လူတစ်ယောက်ဆီကနေ ဘယ်ရီသီးကို လောဘကြီးကြီးနဲ့ မကုန်မချင်း တောင်းစားနေခဲ့တဲ့ ရှားပါးမျောက်တစ်ကောင်ရဲ့ချစ်စရာမြင်ကွင်း (ရုပ်သံ)
Unicode
The golden snub-nosed monkey လို့ခေါ်တဲ့ ရွှေရောင်နှာခေါင်းစွပ်မျောက်များဟာ Cercopithecidae မျိုးနွယ်ဝင် မျောက်မျိုးဖြစ်ပါတယ်။ ၎င်းတို့ဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ တောင်တန်းတောအုပ်များတွင် နေထိုင်ကြပြီး Sichuan နှာခေါင်းပေါက်မျောက်များဟုလည်း လူသိများကြပါတယ်။
ဤတိရိစ္ဆာန်ဟာ လူမဟုတ်တဲ့အခြားမျောက်ဝံများနှင့် ယှဉ်ရင်တော့ အအေးပျမ်းမျှအပူချိန်ကို ခံနိုင်ရည်ရှိကြပါတယ်။ ရွှေရောင်နှာခေါင်းစွပ်မျောက်များဟာ
lichens ဆိုတဲ့ သစ်ပင်တွေပေါ်မှာပေါ်ရောက်တဲ့ အစိမ်းရောင်အဆင်းရှိတဲ့မှိုများကို အဓိကထားစားသုံးကြတဲ့ သတ္တဝါတွေဘဲဖြစ်ပါတယ်။
၎င်းတို့ကို များသောအားဖြင့် ၅ကောင်မှ ၁၀ ကောင်ကျော်အထိ အုပ်စုဖွဲ့ပြီးနေကြတာကို တွေ့ရတတ်ပါတယ်။
အဖွဲ့ဝင်များဟာ အလွန်နီးကပ်တဲ့ဆက်သွယ်မှုကို ထိန်းသိမ်းထားကြပြီး တစ်ခါတလေမှာ အထီးတွေက တစ်ကိုယ်တည်း သီးသန့်နေတတ်ကြသလို အမတွေကတော့ တခြားသော အမတွေနဲ့ ရင်းနှီးနေတတ်ကြပါတယ်။
၎င်းတို့ဟာ အဖွဲ့ရဲ့ ငယ်ရွယ်တဲ့ အဖွဲ့ဝင်များကို အကာအကွယ်ပေးခြင်းက အဖွဲ့ရဲ့ကြိုးစားအားထုတ်မှုဟု ယူဆထားကြတဲ့အပြင် အန္တရာယ်များတဲ့အချိန်တွေမှာ အကောင်ငယ်လေးတွေအား အကာအကွယ်ပေးရန်အတွက် အဖွဲ့ရဲ့ဗဟိုနေရာမှာ ထားတတ်ကြပါတယ်။
၎င်းတို့ရဲ့ထူထပ်တဲ့အမွေးများနှင့် အစုလိုက်အပြုံလိုက်အိပ်စက်တတ်ခြင်းတို့က ရွှေရောင်နှာခေါင်းစွပ်မျောက်များအတွက် အေးတဲ့အပူချိန်ကို နွေးထွေးစွာ ထိန်းထားနိုင်စေရန် ကူညီပေးပါတယ်။
မိတ်လိုက်ခြင်းကတော့ တစ်နှစ်ပတ်လုံး ဖြစ်ပွါးနိုင်ပေမဲ့လည်း အများအားဖြင့် အောက်တိုဘာလမှာ အဖြစ်များပါတယ်။ အဆိုပါ သတ္တဝါများဟာ အသီးအနှံများ၊ အစေ့များ၊ အရွက်နုများ၊ အဖူးများ၊ ပန်းများ၊ အခေါက်များနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးတတ်ကြပြီး
