သိန္း၂၀၀ ျဖင့္ တိုက္ခန္း ၃ခန္း ဝယ္ယူနည္းနိႆယ ( အဆင္ေျပရင္ အခန္းဌားခေလးေတြနဲ႔ ေအးေအးထိုင္စားလို႔ရတယ္ေနာ္ )

သိန္း၂၀၀ ျဖင့္ တိုက္ခန္း ၃ခန္း ဝယ္ယူနည္းနိႆယ . ပထမဦးစြာ သိန္း ၂၀၀ စုပါ..မဟုတ္ေသာ္ အိမ္က ေတာင္းပါ။

ထိုေနာက္ သိန္း ၁၅၀ ျဖင့္ သဃၤကြၽန္း၊ ေဒါပုံ၊သာေကတ စသည့္ ၿမိဳ႕နယ္ မ်ားတြင္ ပြဲစားကို ရပ္ကြက္ေကာင္း ရွာခိုင္းကာ ၅ လႊာ သို႔မဟုတ္ ၆ လႊာ တစ္ခန္း ဝယ္ပါ။ ထိုအခန္းအား စေပၚ တင္အငွားစနစ္ျဖင့္ငွားပါ။ တစ္ႏွစ္ခ်ဳပ္ စေပၚ သိန္း၈၀ တစ္လ ၄၀၀၀၀ ျဖင့္ ငွားႏိုင္ ရန္ပြဲစားအား အပူ ထပ္ကပ္ပါ။

ထိုအခါ သင္ဧ။္လက္ထဲတြင္ တိုက္ခန္းတစ္ခန္း ႏွင့္ သိန္း ၁၃၀ ရွိေနေပၿပီ။ . ဘဏ္ျဖင့္ ခ်ိတ္ဆက္ကာ သိန္း ၁၅၀ အခန္း ကို ၁၅ႏွစ္ အရစ္ က်ျဖင့္ ထပ္ဝယ္ပါ။

ဘဏ္မွ အနည္းဆုံး သိန္း ၂၀၀ တန္ အခန္းကို သာ ဝယ္ႏိုင္မည္ျဖစ္ရာ ၂၀၀ ျပည့္ေအာင္ သင့္ကို ၅၀ ထပ္ေပးလိမ့္မည္။ . ထိုအခါ လက္ထဲတြင္ တိုက္ခန္း ၂ခန္း ႏွင့္ ၁၈၀ သိန္း ရလာ မည္ ျဖစ္သည္။ ထို ၁၈၀ ျဖင့္ တတိယ တစ္ခန္း ထပ္ဝယ္ပါ။

ဒုတိယ တစ္ခန္း ႏွင့္ တတိယ တစ္ခန္း ကို ပုံမွန္ငွားပါက တစ္လ ၁၂၀၀၀၀ ဝန္းက်င္ျဖင့္ ၂၅၀၀၀၀ ခန႔္ရေပမည္။ ဘဏ္ တိုးက ၁၅ႏွစ္ အရစ္က်ျဖစ္ေလရာ တစ္လ ၂သိန္း ေအာက္သာ သြင္းရေပလိမ့္မည္။ .

ထိုအခါ သင့္အတြက္ ပထမ အိမ္ငွားခ ၄၀၀၀၀ ႏွင့္ ဘဏ္တိုးေပး ၿပီး က်န္ေငြ ၆၀၀၀၀ ခန႔္ ရွိေပရာ တစ္လ တစ္သိန္း ပုံမွန္ ေပ်ာ္ေပ်ာ္ႀကီး သုံးႏိုင္ေပမည္။

ထိုသို႔အေျခအေနတြင္သင္သည္ တိုက္ခန္း သုံးခန္း အား တစ္ခန္း တန္ဖိုး ျဖင့္ ဝယ္ယူ ၿပီး ႏိုင္သည့္အျပင္ တစ္လ တစ္သိန္း ဝင္ေငြ အားလည္း အပိုေဆာင္း ရရွိေနေပလိမ့္မည္ တည္း။

တစ္ႏွစ္ျပည့္လို အိမ္ငွားက စေပၚ ျပန္ေတာင္း လွ်င္လည္း စိတ္မပူပါႏွင့္ ပြဲစားအား ထပ္မံ အပူကပ္ကာ ေနာက္အငွားတစ္ေယာက္ ထပ္ရွာၿပီး စေပၚ ေခါင္းေျပာင္းပါေစ။ . ဤသည္ကား အကြၽႏု္ပ္အေမာင္ေကာင္းႀကီး ၏ သိန္း ၂၀၀ ျဖင့္ တိုက္ခန္း ၃ခန္း ဝယ္ယူနည္း ေပတည္း။

