နှစ် (၂) ထောင်နီးပါးသက်တမ်းရှိတဲ့ ပျူခေတ်အုတ်ချပ်ပေါ်က ကလေးခြေရာလေးတခု

Unicode

နှစ် (၂) ထောင်နီးပါးသက်တမ်းရှိတဲ့ ပျူခေတ်အုတ်ချပ်ပေါ်က ထူးဆန်းတဲ့ ကလေးခြေရာလေးတခု

ပျူအုတ်ချပ်တစ်ခုမှာ ထင်ကျန်ရစ်ခဲ့တဲ့ ခြေရာကလေးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂ ထောင်နီးပါးက ချစ်စဖွယ် တီတီတာတာ ကလေးတစ်ယောက် နင်းသွားခဲ့တာပဲဖြစ်ပါတယ်။ ယခုသူ ဘယ်ဘဝများရောက်ရှိနေပြီလဲ။

သူ့​ခြေဖဝါးလေးက ဖူးပြည့်မို့မေါက်နေလို့ ကျန်းကျန်းမာမာနဲ့ လွတ်လပ်ပေါ့ပါး ဆော့ကစားရင်း နင်းမိတယ်ထင်ပါတယ်။

ဒီလိုခြေဖဝါးလေးတွေကို ပျူခေတ်အသုံးပြုခဲ့ကြတဲ့ အုတ်ချပ်တွေမှာ တွေ့ရှိရတတ်ပြီး ကလေးခြေရာတွင်မကပဲ လူကြီးခြေရာ လူလတ်ပိုင်းခြေရာ‌တွေအပြင် တိရိစ္ဆာန်‌ခြေရာတွေဖြစ်တဲ့ ခွေးခြေရာ၊ နွားခွာရာ စသဖြင့်တွေ့ရှိရပါတယ်။

ပျူခေတ်က အုတ်လုပ်တဲ့အခါ ရွံ့စေးကိုပုံစံသွင်းပြီး မီးမဖုတ်ခင် နေလှမ်းကြပုံရပါတယ်။ အဲ့ဒီအခါ ဒါမျိုးအရာလေးတွေက အမှုမဲ့အမှတ်မဲ့ ပါလာတတ်ကြပါတယ်။

နေလှမ်းထားတဲ့ ရွှံ့အုတ်တွေပေါ်ကို ပြေးရင်းလွှားရင်း ဆော့ကစားရင်း အလုပ်လုပ်ရင်း နင်းမိကြပုံပါပဲ။ ဒါဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ကြလိမ့်မယ်လို့တော့ ယူဆလို့မရပါဘူး။

ဘာဖြစ်လို့လည်းဆိုတော့ အုတ်တွေအပေါ် ထင်ကျန်ရစ်ကြတဲ့ အရာများဟာ ရုတ်တရက် နင်းသွားခဲ့တဲ့ ပုံသဏ္ဌန်ဖြစ်ပုံရပါတယ်။ တစ်ခုနဲ့တစ်ခု ပုံစံတွေလည်း မတူကြသလို အုတ်ခဲတစ်လုံးနဲ့တစ်လုံးရဲ့ မျက်နှာပြင်မှာအနေအထားတွေလည်း မတူညီကြပါဘူး။

ပျူခေတ်အုတ်တွေမှာ ရည်ရွယ်ချက်ရှိရှိနဲ့ စာလုံးတွေဖော်ထားတာ လက်ရေးစင်းတွေ ရိုက်နှိပ်ခဲ့ကြတာတွေတော့ များစွာတွေ့ရှိရပါတယ်။ ဘာမျှမပါပဲ ပြုလုပ်ထားတဲ့ အုတ်တွေလည်းတွေ့ရပါတယ်။

များသောအားဖြင့် ပျူအုတ်အရွယ်အစားများဟာ အလျား ၁၈ လက်မ၊ အနံ ၉ လက်မ နဲ့ ထုက ၃ လက်မ အရွယ်အစားရှိကြောင်း တွေ့ရပါတယ်။

ဒီအတိုင်းအတာတွေဟာ တကယ်တော့ အုတ်ဖုတ်ဖို့ အုတ်ပုံစံယူတဲ့ လူရဲ့ body measurement တွေဆိုလည်း မမှားပါဘူး။ အုတ်ကိုဖြတ်ရတဲ့လူရဲ့ တစ်‌တောင်ဟာ ၁၈ လက်မရှိပြီး တစ်ထွာဟာ ၉ လက်မရှိပါတယ်။

