ရွှေအကြောင်း နားမလည်သူပင် ရွှေအတုအစစ် အလွယ်ခွဲခြားနည်း (၄)မျိူး

Unicode

ရွှေကိုအတုလားအစစ်လားဆိုတာ အမြင်နဲ့အလွယ်တကူ ဆုံးဖြတ်လို့မရပါဘူး။ ဗဟုသုတရစေရန် မျှဝေပေးလိုက်ပါတယ်။

သံလိုက်ကိုအသုံးပြုစမ်းသပ်ခြင်း – သံလိုက်ကိုအသုံးပြုပြီးစမ်းသပ်တဲ့အခါ ရွှေအစစ်ဆိုရင် သံလိုက်နဲ့ ကပ်ပါလာခြင်းမျိုးမရှိဘဲ ရွှေအတုဆိုရင် သတ္တုပါဝင်တဲ့အတွက် သံလိုက်နဲ့ကပ်ပါလာတာကိုကြည့်ပြီး ခွဲခြားပေးနိုင်ပါတယ်။

ရေကိုအသုံးပြုစမ်းသပ်ခြင်း – ရေဖြည့်ထားတဲ့ ဖန်ခွက်ထဲသို့ ရွှေကိုနစ်ကြည့်လိုက်တဲ့ အခါစစ်မှန်တဲ့ရွှေဟာ သိပ်သည်းဆများတဲ့ သတ္တုဖြစ်တဲ့အတွက်ကြောင့် ရေထဲသို့ချက်ခြင်း နစ်မြုပ်သွားတာတွေ့ရမှာပါ ရေပေါ်ပေါလောပေါ်နေမယ်ဆိုရင်တော့ ရွှေအစစ်မဟုတ်ကြောင်း သိရှိနိုင်ပါတယ်။

တစ်ခုသတိထားရမှာကတော့ သိပ်သည်းဆများတဲ့ သတ္တုကိုအသုံးပြုထားမယ်ဆိုရင်တော့ နစ်မြုပ်သွားနိုင်တာမို့ ရေကိုအသုံးပြုစမ်းသပ်တဲ့အခါ အထူးသတိပြုရန် လိုအပ်ပါတယ်ရှင့်။

ရှာလကာရည်ကို အသုံးပြုစမ်းသပ်ခြင်း – မီးဖိုချောင်သုံးပစ္စည်းဖြစ်တဲ့ ရှာလကာရည်ကို အသုံးပြုပြီးတော့လည်း ရွှေအတုနဲ့အစစ်ကို လွယ်လွယ်ကူကူ ခွဲခြားနိုင်ပါတယ်။

စမ်းသပ်စစ်ဆေးမယ့်ရွှေကို ရှာလကာရည်နဲ့ ထိတွေ့လိုက်တဲ့အချိန်မှာ အရောင်ပြောင်းသွားခြင်းမျိုး မရှိရင်တော့ ရွှေအစစ် ဖြစ်ကြောင်း သိနိုင်ပါတယ်။ အရောင်ပြောင်းလဲသွားတယ်ဆိုရင်တော့ ရွှေအစစ်မဟုတ်ကြောင်း သိရှိရမှာဖြစ်ပါတယ်။

နိုက်ထရစ်အက်စစ်ဖြင့် စမ်းသပ်ခြင်း – ရွှေကိုနိုက်ထရစ် အက်စစ်ဖြင့် စိမ်ကြည့်တဲ့အခါ ရွှေအစစ်ဆိုရင်တော့ အက်စစ်နဲ့ဓာတ်ပြုခြင်းမရှိပဲ နဂိုမူလအရောင်တိုင်းရှိနေမှာပါ။

ရွှေအတုဆိုရင်တော အက်စစ်နဲ့ဓာတ်ပြုသွားပြီးတော့ သတ္တုရဲ့မူလအရောင်ပေါ်ထွက်လာမှာဖြစ်ပါတယ်။ ဒီနည်းလမ်းလေးတွေကတော ရွှေအတုအစစ်ကို လွယ်ကူတဲ့နည်းလမ်းတွေနဲ့ ခွဲခြားနိုင်တဲ့ နည်းလမ်းတစ်ချို့ဖြစ်ပါတယ်ရှင့်။

ရွှေအကြောင်းကို စိတ်ဝင်စားတဲ့ လူကြီးမင်းများအားလုံး ဗဟုသုတ တိုးပွားကြနိုင်ပါစေ။ လူကြီးမင်းတို့ မိတ်ဆွေအများသိရအောင် ရှယ်ပေးကြပါနော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်တယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။

Credit – မူရင်

Zaw Gyi

ေ႐ႊကိုအတုလားအစစ္လားဆိုတာ အျမင္နဲ႔အလြယ္တကူ ဆုံးျဖတ္လို႔မရပါဘူး။ ဗဟုသုတရေစရန္ မွ်ေဝေပးလိုက္ပါတယ္။

