ထောပတ်နံ့လေးမွှေးနေပြီး အရသာက အလွန်ကြွပ်ရွကာ စားလို့လည်း အလွန်ကောင်းတဲ့ အနောက်တိုင်းစတိုင်အာလူးကတ်တလိတ်ကြော်နည်း
Unicode
အနောက်တိုင်းမှာတော့ Coquette Potato လို့ခေါ်ပါတယ်။ အနောက်တိုင်းစတိုင်အာလူး ကတ်တလိပ်ကြော်ရဲ့ ထူးခြားမှုက ထောပတ်နံ့လေးမွှေးနေပြီး
အရသာက အလွန်ကြွပ်ရွကာ စားလို့လည်း အလွန်ကောင်းပါသည်။ အခုပဲ တူတူကြော်ကြည့်ရအောင်။
• ပါ၀င်သောပစ္စ္စည်းများ
– အာလူး – ၃၀ကျပ်သား
– ထောပတ် – စားပွဲဇွန်း ၂ဇွန်း
– ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
– ခနော ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တစ်၀က်
– ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
– ကြက်ဥ – ၁လုံး (ခလောက်ပေးပါ)
– ပေါင်မုန့်ခြောက် (ဘမနေိခမကာဘ)
– ဂျုံမှုန့်
• ချက်ပြုတ်နည်း
၁။ အာလူး အားလုံးကို နူးအိအောင် ၁၀မိနစ်ခန့် ပြုတ်ပေးပါ။
၂။ ပြီးလျှင် အာလူးကို အခွံနွှာပြီး ခြစ်တံဖြင့် ခြစ်ပြီး
အာလူးများကို ခြေပေးပါ။
၃။ ထို့နောက် ထောပတ်၊ ဆား၊ ခနောကြက်သားမှုန့်၊
ငရုတ်ကောင်းမှုန့်များကို အာလူးထဲထည့်ရောနယ်ပေးပါ။
၄။ အာလူးများကို အလုံးငယ်လေးများ လုံးပေးပါ။
၅။ ပြီးလျှင် ပန်းကန်ပြားတစ်ခုထဲ ဂျုံမှုန့်များထည့်ပြီး
အာလူးလုံးများကို ဂျုံကပ်ပေးပါ။
၆။ ပြီးနောက် ခလောက်ထားသောကြက်ဥခွက်ထဲ
အာလူးလုံးများကိုနှစ်စိမ်ပေးပြီး ပေါင်မုန့်ခြောက်
(breadcrumb) ထည့်ထားသော ပန်းကန်ပြားထဲထည့်ပြီး
ပေါင်မုန့်ခြောက်များ ကပ်ပေးပါ။
၇။ ဒယ်အိုးထဲ ဆီများများထည့်၍ အာလူးလုံးများကို
မီးနည်းနည်းဖြင့် အညိုရောင်သမ်းလာသည်အထိ ကြော်ပေးပါ။
အာလူးကတ်တလိပ်ကြော်ကို မရိုနိစ်ဖြင့် တွဲဖက်၍ စားသုံးနိုင်ပါပြီ။
.
Crd.
Zaw Gyi
အေနာက္တိုင္းမွာေတာ့ Coquette Potato လို႔ေခၚပါတယ္။ အေနာက္တိုင္းစတိုင္အာလူး ကတ္တလိပ္ေၾကာ္ရဲ႕ ထူးျခားမႈက ေထာပတ္နံ႔ေလးေမႊးေနၿပီး
အရသာက အလြန္ႂကြပ္႐ြကာ စားလို႔လည္း အလြန္ေကာင္းပါသည္။ အခုပဲ တူတူေၾကာ္ၾကည့္ရေအာင္။
• ပါ၀င္ေသာပစၥၥည္းမ်ား
– အာလူး – ၃၀က်ပ္သား
– ေထာပတ္ – စားပြဲဇြန္း ၂ဇြန္း
– ဆား – လက္ဖက္ရည္ဇြန္း ၂ဇြန္း
– ခေနာ ၾကက္သားမႈန္႔ – လက္ဖက္ရည္ဇြန္း တစ္၀က္
– င႐ုတ္ေကာင္းမႈန္႔ – လက္ဖက္ရည္ဇြန္း ၁ဇြန္း
– ၾကက္ဥ – ၁လုံး (ခေလာက္ေပးပါ)
– ေပါင္မုန္႔ေျခာက္ (ဘမေနိခမကာဘ)
– ဂ်ဳံမႈန္႔
• ခ်က္ျပဳတ္နည္း
၁။ အာလူး အားလုံးကို ႏူးအိေအာင္ ၁၀မိနစ္ခန္႔ ျပဳတ္ေပးပါ။
၂။ ၿပီးလွ်င္ အာလူးကို အခြံႏႊာၿပီး ျခစ္တံျဖင့္ ျခစ္ၿပီး
အာလူးမ်ားကို ေျခေပးပါ။
၃။ ထို႔ေနာက္ ေထာပတ္၊ ဆား၊ ခေနာၾကက္သားမႈန္႔၊
င႐ုတ္ေကာင္းမႈန္႔မ်ားကို အာလူးထဲထည့္ေရာနယ္ေပးပါ။
၄။ အာလူးမ်ားကို အလုံးငယ္ေလးမ်ား လုံးေပးပါ။
၅။ ၿပီးလွ်င္ ပန္းကန္ျပားတစ္ခုထဲ ဂ်ဳံမႈန္႔မ်ားထည့္ၿပီး
အာလူးလုံးမ်ားကို ဂ်ဳံကပ္ေပးပါ။
၆။ ၿပီးေနာက္ ခေလာက္ထားေသာၾကက္ဥခြက္ထဲ
အာလူးလုံးမ်ားကိုႏွစ္စိမ္ေပးၿပီး ေပါင္မုန္႔ေျခာက္
(breadcrumb) ထည့္ထားေသာ ပန္းကန္ျပားထဲထည့္ၿပီး
ေပါင္မုန္႔ေျခာက္မ်ား ကပ္ေပးပါ။
၇။ ဒယ္အိုးထဲ ဆီမ်ားမ်ားထည့္၍ အာလူးလုံးမ်ားကို
မီးနည္းနည္းျဖင့္ အညိဳေရာင္သမ္းလာသည္အထိ ေၾကာ္ေပးပါ။
အာလူးကတ္တလိပ္ေၾကာ္ကို မ႐ိုနိစ္ျဖင့္ တြဲဖက္၍ စားသုံးႏိုင္ပါၿပီ။
.
Crd.