၎င်းတို့ရဲ့ အစားအသောက်တွေက ရာသီအလိုက် ပြောင်းတတ်ပါတယ်။ ၎င်းတို့ကို အန္တရာယ်ပေးတဲ့ အဓိက အမဲလိုက်ကောင်အချို့ကတော့ ဝံပုလွေ ၊ ကျားသစ် ၊ မြောက်ပိုင်း goshhawks နှင့် ရွှေလင်းယုန်တို့ ပါဝင်ပါတယ်။
မကြာသေးမီက တစ်စုံတစ်ယောက်ဟာ ရှားရှားပါးပါး ရွှေနှာခေါင်းပေါက် မျောက်တစ်ကောင်ကို ဘယ်ရီသီးဖြင့် အစာကျွေးနေသည့် ဗီဒီယိုဖိုင်ကို ရိုက်ကူးနိုင်ခဲ့ပြီး ၎င်းဟာ သင့်နှလုံးသားကို အရည်ပျော်သွားစေမှာ သေချာပါတယ်။
ဘယ်ရီသီးတွေကို လောဘကြီးကြီးနဲ့ အသံမြည်အောင် ဝါးစားနေခဲ့တဲ့ မျောက်ကလေးက လုံးဝကို ချစ်စရာကောင်းတာကြောင့် ၎င်းဗီဒီယိုက ဘာကြောင့် ပျံ့နှံ့သွားတယ်ဆိုတာ သံသယဖြစ်စရာမရှိသလို အင်တာနက်ကလည်း ၎င်းအတွက် သဘောကျ ရူးသွပ်နေခဲ့ပါတယ်။
တရုတ်နိုင်ငံမှ မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ၎င်းတောရိုင်းမျောက်ဟာ Maoping ရွာရှိ ဒေသခံများနှင့် လိုက်လျောညီထွေစွာ နေထိုင်နေပုံရပါတယ်။
အချို့သောလူတွေက ဘယ်ရီသီးစားတဲ့အခါ အဆိုပါမျောက်ရဲ့ ပါးစပ်မှထွက်လာတဲ့ ASMR အမျိုးအစားအသံများကို မီးမောင်းထိုးပြခဲ့ကြပြီး ၊
အချို့ကလည်း ယင်းသတ္တဝါကို Star Wars Universe တွင်တွေ့ရှိခဲ့တဲ့ စိတ်ကူးယဉ်မျိုးစိတ်ဖြစ်သည့် Ewok နှင့် နှိုင်းယှဉ်ခဲ့ကြပါတယ်။
Credit
Zaw Gyi
The golden snub-nosed monkey လို႔ေခၚတဲ့ ေ႐ႊေရာင္ႏွာေခါင္းစြပ္ေမ်ာက္မ်ားဟာ Cercopithecidae မ်ိဳးႏြယ္ဝင္ ေမ်ာက္မ်ိဳးျဖစ္ပါတယ္။ ၎တို႔ဟာ တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္းရွိ ေတာင္တန္းေတာအုပ္မ်ားတြင္ ေနထိုင္ၾကၿပီး Sichuan ႏွာေခါင္းေပါက္ေမ်ာက္မ်ားဟုလည္း လူသိမ်ားၾကပါတယ္။
ဤတိရိစာၦန္ဟာ လူမဟုတ္တဲ့အျခားေမ်ာက္ဝံမ်ားႏွင့္ ယွဥ္ရင္ေတာ့ အေအးပ်မ္းမွ်အပူခ်ိန္ကို ခံႏိုင္ရည္ရွိၾကပါတယ္။ ေ႐ႊေရာင္ႏွာေခါင္းစြပ္ေမ်ာက္မ်ားဟာ
lichens ဆိုတဲ့ သစ္ပင္ေတြေပၚမွာေပၚေရာက္တဲ့ အစိမ္းေရာင္အဆင္းရွိတဲ့မႈိမ်ားကို အဓိကထားစားသုံးၾကတဲ့ သတၱဝါေတြဘဲျဖစ္ပါတယ္။ ၎တို႔ကို မ်ားေသာအားျဖင့္ ၅ေကာင္မွ ၁၀ ေကာင္ေက်ာ္အထိ အုပ္စုဖြဲ႕ၿပီးေနၾကတာကို ေတြ႕ရတတ္ပါတယ္။
အဖြဲ႕ဝင္မ်ားဟာ အလြန္နီးကပ္တဲ့ဆက္သြယ္မႈကို ထိန္းသိမ္းထားၾကၿပီး တစ္ခါတေလမွာ အထီးေတြက တစ္ကိုယ္တည္း သီးသန႔္ေနတတ္ၾကသလို အမေတြကေတာ့ တျခားေသာ အမေတြနဲ႔ ရင္းႏွီးေနတတ္ၾကပါတယ္။