ထုကတော့ အဲ့ဒီလူရဲ့ လက်လေးသစ် (လက်လေးလုံး)ဟာ ၃ လက်မရှိကြပါတယ်။ မယုံရင် ကိုယ့်လက်ကိုပြန်တိုင်းကြည့်ပါ လူကောင်ညှက်တာနဲ့ ထွားတာနဲ့ ရှည်တာနဲ့တိုတာနဲ့ အနည်းငယ်စီပဲကွာကြောင်း တွေ့ရပါလိမ့်မယ်။ ယခုအခါမှ ပေကြိုးတွေနဲ့တိုင်းကြ ထွာကြလို့ သဘာဝ တိုင်းတာခဲ့မှုနဲ့ ဝေးကွာသွားရခြင်းဖြစ်တယ်လို့ ယူဆမိပါတယ်။

ပျူတွေဟာ မြေကိုမီးဖုတ်တဲ့အတတ်မှာ အင်မတန်ကျွမ်းကျင် လိမ္မာပါတယ်။ အုတ်တွေကို မီးဖုတ်တဲ့အခါ မီးအကျက်ညီလှပါတယ် မီးအကျက်ညီအောင်လည်း ရွှံ့နယ်စဥ်ကထဲက စပါးခွံများထည့်သွင်းပြီး ရောနှောနယ်လေ့ရှိကြပါတယ်။ ဒ

ါကြောင့်မီးဖုတ်တဲ့အခါ ထူထဲလှတဲ့အုတ်ရဲ့ အတွင်းသားတွေ အတွင်းက စပါးခွံတို့ကို လောင်ကျွမ်းစေခြင်းဖြင့် အုတ်အတွင်းသားအထိမီးအပူရှိန်ရောက်စေပြီး မီးအကျက်ညီတဲ့ အုတ်တွေကိုရရှိပါတယ်။

ဒီထက်ပညာသားပါတဲ့ အပူချိန်ထိန်းသိမ်းခြင်း အတတ်ပညာလည်းရှိခဲ့ပုံပါပဲ။ ဘာဖြစ်လို့လည်းဆိုလျင် ပျူခေတ်အုတ်တွေထက် များစွာကြီးမားတဲ့ မြေမီးဖုတ်ရုပ်ကြွများစွာကိုလည်း မီးအကျက်ညီအောင် ဖုတ်နိုင်ခဲ့ကြလို့ပဲဖြစ်ပါတယ်။

ပျူခေတ်အုတ်တွေမှာ ပျူစာနဲ့ ပျုဂဏန်းစာလုံးတွေကို ပုံစံခွက်နဲ့ဖိပြီး သေသပ်စွာ ရိုက်နှိပ်ခဲ့ကြောင်းလည်း တွေ့ရပါတယ်။ များသောအားဖြင့် ပျူအက္ခရာ ဂဏန်းစာလုံးတွေကို နန်းတော်ရာ မြို့ရိုးလိုစီတဲ့နေရာတွေ မြို့ရိုးစီတဲ့ အုတ်ရိုးနေရာတွေမှာ အတွေ့ရများပြီး၊ အခြားပျူအက္ခရာများကိုတော့ ဘာသာရေးအဆောက်အုံဆောက်လုပ်တဲ့ အုတ်ရိုးတွေမှာ တွေ့ရတတ်ပါတယ်။

ပျူခေတ်အုတ်တွေမှာ လက်ရေးစင်းပါတာနဲ့ ပတ်သက်လို့ အယူအဆအမျိုးမျိုး ရှိကြတဲ့နေရာမှာ နောက်ပိုင်းတွေ့ရှိလာတာကတော့ လက်ရေးစင်းပါတဲ့

အုတ်တွေကို အုတ်ရိုးတွေစီတဲ့ အခါ မြေသရွှတ်ချော်မထွက်သွားအောင် အုတ်ရိုးရဲ့အစွန်ဘက်တွေနဲ့ အလယ်ဗဟိုလို နေရာမျိုးတွေမှာ မြေသရွှတ် မအိပ်ခင် အုတ်တွေ ရွှေ့ရှားသွားမှာ စိုးတဲ့အတွက် အဆောက်အုံဆောက်လုပ်တဲ့ အုပ်စီးအုတ်နင်းစနစ် တစ်ခုအနေနဲ့ အသုံးပြုခဲ့ကြတယ်လို့ ယူဆကြပါတယ်။

