၁ မိနစ်မှာ ဘာဖြစ်လို့ စက္ကန့် ၆၀ ရှိသလဲ ?

Unicode

ငယ်ငယ်ကတည်းက သိလာတဲ့အသိတစ်ခုက

စက္ကန့် (၆၀) ဟာ ၁ မိနစ် ဖြစ်ပြီး မိနစ် (၆၀) ဟာ ၁ နာရီဖြစ်ပါတယ်။

ဘာ့ကြောင့် ၆၀ ဖြစ်သလဲ..?

ဘာ့ကြောင့် ၁၀၀ မဖြစ်တာလဲ..? စသည်ဖြင့် စဉ်းစားကြည့်ဖူးကြမည် ထင်ပါတယ်။

စဉ်းစားတတ်တဲ့ကျောင်းသားကမေးတဲ့အခါ..ဆရာတို့ ဘယ်လိုဖြေကြမလဲ..?

အခုလို (၆၀) ကို အခြေထားပြီး တွက်တဲ့စနစ်ဟာ ခရစ်တော်မပေါ်မီ ၃၅၀၀ ခုနှစ် (BC 3500)ကတည်းက ဆူမားရီးယမ်း လူမျိုးတွေ စတင်အသုံးပြုခဲ့တဲ့ စနစ်ဖြစ်ပါတယ်။

စက်ဝိုင်းတို့ တြိဂံတို့ဟာ (၆၀) နဲ့ တွက်လို့ရသော ပုံစံများဖြစ်ပါတယ်။ ဒီစနစ်ကို ဘေဘီလိုနီယန်း (ဘေဘီလုံ)တွေက ဆက်လက် ကျင့်သုံးခဲ့ပြီး သင်္ချာပညာ နဲ့ နက္ခတ္တဗေဒ ပညာရပ်များမှာအသုံးချခဲ့ကြပါတယ်။

(၆၀) ကို အခြေယူတဲ့ နည်းစနစ်ကို စက်စီဂျက်စီမယ် (sexagesimal) လို့ခေါ်ပါတယ်။ ရှေးအခါက နေ့ နှင့် ည အချိန်များကို နေ နာရီ၊ ကြယ်တာရာ များကိုကြည့်ပြီးတွက်ခဲ့ကြတာဖြစ်ပါတယ်။

နေ့ နှင့်ည ကို ၂၄ နာရီအဖြစ် စတင်သတ်မှတ်တာကတော့ ရှေး အီဂျစ်များ ဖြစ်ပါတယ်။ နေနာရီိရဲ့ အရိပ်ကိုကြည့်ပြီး နေ့ (၁၀) နာရီ အဖြစ်သတ်မှတ်ကာ မိုးသောက်ချိန် ၁ နာရီ၊ ညနေ ၁ နာရီ ရှေ့နောက်ထည့်ပေါင်းပါတယ်။

ညကတော့ ကြယ်တာရာတွေကို ကြည့်ပြီး၁၂ နာရီအဖြစ် သတ်မှတ်ပါတယ်။

စုစုပေါင်း ၂၄ နာရီပါ။ sexagesimal (၆) နဲ့ စားလို့ ပြတ်တဲ့ ဂဏန်းတွေပါပဲ။

စက္ကန့် (၆၀) ကို ၁ မိနစ်လို့ စပြီး သတ်မှတ်ခေါ်ဆိုခဲ့တာကတော့ ဂရိ နက္ခတ်ပညာရှင် Hipparchus ဖြစ်ပါတယ်

၁ နာရီကို sexagesimal သင်္ချာနည်းနဲ့ ၆၀ ပိုင်းလိုက်တာကို “Prime Minute” ပထမပိုင်းသေးလို့ သတ်မှတ်ပါတယ်။

အဲ့ဒီ့ သေးငယ်ခြင်း Minute (မိုင်နျု) ကနေ မိနစ် ဖြစ်လာပါတယ်။

Prime Minute ကို နောက်ထပ် (၆၀) နဲ့ ဆက်ပိုင်းတဲ့အခါ “Second minute” လို့ခေါ်တဲ့ ဒုတိယ အပိုင်း (သေးငယ်ခြင်း) ကို ရပါတယ်။

အဲ့ဒီ့ ဒုတိယ Second ကနေ စက္ကန့် ဖြစ်လာတာ ဖြစ်ပါတယ်။ (Third Minute နဲ့ Fourth Minute တို့လည်း ရှိပါသေးတယ်။)

ကျနော်တို့ သုံးနေတဲ့ နာရီကိုတော့..၁၆၅၆ မှာ ဒတ်ခ်ျလူမျိုး အာကာသပညာရှင် ခရစ်ရှန် ဟူဂျင်း (Christiaan Huygens) က စတင်တီထွင် အသုံးပြုခဲ့တာပါ။

ဒါပေမယ့် သူသုံးခဲ့တာ ချိန်သီးပါတဲ့ နာရီမျိုး (Pendulum clock) ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့.. သူ့ရဲ့ နာရီပုံစံဒီဇိုင်းကိုပဲ တစ်ကမ္ဘာလုံး ပုံစံအမျိုးမျိုးဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြတာပဲ ဖြစ်ပါတော့တယ်…။

စာရေးသူ – သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

CreditOriginalUploader

Zaw Gyi

ငယ္ငယ္ကတည္းက သိလာတဲ့အသိတစ္ခုက

စကၠန႔္ (၆၀) ဟာ ၁ မိနစ္ ျဖစ္ၿပီး မိနစ္ (၆၀) ဟာ ၁ နာရီျဖစ္ပါတယ္။

ဘာ့ေၾကာင့္ ၆၀ ျဖစ္သလဲ..?

