သဘာဝကျကျ သရုပ်ဆောင်ချက် တွေကြောင့် သဘာဝ မင်းသားကြီး လို့ ကျော်ကြားတဲ့ မင်းသားကြီး ကျော်ရဲအောင် ရဲ့ ဘဝ အကြောင်း
Unicode
ကျော်ရဲအောင်ကတော့ မြန်မာ့ရုပ်ရှင်လောကမှာ နာမည်ကျော်ကြား လူကြိုက်များလှတဲ့ ဝါရင့်သရုပ်ဆောင် တစ်ဦးပဲဖြစ်ပါတယ်။ ကျော်ရဲအောင်ကိုတော့ ၁၉၆၆ခုနှစ်၊
မေလ၅ရက်နေ့မှာ ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့၌ အဖ ဦးမြင့်အောင်နဲ့ အမိဒေါ်ခင်လှတို့မှ မွေးဖွားခဲ့ပါတယ်။ အမည်ရင်းကတော့ ကိုကိုနိုင်ပဲဖြစ်ပါတယ်။
ကျော်ရဲအောင်ဟာ ၁၉၉၀ခုနှစ်ဝန်းကျင်မှာ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပါတယ်။ ဒါရိုက်တာ ဇဗ္ဗူထွန်းသက်လွင် ရိုက်ကူးတဲ့ တို့ကပိုချစ်သည် ဇာတ်ကားကို မင်းသမီး စိုးမြတ်သူဇာနဲ့အတူ ရိုက်ကူးရင်း အနုပညာအလုပ်တွေကို စတင်ခဲ့ပါတယ်။
သူရိုက်ကူးခဲ့တဲ့ ကြော်ငြာတွေထဲက ထင်ရှားတဲ့ ကြော်ငြာတစ်ခုကတော့ လှကလေးစိန်ထိုးမုန့် ကြော်ငြာပဲဖြစ်ပါတယ်။
ကျရာဇာတ်ဆောင်ကို သဘာဝကျကျနဲ့ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ ကျော်ရဲအောင်ဟာ အကယ်ဒမီထူးချွန်ဆုကို နှစ်ကြိမ်တိုင်တိုင်ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ကျော်ရဲအောင်ဟာ စကားပြောရင်လည်း တုံးတိပြောတတ်ပြီး လူအများနဲ့ သိပ်ပြီးတော့လည်း ရောရောနှောနှောနေလေ့မရှိပါဘူး။ ဒါ့ကြောင့်လည်းသူ့ကို ပွဲအခမ်းအနားတွေမှာ သိပ်မြင်တွေ့ရလေ့မရှိပါဘူး။
သူရိုက်ကူးခဲ့တဲ့ဇာတ်ကားတွေထဲက ပုံစံအတိုင်း အပြင်မှာလည်း တုန်းတုန်းတိုက်တိုက် စရိုက်ရှိတာကိုတွေ့ရပါတယ်။
၁၉၉၆ခုနှစ်မှာတော့ ပထမဆုံးအကယ်ဒမီကို “သား သမီး ဇနီး ကြင်ယာ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆူကို ရရှိခဲ့ပါတယ်။
၂၀၀၇ ခုနှစ်မှာတော့ ကိုးဆယ်ဆယ်ဆသာလိမ့်မယ် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။
ဒီဇာတ်ကားဆိုရင် တစ်ကားထဲမှာပဲ ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ အမျိုးသားဇာတ်ဆောင်ဆု၊ အမျိုးသားဇာတ်ပို့ဆုနဲ့ တေးဂီတဆု အစသဖြင့် ရုပ်ရှင်ထူးချွန်ဆု ငါးဆုရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။
