မြန်မာ့သမိုင်းထဲက တစ္ဆေကိုက်လို့ အ နိ စ္စ ရေ ာက် ခဲ့တဲ့ သူရဲကောင်းတစ်ဦး
Unicode
တရုတ်စစ်သူကြီးဂါမဏိကို အနိုင်တိုက်နိုင်ခဲ့တဲ့ သူရဲကောင်းသမိန်ဗရန်းကို အင်းဝဘုရင်မင်းခေါင်က သဘောကျတော်မှုလှသဖြင့် ရာဇဓိရာဇ်ပေးသောစည်းစိမ်နှင့် ညီမျှအောင်ငါပေးမည်။ သမီးတော်ရာဇဓိတာနှင့်လည်းအပ်နှင်းမည် ဟုဆွဲဆောင်ပါတယ်။
သို့သော်သမိန်ဗရမ်းက ကျွန်ုပ်ဤအမှုတော်ကို ထမ်းဆောင်ခဲ့ခြင်းမှာ အချုပ်မှလွတ်လိုခြင်း၊ ကျွန်ုပ်၏အစွမ်းကိုသိစေခြင်း နှင့် ဟံသာဝတီသို့ပြန်လည်ပို့ဆောင်ခြင်း(သို့)
ကျွန်ုပ်အားကွပ်မျက်ခြင်း စသည်တို့ကြောင့်ဖြစ်တယ်လို့ ပြန်လျှောက်တင်ပါတယ်။ ဘုရင်မင်းခေါင်က သမိန်ဗရမ်းသည် ကျေးဇူးရှိသူဖြစ်တာကြောင့် ကွပ်လဲမကွပ်နိုင်၊ ဟံသာဝတီသို့လည်းပြန်မလွှတ်ချင်တာကြောင့် သမီးတော်ရာဇဓိတာနှင့် ဆွဲဆောင်စေပါတယ်။
သမီးတော်ရာဇဓိတာမှာ တခါမျှတပါးသော ယောင်္ကျားအား ကွမ်းမတည်စဖူး မျက်နှာမပြဖူးရာမျက်လွှာချ၍ သမိန်ဗရမ်းအားကြည့်ပါတယ်။ သမီးတော်ကို မြင်မြင်ချင်းသဘောကျသွားသော သမိန်ဗရမ်းတွေးသည်မှာ
“ဘုရင်ကငါ့အား ပြန်လွှတ်တော့မည်မဟုတ်။ ငါ့အနေနှင့်ကုသိုလ်ကံရှိသော် ဟံသာဝတီသို့ပြန်ရပေမည်” ဟုဆိုကာ အမှုတော်ကိုထမ်းပါတော့တယ်။ ထိုသို့အမှုတော်ထမ်းမည်ဟုဆိုရာတွင် အချက် ၂ ချက်ကိုတောင်းပါတယ်။
ထိုအချက် ၂ ချက်မှာ – ၁။ ဟံသာဝတီနှင့် အင်းဝစစ်ဖြစ်ပါက မည်သည့်ဘက်ကမျှမကူပဲ ကြားနေအဖြစ်နေရန်၂။ ကျွန်ဟူသောအသုံးကိုမသုံးရန်၊ ထိုသို့သုံးသည်နှင့်ဟံသာဝတီကိုပြန်ရန်ဖြစ်ပါတယ်။
သို့ဖြင့်သမိန်ဗရမ်းနှင့် ရာဇာဓိတာတို့မှ သားယောင်္ကျားလေးမွေးဖွားရာ ဘုရင်မင်းခေါင်က ချစ်တော်မှု၍ ရင်ခွင်ပိုက်၍ တိုင်းပြည်ရေးရာဆွေးနွေးတော်မူပါတယ်။