၎တို႔ဟာ အဖြဲ႕ရဲ႕ ငယ္႐ြယ္တဲ့ အဖြဲ႕ဝင္မ်ားကို အကာအကြယ္ေပးျခင္းက အဖြဲ႕ရဲ႕ႀကိဳးစားအားထုတ္မႈဟု ယူဆထားၾကတဲ့အျပင္ အႏၲရာယ္မ်ားတဲ့အခ်ိန္ေတြမွာ အေကာင္ငယ္ေလးေတြအား အကာအကြယ္ေပးရန္အတြက္ အဖြဲ႕ရဲ႕ဗဟိုေနရာမွာ ထားတတ္ၾကပါတယ္။
၎တို႔ရဲ႕ထူထပ္တဲ့အေမြးမ်ားႏွင့္ အစုလိုက္အၿပဳံလိုက္အိပ္စက္တတ္ျခင္းတို႔က ေ႐ႊေရာင္ႏွာေခါင္းစြပ္ေမ်ာက္မ်ားအတြက္ ေအးတဲ့အပူခ်ိန္ကို ေႏြးေထြးစြာ ထိန္းထားႏိုင္ေစရန္ ကူညီေပးပါတယ္။
မိတ္လိုက္ျခင္းကေတာ့ တစ္ႏွစ္ပတ္လုံး ျဖစ္ပြါးႏိုင္ေပမဲ့လည္း အမ်ားအားျဖင့္ ေအာက္တိုဘာလမွာ အျဖစ္မ်ားပါတယ္။ အဆိုပါ သတၱဝါမ်ားဟာ အသီးအႏွံမ်ား၊ အေစ့မ်ား၊ အ႐ြက္ႏုမ်ား၊ အဖူးမ်ား၊ ပန္းမ်ား၊ အေခါက္မ်ားႏွင့္ ဟင္းသီးဟင္း႐ြက္မ်ားကို စားသုံးတတ္ၾကၿပီး
၎တို႔ရဲ႕ အစားအေသာက္ေတြက ရာသီအလိုက္ ေျပာင္းတတ္ပါတယ္။ ၎တို႔ကို အႏၲရာယ္ေပးတဲ့ အဓိက အမဲလိုက္ေကာင္အခ်ိဳ႕ကေတာ့ ဝံပုေလြ ၊ က်ားသစ္ ၊ ေျမာက္ပိုင္း goshhawks ႏွင့္ ေ႐ႊလင္းယုန္တို႔ ပါဝင္ပါတယ္။
မၾကာေသးမီက တစ္စုံတစ္ေယာက္ဟာ ရွားရွားပါးပါး ေ႐ႊႏွာေခါင္းေပါက္ ေမ်ာက္တစ္ေကာင္ကို ဘယ္ရီသီးျဖင့္ အစာေကြၽးေနသည့္ ဗီဒီယိုဖိုင္ကို ႐ိုက္ကူးႏိုင္ခဲ့ၿပီး ၎ဟာ သင့္ႏွလုံးသားကို အရည္ေပ်ာ္သြားေစမွာ ေသခ်ာပါတယ္။
ဘယ္ရီသီးေတြကို ေလာဘႀကီးႀကီးနဲ႔ အသံျမည္ေအာင္ ဝါးစားေနခဲ့တဲ့ ေမ်ာက္ကေလးက လုံးဝကို ခ်စ္စရာေကာင္းတာေၾကာင့္ ၎ဗီဒီယိုက ဘာေၾကာင့္ ပ်ံ႕ႏွံ႔သြားတယ္ဆိုတာ သံသယျဖစ္စရာမရွိသလို အင္တာနက္ကလည္း ၎အတြက္ သေဘာက် ႐ူးသြပ္ေနခဲ့ပါတယ္။
တ႐ုတ္ႏိုင္ငံမွ မ်ိဳးတုံးေပ်ာက္ကြယ္လုနီးပါးျဖစ္ေနတဲ့ ၎ေတာ႐ိုင္းေမ်ာက္ဟာ Maoping ႐ြာရွိ ေဒသခံမ်ားႏွင့္ လိုက္ေလ်ာညီေထြစြာ ေနထိုင္ေနပုံရပါတယ္။
အခ်ိဳ႕ေသာလူေတြက ဘယ္ရီသီးစားတဲ့အခါ အဆိုပါေမ်ာက္ရဲ႕ ပါးစပ္မွထြက္လာတဲ့ ASMR အမ်ိဳးအစားအသံမ်ားကို မီးေမာင္းထိုးျပခဲ့ၾကၿပီး ၊
အခ်ိဳ႕ကလည္း ယင္းသတၱဝါကို Star Wars Universe တြင္ေတြ႕ရွိခဲ့တဲ့ စိတ္ကူးယဥ္မ်ိဳးစိတ္ျဖစ္သည့္ Ewok ႏွင့္ ႏႈိင္းယွဥ္ခဲ့ၾကပါတယ္။
Credit