ရှေးခေတ် သမိုင်း၊ ပုံပြင်တွေထဲမှာ ပါတဲ့ အဌာရသ (၁၈) ရပ် နှင့် တက္ကသိုလ်ပြည် ဆိုသည်မှာ
Unicode
ရှေးခေတ် သမိုင်း၊ ဒဏ္ဍာရီ၊ ပုံပြင်တွေထဲမှာ ပါတဲ့ အဌာရသ (၁၈) ရပ် နှင့် တက္ကသိုလ်ပြည် ဆိုသည်မှာ..
“အဌာရသ (၁၈) ရပ်”
ရှေးသမိုင်း ၊ ပုံပြင် ၊ ဒဏ္ဍာရီများကို ဖတ်မိလျှင် ဘုရင်မျိုးနွယ် ၊ မင်းညီမင်းသားများသည် အရွယ်ရောက်ပါက တက္ကသိုလ်ပြည်သို့ သွားကာ ဒီသာပါမောက္ခဆရာကြီးထံတွင် အဌာရသ ပညာရပ်များကို သင်ကြားတဲ့အကြောင်း မကြာခဏတွေ့ဖူးပါလိမ့်မယ်။ မသင်မဖြစ်သင်ရတဲ့ ပညာတွေလို့ ဆိုပါတယ်။
ထို ယောက်ျားတို့တပ်အပ်သော အဌာရသ (၁၈) ရပ်တို့မှာ အမျိုးအစား စုံလင်လှသည်။ ထိုအထဲမှ တစ်မျိုးလောက်သာ ထူးချွန်လျှင် ဆရာတစ်ဆူလုပ်လို့ရသည်။ (၁၈) မျိုးစလုံး တတ်လျှင်ကား ဆိုဖွယ်ရာ မရှိတော့။
စာတွေထဲမှာတော့ ဒီပညာ (၁၈) ရပ် အတွက် သင်ကြားချိန်က ၃ နှစ် လို့ကြားဖူးပါတယ်။ ၃ နှစ်တည်းနဲ့ ဒီလောက်စုံလင်တဲ့ လက်ရုံးရည် နှလုံးရည် ပညာတွေကို ဘယ်လိုသင်သလဲ ဆိုတာကတော့ စဉ်းစားစရာပင်။
ဒါမှမဟုတ် ယခုခေတ် နှစ်သက်ရာ မေဂျာယူသလို သူတို့လည်း တစ်မျိုးစီ အထူးပြုယူလေသလား မပြောတတ်ပါ။
ထို အဌာရသ ပညာရပ် (၁၈) ရပ်က ဘာတွေလဲ။ မသိသေးသူများအတွက် ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။ အဌာရသ (၁၈) ရပ်မှာကား အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ အကြားအမြင်အတတ် (သုတိ)
၂။ ဓမ္မသတ် တတ်ကျွမ်းမှုအတတ် (သမ္မုတိ)
၃။ အရေအတွက် ဂဏန်းသင်္ချာ အတတ် (သင်္ချာ)
၄။ တံစည်း ၊ စူး၊ ဆောက် အစရှိသော ဗိသုကာ အတတ် (ယောဂါ)
၅။ အကျင့်ဆိုင်ရာ ဆုံးမမှု အတတ် (နိတိ)
၆။ ယာယီ ၊ ယတြာ စသောဗျာကရိုဏ်အတတ် (ဝိသေသကာ)
၇။ သီဆိုကခုန်မှု ကဗျာ၊ ဂီတ၊ လင်္ကာ အတတ် (ဂန္ဓဗ္ဗာ)
၈။ လက်ဆစ်ချိုး၍ ရေတွက်ဟောပြောသော ဗေဒင်အတတ် (ဂဏိကာ)
၉။ လေးမြှား အတတ် (ဝနုဗေဒါ)
၁၀။ ရှေးဟောင်းစကား ၊ ကျမ်းဂန် အတတ် (ပုရာဏ)
၁၁။ ဆေးပညာ အတတ် (တိကစ္ဆက)
