ငွေစုခြင်းဖြင့် သူမရဲ့နေထိုင်မှုပုံစံကိုပြောင်းလဲခဲ့ပြီးနောက် ရလာတဲ့အကျိုးဆက်ကို အံ့အားသင့်သွားခဲ့ရတဲ့ အမျိုးသမီးတစ်ဦး

Unicode

အသက် ၃၉ နှစ်အရွယ် Jalyn Navio အမည်ရှိအမျိုးသမီးဟာ ဖိလစ်ပိုင်နိုင်ငံရှိ သူနာပြုဘွဲ့ရတစ်ဥဦးဖြစ်ပေမဲ့လည်း ၂၀၀၂ ခုနှစ်မှာ အသိများမရှိတဲ့ဟောင်ကောင်မြို့သို့ သွားပြီး အလုပ်လုပ်ခဲ့ပါတယ်။

ဒါပေမဲ့ Navio ဟာ တိုင်းတစ်ပါးနိုင်ငံရှိ သဘောကောင်းတဲ့အိမ်တစ်လုံးမှာ အလုပ်လုပ်ခွင့်ရခဲ့ပါတယ်။

Navio ဟာ သင်္ဘောသားတစ်ဦး နဲ့ လက်ထပ်ခဲ့ပေမဲ့ အိမ်ထောင်ရေးကအဆင်မပြေခဲ့တာကြောင့် အခုတော့ သူမဟာ ဟောင်ကောင်မှာ တစ်ကိုယ်တည်းနေထိုင်လျက်ရှိပါတယ်။Navio ဟာ လစဉ်လတိုင်းသူမရဲ့အလုပ်မှ ဟောင်ကောင်ဒေါ်လာ ၈၂၀၀ (၁၈သိန်း နီးပါး) ရရှိပါတယ်။

Navio ဟာ လစာထုတ်တိုင်း သူမရဲ့ငွေတစ်စိတ်တစ်ပိုင်းကို ဖိလစ်ပိုင်ရှိ သူမရဲ့ဆွေမျိုးများထံသို့ပေးပို့ပြီး ကျန်ငွေများကို သူမရဲ့သူငယ်ချင်းများအား ဒကာခံခြင်း နှင့် ဈေးဝယ်ထွက်ခြင်းစတဲ့နေရာမှာ အသုံးပြုလေ့ရှိပါတယ်။

သူမဟာ ပျော်ရွှင်စရာကောင်းတဲ့ဘဝနေထိုင်မှုပုံစံမျိုးနဲ့နေထိုင်ခဲ့ရပေမယ့်လည်း သူမရဲ့ခက်ခက်ခဲခဲရှာရတဲ့ငွေများကို ချွေတာဖို့လုံးဝမစဉ်းစားခဲ့ပါဘူး။

Navio ဟာ CARD Hong Kong Foundation မှပံ့ပိုးပေးတဲ့ Financial Literacy Seminar ပွဲကိုတက်ရောက်ခဲ့ပြီးနောက် သူမဟာ သူမအနာဂတ်အတွက်မစဉ်းစားဘဲ သူမရဲ့ရှိသမျှငွေများအားလုံးကိုသုံးပစ်နေခဲ့တာကို သတိပြုမိသွားခဲ့ပြီး သူမရဲ့နေထိုင်မှုပုံစံကို ပြောင်းလဲရန် ချက်ချင်းဆုံးဖြတ်ခဲ့ပါတော့တယ်။

ထို့ကြောင့် Navio ဟာ သူမရဲ့ငွေကိုချွေတာဖို့ ငွေစုတဲ့စိန်ခေါ်မှုမှာပါဝင်ခဲ့ပြီး အခန်းထဲရှိ သူမရဲ့ပလပ်စတစ်ဘူးကြီးထဲသို့ တစ်နေ့ ဟောင်ကောင်ဒေါ်လာ ၂၀ (၄,၃၀၀ ကျပ် ) ကို စတင်စုဆောင်းထည့်ခဲ့ပါတယ်။၆ လအကြာမှာတော့ ထိုဘူးက ငွေများပြည့်နက်နေခဲ့ပြီဖြစ်ပါတယ်။