ဘာ့ေၾကာင့္ ၁၀၀ မျဖစ္တာလဲ..? စသည္ျဖင့္ စဥ္းစားၾကည့္ဖူးၾကမည္ ထင္ပါတယ္။

စဥ္းစားတတ္တဲ့ေက်ာင္းသားကေမးတဲ့အခါ..ဆရာတို႔ ဘယ္လိုေျဖၾကမလဲ..?

အခုလို (၆၀) ကို အေျခထားၿပီး တြက္တဲ့စနစ္ဟာ ခရစ္ေတာ္မေပၚမီ ၃၅၀၀ ခုႏွစ္ (BC 3500)ကတည္းက ဆူမားရီးယမ္း လူမ်ိဳးေတြ စတင္အသုံးျပဳခဲ့တဲ့ စနစ္ျဖစ္ပါတယ္။

စက္ဝိုင္းတို႔ ႀတိဂံတို႔ဟာ (၆၀) နဲ႔ တြက္လို႔ရေသာ ပုံစံမ်ားျဖစ္ပါတယ္။ ဒီစနစ္ကို ေဘဘီလိုနီယန္း (ေဘဘီလုံ)ေတြက ဆက္လက္ က်င့္သုံးခဲ့ၿပီး သခ်ၤာပညာ နဲ႔ နကၡတၱေဗဒ ပညာရပ္မ်ားမွာအသုံးခ်ခဲ့ၾကပါတယ္။

(၆၀) ကို အေျခယူတဲ့ နည္းစနစ္ကို စက္စီဂ်က္စီမယ္ (sexagesimal) လို႔ေခၚပါတယ္။ ေရွးအခါက ေန႔ ႏွင့္ ည အခ်ိန္မ်ားကို ေန နာရီ၊ ၾကယ္တာရာ မ်ားကိုၾကည့္ၿပီးတြက္ခဲ့ၾကတာျဖစ္ပါတယ္။

ေန႔ ႏွင့္ည ကို ၂၄ နာရီအျဖစ္ စတင္သတ္မွတ္တာကေတာ့ ေရွး အီဂ်စ္မ်ား ျဖစ္ပါတယ္။ ေနနာရီိရဲ႕ အရိပ္ကိုၾကည့္ၿပီး ေန႔ (၁၀) နာရီ အျဖစ္သတ္မွတ္ကာ မိုးေသာက္ခ်ိန္ ၁ နာရီ၊ ညေန ၁ နာရီ ေရွ႕ေနာက္ထည့္ေပါင္းပါတယ္။

ညကေတာ့ ၾကယ္တာရာေတြကို ၾကည့္ၿပီး၁၂ နာရီအျဖစ္ သတ္မွတ္ပါတယ္။

စုစုေပါင္း ၂၄ နာရီပါ။ sexagesimal (၆) နဲ႔ စားလို႔ ျပတ္တဲ့ ဂဏန္းေတြပါပဲ။

စကၠန႔္ (၆၀) ကို ၁ မိနစ္လို႔ စၿပီး သတ္မွတ္ေခၚဆိုခဲ့တာကေတာ့ ဂရိ နကၡတ္ပညာရွင္ Hipparchus ျဖစ္ပါတယ္

၁ နာရီကို sexagesimal သခ်ၤာနည္းနဲ႔ ၆၀ ပိုင္းလိုက္တာကို “Prime Minute” ပထမပိုင္းေသးလို႔ သတ္မွတ္ပါတယ္။

အဲ့ဒီ့ ေသးငယ္ျခင္း Minute (မိုင္န်ဳ) ကေန မိနစ္ ျဖစ္လာပါတယ္။

Prime Minute ကို ေနာက္ထပ္ (၆၀) နဲ႔ ဆက္ပိုင္းတဲ့အခါ “Second minute” လို႔ေခၚတဲ့ ဒုတိယ အပိုင္း (ေသးငယ္ျခင္း) ကို ရပါတယ္။

အဲ့ဒီ့ ဒုတိယ Second ကေန စကၠန႔္ ျဖစ္လာတာ ျဖစ္ပါတယ္။ (Third Minute နဲ႔ Fourth Minute တို႔လည္း ရွိပါေသးတယ္။)

က်ေနာ္တို႔ သုံးေနတဲ့ နာရီကိုေတာ့..၁၆၅၆ မွာ ဒတ္ခ္်လူမ်ိဳး အာကာသပညာရွင္ ခရစ္ရွန္ ဟူဂ်င္း (Christiaan Huygens) က စတင္တီထြင္ အသုံးျပဳခဲ့တာပါ။

ဒါေပမယ့္ သူသုံးခဲ့တာ ခ်ိန္သီးပါတဲ့ နာရီမ်ိဳး (Pendulum clock) ျဖစ္ပါတယ္။

ေနာက္ပိုင္းမွာေတာ့.. သူ႔ရဲ႕ နာရီပုံစံဒီဇိုင္းကိုပဲ တစ္ကမာၻလုံး ပုံစံအမ်ိဳးမ်ိဳးျဖင့္ တြင္တြင္က်ယ္က်ယ္ အသုံးျပဳလာခဲ့ၾကတာပဲ ျဖစ္ပါေတာ့တယ္…။

စာေရးသူ – သန႔္ဦး (အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ)

CreditOriginalUploader