၁၂။ ရယ်ရွှင်ဖွယ် အတတ် (ဣတိဟာသ)
၁၃။ ဗေဒင် အတတ် (ဇောတိ)
၁၄။ ဖုံးကွယ်လှည့်ပတ်မှု အတတ်(မာယာ)
၁၅။ ဆန်းကျမ်း အတတ် (ဆန္ဒတိ)
၁၆။ သံတမာန် အတတ် (ကေတု)
၁၇။ မန္တန် အတတ် (မန္တာ)
၁၈။ သဒ္ဒါတတ်ကျွမ်းမှု အတတ် (သဒ္ဒါ)
“တက္ကသိုလ်ပြည်”
(တက္ကသီလ) ခေါ် တက္ကသိုလ်ပြည် ဆိုတာ ရှေးရာဇဝင် ပုံပြင်တွေထဲမှာ မင်းညီမင်းသားတွေဟာ တက္ကသိုလ်ပြည်မှာ ပညာသွားသင်လေ့ရှိတယ်ဆိုတာ ပါလေ့ရှိပါတယ်။
အဲဒီ တက္ကသီလာ လို့ခေါ်တဲ့ တက္ကသိုလ်ဟာ တကယ်ရှိခဲ့ပါတယ်။ တက္ကသီလာကို Taxila ၊ Takṣaśilā ဟု ခေါ်ဝေါ်ကြပြီး အဓိပ္ပါယ်ကတော့ ဖြတ်ထားတဲ့ကျောက်တုံးတွေနဲ့ ဆောက်တဲ့မြို့လို့ အဓိပ္ပါယ်ရပါတယ်။
တက်ကသီလာ (Taxila) ၊ တက်ကသီလ ဆိုတာ ပါဠိစကားပေါ့။ တက္က=ယုတ်လျော့သည်ကို ဖြည့်ဆည်းခြင်း၊ သီလ=အလေ့၊ ဒီတော့ ယုတ်လျော့ခြင်းကို ဖြည့်ဆည်းပေးလေ့ရှိတဲ့နေရာလို့ အဓိပ္ပါယ်ရတယ်။
ပညာဖြည့်ဆည်းပေးလေ့ ရှိတဲ့နေရာလို့ ဆိုလိုတာပါ။ တချို့ကလည်း တက္က=ကြံစည်ခြင်းလို့ အဓိပ္ပါယ်ဖွင့်ပြီး ကြံစည်စဉ်းစားတဲ့ အလေ့ရှိတဲ့နေရာလို့ ဖွင့်ဆိုကြတယ်။
တက္ကသိုလ်ဆိုပေမယ့် မြို့တစ်မြို့အဖြစ် တည်ရှိခဲ့တာဖြစ်ပြီး ပါကစ္စတန် ပန်ဂျပ်ပြည် (ရှေးအိန္ဒိယ) က Rawalpindi မှာ တည်ရှိခဲ့ပါတယ်။
ဒီနေရာဟာ ရှေးအခေါ် ဂန္ဓာရတိုင်းရဲ့ မြို့တော်ဖြစ်ခဲ့ပြီး အလွန်ထင်ရှားခဲ့ဖူးပါတယ်။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၈၀၀ခန့်တည်းက ရှိခဲ့တာဖြစ်ပြီး ကမ္ဘာ့အစောဆုံး ပထမဆုံး တက္ကသိုလ် ဖြစ်ပါတယ်။
ကမ္ဘာအနှံ့က ကျောင်းသားပေါင်း ၁သောင်းဝန်းကျင်ခန့် လာရောက်တက်ကြပါတယ်။ ဘေဘီလုံ ၊ ဂရိ ၊ ဆီးရီးယား နဲ့ တရုတ်က ကျောင်းသားတွေအပါအဝင်ပါ။ စတင် တက်ရောက်ရမယ့် ကျောင်းသားတွေဟာ အနည်းဆုံး ၁၆ နှစ် ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။ ကျွန်တေယ်တို့သိကြတဲ့ အဌာရသ ၁၈ ရပ် အပါအဝင် ဘာသာရပ်ပေါင်း ၆၀ ကျော် ကို သင်ကြားပေးခဲ့ပါသတဲ့။