ထို့နောက် Navio ဟာ ထိုဘူးကိုဖွင့်ပြီး ငွေများကိုရေတွက်ကြည့်လိုက်တဲ့အခါ ဟောင်ကောင်ဒေါ်လာ ၂၁,၇၆၀ (၄၇ သိန်းကျော်) အထိ ရှိနေခဲ့ပါတယ်။ထိုလများအတွင်းမှာဘဲ သူမရဲ့နေထိုင်မှုပုံစံကလည်း အပြီးတိုင် ပြောင်းလဲသွားခဲ့ပါတယ်။

Navio ဟာ အတိတ်မှာ သူမရဲ့ငွေများအားချွေတာရန် သတိမထားမိခဲ့ပေမဲ့လည်း အနာဂတ်မှာတော့ သူမကိုယ်သူမကယ်တင်ရန် ဆက်လက်ပြီးစိန်ခေါ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

သူမရဲ့နောက်ထပ်စိန်ခေါ်မှုက ဟောင်ကောင်ဒေါ်လာ ၅၀ (၁၀,၈၀၀ ကျပ်) ကိုသိမ်းဆည်းရန်သာ ဖြစ်ကြောင်း Navio က ပြောကြားခဲ့ပါသေးတယ်။ငွေစုခြင်းဖြင့် ငွေကိုချွေတာစေတဲ့နည်းလမ်းက လူများစွာရဲ့နေထိုင်မှုပုံစံကို တကယ်လည်း အမှန်တကယ်ပြောင်းလဲပေးစေနိုင်ပါတယ်။

Credit

Zaw Gyi

အသက္ ၃၉ ႏွစ္အ႐ြယ္ Jalyn Navio အမည္ရွိအမ်ိဳးသမီးဟာ ဖိလစ္ပိုင္ႏိုင္ငံရွိ သူနာျပဳဘြဲ႕ရတစ္ဥဦးျဖစ္ေပမဲ့လည္း ၂၀၀၂ ခုႏွစ္မွာ အသိမ်ားမရွိတဲ့ေဟာင္ေကာင္ၿမိဳ႕သို႔ သြားၿပီး အလုပ္လုပ္ခဲ့ပါတယ္။

ဒါေပမဲ့ Navio ဟာ တိုင္းတစ္ပါးႏိုင္ငံရွိ သေဘာေကာင္းတဲ့အိမ္တစ္လုံးမွာ အလုပ္လုပ္ခြင့္ရခဲ့ပါတယ္။

Navio ဟာ သေဘၤာသားတစ္ဦး နဲ႔ လက္ထပ္ခဲ့ေပမဲ့ အိမ္ေထာင္ေရးကအဆင္မေျပခဲ့တာေၾကာင့္ အခုေတာ့ သူမဟာ ေဟာင္ေကာင္မွာ တစ္ကိုယ္တည္းေနထိုင္လ်က္ရွိပါတယ္။Navio ဟာ လစဥ္လတိုင္းသူမရဲ႕အလုပ္မွ ေဟာင္ေကာင္ေဒၚလာ ၈၂၀၀ (၁၈သိန္း နီးပါး) ရရွိပါတယ္။

Navio ဟာ လစာထုတ္တိုင္း သူမရဲ႕ေငြတစ္စိတ္တစ္ပိုင္းကို ဖိလစ္ပိုင္ရွိ သူမရဲ႕ေဆြမ်ိဳးမ်ားထံသို႔ေပးပို႔ၿပီး က်န္ေငြမ်ားကို သူမရဲ႕သူငယ္ခ်င္းမ်ားအား ဒကာခံျခင္း ႏွင့္ ေဈးဝယ္ထြက္ျခင္းစတဲ့ေနရာမွာ အသုံးျပဳေလ့ရွိပါတယ္။

