တိတိကျကျ လုပ်မယ်ဆို စားကောင်းပြီး ရောင်းတန်းဝင်မယ့် မုန့်ဦးနှောက် ကျိုနည်း
Unicode
ပေးတဲ့အတိုင်း တိတိကျကျ လုပ်မယ်ဆို စားကောင်းပြီး ရောင်းတန်းဝင်မယ်ဆိုတာ အာမခံပါတယ်နော်….
ယိုးဒယား ဆန်မှုန့် နို့ဆီဗူး ၂ ဗူး
ရေ နို့ဆီဗူး စုစုပေါင်း ၉ ဗူး
သကြား ၁၅ ကျပ်သား
ယိုးဒယားအုန်းနို့ဗူး ကြီး ၁ဗူး
အုန်းသီးရင့်ရင့် ၂လုံး ( အရည်ညှစ်ပြီး မီးအေးအေးနဲ့ အဆီပြန်သည်အထိ ကျိုရန်)
ဆားထမင်းစား ဇွန်းဝက်
ယိုးဒယား ဘုံကျောင်းတံဆိပ် သာကူ ၅ကျပ်သား
အရင်ဆုံး…ဆန်မှုန့်ကို ရေနို့ဆီဗူး ၇ ဗူးနဲ့ ၃နာရီလောက်စိမ်ထားပါမယ်….
ကျန်တဲ့ရေ နို့ဆီဗူး ၂ ဗူးကို ဆူအောင်တည်ပါ…ဆူလာရင် သာကူထည့်ကျိုမယ်….မျက်စိပျောက်တဲ့ထိ ကျိုမယ်နော်…
သာကူမျက်စိပျောက်ရင်…သကြား ဆားထည့်ပါမယ်….
ဆန်မှုန့်ကို မွှေထည့်မယ်…
အုန်းနို့ဗူးထည့်မယ်…
ဆန်မှုန့်စထည့်ချိန်ကနေ…..အမွှေဇယား စ ပြီ နော်😉😉
မုန့်ဦးနှောက်ရယ် မုန့်ကျွဲသည်းရယ်က အမွှေနာမှ စားကောင်းပါတယ်….
၁နာရီပြင်းပြင်း မတူးမကပ်အောင် မွှေရမယ်…….
မွှေတဲ့ဇွန်းမှာ မုန့်ရည် ကြွက်မြှီးတန်းလာရင် ဆီသုတ်ထားတဲ့ ဗန်းထဲ လောင်းထည့် ပြီး အအေးခံပါ….
လုံးဝ အေးသွားမှ အစောက အုန်းသီးခြစ် ချက်ထားတဲ့ အုန်းဆီချက်လေးဆမ်း သုံးဆောင်ပါရှင်..
..
တချို့က ဖက်လေးနဲ့ထုပ်တာစားချင်တယ်ဆို…မုန့်ရည် ကြွက်မြီးတန်းရင် ဖက်ထဲထည့်ထုပ် အအေးခံပါနော့…
အုန်းဆီချက်က…အုန်းသီးရင့်အရေညှစ်ချက်တာ ပိုအဆင်ပြေပါတယ်နော်…
ယိုးဒယားအုန်းနို့ဗူးကို ကျိုရင် ချွဲပြစ်ပြစ်ကြီး ဖြစ်လို့ပါနော်..
..
အချိုကြိုက်ရင်…သကြားလေးဖြူးပြီး…အရသာရှိလွန်းလှတဲ့..မုန်ဦးနှောက်လေး သုံးဆောင်နိုင်ပါပြီ…..
စားကောင်းအဆင်ပြေပါစေရှင့်……..
credit
Zaw Gyi
ေပးတဲ့အတိုင္း တိတိက်က် လုပ္မယ္ဆို စားေကာင္းၿပီး ေရာင္းတန္းဝင္မယ္ဆိုတာ အာမခံပါတယ္ေနာ္….
ယိုးဒယား ဆန္မႈန္႔ ႏို႔ဆီဗူး ၂ ဗူး
ေရ ႏို႔ဆီဗူး စုစုေပါင္း ၉ ဗူး
သၾကား ၁၅ က်ပ္သား
ယိုးဒယားအုန္းႏို႔ဗူး ႀကီး ၁ဗူး
အုန္းသီးရင့္ရင့္ ၂လုံး ( အရည္ညႇစ္ၿပီး မီးေအးေအးနဲ႔ အဆီျပန္သည္အထိ က်ိဳရန္)
ဆားထမင္းစား ဇြန္းဝက္
ယိုးဒယား ဘုံေက်ာင္းတံဆိပ္ သာကူ ၅က်ပ္သား
အရင္ဆုံး…ဆန္မႈန္႔ကို ေရႏို႔ဆီဗူး ၇ ဗူးနဲ႔ ၃နာရီေလာက္စိမ္ထားပါမယ္….
က်န္တဲ့ေရ ႏို႔ဆီဗူး ၂ ဗူးကို ဆူေအာင္တည္ပါ…ဆူလာရင္ သာကူထည့္က်ိဳမယ္….မ်က္စိေပ်ာက္တဲ့ထိ က်ိဳမယ္ေနာ္…
သာကူမ်က္စိေပ်ာက္ရင္…သၾကား ဆားထည့္ပါမယ္….
ဆန္မႈန္႔ကို ေမႊထည့္မယ္…
အုန္းႏို႔ဗူးထည့္မယ္…
ဆန္မႈန္႔စထည့္ခ်ိန္ကေန…..အေမႊဇယား စ ၿပီ ေနာ္😉😉
မုန္႔ဦးေႏွာက္ရယ္ မုန္႔ကြၽဲသည္းရယ္က အေမႊနာမွ စားေကာင္းပါတယ္….
၁နာရီျပင္းျပင္း မတူးမကပ္ေအာင္ ေမႊရမယ္…….
ေမႊတဲ့ဇြန္းမွာ မုန္႔ရည္ ႂကြက္ျမႇီးတန္းလာရင္ ဆီသုတ္ထားတဲ့ ဗန္းထဲ ေလာင္းထည့္ ၿပီး အေအးခံပါ….
လုံးဝ ေအးသြားမွ အေစာက အုန္းသီးျခစ္ ခ်က္ထားတဲ့ အုန္းဆီခ်က္ေလးဆမ္း သုံးေဆာင္ပါရွင္..
..
တခ်ိဳ႕က ဖက္ေလးနဲ႔ထုပ္တာစားခ်င္တယ္ဆို…မုန္႔ရည္ ႂကြက္ၿမီးတန္းရင္ ဖက္ထဲထည့္ထုပ္ အေအးခံပါေနာ့…
အုန္းဆီခ်က္က…အုန္းသီးရင့္အေရညႇစ္ခ်က္တာ ပိုအဆင္ေျပပါတယ္ေနာ္…
ယိုးဒယားအုန္းႏို႔ဗူးကို က်ိဳရင္ ခြၽဲျပစ္ျပစ္ႀကီး ျဖစ္လို႔ပါေနာ္..
..
အခ်ိဳႀကိဳက္ရင္…သၾကားေလးျဖဴးၿပီး…အရသာရွိလြန္းလွတဲ့..မုန္ဦးေႏွာက္ေလး သုံးေဆာင္ႏိုင္ပါၿပီ…..
စားေကာင္းအဆင္ေျပပါေစရွင့္……..
#credit