တက္ကသိုလ်ကျောင်းဝန်းဟာ အလျား ၁မိုင် အနံ မိုင်ဝက် ကျယ်ပါတယ်။ စာသင်ခန်းပေါင်း ၃၀၀ ခန့်ရှိခဲ့ပြီး စာသင်ခုံတွေအတွက် ကျောက်တုံးတွေကို သုံးခဲ့ပါတယ်။ တက်ရောက်ခဲ့တဲ့ကျောင်းသားတွေထဲမှာ အာသောကမင်းကြီးရဲ့ လက်ရုံး Kautilya ၊ ကောသလဘုရင် Prasenajit ၊ ဗုဒ္ဓရဲ့ ဆေးဆရာဇီဝက Jivaka စသူတို့ ပါဝင်ခဲ့ပါတယ်။
နှစ်ပေါင်း ၁၀၀၀ ကျော်ခန့် ခမ်းနားကြီးကျယ်စွာ ရပ်တည်ခဲ့တဲ့ ဒီတက္ကသိုလ်ကြီးဟာ အေဒီ ၅ ရာစု ဝန်းကျင်မှာတော့ ရှေးဟောင်းဂရိနယ်မြေဖြစ်တဲ့ Hindu Kush ကို ကျော်ဖြတ်ကာ ပန်ဂျပ်ပြည်ကို ဝင်ရောက်ခဲ့တဲ့ Huns လူမျိုးတွေ ရဲ့ အပြီးတိုင် ဖျက်စီးခြင်းကို ခံခဲ့ရပါတယ်။
အဲဒီအချိန်ကစလို့ ဒီနေရာဟာ တိမ်မြုပ် ပျောက်ကွယ်ခဲ့ပြီး ၁၉ရာစု အလယ်ပိုင်းလောက်မှာတော့ Taxila ရဲ့ အပျက်အစီးတွေကတစ်ဆင့် သုတေသနပညာရှင် Sir Alexander Cunningham က ပြန်လည်ဖော်ထုတ်နိုင်ခဲ့ပါတယ်။
၁၉၈၀မှာတော့ ဒီတက္ကသိုလ်ဟာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နေရာတစ်ခု ဖြစ်လာခဲ့ပြီး လက်ရှိအချိန်အထိ ပါကစ္စတန်နိုင်ငံရဲ့ လာရောက်လည်ပတ်သူ အများဆုံးနေရာ တစ်ခုဖြစ်လာပါတယ်။
Credit
Zaw Gyi
ေရွးေခတ္ သမိုင္း၊ ဒ႑ာရီ၊ ပုံျပင္ေတြထဲမွာ ပါတဲ့ အဌာရသ (၁၈) ရပ္ ႏွင့္ တကၠသိုလ္ျပည္ ဆိုသည္မွာ..
“အဌာရသ (၁၈) ရပ္”
ေရွးသမိုင္း ၊ ပုံျပင္ ၊ ဒ႑ာရီမ်ားကို ဖတ္မိလွ်င္ ဘုရင္မ်ိဳးႏြယ္ ၊ မင္းညီမင္းသားမ်ားသည္ အ႐ြယ္ေရာက္ပါက တကၠသိုလ္ျပည္သို႔ သြားကာ ဒီသာပါေမာကၡဆရာႀကီးထံတြင္ အဌာရသ ပညာရပ္မ်ားကို သင္ၾကားတဲ့အေၾကာင္း မၾကာခဏေတြ႕ဖူးပါလိမ့္မယ္။ မသင္မျဖစ္သင္ရတဲ့ ပညာေတြလို႔ ဆိုပါတယ္။
ထို ေယာက္်ားတို႔တပ္အပ္ေသာ အဌာရသ (၁၈) ရပ္တို႔မွာ အမ်ိဳးအစား စုံလင္လွသည္။ ထိုအထဲမွ တစ္မ်ိဳးေလာက္သာ ထူးခြၽန္လွ်င္ ဆရာတစ္ဆူလုပ္လို႔ရသည္။ (၁၈) မ်ိဳးစလုံး တတ္လွ်င္ကား ဆိုဖြယ္ရာ မရွိေတာ့။
