မြန် မာ စာစတင်ပေါ်ပေါက်လာပုံ

Unicode

မြန်မာစာစတင်ဖြစ်ပေါ်လာခြင်းသည် မြန်မာသည် ပျူနှင့်မွန်စာရေးနည်းကို စံတင်ပြီး (၁၁)ရာစုတွင် မြန်မာဘာသာ ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ စတင်တည်ထောင်စဉ်ကာလ အနော်ရထာမင်း၏ လက်ထက်တွင် သက္ကတဘာသာစာဖြင့် ရေးသောအုတ်ခွက်စာများ၊ ပါဠိစာများဖြင့်ရေးသော အုတ်ခွက်စာများကို အထောက်အထားပြုကာ မြန်မာ့တို့သည် မူလက ပါဠိနှင့် သက္ကတဘာသာတို့ကို ရင်းနှီးခဲ့ကြောင်း သိရသည်။

သက္ကတဘာသာသည် မဟာယာန ဗုဒ္ဓဘာသာနှင့် ဆက်နွယ်ပြီး ပါဠိဘာသာသည် ထေရဝါဒဗုဒ္ဓဘာသာနှင့် နှီးနွယ်ကြောင်းသိရသည်။ မြန်မာတို့သည် တိုင်းခြားဘာသာဖြစ်သော ပါဠိစာကိုဗုဒ္ဓဘာသာစာပေအဖြစ် လက်ခံလာချိန်တွင် မြန်မာတိုင်းရင်းသားများ၏ စာပေဖြစ်သော ပျူစာ၊ မွန်စာတို့သည် ရှင်သန်နှင့် နေပြီးဖြစ်ကြောင်း သိရသည်။

မြန်မာစာပေါ်ပေါက်လာသော အခါတွင် မြန်မာတို့သည် မြန်မာစာနှင့်အတူ တိုင်းရင်း ပျူ၊ မွန်စာပေတို့ကိုလည်း ဆက်လက်ပြုစုလာခဲ့ကြပြီး ခရစ်နှစ်(၁၁၁၃)ခုနှစ် တွင် ရာဇကုမာရ်မင်းသား ရေးထိုးသေ

ာ မြစေတီ ကျောက်စာတွင် ပျူ၊ မွန်၊ မြန်မာဘာသာ တို့ကို ပါဠိစာပေနှင့် အတူ ယှဉ်တွဲ တွေ့ရှိရသည်။ ပါဠိစာပေမှ မြန်မာစာပေသို့ အပြန်အလှန် ဘာသာပြန် အရေးအသားနှင့် ပါဠိဘာသာပြန်ရေးသည့် အရေးအသားများ ထွန်းကားလာခဲ့ပြီး

(၁၁)ရာစု အနော်ရထာမင်း လက်ထက်တွင် ထေရဝါဒဗုဒ္ဓသာသနာနှင့် အတူ ပိဋိကတ်စာပေများ ပုဂံသို့ရောက်ရှိလာပြီးနောက်တွင် (၁၁) ရာစု နှောင်းပိုင်းတွင် မြန်မာစာ စတင် ပေါ်ပေါက် ထွန်းကားခဲ့ကြောင်း သမိုင်းအထောက်အထားများက ပြဆိုထားသည်။

မြန်မာစာ ပေါ်ပေါက်လာပုံကို ပုဂံခေတ် ကျန်စစ်သားမင်း နတ်ရွာစံပြီး ခရစ်နှစ် (၁၁၁၃) ခန့်တွင် ရေးထိုးသော ရာဇကုမာရ်ကျောက်စာသည် သက္ကရာဇ် အခိုင်အမာ ပါသော အစောဆုံး မြန်မာစာ ဖြစ်ကြောင်းသိရသည်။ မြန်မာစာစတင် ဖော်ပြရာတွင် ဗုဒ္ဓစာပေများကို ကျောက်စာ၊