တနေ့ ကလေးက ဘုရင်မင်းခေါင်ရဲ့ဆံပင်ကိုဆွဲချ၍ “ဟယ်ကျွန်သားကတော့ ကြာလျှင်မင်းရဲကျော်စွာဖြစ်ပေအုံးမယ်” ဟု နှုတ်မှလွှတ်ခနဲထွက်သွားရာ ထိုညတွင်ပင်သမိန်ဗရမ်းသည် ဟံသာဝတီသို့ပြန်ပါတယ်။
ဘုရင်မင်းခေါင်လည်း သူ့အမှားအတွက် အလွန်စိတ်ထိခိုက်တော်မူပါတယ်။ ဟံသာဝတီပြန်ရောက်သော် ဖြစ်ကြောင်းကုန်စင်ကို ရာဇာဓိရာဇ်အားလျှောက်တင်ရာ သဘောကျတော်မူလှသဖြင့် ဒုန်းဝန်ကိုစားစေပါတယ်။
ဒုန်းဝန်စားသမိန်ဗရမ်းသည် ရာဇာဓိရာဇ်လွန်၍ သားတော်ဗညားကျန်းထံတွင် ဆက်လက်အမှုထမ်း၏။ ဒုန်းဝန်မှနံနက်မိုးသောက်ယံတွင်ထွက်ပြီး ဟံသာဝတီသို့မြင်းဖြင့်လာကာ ညနေချမ်းအချိန်တွင် ဒုန်းဝန်သို့ပြန်ပါတယ်။
တနေ့တွင် သမိန်ဗရမ်းသွားနေကြလမ်းတွင်ရှိသော ဣဘယဂါမရွာသို့ ဓားပြဝင်၏။ ရွာသားများက ဓားပြဗိုလ်အားဖမ်းမိကာ နှိပ်စက်ပြီး ရင်ကိုခွဲလိုက်ကာ အလောင်းကောင်ကို တံကျင်သီ၍ ရွာပြင်ဘက်တောလမ်းခရီးတွင် ချိတ်ဆွဲထားလိုက်ကြပါတယ်။
ဟံသာဝတီမှပြန်လာသော သမိန်ဗရမ်းသည် ထိုရွာအနီးသို့ရောက်လာသောအခါ “ဟယ်သမိန်ဗရမ်း နင့်မြင်းကိုငါလည်းစီးချင်လို့ ငါ့ကိုလည်းတင်သွားပါ” ဟူသော ထူးဆန်းသည့်စကားသံကို ကြားရသောအခါ စစ်သားကြီးသမိန်ဗရမ်းသည် ကြက်သီးမွှေးညှင်းထသွားလေ၏။
“သည်တောထဲမှာ ငါ့နာမည်ကိုတပ်ပြီး ဘယ်သူကမထီလေးစားခေါ်လိုက်ပါသနည်း” ဟုလှည့်ပတ်ရှာလေသော တစုံတယောက်မှမတွေ့ပဲ အလောင်းကောင်ကိုသာတွေ့လေသော် တစ္ဆေခြောက်လှန့်ကြောင်းသိသွား၍ ပို၍ဒေါသထွက်သွားပါတယ်။
” ဟယ်ဓားပြဆိုး နင့်ရင်ကိုသူတို့ခွဲလိုက်လို့ နင်သေနေပြီ၊ ဘာကြောင့်နင်မသွားသေးပဲ ငါ့ကိုခြောက်လှန့်နေသနည်း” ဟု နှုတ်မှအော်ငေါက်ကာ လက်ကလည်းဓားရှည်ကိုဆွဲထုတ်ကာ ဓါးမြခေါင်းကိုဖြတ်ပြီး မြင်းမှာချိတ်ပြီးယူလာခဲ့ပါတယ်။