စာေတြထဲမွာေတာ့ ဒီပညာ (၁၈) ရပ္ အတြက္ သင္ၾကားခ်ိန္က ၃ ႏွစ္ လို႔ၾကားဖူးပါတယ္။ ၃ ႏွစ္တည္းနဲ႔ ဒီေလာက္စုံလင္တဲ့ လက္႐ုံးရည္ ႏွလုံးရည္ ပညာေတြကို ဘယ္လိုသင္သလဲ ဆိုတာကေတာ့ စဥ္းစားစရာပင္။
ဒါမွမဟုတ္ ယခုေခတ္ ႏွစ္သက္ရာ ေမဂ်ာယူသလို သူတို႔လည္း တစ္မ်ိဳးစီ အထူးျပဳယူေလသလား မေျပာတတ္ပါ။
ထို အဌာရသ ပညာရပ္ (၁၈) ရပ္က ဘာေတြလဲ။ မသိေသးသူမ်ားအတြက္ ဗဟုသုတအျဖစ္ ေဖာ္ျပေပးလိုက္ပါတယ္။ အဌာရသ (၁၈) ရပ္မွာကား ေအာက္ပါအတိုင္းျဖစ္ပါတယ္။
၁။ အၾကားအျမင္အတတ္ (သုတိ)
၂။ ဓမၼသတ္ တတ္ကြၽမ္းမႈအတတ္ (သမၼဳတိ)
၃။ အေရအတြက္ ဂဏန္းသခ်ၤာ အတတ္ (သခ်ၤာ)
၄။ တံစည္း ၊ စူး၊ ေဆာက္ အစရွိေသာ ဗိသုကာ အတတ္ (ေယာဂါ)
၅။ အက်င့္ဆိုင္ရာ ဆုံးမမႈ အတတ္ (နိတိ)
၆။ ယာယီ ၊ ယၾတာ စေသာဗ်ာက႐ိုဏ္အတတ္ (ဝိေသသကာ)
၇။ သီဆိုကခုန္မႈ ကဗ်ာ၊ ဂီတ၊ လကၤာ အတတ္ (ဂႏၶဗၺာ)
၈။ လက္ဆစ္ခ်ိဳး၍ ေရတြက္ေဟာေျပာေသာ ေဗဒင္အတတ္ (ဂဏိကာ)
၉။ ေလးျမႇား အတတ္ (ဝႏုေဗဒါ)
၁၀။ ေရွးေဟာင္းစကား ၊ က်မ္းဂန္ အတတ္ (ပုရာဏ)
၁၁။ ေဆးပညာ အတတ္ (တိကစၦက)
၁၂။ ရယ္႐ႊင္ဖြယ္ အတတ္ (ဣတိဟာသ)
၁၃။ ေဗဒင္ အတတ္ (ေဇာတိ)
၁၄။ ဖုံးကြယ္လွည့္ပတ္မႈ အတတ္(မာယာ)
၁၅။ ဆန္းက်မ္း အတတ္ (ဆႏၵတိ)
၁၆။ သံတမာန္ အတတ္ (ေကတု)
၁၇။ မႏၲန္ အတတ္ (မႏၲာ)
၁၈။ သဒၵါတတ္ကြၽမ္းမႈ အတတ္ (သဒၵါ)
“တကၠသိုလ္ျပည္”
(တကၠသီလ) ေခၚ တကၠသိုလ္ျပည္ ဆိုတာ ေရွးရာဇဝင္ ပုံျပင္ေတြထဲမွာ မင္းညီမင္းသားေတြဟာ တကၠသိုလ္ျပည္မွာ ပညာသြားသင္ေလ့ရွိတယ္ဆိုတာ ပါေလ့ရွိပါတယ္။
အဲဒီ တကၠသီလာ လို႔ေခၚတဲ့ တကၠသိုလ္ဟာ တကယ္ရွိခဲ့ပါတယ္။ တကၠသီလာကို Taxila ၊ Takṣaśilā ဟု ေခၚေဝၚၾကၿပီး အဓိပၸါယ္ကေတာ့ ျဖတ္ထားတဲ့ေက်ာက္တုံးေတြနဲ႔ ေဆာက္တဲ့ၿမိဳ႕လို႔ အဓိပၸါယ္ရပါတယ္။
တက္ကသီလာ (Taxila) ၊ တက္ကသီလ ဆိုတာ ပါဠိစကားေပါ့။ တကၠ=ယုတ္ေလ်ာ့သည္ကို ျဖည့္ဆည္းျခင္း၊ သီလ=အေလ့၊ ဒီေတာ့ ယုတ္ေလ်ာ့ျခင္းကို ျဖည့္ဆည္းေပးေလ့ရွိတဲ့ေနရာလို႔ အဓိပၸါယ္ရတယ္။
ပညာျဖည့္ဆည္းေပးေလ့ ရွိတဲ့ေနရာလို႔ ဆိုလိုတာပါ။ တခ်ိဳ႕ကလည္း တကၠ=ႀကံစည္ျခင္းလို႔ အဓိပၸါယ္ဖြင့္ၿပီး ႀကံစည္စဥ္းစားတဲ့ အေလ့ရွိတဲ့ေနရာလို႔ ဖြင့္ဆိုၾကတယ္။