မှင်စာများဖြင့် ဇာတ်နိပတ်၊ ပန်းချီ၊ ပန်းပု များနှင့် အတူ မှင်ဖြင့် ဖော်ပြကြပြီး ကျောက်စာများ ၊ မှင်စာများ စတင် ပေါ်ပေါက်လာခဲ့ရကြောင်း သိရသည်။

နောက်ပိုင်းတွင် ဗုဒ္ဓစာပေ အကြောင်းအရာများကို စကားပြေဖြင့်လည်းကောင်း ကဗျာများဖြင့်လည်းကောင်း ဖွဲ့နွဲလာကြပြီး

ဗုဒ္ဓစာပေကို အခြေခံကာ မြန်မာစာပေ အရေးအဖွဲ့ အမျိုးမျိုး ပေါ်ထွန်းလာရကြောင်းသိရသည်။ ပါဠိ၊ ပျူ၊ မွန်၊ မြန်မာ ဟူသော ဘာသာစကားတို့မှ စကားလုံးများကို မွေးစား သုံးနှုန်းခြင်း၊

ဘာသာပြန်သုံးနှုန်းခြင်းတို့ဖြင့် မြန်မာစကား နှင့် စာပေ ဖွံ့ဖြိုးကြွယ်ဝ လာခဲ့ သည်ဟု ဆိုကြသည်။

ပင်းယခေတ် (၁၃၀၉ ခုနှစ် ခန့် မှ ၁၃၆၀) နှင့် အင်းဝခေတ် (၁၃၆၄ မှ ၁၄၈၆) တစ်လျောက်လုံးတွင် မြန်မာတို့သည်

ဗုဒ္ဓစာပေအမွေအနှစ်များကို ပါဠိဘာသာမှ တစ်ဆင့် ဘာသာပြန်ပြုစုလာခဲ့ကြပြီး မြန်မာစာပေအနေနှင့် အရေးအသား အသုံးအနှုန်းများ ခိုင်မြဲစွာ အမြစ်တွယ် ထွန်းကားနေပြီ ဖြစ်သည်။

မြန်မာဗျည်း(၃၃)လုံး ဖြစ်ပေါ်လာပုံ

မြန်မာဗျည်း ၃၃-လုံး ဖြစ်ပေါ်လာပုံအကြောင်း ပြောရာမှာ ဗျည်းရော သရရော မြန်မာအက္ခရာ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာက စပြောဖို့လိုမှာပေါ့။

မြန်မာအက္ခရာဟာ အိန္ဒိယနိုင်ငံမှာ ဘီစီ ၅၀၀_လောက်က ၇၀၀_ကျော်အထိ ထွန်းကားခဲ့တဲ့ ဗြာဟ္မီ (Brahmi) အက္ခရာက ဆင်းသက်လာကြောင်း ပညာရှင်တွေက မိန့်ဆိုကြတယ်။

ခရစ်နှစ်ဦးပိုင်းလောက်မှာ အိန္ဒိယနိုင်ငံသားတွေ အရှေ့တောင်အာရှကို သင်္ဘောကြီးတွေနဲ့ ရွက်လွင့်လာ ရာမှ ဗုဒ္ဓဘာသာ၊

ဟိန္ဒူဘာသာ၊ အက္ခရာ၊ နီတိကျမ်း၊ ဓမ္မသတ်ကျမ်း စတဲ့ ယဉ်ကျေးမှုတွေပါလာပြီး အရှေ့တောင်အာရှ နိုင်ငံတွေမှာ ထွန်းကားတာပါ။

အဲဒီအက္ခရာဟာ မွန်လူမျိုးတွေဆီ အရင်ရောက်ပြီး အဲဒီကမှတဆင့် မြန်မာတွေဆီရောက်တယ်။

မြန်မာတွေက အဲဒီအက္ခရာတွေကို မြန်မာစကားသံတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် လိုအပ်သလို မွမ်းမံအသုံးပြုရာက မြန်မာအက္ခရာ ပေါ်ပေါက်လာတယ်လို့ ယူဆကြပါတယ်။

