾကားမႉး ကေျပာၾကားသည္။

ေ႐ႊဟိုတယ္ႀကီးတြင္ လာေရာက္တည္းခိုအပန္းေျဖ အနားယူေနေသာ ဧည့္သည္မ်ားအေနျဖင့္ ေ႐ႊအစစ္ျဖင့္ အုပ္ထားေသာ အသုံးအေဆာင္ပစၥည္းမ်ားကို အသုံးျပဳရျခင္းေၾကာင့္ ေတာ္ဝင္မင္းမ်ိဳးမင္းႏြယ္မ်ားကဲ့သို႔ ခံစားႏိုင္ရန္ ဖန္တီးထားျခင္းျဖစ္သည္ဟု ဆိုသည္။

ဗီယက္နမ္ႏိုင္ငံ ၿမိဳ႕ေတာ္ ဟႏြိဳင္းၿမိဳ႕ရွိ ကမာၻ႔ပထမဦးဆုံး ၾကယ္ငါးပြင့္ ေ႐ႊဟိုတယ္ႀကီးကို ကမာၻလွည့္ခရီးသည္မ်ားက တစ္မူထူးျခားမႈေၾကာင့္ စိတ္ဝင္စား လာေရာက္ လည္ပတ္ တည္းခိုလ်က္ရွိသည္။

Source-pyi myanmar