မွတ္ခ်က္ သင့္ဉာဏ္ ႏွင့္ အဆက္အသြယ္ လုပ္ရည္ကိုင္ရည္ ေပၚမူတည္ၿပီး အထက္က ကိန္းဂဏာန္း အား လုံးမွာ အေပါင္းအႏုတ္ မ်ားစြာ ကြာျခားေပအံ့…..ဒန္တန႔္ တန႔္

ေလးစားစြာျဖင့္ ခရစ္ဒက္

Unicode

သိန်း၂၀၀ ဖြင့် တိုက်ခန်း ၃ခန်း ဝယ်ယူနည်းနိဿယ . ပထမဦးစွာ သိန်း ၂၀၀ စုပါ..မဟုတ်သော် အိမ်က တောင်းပါ။

ထိုနောက် သိန်း ၁၅၀ ဖြင့် သင်္ဃကျွန်း၊ ဒေါပုံ၊သာကေတ စသည့် မြို့နယ် များတွင် ပွဲစားကို ရပ်ကွက်ကောင်း ရှာခိုင်းကာ ၅ လွှာ သို့မဟုတ် ၆ လွှာ တစ်ခန်း ဝယ်ပါ။

ထိုအခန်းအား စပေါ် တင်အငှားစနစ်ဖြင့်ငှားပါ။ တစ်နှစ်ချုပ် စပေါ် သိန်း၈၀ တစ်လ ၄၀၀၀၀ ဖြင့် ငှားနိုင် ရန်ပွဲစားအား အပူ ထပ်ကပ်ပါ။

ထိုအခါ သင်ဧ။်လက်ထဲတွင် တိုက်ခန်းတစ်ခန်း နှင့် သိန်း ၁၃၀ ရှိနေပေပြီ။ . ဘဏ်ဖြင့် ချိတ်ဆက်ကာ သိန်း ၁၅၀ အခန်း ကို ၁၅နှစ် အရစ် ကျဖြင့် ထပ်ဝယ်ပါ။

ဘဏ်မှ အနည်းဆုံး သိန်း ၂၀၀ တန် အခန်းကို သာ ဝယ်နိုင်မည်ဖြစ်ရာ ၂၀၀ ပြည့်အောင် သင့်ကို ၅၀ ထပ်ပေးလိမ့်မည်။ . ထိုအခါ လက်ထဲတွင် တိုက်ခန်း ၂ခန်း နှင့် ၁၈၀ သိန်း ရလာ မည် ဖြစ်သည်။ ထို ၁၈၀ ဖြင့် တတိယ တစ်ခန်း ထပ်ဝယ်ပါ။

ဒုတိယ တစ်ခန်း နှင့် တတိယ တစ်ခန်း ကို ပုံမှန်ငှားပါက တစ်လ ၁၂၀၀၀၀ ဝန်းကျင်ဖြင့် ၂၅၀၀၀၀ ခန့်ရပေမည်။ ဘဏ် တိုးက ၁၅နှစ် အရစ်ကျဖြစ်လေရာ တစ်လ ၂သိန်း အောက်သာ သွင်းရပေလိမ့်မည်။ .

ထိုအခါ သင့်အတွက် ပထမ အိမ်ငှားခ ၄၀၀၀၀ နှင့် ဘဏ်တိုးပေး ပြီး ကျန်ငွေ ၆၀၀၀၀ ခန့် ရှိပေရာ တစ်လ တစ်သိန်း ပုံမှန် ပျော်ပျော်ကြီး သုံးနိုင်ပေမည်။

ထိုသို့အခြေအနေတွင်သင်သည် တိုက်ခန်း သုံးခန်း အား တစ်ခန်း တန်ဖိုး ဖြင့် ဝယ်ယူ ပြီး နိုင်သည့်အပြင် တစ်လ တစ်သိန်း ဝင်ငွေ အားလည်း အပိုဆောင်း ရရှိနေပေလိမ့်မည် တည်း။

တစ်နှစ်ပြည့်လို အိမ်ငှားက စပေါ် ပြန်တောင်း လျှင်လည်း စိတ်မပူပါနှင့် ပွဲစားအား ထပ်မံ အပူကပ်ကာ နောက်အငှားတစ်ယောက် ထပ်ရှာပြီး စပေါ် ခေါင်းပြောင်းပါစေ။ . ဤသည်ကား အကျွနု်ပ်အမောင်ကောင်းကြီး ၏ သိန်း ၂၀၀ ဖြင့် တိုက်ခန်း ၃ခန်း ဝယ်ယူနည်း ပေတည်း။

မှတ်ချက် သင့်ဉာဏ် နှင့် အဆက်အသွယ် လုပ်ရည်ကိုင်ရည် ပေါ်မူတည်ပြီး အထက်က ကိန်းဂဏာန်း အား လုံးမှာ အပေါင်းအနုတ် များစွာ ကွာခြားပေအံ့…..ဒန်တန့် တန့်

လေးစားစွာဖြင့် ခရစ်ဒက်