မြန်မာအက္ခရာဆိုရာမှာ ဗျည်းရော၊ သရရော ပါဝင်ပါတယ်။ ဗျည်းတွေကို အမည်ပေးပုံက စိတ်ဝင်စားစရာ ကောင်းပါတယ်။

ဘယ်တုန်းကစပြီး ကကြီး-ခခွေး-ဂငယ်-ဃကြီး-စတဲ့အမည်တွေ ပေးတာလဲလို့ စဉ်းစားကြည့်ရင်

မြန်မာအက္ခရာတွေကို ပေရွက်ပေါ်မှာ ကညစ်နဲ့ အဝိုင်းပုံရေးတော့မှ ဖြစ်လိမ့်မယ်လို့ ဆိုချင်ပါတယ်။

ကျောက်စာ စရေးထိုးတဲ့ ပုဂံခေတ်တုန်းကတော့ ခုလို ဝိုင်းဝိုင်းစက်စက် မဟုတ်ကြောင်း ပုဂံကျောက်စာတွေကိုကြည့်ရင် သိနိုင်ပါတယ်။

အဲဒီတုန်းက ကျောက်ပေါ်မှာ ဆောက်တို့၊ ဘာတို့နဲ့ ထွင်းရတာမို့ လေးထောင့်ပုံတွေ ထွင်းတယ်၊ မဝိုင်းသေးဘူး။ ၀-၀ကလေး ဝိုင်းဝိုင်းရေး-လို့ ပြောလို့မရသေးပါ။

ပေပေါ်မှာရေးတော့ လေးထောင့်ရေးရင် အဆင်မပြေဘူး။ ပေရွက်အကြောတွေ စုတ်ပြတ်နိုင်တယ်။

အဝိုင်းရေးတော့ ပိုအဆင်ပြေတယ်။ အဲဒီလိုအဝိုင်းရေးတဲ့ခေတ်ရောက်မှ ဗျည်းတွေရဲ့ ပုံသဏ္ဌာန်ကိုကြည့်ပြီး အမည်ပေးတာပါ။

ဒီတော့ မြန်မာဗျည်းတွေဟာ မဝိုင်းခင်တုန်းက ကကြီး-ခခွေး စတဲ့ အမည်တွေ မရသေးဘဲ က-ခ-လို့ပဲ ခေါ်လိမ့်မယ်ထင်ပါတယ်။

ဗျည်းတွေကို အမည်ပေးရာမှာ ဂုဏ်အရည်အသွေးအရ အမည်ပေးတာရော၊ ပုံသဏ္ဌာန်အရ အမည်ပေးတာရော တွေ့ရတယ်။ ကကြီး၊ ဃကြီး၊ ဏကြီး၊ ဠကြီး ဆိုတဲ့ အက္ခရာလေးလုံးကို ကြီးလေးလုံး-လို့ခေါ်ကြတယ်။

ဃကြီး၊ ဏကြီး၊ ဠကြီးတို့မှာတော့ ဂငယ်၊ နငယ်၊ လ(ငယ်) ဆိုတဲ့ အတွဲတွေ ရှိတယ်။ ဒါကြောင့် အကြီးအငယ်ခွဲပြီး အငယ်တွေထက် အရွယ်ပမာဏကြီးတဲ့ အက္ခရာတွေကို ကြီး-ထည့်ပြီး ခေါ်ကြတာပေါ့။

ကကြီးကျတော့ ကငယ် မရှိဘဲ ဘာဖြစ်လို့ ကကြီးလို့ခေါ်ရသလဲလို့ မေးစရာရှိပါတယ်။

ဗျည်း ၃၃-လုံးမှာ ရှေ့ဆုံးက ခေါင်းဆောင်ဗျည်းဖြစ်လို့ ကကြီးလို့ ခေါ်တယ်လို့လည်း ယူဆကြတယ်။