ခြောက်လှန့်တဲ့အတွက်ကြောက်လည်းကြောက် ဒေါသထွက်ပြီး လုပ်မိလုပ်ရာ လုပ်လိုက်တာနဲ့တူပါတယ်။ ထိုသို့ပြန်ရင်းမြင်းကခုန်သောအခါ ဓားပြခေါင်းပြတ်ဟာ သမိန်ဗရမ်းရဲ့ဒူးကိုခဲပါတော့တယ်။
အမျိုးမျိုးဆွဲဖြတ်သော်လည်းမရ နောက်ဆုံးဓားနှောင့်ဖြင့် တအားရိုက်ချလိုက်တဲ့အခါမှ ခေါင်းပြတ်ဟာ မြေပေါ်ပြုတ်ကျသွားပါတယ်။ သို့သော်ဒူးခေါင်းတွင် သွားသုံးချောင်းသည် စိုက်၍ကျန်ခဲ့ပါတယ်။
သမားတော်များ ကြိုးစားပမ်းစားကုသသော်လည်း အနာမှာ အဆိပ်အတောက်ဖြစ်သဖြင့် မသက်သာလာတော့ပဲ ဝေဒနာပြင်းထန်လာကာ သုံးရက်မြောက်နေ့တွင် သမိန်ဗရမ်းအနိစ္စရောက်သွားခဲ့ပါတော့တယ်။
(ဒီအချက်ကို ယုံကြည်သူမယုံကြည်သူများရှိနိုင်ပေမယ့် သမိုင်းမှတ်တမ်းတွေကတော့ ဒီအတိုင်းပဲ မှတ်တမ်းတင်ထားခဲ့ပါတယ်)
Ref – ရာဇာဓိရာဇ်အရေး တော်ပုံကျမ်း-နိုင်ပန်းလှ _ မြန်မာ့စွယ်စုံကျမ်း
Credit: Aye Say
Zaw Gyi
တ႐ုတ္စစ္သူႀကီးဂါမဏိကို အႏိုင္တိုက္ႏိုင္ခဲ့တဲ့ သူရဲေကာင္းသမိန္ဗရန္းကို အင္းဝဘုရင္မင္းေခါင္က သေဘာက်ေတာ္မႈလွသျဖင့္ ရာဇဓိရာဇ္ေပးေသာစည္းစိမ္ႏွင့္ ညီမွ်ေအာင္ငါေပးမည္။ သမီးေတာ္ရာဇဓိတာႏွင့္လည္းအပ္ႏွင္းမည္ ဟုဆြဲေဆာင္ပါတယ္။
သို႔ေသာ္သမိန္ဗရမ္းက ကြၽႏ္ုပ္ဤအမႈေတာ္ကို ထမ္းေဆာင္ခဲ့ျခင္းမွာ အခ်ဳပ္မွလြတ္လိုျခင္း၊ ကြၽႏ္ုပ္၏အစြမ္းကိုသိေစျခင္း ႏွင့္ ဟံသာဝတီသို႔ျပန္လည္ပို႔ေဆာင္ျခင္း(သို႔)
ကြၽႏ္ုပ္အားကြပ္မ်က္ျခင္း စသည္တို႔ေၾကာင့္ျဖစ္တယ္လို႔ ျပန္ေလွ်ာက္တင္ပါတယ္။ ဘုရင္မင္းေခါင္က သမိန္ဗရမ္းသည္ ေက်းဇူးရွိသူျဖစ္တာေၾကာင့္ ကြပ္လဲမကြပ္ႏိုင္၊ ဟံသာဝတီသို႔လည္းျပန္မလႊတ္ခ်င္တာေၾကာင့္ သမီးေတာ္ရာဇဓိတာႏွင့္ ဆြဲေဆာင္ေစပါတယ္။