သူမဟာ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ဘဝေနထိုင္မႈပုံစံမ်ိဳးနဲ႔ေနထိုင္ခဲ့ရေပမယ့္လည္း သူမရဲ႕ခက္ခက္ခဲခဲရွာရတဲ့ေငြမ်ားကို ေခြၽတာဖို႔လုံးဝမစဥ္းစားခဲ့ပါဘူး။Navio ဟာ CARD Hong Kong Foundation မွပံ့ပိုးေပးတဲ့ Financial Literacy Seminar ပြဲကိုတက္ေရာက္ခဲ့ၿပီးေနာက္

သူမဟာ သူမအနာဂတ္အတြက္မစဥ္းစားဘဲ သူမရဲ႕ရွိသမွ်ေငြမ်ားအားလုံးကိုသုံးပစ္ေနခဲ့တာကို သတိျပဳမိသြားခဲ့ၿပီး သူမရဲ႕ေနထိုင္မႈပုံစံကို ေျပာင္းလဲရန္ ခ်က္ခ်င္းဆုံးျဖတ္ခဲ့ပါေတာ့တယ္။

ထို႔ေၾကာင့္ Navio ဟာ သူမရဲ႕ေငြကိုေခြၽတာဖို႔ ေငြစုတဲ့စိန္ေခၚမႈမွာပါဝင္ခဲ့ၿပီး အခန္းထဲရွိ သူမရဲ႕ပလပ္စတစ္ဘူးႀကီးထဲသို႔ တစ္ေန႔ ေဟာင္ေကာင္ေဒၚလာ ၂၀ (၄,၃၀၀ က်ပ္ ) ကို စတင္စုေဆာင္းထည့္ခဲ့ပါတယ္။၆ လအၾကာမွာေတာ့ ထိုဘူးက ေငြမ်ားျပည့္နက္ေနခဲ့ၿပီျဖစ္ပါတယ္။

ထို႔ေနာက္ Navio ဟာ ထိုဘူးကိုဖြင့္ၿပီး ေငြမ်ားကိုေရတြက္ၾကည့္လိုက္တဲ့အခါ ေဟာင္ေကာင္ေဒၚလာ ၂၁,၇၆၀ (၄၇ သိန္းေက်ာ္) အထိ ရွိေနခဲ့ပါတယ္။ထိုလမ်ားအတြင္းမွာဘဲ သူမရဲ႕ေနထိုင္မႈပုံစံကလည္း အၿပီးတိုင္ ေျပာင္းလဲသြားခဲ့ပါတယ္။

Navio ဟာ အတိတ္မွာ သူမရဲ႕ေငြမ်ားအားေခြၽတာရန္ သတိမထားမိခဲ့ေပမဲ့လည္း အနာဂတ္မွာေတာ့ သူမကိုယ္သူမကယ္တင္ရန္ ဆက္လက္ၿပီးစိန္ေခၚဖို႔ အဆင္သင့္ျဖစ္ေနပါၿပီ။

သူမရဲ႕ေနာက္ထပ္စိန္ေခၚမႈက ေဟာင္ေကာင္ေဒၚလာ ၅၀ (၁၀,၈၀၀ က်ပ္) ကိုသိမ္းဆည္းရန္သာ ျဖစ္ေၾကာင္း Navio က ေျပာၾကားခဲ့ပါေသးတယ္။ေငြစုျခင္းျဖင့္ ေငြကိုေခြၽတာေစတဲ့နည္းလမ္းက လူမ်ားစြာရဲ႕ေနထိုင္မႈပုံစံကို တကယ္လည္း အမွန္တကယ္ေျပာင္းလဲေပးေစႏိုင္ပါတယ္။

Credit