ထူးဆန္းတဲ့မ်က္လုံးတစ္စုံေၾကာင့္ သိပၸံပညာရွင္ေတြရဲ႕စိတ္ဝင္စားျခင္းကိုခံခဲ့ရတဲ့ ကေလးေလး

ေနာင္႐ိုဟြီေလးကို တ႐ုတ္ႏိုင္ငံ ဂြန္ရွိနယ္ၿမိဳ႕ေလးမွာ ေမြးဖြားခဲ့တာျဖစ္ၿပီး ေမြးစကတည္းက သာမန္ကေလးေတြထက္ ထူးျခားတဲ့မ်က္ဝန္း တစ္စုံပါဝင္လာခဲ့ပါတယ္။

ေနာင္႐ိုဟြီေလးဟာ ေမြးကင္းစအ႐ြယ္မွာပင္ သူ႔ရဲ႕မ်က္ဝန္းတစ္စုံလုံးဟာ အျပာေရာင္ျဖစ္ေနခဲ့တာကို သတိထားမိခဲ့ၾကပါတယ္။ ႐ိုဟြီေလးအ႐ြယ္ေရာက္လာတဲ့အခါမွာေတာ့

ေန႔ခင္းပိုင္း ေနေရာင္ျခည္ထိုးတဲ့အခ်ိန္မွာ သူ႔ရဲ႕မ်က္စိေတြဟာ အလြန္ႀကိမ္းတဲ့ဒဏ္ကို ခံစားရပါတယ္။ အဆိုပါလကၡဏာကို သူ႔ရဲ႕မိဘေတြက မ်က္စိဆရာဝန္အမ်ိဳးမ်ိဳးနဲ႔ စမ္းသပ္ျပခဲ့ေသာ္လည္း ရလဒ္ကေတာ့ မထူးခဲ့ပါဘူး။

သူ႔မ်က္လုံးေလးေတြကို စမ္းသပ္ၾကည့္တဲ့အခါ ထူးဆန္းစြာ အျပာေရာင္ေတာက္ေနတာကို ေတြ႕ခဲ့ရၿပီး ေၾကာင္ေတြရဲ႕မ်က္လုံးနဲ႔တူလွပါတယ္။

ပိုၿပီးအံ့ၾသစရာေကာင္းတာက ႐ိုဟြီေလးရဲ႕ မ်က္လုံးေတြဟာ ညဖက္မွာ ေကာင္းစြာျမင္ေနႏိုင္တာပါပဲအဆိုပါသတင္းဟာ တစ္ႏိုင္ငံလုံးကို ပ်ံ႕ႏွံ႔သြားၿပီး သိပၸံပညာရွင္မ်ားကလည္း စိတ္ဝင္စားခဲ့ပါတယ္။

ေနာက္ပိုင္းမွာေတာ့ သိပၸံပညာရွင္မ်ားဟာ ႐ိုဟြီေလးရဲ႕ ထူးဆန္းတဲ့ မ်က္လုံးကို လာေရာက္စမ္းသပ္ခဲ့ၾကပါတယ္။ ပထမဦးဆုံး စမ္းသပ္တာကေတာ့ ႐ိုဟြီေလးကို အေမွာင္ထဲမွာ ဖဲခ်ပ္ေတြကိုဖတ္ခိုင္းေစခဲ့ပါတယ္။

႐ိုဟြီေလးဟာ အဆိုပါ ဖဲခ်ပ္ေလးေတြကို တစ္ခုမက်န္ မွန္ေအာင္ေျပာျပႏိုင္ခဲ့သျဖင့္ ေနာက္ထပ္ စမ္းသပ္မႈတခ်ိဳ႕ကိုျပဳလုပ္ခဲ့ပါတယ္။ ထိုစမ္းသပ္ခ်က္မွာေတာ့ အေမွာင္ထဲမွာ သခ်ာပၤုစာၦေတြကို တြက္ခိုင္းေစပါတယ္။