၃၃-လုံးမှာ အကြီးဆုံးပေါ့။ ပုံသဏ္ဌာန်က ဂငယ်ထက် ၂-ဆ ကြီးနေလို့ ကကြီးလို့ခေါ်တယ်လို့လည်း ဆိုကြတယ်။

ပုံသဏ္ဌာန်အရ အမည်ပေးတဲ့ဗျည်းတွေကို ကြည့်ပါ။ ခွေခွေကလေးနေလို့ ခ-ခွေး၊ လုံးလုံးကလေး နေလို့ စ-လုံး၊ လိမ်ခွေနေလို့ ဆ-လိမ်၊ အောက်ကွဲနေလို့ ဇ-ကွဲ၊ ဘေးကမျဉ်းဆွဲထားလို့ ဈ-မျဉ်းဆွဲ၊

ရင်ကလေးကောက်နေလို့ ဍ-ရင်ကောက်၊ ဝမ်းပူနေလို့ တ-ဝမ်းပူ၊ အငယ်အထွေးလေးဖြစ်လို့ ဒ-ဒွေး (ဒထွေး)၊ အောက်ပိုင်းကခြိုက်(ချိုင့်) နေလို့ ဓ-အောက်ခြိုက်၊

မတ်မတ်စောက်စောက်ရှိလို့ ပ-စောက်၊ အထက်ပိုင်းကခြိုက်(ချိုင့်)နေလို့ ဗ-ထက်ခြိုက်၊ ကုန်းနေလို့ ဘ-ကုန်း၊ ပက်လက်လန်နေလို့ ယ-ပက်လက်၊ အဖျားက ကောက်နေလို့ ရ-ကောက်-ဆိုပြီး ပုံသဏ္ဌာန်အရ အမည်ပေးတာ တွေ့နိုင်ပါတယ်။

အက္ခရာတချို့ရဲ့ အမည်တွေက ပုံသဏ္ဌာန်ကို ရိုးရိုးဖော်ပြတာမဟုတ်ဘဲ ပုံသဏ္ဌာန်တူတဲ့

အရာဝတ္ထုတွေနဲ့ ခိုင်းနှိုင်းအမည်ပေးတာဖြစ်ပါတယ်။ ရှေးကသုံးတဲ့ သံလျင်းလို့ခေါ်တဲ့ ထမ်းစင်မှာပါတဲ့ ချိတ်လေးကို ကောက်ကောက်ကလေးမို့ ဋ-သံလျင်းချိတ်၊

ဝမ်းဘဲနဲ့တူလို့ ဌ-ဝမ်းဘဲ၊ ရေမှုတ်နဲ့တူလို့ ဎ-ရေမှုတ်၊ ဆင်ရဲ့ခြေထောက်ကို ခတ်ရတဲ့ ထူးလိုအကွင်း ၂-ကွင်းပါလို့ ထ-ဆင်ထူးလို့ ခေါ်ကြောင်း တွေ့နိုင်ပါတယ်။

င-မ-၀-သ-ဟ တို့ကိုတော့ အမည်မပေးတာ တွေ့ရပါတယ်။ ည-ယ-လ တို့ကိုတော့ သာမန်အားဖြင့် အမည် မပေးပေမယ့် လိုအပ်တဲ့အခါ ညကြီး၊ ယပက်လက်၊ လ(ငယ်)လို့ အမည်ပေးပါတယ်။

ဉ ကို ဉ ကလေး၊ ည ကို ညကြီးလို့ ခွဲခြားခေါ်ပါတယ်။ မြန်မာဗျည်း ၃၃-လုံးမှာ ည(ညကြီး) ပဲပါတယ်။ ဉ (ဉ ကလေး) ကိုတော့ အသတ်အက္ခရာအဖြစ်ပဲ သုံးတယ်။

