အရသာရှိပြီးအာဟာရပြည့်တဲ့ ကြည်ဥ ပူတင်းလုပ်နည်း (အပျော့ပေါင်း)
Unicode
ပါဝင်တာတွေက
ကြက်ဥ ၂လုံး
နို့ ကော်ဖီခွက် ၁ခွက်စာ
သကြား
ထမင်းစားဇွန်း၃ဇွနိး
ဆားအနညိးငယ်
ပြုလုပ်ပုံ
သကြားထမင်းစားဇွန်း၂ဇွနိးကို ဒယ်အိုးထဲထည့်ပါ
သကြားအရည်ပျော်ရင်
ရေနဲနဲထည့်ပြီး မပျစ်မကျဲလေးကျိုထားပါ
နို့ကော်ဖီတခွက်စာကို
သကြား၁ဇွန်းထည့်ပြီး ကျိုထားပါ၊
ကြက်ဥ၂လုံးကို ဆားနဲနဲလေးထည့်ပြီး ခလောက်ပါ
ကြေညက်နေအောက်
ခေါက်ထားရပါမယ်
ခေါက်ထားတဲ့ ကြက်ဥအရည်ထဲကို ကျိုထားတဲ့နို့ကို
မွှေပြီးထည့်ပါ
ပေါင်းမယ့်ခွက်ထဲကို သကြားတူးရေလေးအရင်ထည့်ပါ
ပြီးမှ နို့နဲ့ကြက်ဥရောထားတဲ့ အရည်ကို ဇ
ကာလေးနဲ့စစ်ပြီး ပေါင်းမယ့် ခွက်ထဲ ထည့်ပါ
အိုးတလုံးမှာ ရေထည့် အပေါ်က
ဇကာလေးခံပြီး ပေါင်းမယ့်ခွက်လေးထည့်ပြီး အပေါ်က အဖုံးအုပ်ပြီး မိနစ်၂၀ပေါင်းပါ
ဒါဆိုရင် အရသာရှိပြီး အာဟာရပြည့်တဲ့ကြက်ဥပူတင်းလေးရပါပြီ
အခုတခါပေါင်းနည်းက
အပျော့ပေါင်းနည်းလေးပါ
ပျော့ပျော့ပျောင်းပျောင်းနဲ့
အရသာရှိပါတယ်
အားလုံးပဲ အဆင်ပြေကြပါစေရှင့်
Credit November Moe
Zaw Gyi
ပါဝင်တာတွေက
ကြက်ဥ ၂လုံး
သကြား
ထမင်းစားဇွန်း၃ဇွနိး
ဆားအနညိးငယ်
ပြုလုပ်ပုံ
သကြားအရည်ပျော်ရင်
မွှေပြီးထည့်ပါ
Credit November Moe