ပြဇာတ်တစ်ခုကိုရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းရာမှာ အညာရနံ့ထုံသင်းနေတဲ့ရှုခင်းတွေ၊ လယ်လမိုင်းတင်ပွဲ အခမ်းအနား၊ ရွှေစာရံဘုရားပွဲ၊ အစရှိတဲ့ ကျေးလက်ပြကွက်တွေနဲ့အတူ မိဘနဲ့သားသမီးကြားက ချစ်ခြင်းမေတ္တာကို ဖော်ကျူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။
ဒီကားထဲမှာတော့ ကျော်ရဲအောင်ဟာ နှမဖြစ်သူအပေါ် မေတ္တာတရားကြီးမားလှတဲ့ အစ်ကိုအဖြစ် ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
ကျော်ရဲအောင် ဟာ ဒါရိုက်တာကြီး ဦးကြည်စိုးထွန်းရဲ့ တပည့်တစ်ဦးလည်းဖြစ်ပါတယ်။
အိမ်ထောင်ရေးအနေနဲ့ မဆုမွန်နဲ့ လက်ထပ်ထိမ်းမြားခဲ့ပြီး သားတစ်ယောက်၊ သမီးတစ်ယောက် ထွန်းကားခဲ့ပါတယ်။ နာမည်တွေကတော့ မှုန်နံ့သာနဲ့ ထူးမြတ်ကျော်တို့ပဲဖြစ်ပါတယ်။
သမီးဖြစ်သူ မှုန်နံ့သာဟာလည်း ဖခင်နည်းတူ အနုပညာအလုပ်တွေကို လုပ်ကိုင်လျှက်ရှိပါတယ်။
ဇာတ်ကားပေါင်း ၂၉၀ ကျော်ကို ရိုက်ကူးခဲ့ပြီး ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်လျှက်ရှိပါတယ်။
Credit
Zaw Gyi
ေက်ာ္ရဲေအာင္ကေတာ့ ျမန္မာ့႐ုပ္ရွင္ေလာကမွာ နာမည္ေက်ာ္ၾကား လူႀကိဳက္မ်ားလွတဲ့ ဝါရင့္သ႐ုပ္ေဆာင္ တစ္ဦးပဲျဖစ္ပါတယ္။ ေက်ာ္ရဲေအာင္ကိုေတာ့ ၁၉၆၆ခုႏွစ္၊
ေမလ၅ရက္ေန႔မွာ ဧရာဝတီတိုင္းေဒသႀကီး၊ ဘိုကေလးၿမိဳ႕၌ အဖ ဦးျမင့္ေအာင္နဲ႔ အမိေဒၚခင္လွတို႔မွ ေမြးဖြားခဲ့ပါတယ္။ အမည္ရင္းကေတာ့ ကိုကိုႏိုင္ပဲျဖစ္ပါတယ္။
ေက်ာ္ရဲေအာင္ဟာ ၁၉၉၀ခုႏွစ္ဝန္းက်င္မွာ အႏုပညာေလာကထဲကို စတင္ဝင္ေရာက္ခဲ့ပါတယ္။ ဒါ႐ိုက္တာ ဇဗၺဴထြန္းသက္လြင္ ႐ိုက္ကူးတဲ့ တို႔ကပိုခ်စ္သည္ ဇာတ္ကားကို မင္းသမီး စိုးျမတ္သူဇာနဲ႔အတူ ႐ိုက္ကူးရင္း အႏုပညာအလုပ္ေတြကို စတင္ခဲ့ပါတယ္။
သူ႐ိုက္ကူးခဲ့တဲ့ ေၾကာ္ျငာေတြထဲက ထင္ရွားတဲ့ ေၾကာ္ျငာတစ္ခုကေတာ့ လွကေလးစိန္ထိုးမုန႔္ ေၾကာ္ျငာပဲျဖစ္ပါတယ္။
က်ရာဇာတ္ေဆာင္ကို သဘာဝက်က်နဲ႔ ပီပီျပင္ျပင္ သ႐ုပ္ေဆာင္ႏိုင္တဲ့ ေက်ာ္ရဲေအာင္ဟာ အကယ္ဒမီထူးခြၽန္ဆုကို ႏွစ္ႀကိမ္တိုင္တိုင္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။