ဒီတစ္ႀကိမ္မွာလည္း ထူးဆန္းေလာက္ေအာင္ ႐ိုဟြီေလးဟာ ေအးေအးေဆးေဆးေျဖျပခဲ့ပါတယ္။ ယခုလိုထူးဆန္းမႈေတြနဲ႔ ျပည့္ႏွက္ေနတဲ့ ႐ိုဟြီေလးကို တ႐ုတ္ႏိုင္ငံမွာေတာ့ ေၾကာင္ကေလးလို႔ေခၚၾကပါတယ္..ပရိသတ္ႀကီးေရ..။ ခရက္ဒစ္

Unicode

နောင်ရိုဟွီလေးကို တရုတ်နိုင်ငံ ဂွန်ရှိနယ်မြို့လေးမှာ မွေးဖွားခဲ့တာဖြစ်ပြီး မွေးစကတည်းက သာမန်ကလေးတွေထက် ထူးခြားတဲ့မျက်ဝန်း တစ်စုံပါဝင်လာခဲ့ပါတယ်။

နောင်ရိုဟွီလေးဟာ မွေးကင်းစအရွယ်မှာပင် သူ့ရဲ့မျက်ဝန်းတစ်စုံလုံးဟာ အပြာရောင်ဖြစ်နေခဲ့တာကို သတိထားမိခဲ့ကြပါတယ်။ ရိုဟွီလေးအရွယ်ရောက်လာတဲ့အခါမှာတော့

နေ့ခင်းပိုင်း နေရောင်ခြည်ထိုးတဲ့အချိန်မှာ သူ့ရဲ့မျက်စိတွေဟာ အလွန်ကြိမ်းတဲ့ဒဏ်ကို ခံစားရပါတယ်။ အဆိုပါလက္ခဏာကို သူ့ရဲ့မိဘတွေက မျက်စိဆရာဝန်အမျိုးမျိုးနဲ့ စမ်းသပ်ပြခဲ့သော်လည်း ရလဒ်ကတော့ မထူးခဲ့ပါဘူး။

သူ့မျက်လုံးလေးတွေကို စမ်းသပ်ကြည့်တဲ့အခါ ထူးဆန်းစွာ အပြာရောင်တောက်နေတာကို တွေ့ခဲ့ရပြီး ကြောင်တွေရဲ့မျက်လုံးနဲ့တူလှပါတယ်။

ပိုပြီးအံ့သြစရာကောင်းတာက ရိုဟွီလေးရဲ့ မျက်လုံးတွေဟာ ညဖက်မှာ ကောင်းစွာမြင်နေနိုင်တာပါပဲအဆိုပါသတင်းဟာ တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားပြီး သိပ္ပံပညာရှင်များကလည်း စိတ်ဝင်စားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ သိပ္ပံပညာရှင်များဟာ ရိုဟွီလေးရဲ့ ထူးဆန်းတဲ့ မျက်လုံးကို လာရောက်စမ်းသပ်ခဲ့ကြပါတယ်။ ပထမဦးဆုံး စမ်းသပ်တာကတော့ ရိုဟွီလေးကို အမှောင်ထဲမှာ ဖဲချပ်တွေကိုဖတ်ခိုင်းစေခဲ့ပါတယ်။

ရိုဟွီလေးဟာ အဆိုပါ ဖဲချပ်လေးတွေကို တစ်ခုမကျန် မှန်အောင်ပြောပြနိုင်ခဲ့သဖြင့် နောက်ထပ် စမ်းသပ်မှုတချို့ကိုပြုလုပ်ခဲ့ပါတယ်။ ထိုစမ်းသပ်ချက်မှာတော့ အမှောင်ထဲမှာ သချာင်္ပုစ္ဆာတွေကို တွက်ခိုင်းစေပါတယ်။

ဒီတစ်ကြိမ်မှာလည်း ထူးဆန်းလောက်အောင် ရိုဟွီလေးဟာ အေးအေးဆေးဆေးဖြေပြခဲ့ပါတယ်။ ယခုလိုထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ ရိုဟွီလေးကို တရုတ်နိုင်ငံမှာတော့ ကြောင်ကလေးလို့ခေါ်ကြပါတယ်..ပရိသတ်ကြီးရေ..။ ခရက်ဒစ်