ဒီအဆိုကို ခိုင်မာဖို့ ကောက်ချက်ဆွဲရာမှာ ပျူခေတ်က ဖျော်စပ် ခဲ့ကြတဲ့ အင်္ဂတေစပ်နည်းဟာ သဘာဝပစ္စည်းများကို အခြေခံကြရလို့ ခြောက်သွေ့ဖို့ရာ အင်မတန်အချိန်ယူကြရပါတယ်

အဲ့ဒီအတောအတွင်း စီထားတဲ့ အုတ်စီးအုတ်နင်း ချော်မထွက်သွားရလေအောင် စွဲမြဲနေအောင် အုတ်ခဲတွေမှာ ပုံစံမျိုးစုံနဲ့ လက်ရေးစင်းများ ရေးခြစ်ခဲ့ကြတယ်လို့ဆိုပါတယ်။

ဒီလိုပုံစံမျိုးကို ပုဂံဘုရားတွေရဲ့ နံရံမှာ အင်္ဂတေများကွာကျတဲ့အခါ အုတ်တွေရဲ့ နံရံမျက်နှာပြင်မှာ အစင်းကြောင်းများ ရေးခြစ်ထားတာနဲ့သဘောတရားခြင်း ဆင်တူပါပဲ၊ ဒါအပြင် သရေခေတ္တရာရဲ့ နန်းမြို့ရိုးအတွင်းဘက် နေရာတစ်ခုမှာ တစ်လက်မအထူလောက်ကျော်တဲ့ ပျူခေတ်က အသုံးပြုခဲ့တဲ့ အင်္ဂတေကို ကပ်လျက်တွေ့ရှိရပါတယ်

အချို့ကွာကျနေတဲ့ နံရံမျက်နှာပြင်မှာတော့ အင်္ဂတေမြဲအောင် အုတ်နံရံမှာ လေးဒေါင့်ကွက်များစွာ ရေးခြစ်ထားတာကိုတွေ့ရှိရပါတယ် ဒါကြောင့် ပျူခေတ်အုတ်တွေမှာ လက်ရေးစင်းကို ဘာကြောင့် ထည့်သွင်းခဲ့လည်းဆိုတဲ့ အဖြေကို ဒီအယူအဆနဲ့ သုံးသပ်ကြပါတယ်။

ပျူခေတ်အုတ်တွေဟာ နောက်ပိုင်းမှာ အရွယ်အစားသေးလာကြတာကိုတွေ့ရှိရပါတယ်။ အရှေ့ဘက် နန်းမြို့ရိုးပြိုကျခဲ့စဥ်က နန်းမြို့ရိုးကို အသုံးပြုထားတဲ့ အုတ်အရွယ်အစားတွေဟာ ၅ မျိုးလောက်တောင်ရှိကြောင်း တွေ့ရပါတယ်။

ပျူတွေဟာ အုတ်ထုတ်တဲ့အတတ်ပညာမှာ တဖြေးဖြေးနဲ့ တိုးတက်လာခဲ့ ကြပုံရပါတယ်။

လက်လုပ်ပုံရိုက်တဲ့ စနစ်ကနေ မိုလ်နဲ့ပုံဖော်တဲ့စနစ် ဒီနောက်ဗိသုကာအုတ်တွေကိုပါ မိုလ်လုပ်လို့ လိုအပ်တဲ့ သာသနိကအဆောက်အုံတွေမှာ လိုသလိုထုတ်လုပ်ပေးနိုင်ခဲ့ကြောင်းလည်း တူးဖော်တွေ့ရှိချက်တွေကနေတစ်ဆင့် သိရှိခဲ့ကြရပါတယ်။

Credit ; Kyaw Myo Win

Zaw Gyi

ႏွစ္ (၂) ေထာင္နီးပါးသက္တမ္းရွိတဲ့ ပ်ဴေခတ္အုတ္ခ်ပ္ေပၚက ထူးဆန္းတဲ့ ကေလးေျခရာေလးတခု

ပ်ဴအုတ္ခ်ပ္တစ္ခုမွာ ထင္က်န္ရစ္ခဲ့တဲ့ ေျခရာကေလးဟာ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၂ ေထာင္နီးပါးက ခ်စ္စဖြယ္ တီတီတာတာ ကေလးတစ္ေယာက္ နင္းသြားခဲ့တာပဲျဖစ္ပါတယ္။ ယခုသူ ဘယ္ဘဝမ်ားေရာက္ရွိေနၿပီလဲ။