သမီးေတာ္ရာဇဓိတာမွာ တခါမွ်တပါးေသာ ေယာက်ၤားအား ကြမ္းမတည္စဖူး မ်က္ႏွာမျပဖူးရာမ်က္လႊာခ်၍ သမိန္ဗရမ္းအားၾကည့္ပါတယ္။ သမီးေတာ္ကို ျမင္ျမင္ခ်င္းသေဘာက်သြားေသာ သမိန္ဗရမ္းေတြးသည္မွာ
“ဘုရင္ကငါ့အား ျပန္လႊတ္ေတာ့မည္မဟုတ္။ ငါ့အေနႏွင့္ကုသိုလ္ကံရွိေသာ္ ဟံသာဝတီသို႔ျပန္ရေပမည္” ဟုဆိုကာ အမႈေတာ္ကိုထမ္းပါေတာ့တယ္။ ထိုသို႔အမႈေတာ္ထမ္းမည္ဟုဆိုရာတြင္ အခ်က္ ၂ ခ်က္ကိုေတာင္းပါတယ္။
ထိုအခ်က္ ၂ ခ်က္မွာ – ၁။ ဟံသာဝတီႏွင့္ အင္းဝစစ္ျဖစ္ပါက မည္သည့္ဘက္ကမွ်မကူပဲ ၾကားေနအျဖစ္ေနရန္၂။ ကြၽန္ဟူေသာအသုံးကိုမသုံးရန္၊ ထိုသို႔သုံးသည္ႏွင့္ဟံသာဝတီကိုျပန္ရန္ျဖစ္ပါတယ္။
သို႔ျဖင့္သမိန္ဗရမ္းႏွင့္ ရာဇာဓိတာတို႔မွ သားေယာက်ၤားေလးေမြးဖြားရာ ဘုရင္မင္းေခါင္က ခ်စ္ေတာ္မႈ၍ ရင္ခြင္ပိုက္၍ တိုင္းျပည္ေရးရာေဆြးေႏြးေတာ္မူပါတယ္။
တေန႔ ကေလးက ဘုရင္မင္းေခါင္ရဲ႕ဆံပင္ကိုဆြဲခ်၍ “ဟယ္ကြၽန္သားကေတာ့ ၾကာလွ်င္မင္းရဲေက်ာ္စြာျဖစ္ေပအုံးမယ္” ဟု ႏႈတ္မွလႊတ္ခနဲထြက္သြားရာ ထိုညတြင္ပင္သမိန္ဗရမ္းသည္ ဟံသာဝတီသို႔ျပန္ပါတယ္။
ဘုရင္မင္းေခါင္လည္း သူ႔အမွားအတြက္ အလြန္စိတ္ထိခိုက္ေတာ္မူပါတယ္။ ဟံသာဝတီျပန္ေရာက္ေသာ္ ျဖစ္ေၾကာင္းကုန္စင္ကို ရာဇာဓိရာဇ္အားေလွ်ာက္တင္ရာ သေဘာက်ေတာ္မူလွသျဖင့္ ဒုန္းဝန္ကိုစားေစပါတယ္။
ဒုန္းဝန္စားသမိန္ဗရမ္းသည္ ရာဇာဓိရာဇ္လြန္၍ သားေတာ္ဗညားက်န္းထံတြင္ ဆက္လက္အမႈထမ္း၏။ ဒုန္းဝန္မွနံနက္မိုးေသာက္ယံတြင္ထြက္ၿပီး ဟံသာဝတီသို႔ျမင္းျဖင့္လာကာ ညေနခ်မ္းအခ်ိန္တြင္ ဒုန္းဝန္သို႔ျပန္ပါတယ္။
တေန႔တြင္ သမိန္ဗရမ္းသြားေနၾကလမ္းတြင္ရွိေသာ ဣဘယဂါမ႐ြာသို႔ ဓားျပဝင္၏။ ႐ြာသားမ်ားက ဓားျပဗိုလ္အားဖမ္းမိကာ ႏွိပ္စက္ၿပီး ရင္ကိုခြဲလိုက္ကာ အေလာင္းေကာင္ကို တံက်င္သီ၍ ႐ြာျပင္ဘက္ေတာလမ္းခရီးတြင္ ခ်ိတ္ဆြဲထားလိုက္ၾကပါတယ္။