ေက်ာ္ရဲေအာင္ဟာ စကားေျပာရင္လည္း တုံးတိေျပာတတ္ၿပီး လူအမ်ားနဲ႔ သိပ္ၿပီးေတာ့လည္း ေရာေရာေႏွာေႏွာေနေလ့မရွိပါဘူး။ ဒါ့ေၾကာင့္လည္းသူ႔ကို ပြဲအခမ္းအနားေတြမွာ သိပ္ျမင္ေတြ႕ရေလ့မရွိပါဘူး။
သူ႐ိုက္ကူးခဲ့တဲ့ဇာတ္ကားေတြထဲက ပုံစံအတိုင္း အျပင္မွာလည္း တုန္းတုန္းတိုက္တိုက္ စ႐ိုက္ရွိတာကိုေတြ႕ရပါတယ္။
၁၉၉၆ခုႏွစ္မွာေတာ့ ပထမဆုံးအကယ္ဒမီကို “သား သမီး ဇနီး ၾကင္ယာ” ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားနဲ႔ အေကာင္းဆုံးအမ်ိဳးသားဇာတ္ေဆာင္ဆူကို ရရွိခဲ့ပါတယ္။
၂၀၀၇ ခုႏွစ္မွာေတာ့ ကိုးဆယ္ဆယ္ဆသာလိမ့္မယ္ ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားနဲ႔ အမ်ိဳးသားဇာတ္ေဆာင္ဆုကို ရရွိခဲ့ပါတယ္။
ဒီဇာတ္ကားဆိုရင္ တစ္ကားထဲမွာပဲ ဇာတ္ကားဆု၊ ဒါ႐ိုက္တာဆု၊ အမ်ိဳးသားဇာတ္ေဆာင္ဆု၊ အမ်ိဳးသားဇာတ္ပို႔ဆုနဲ႔ ေတးဂီတဆု အစသျဖင့္ ႐ုပ္ရွင္ထူးခြၽန္ဆု ငါးဆုရရွိခဲ့တဲ့ ဇာတ္ကားတစ္ကားလည္းျဖစ္ပါတယ္။
ျပဇာတ္တစ္ခုကို႐ုပ္ရွင္အျဖစ္ ျပန္လည္အသက္သြင္းရာမွာ အညာရနံ႔ထုံသင္းေနတဲ့ရႈခင္းေတြ၊ လယ္လမိုင္းတင္ပြဲ အခမ္းအနား၊ ေ႐ႊစာရံဘုရားပြဲ၊ အစရွိတဲ့ ေက်းလက္ျပကြက္ေတြနဲ႔အတူ မိဘနဲ႔သားသမီးၾကားက ခ်စ္ျခင္းေမတၱာကို ေဖာ္က်ဴးထားတဲ့ ဇာတ္ကားေကာင္းတစ္ကားပဲျဖစ္ပါတယ္။
ဒီကားထဲမွာေတာ့ ေက်ာ္ရဲေအာင္ဟာ ႏွမျဖစ္သူအေပၚ ေမတၱာတရားႀကီးမားလွတဲ့ အစ္ကိုအျဖစ္ ပီျပင္စြာ သ႐ုပ္ေဆာင္ႏိုင္ခဲ့တာပဲျဖစ္ပါတယ္။
ေက်ာ္ရဲေအာင္ ဟာ ဒါ႐ိုက္တာႀကီး ဦးၾကည္စိုးထြန္းရဲ႕ တပည့္တစ္ဦးလည္းျဖစ္ပါတယ္။
အိမ္ေထာင္ေရးအေနနဲ႔ မဆုမြန္နဲ႔ လက္ထပ္ထိမ္းျမားခဲ့ၿပီး သားတစ္ေယာက္၊ သမီးတစ္ေယာက္ ထြန္းကားခဲ့ပါတယ္။ နာမည္ေတြကေတာ့ မႈန္နံ႔သာနဲ႔ ထူးျမတ္ေက်ာ္တို႔ပဲျဖစ္ပါတယ္။
သမီးျဖစ္သူ မႈန္နံ႔သာဟာလည္း ဖခင္နည္းတူ အႏုပညာအလုပ္ေတြကို လုပ္ကိုင္လွ်က္ရွိပါတယ္။
ဇာတ္ကားေပါင္း ၂၉၀ ေက်ာ္ကို ႐ိုက္ကူးခဲ့ၿပီး ယေန႔အခ်ိန္ထိလည္း အႏုပညာအလုပ္ေတြကို လုပ္ကိုင္လွ်က္ရွိပါတယ္။
Credit