သူ႔​ေျခဖဝါးေလးက ဖူးျပည့္မို႔ေမါက္ေနလို႔ က်န္းက်န္းမာမာနဲ႔ လြတ္လပ္ေပါ့ပါး ေဆာ့ကစားရင္း နင္းမိတယ္ထင္ပါတယ္။

ဒီလိုေျခဖဝါးေလးေတြကို ပ်ဴေခတ္အသုံးျပဳခဲ့ၾကတဲ့ အုတ္ခ်ပ္ေတြမွာ ေတြ႕ရွိရတတ္ၿပီး ကေလးေျခရာတြင္မကပဲ လူႀကီးေျခရာ လူလတ္ပိုင္းေျခရာ‌ေတြအျပင္ တိရိစာၦန္‌ေျခရာေတြျဖစ္တဲ့ ေခြးေျခရာ၊ ႏြားခြာရာ စသျဖင့္ေတြ႕ရွိရပါတယ္။

ပ်ဴေခတ္က အုတ္လုပ္တဲ့အခါ ႐ြံ႕ေစးကိုပုံစံသြင္းၿပီး မီးမဖုတ္ခင္ ေနလွမ္းၾကပုံရပါတယ္။ အဲ့ဒီအခါ ဒါမ်ိဳးအရာေလးေတြက အမႈမဲ့အမွတ္မဲ့ ပါလာတတ္ၾကပါတယ္။

ေနလွမ္းထားတဲ့ ႐ႊံ႕အုတ္ေတြေပၚကို ေျပးရင္းလႊားရင္း ေဆာ့ကစားရင္း အလုပ္လုပ္ရင္း နင္းမိၾကပုံပါပဲ။ ဒါဟာ ရည္႐ြယ္ခ်က္ရွိရွိ လုပ္ခဲ့ၾကလိမ့္မယ္လို႔ေတာ့ ယူဆလို႔မရပါဘူး။

ဘာျဖစ္လို႔လည္းဆိုေတာ့ အုတ္ေတြအေပၚ ထင္က်န္ရစ္ၾကတဲ့ အရာမ်ားဟာ ႐ုတ္တရက္ နင္းသြားခဲ့တဲ့ ပုံသဏၭန္ျဖစ္ပုံရပါတယ္။ တစ္ခုနဲ႔တစ္ခု ပုံစံေတြလည္း မတူၾကသလို အုတ္ခဲတစ္လုံးနဲ႔တစ္လုံးရဲ႕ မ်က္ႏွာျပင္မွာအေနအထားေတြလည္း မတူညီၾကပါဘူး။

ပ်ဴေခတ္အုတ္ေတြမွာ ရည္႐ြယ္ခ်က္ရွိရွိနဲ႔ စာလုံးေတြေဖာ္ထားတာ လက္ေရးစင္းေတြ ႐ိုက္ႏွိပ္ခဲ့ၾကတာေတြေတာ့ မ်ားစြာေတြ႕ရွိရပါတယ္။ ဘာမွ်မပါပဲ ျပဳလုပ္ထားတဲ့ အုတ္ေတြလည္းေတြ႕ရပါတယ္။

မ်ားေသာအားျဖင့္ ပ်ဴအုတ္အ႐ြယ္အစားမ်ားဟာ အလ်ား ၁၈ လက္မ၊ အနံ ၉ လက္မ နဲ႔ ထုက ၃ လက္မ အ႐ြယ္အစားရွိေၾကာင္း ေတြ႕ရပါတယ္။

ဒီအတိုင္းအတာေတြဟာ တကယ္ေတာ့ အုတ္ဖုတ္ဖို႔ အုတ္ပုံစံယူတဲ့ လူရဲ႕ body measurement ေတြဆိုလည္း မမွားပါဘူး။ အုတ္ကိုျဖတ္ရတဲ့လူရဲ႕ တစ္‌ေတာင္ဟာ ၁၈ လက္မရွိၿပီး တစ္ထြာဟာ ၉ လက္မရွိပါတယ္။