ဟံသာဝတီမွျပန္လာေသာ သမိန္ဗရမ္းသည္ ထို႐ြာအနီးသို႔ေရာက္လာေသာအခါ “ဟယ္သမိန္ဗရမ္း နင့္ျမင္းကိုငါလည္းစီးခ်င္လို႔ ငါ့ကိုလည္းတင္သြားပါ” ဟူေသာ ထူးဆန္းသည့္စကားသံကို ၾကားရေသာအခါ စစ္သားႀကီးသမိန္ဗရမ္းသည္ ၾကက္သီးေမႊးညႇင္းထသြားေလ၏။
“သည္ေတာထဲမွာ ငါ့နာမည္ကိုတပ္ၿပီး ဘယ္သူကမထီေလးစားေခၚလိုက္ပါသနည္း” ဟုလွည့္ပတ္ရွာေလေသာ တစုံတေယာက္မွမေတြ႕ပဲ အေလာင္းေကာင္ကိုသာေတြ႕ေလေသာ္ တေစၦေျခာက္လွန္႔ေၾကာင္းသိသြား၍ ပို၍ေဒါသထြက္သြားပါတယ္။
” ဟယ္ဓားျပဆိုး နင့္ရင္ကိုသူတို႔ခြဲလိုက္လို႔ နင္ေသေနၿပီ၊ ဘာေၾကာင့္နင္မသြားေသးပဲ ငါ့ကိုေျခာက္လွန႔္ေနသနည္း” ဟု ႏႈတ္မွေအာ္ေငါက္ကာ လက္ကလည္းဓားရွည္ကိုဆြဲထုတ္ကာ ဓါးျမေခါင္းကိုျဖတ္ၿပီး ျမင္းမွာခ်ိတ္ၿပီးယူလာခဲ့ပါတယ္။
ေျခာက္လွန႔္တဲ့အတြက္ေၾကာက္လည္းေၾကာက္ ေဒါသထြက္ၿပီး လုပ္မိလုပ္ရာ လုပ္လိုက္တာနဲ႔တူပါတယ္။ ထိုသို႔ျပန္ရင္းျမင္းကခုန္ေသာအခါ ဓားျပေခါင္းျပတ္ဟာ သမိန္ဗရမ္းရဲ႕ဒူးကိုခဲပါေတာ့တယ္။
အမ်ိဳးမ်ိဳးဆြဲျဖတ္ေသာ္လည္းမရ ေနာက္ဆုံးဓားေႏွာင့္ျဖင့္ တအား႐ိုက္ခ်လိုက္တဲ့အခါမွ ေခါင္းျပတ္ဟာ ေျမေပၚျပဳတ္က်သြားပါတယ္။ သို႔ေသာ္ဒူးေခါင္းတြင္ သြားသုံးေခ်ာင္းသည္ စိုက္၍က်န္ခဲ့ပါတယ္။
သမားေတာ္မ်ား ႀကိဳးစားပမ္းစားကုသေသာ္လည္း အနာမွာ အဆိပ္အေတာက္ျဖစ္သျဖင့္ မသက္သာလာေတာ့ပဲ ေဝဒနာျပင္းထန္လာကာ သုံးရက္ေျမာက္ေန႔တြင္ သမိန္ဗရမ္းအနိစၥေရာက္သြားခဲ့ပါေတာ့တယ္။
(ဒီအခ်က္ကို ယုံၾကည္သူမယုံၾကည္သူမ်ားရွိႏိုင္ေပမယ့္ သမိုင္းမွတ္တမ္းေတြကေတာ့ ဒီအတိုင္းပဲ မွတ္တမ္းတင္ထားခဲ့ပါတယ္)
Ref – ရာဇာဓိရာဇ္အေရး ေတာ္ပုံက်မ္း-ႏိုင္ပန္းလွ _ ျမန္မာ့စြယ္စုံက်မ္း
Credit: Aye Say