သံလိုက္ကိုအသုံးျပဳစမ္းသပ္ျခင္း – သံလိုက္ကိုအသုံးျပဳၿပီးစမ္းသပ္တဲ့အခါ ေ႐ႊအစစ္ဆိုရင္ သံလိုက္နဲ႔ ကပ္ပါလာျခင္းမ်ိဳးမရွိဘဲ ေ႐ႊအတုဆိုရင္ သတၱဳပါဝင္တဲ့အတြက္ သံလိုက္နဲ႔ကပ္ပါလာတာကိုၾကည့္ၿပီး ခြဲျခားေပးႏိုင္ပါတယ္။

ေရကိုအသုံးျပဳစမ္းသပ္ျခင္း – ေရျဖည့္ထားတဲ့ ဖန္ခြက္ထဲသို႔ ေ႐ႊကိုနစ္ၾကည့္လိုက္တဲ့ အခါစစ္မွန္တဲ့ေ႐ႊဟာ သိပ္သည္းဆမ်ားတဲ့ သတၱဳျဖစ္တဲ့အတြက္ေၾကာင့္ ေရထဲသို႔ခ်က္ျခင္း နစ္ျမဳပ္သြားတာေတြ႕ရမွာပါ ေရေပၚေပါေလာေပၚေနမယ္ဆိုရင္ေတာ့ ေ႐ႊအစစ္မဟုတ္ေၾကာင္း သိရွိႏိုင္ပါတယ္။

တစ္ခုသတိထားရမွာကေတာ့ သိပ္သည္းဆမ်ားတဲ့ သတၱဳကိုအသုံးျပဳထားမယ္ဆိုရင္ေတာ့ နစ္ျမဳပ္သြားႏိုင္တာမို႔ ေရကိုအသုံးျပဳစမ္းသပ္တဲ့အခါ အထူးသတိျပဳရန္ လိုအပ္ပါတယ္ရွင့္။

ရွာလကာရည္ကို အသုံးျပဳစမ္းသပ္ျခင္း – မီးဖိုေခ်ာင္သုံးပစၥည္းျဖစ္တဲ့ ရွာလကာရည္ကို အသုံးျပဳၿပီးေတာ့လည္း ေ႐ႊအတုနဲ႔အစစ္ကို လြယ္လြယ္ကူကူ ခြဲျခားႏိုင္ပါတယ္။

စမ္းသပ္စစ္ေဆးမယ့္ေ႐ႊကို ရွာလကာရည္နဲ႔ ထိေတြ႕လိုက္တဲ့အခ်ိန္မွာ အေရာင္ေျပာင္းသြားျခင္းမ်ိဳး မရွိရင္ေတာ့ ေ႐ႊအစစ္ ျဖစ္ေၾကာင္း သိႏိုင္ပါတယ္။ အေရာင္ေျပာင္းလဲသြားတယ္ဆိုရင္ေတာ့ ေ႐ႊအစစ္မဟုတ္ေၾကာင္း သိရွိရမွာျဖစ္ပါတယ္။

ႏိုက္ထရစ္အက္စစ္ျဖင့္ စမ္းသပ္ျခင္း – ေ႐ႊကိုႏိုက္ထရစ္ အက္စစ္ျဖင့္ စိမ္ၾကည့္တဲ့အခါ ေ႐ႊအစစ္ဆိုရင္ေတာ့ အက္စစ္နဲ႔ဓာတ္ျပဳျခင္းမရွိပဲ နဂိုမူလအေရာင္တိုင္းရွိေနမွာပါ။

ေ႐ႊအတုဆိုရင္ေတာ အက္စစ္နဲ႔ဓာတ္ျပဳသြားၿပီးေတာ့ သတၱဳရဲ႕မူလအေရာင္ေပၚထြက္လာမွာျဖစ္ပါတယ္။ ဒီနည္းလမ္းေလးေတြကေတာ ေ႐ႊအတုအစစ္ကို လြယ္ကူတဲ့နည္းလမ္းေတြနဲ႔ ခြဲျခားႏိုင္တဲ့ နည္းလမ္းတစ္ခ်ိဳ႕ျဖစ္ပါတယ္ရွင့္။

ေ႐ႊအေၾကာင္းကို စိတ္ဝင္စားတဲ့ လူႀကီးမင္းမ်ားအားလုံး ဗဟုသုတ တိုးပြားၾကႏိုင္ပါေစ။ လူႀကီးမင္းတို႔ မိတ္ေဆြအမ်ားသိရေအာင္ ရွယ္ေပးၾကပါေနာ္။ ဖတ္ရႈေပးတဲ့ ပရိတ္သတ္တေယာက္ခ်င္းစီကို ေက်းဇူးတင္ပါတယ္။

Credit – မူရင္