ထုကေတာ့ အဲ့ဒီလူရဲ႕ လက္ေလးသစ္ (လက္ေလးလုံး)ဟာ ၃ လက္မရွိၾကပါတယ္။ မယုံရင္ ကိုယ့္လက္ကိုျပန္တိုင္းၾကည့္ပါ လူေကာင္ညႇက္တာနဲ႔ ထြားတာနဲ႔ ရွည္တာနဲ႔တိုတာနဲ႔ အနည္းငယ္စီပဲကြာေၾကာင္း ေတြ႕ရပါလိမ့္မယ္။ ယခုအခါမွ ေပႀကိဳးေတြနဲ႔တိုင္းၾက ထြာၾကလို႔ သဘာဝ တိုင္းတာခဲ့မႈနဲ႔ ေဝးကြာသြားရျခင္းျဖစ္တယ္လို႔ ယူဆမိပါတယ္။

ပ်ဴေတြဟာ ေျမကိုမီးဖုတ္တဲ့အတတ္မွာ အင္မတန္ကြၽမ္းက်င္ လိမၼာပါတယ္။ အုတ္ေတြကို မီးဖုတ္တဲ့အခါ မီးအက်က္ညီလွပါတယ္ မီးအက်က္ညီေအာင္လည္း ႐ႊံ႕နယ္စဥ္ကထဲက စပါးခြံမ်ားထည့္သြင္းၿပီး ေရာေႏွာနယ္ေလ့ရွိၾကပါတယ္။ ဒ

ါေၾကာင့္မီးဖုတ္တဲ့အခါ ထူထဲလွတဲ့အုတ္ရဲ႕ အတြင္းသားေတြ အတြင္းက စပါးခြံတို႔ကို ေလာင္ကြၽမ္းေစျခင္းျဖင့္ အုတ္အတြင္းသားအထိမီးအပူရွိန္ေရာက္ေစၿပီး မီးအက်က္ညီတဲ့ အုတ္ေတြကိုရရွိပါတယ္။

ဒီထက္ပညာသားပါတဲ့ အပူခ်ိန္ထိန္းသိမ္းျခင္း အတတ္ပညာလည္းရွိခဲ့ပုံပါပဲ။ ဘာျဖစ္လို႔လည္းဆိုလ်င္ ပ်ဴေခတ္အုတ္ေတြထက္ မ်ားစြာႀကီးမားတဲ့ ေျမမီးဖုတ္႐ုပ္ႂကြမ်ားစြာကိုလည္း မီးအက်က္ညီေအာင္ ဖုတ္ႏိုင္ခဲ့ၾကလို႔ပဲျဖစ္ပါတယ္။

ပ်ဴေခတ္အုတ္ေတြမွာ ပ်ဴစာနဲ႔ ပ်ဳဂဏန္းစာလုံးေတြကို ပုံစံခြက္နဲ႔ဖိၿပီး ေသသပ္စြာ ႐ိုက္ႏွိပ္ခဲ့ေၾကာင္းလည္း ေတြ႕ရပါတယ္။ မ်ားေသာအားျဖင့္ ပ်ဴအကၡရာ ဂဏန္းစာလုံးေတြကို နန္းေတာ္ရာ ၿမိဳ႕႐ိုးလိုစီတဲ့ေနရာေတြ ၿမိဳ႕႐ိုးစီတဲ့ အုတ္႐ိုးေနရာေတြမွာ အေတြ႕ရမ်ားၿပီး၊ အျခားပ်ဴအကၡရာမ်ားကိုေတာ့ ဘာသာေရးအေဆာက္အုံေဆာက္လုပ္တဲ့ အုတ္႐ိုးေတြမွာ ေတြ႕ရတတ္ပါတယ္။

ပ်ဴေခတ္အုတ္ေတြမွာ လက္ေရးစင္းပါတာနဲ႔ ပတ္သက္လို႔ အယူအဆအမ်ိဳးမ်ိဳး ရွိၾကတဲ့ေနရာမွာ ေနာက္ပိုင္းေတြ႕ရွိလာတာကေတာ့ လက္ေရးစင္းပါတဲ့

အုတ္ေတြကို အုတ္႐ိုးေတြစီတဲ့ အခါ ေျမသ႐ႊတ္ေခ်ာ္မထြက္သြားေအာင္ အုတ္႐ိုးရဲ႕အစြန္ဘက္ေတြနဲ႔ အလယ္ဗဟိုလို ေနရာမ်ိဳးေတြမွာ ေျမသ႐ႊတ္ မအိပ္ခင္ အုတ္ေတြ ေ႐ႊ႕ရွားသြားမွာ စိုးတဲ့အတြက္ အေဆာက္အုံေဆာက္လုပ္တဲ့ အုပ္စီးအုတ္နင္းစနစ္ တစ္ခုအေနနဲ႔ အသုံးျပဳခဲ့ၾကတယ္လို႔ ယူဆၾကပါတယ္။