တကၠသိုလ္ဆိုေပမယ့္ ၿမိဳ႕တစ္ၿမိဳ႕အျဖစ္ တည္ရွိခဲ့တာျဖစ္ၿပီး ပါကစၥတန္ ပန္ဂ်ပ္ျပည္ (ေရွးအိႏၵိယ) က Rawalpindi မွာ တည္ရွိခဲ့ပါတယ္။
ဒီေနရာဟာ ေရွးအေခၚ ဂႏၶာရတိုင္းရဲ႕ ၿမိဳ႕ေတာ္ျဖစ္ခဲ့ၿပီး အလြန္ထင္ရွားခဲ့ဖူးပါတယ္။ ခရစ္ေတာ္မေပၚမီ ႏွစ္ေပါင္း ၈၀၀ခန႔္တည္းက ရွိခဲ့တာျဖစ္ၿပီး ကမာၻ႔အေစာဆုံး ပထမဆုံး တကၠသိုလ္ ျဖစ္ပါတယ္။
ကမာၻအႏွံ႔က ေက်ာင္းသားေပါင္း ၁ေသာင္းဝန္းက်င္ခန႔္ လာေရာက္တက္ၾကပါတယ္။ ေဘဘီလုံ ၊ ဂရိ ၊ ဆီးရီးယား နဲ႔ တ႐ုတ္က ေက်ာင္းသားေတြအပါအဝင္ပါ။ စတင္ တက္ေရာက္ရမယ့္ ေက်ာင္းသားေတြဟာ အနည္းဆုံး ၁၆ ႏွစ္ ရွိရမယ္လို႔ သတ္မွတ္ထားပါတယ္။ ကြၽန္ေတယ္တို႔သိၾကတဲ့ အဌာရသ ၁၈ ရပ္ အပါအဝင္ ဘာသာရပ္ေပါင္း ၆၀ ေက်ာ္ ကို သင္ၾကားေပးခဲ့ပါသတဲ့။
တကၠသိုလ္ေက်ာင္းဝန္းဟာ အလ်ား ၁မိုင္ အနံ မိုင္ဝက္ က်ယ္ပါတယ္။ စာသင္ခန္းေပါင္း ၃၀၀ ခန႔္ရွိခဲ့ၿပီး စာသင္ခုံေတြအတြက္ ေက်ာက္တုံးေတြကို သုံးခဲ့ပါတယ္။ တက္ေရာက္ခဲ့တဲ့ေက်ာင္းသားေတြထဲမွာ အာေသာကမင္းႀကီးရဲ႕ လက္႐ုံး Kautilya ၊ ေကာသလဘုရင္ Prasenajit ၊ ဗုဒၶရဲ႕ ေဆးဆရာဇီဝက Jivaka စသူတို႔ ပါဝင္ခဲ့ပါတယ္။
ႏွစ္ေပါင္း ၁၀၀၀ ေက်ာ္ခန႔္ ခမ္းနားႀကီးက်ယ္စြာ ရပ္တည္ခဲ့တဲ့ ဒီတကၠသိုလ္ႀကီးဟာ ေအဒီ ၅ ရာစု ဝန္းက်င္မွာေတာ့ ေရွးေဟာင္းဂရိနယ္ေျမျဖစ္တဲ့ Hindu Kush ကို ေက်ာ္ျဖတ္ကာ ပန္ဂ်ပ္ျပည္ကို ဝင္ေရာက္ခဲ့တဲ့ Huns လူမ်ိဳးေတြ ရဲ႕ အၿပီးတိုင္ ဖ်က္စီးျခင္းကို ခံခဲ့ရပါတယ္။
အဲဒီအခ်ိန္ကစလို႔ ဒီေနရာဟာ တိမ္ျမဳပ္ ေပ်ာက္ကြယ္ခဲ့ၿပီး ၁၉ရာစု အလယ္ပိုင္းေလာက္မွာေတာ့ Taxila ရဲ႕ အပ်က္အစီးေတြကတစ္ဆင့္ သုေတသနပညာရွင္ Sir Alexander Cunningham က ျပန္လည္ေဖာ္ထုတ္ႏိုင္ခဲ့ပါတယ္။
၁၉၈၀မွာေတာ့ ဒီတကၠသိုလ္ဟာ ကမာၻ႔အေမြအႏွစ္ စာရင္းဝင္ေနရာတစ္ခု ျဖစ္လာခဲ့ၿပီး လက္ရွိအခ်ိန္အထိ ပါကစၥတန္ႏိုင္ငံရဲ႕ လာေရာက္လည္ပတ္သူ အမ်ားဆုံးေနရာ တစ္ခုျဖစ္လာပါတယ္။
Credit