ဒီအဆိုကို ခိုင္မာဖို႔ ေကာက္ခ်က္ဆြဲရာမွာ ပ်ဴေခတ္က ေဖ်ာ္စပ္ ခဲ့ၾကတဲ့ အဂၤေတစပ္နည္းဟာ သဘာဝပစၥည္းမ်ားကို အေျခခံၾကရလို႔ ေျခာက္ေသြ႕ဖို႔ရာ အင္မတန္အခ်ိန္ယူၾကရပါတယ္

အဲ့ဒီအေတာအတြင္း စီထားတဲ့ အုတ္စီးအုတ္နင္း ေခ်ာ္မထြက္သြားရေလေအာင္ စြဲၿမဲေနေအာင္ အုတ္ခဲေတြမွာ ပုံစံမ်ိဳးစုံနဲ႔ လက္ေရးစင္းမ်ား ေရးျခစ္ခဲ့ၾကတယ္လို႔ဆိုပါတယ္။

ဒီလိုပုံစံမ်ိဳးကို ပုဂံဘုရားေတြရဲ႕ နံရံမွာ အဂၤေတမ်ားကြာက်တဲ့အခါ အုတ္ေတြရဲ႕ နံရံမ်က္ႏွာျပင္မွာ အစင္းေၾကာင္းမ်ား ေရးျခစ္ထားတာနဲ႔သေဘာတရားျခင္း ဆင္တူပါပဲ၊ ဒါအျပင္ သေရေခတၱရာရဲ႕ နန္းၿမိဳ႕႐ိုးအတြင္းဘက္ ေနရာတစ္ခုမွာ တစ္လက္မအထူေလာက္ေက်ာ္တဲ့ ပ်ဴေခတ္က အသုံးျပဳခဲ့တဲ့ အဂၤေတကို ကပ္လ်က္ေတြ႕ရွိရပါတယ္

အခ်ိဳ႕ကြာက်ေနတဲ့ နံရံမ်က္ႏွာျပင္မွာေတာ့ အဂၤေတၿမဲေအာင္ အုတ္နံရံမွာ ေလးေဒါင့္ကြက္မ်ားစြာ ေရးျခစ္ထားတာကိုေတြ႕ရွိရပါတယ္ ဒါေၾကာင့္ ပ်ဴေခတ္အုတ္ေတြမွာ လက္ေရးစင္းကို ဘာေၾကာင့္ ထည့္သြင္းခဲ့လည္းဆိုတဲ့ အေျဖကို ဒီအယူအဆနဲ႔ သုံးသပ္ၾကပါတယ္။

ပ်ဴေခတ္အုတ္ေတြဟာ ေနာက္ပိုင္းမွာ အ႐ြယ္အစားေသးလာၾကတာကိုေတြ႕ရွိရပါတယ္။ အေရွ႕ဘက္ နန္းၿမိဳ႕႐ိုးၿပိဳက်ခဲ့စဥ္က နန္းၿမိဳ႕႐ိုးကို အသုံးျပဳထားတဲ့ အုတ္အ႐ြယ္အစားေတြဟာ ၅ မ်ိဳးေလာက္ေတာင္ရွိေၾကာင္း ေတြ႕ရပါတယ္။

ပ်ဴေတြဟာ အုတ္ထုတ္တဲ့အတတ္ပညာမွာ တေျဖးေျဖးနဲ႔ တိုးတက္လာခဲ့ ၾကပုံရပါတယ္။

လက္လုပ္ပုံ႐ိုက္တဲ့ စနစ္ကေန မိုလ္နဲ႔ပုံေဖာ္တဲ့စနစ္ ဒီေနာက္ဗိသုကာအုတ္ေတြကိုပါ မိုလ္လုပ္လို႔ လိုအပ္တဲ့ သာသနိကအေဆာက္အုံေတြမွာ လိုသလိုထုတ္လုပ္ေပးႏိုင္ခဲ့ေၾကာင္းလည္း တူးေဖာ္ေတြ႕ရွိခ်က္ေတြကေနတစ္ဆင့္ သိရွိခဲ့ၾကရပါတယ္။

Credit ; Kyaw Myo Win