သံယောဇဉ်တို့၊ ဝိညာဉ်တို့၊ အစဉ်အမြဲ-တို့မှာ သုံးသလိုပါ။ ဒီနေရာမှာ ပါဠိဘာသာမှာသုံးတဲ့ ညနဲ့ မြန်မာဘာသာမှာသုံးတဲ့ ညကို ခွဲခြားမှတ်ရပါမယ်။

ပါဠိဗျည်း ၃၃-လုံးမှာ ည မသုံးဘူး။ ဉ ပဲသုံးတယ်။ ဒါကြောင့် ပုည ကို ပုဉ်+ဉ လို့ အသံထွက်ရတာပါ။ ရှေ့က ညကို အသတ်အသံထွက်ရတယ်။ /ပုန်+ညာ့/လို့ အသံထွက်ရတာပေါ့။

ဒီလိုပဲ ပညာ/ပဉ်+ဉာ/ပျင်ညာ။ သုည/သုဉ်+ဉ /သုန်ညာ့၊ လို့ အသံထွက်ရတယ်။

အချုပ်အားဖြင့် ပါဠိမှာ ညဟာ ဉ ၂-လုံးတွဲဖြစ်တယ်။ ဉ ရော၊ ညရော သုံးတယ်။ မြန်မာမှာတော့ ညကြီး ဉ ကလေးလို့ ခွဲသုံးတယ်။ ဗျည်း ၃၃-လုံးမှာ ညကြီးသုံးပြီး အသတ်မှာ ဉ သုံးတယ်လို့ ခွဲခြားမှတ်သားနိုင်ပါတယ်။

မြန်မာစာမှာ ဉ နဲ့ ဥနဲ့ ရောထွေးတတ်ပါတယ်။ ဉ (ဉ ကလေး) က ခြေထောက် ရှည်တယ်။

ဥ (ဘဲဥ၊ ကြက်ဥ-မှာပါတဲ့ အက္ခရာ ဥ) က ခြေထောက် တိုတယ်။ ယပက်လက်ကို ရကောက်နဲ့ ယှဉ်ပြီး ယပက်လက်လို့ ခွဲခြားခေါ်တယ်။

ရှေ့က ရကို ရကြီး၊ ယကို ယငယ်လို့လည်း ခွဲခေါ်သေးတယ်။ ရကြီးနဲ့ ရငယ်ပေါ့။ လကိုလည်း ဠနဲ့ ယှဉ်ပြီး လငယ်လို့ ခေါ်နိုင်ပါတယ်။

အက္ခရာအမည်တွေနဲ့ပတ်သက်ပြီး ပြောစရာတခုက ဓအောက်ခြိုက်ကို အောက်ကချိုင့်နေလို့ ဓအောက်ခြိုက် ခေါ်တယ်ပြောပြီး ရေးတော့ အောက်က မချိုင့်ပါလားလို့ မေးစရာရှိတယ်။

ပုဂံခေတ် ကျောက်စာတွေမှာ စရေးတုန်းက ဓဟာ အခုလို အောက်က ပိတ်မနေပါဘူး။

ဗ စောက်ထိုးရေးသလို အောက်ကချိုင့်နေပါတယ်။ ( ဗထက်ခြိုက် ပြောင်းပြန်ပုံစံမျိုးပေါ့။) ဈ ဟာ မူလအက္ခရာမှာ သီခြားပုံသဏ္ဌာန် ရှိပါတယ်။

စလုံးကို ယပင့်ထားတာ မဟုတ်ပါဘူး။ ဘေးက မျဉ်းဆွဲထားလို့ ဈမျဉ်းဆွဲ ခေါ်တယ်လို့ မှတ်သင့်ပါတယ်။

Wai Linn (ရွှေလက်) မူရင်းပိုင်ရှင်များ_ မောင်ခင်မင် (ဓနုဖြူ)

Zaw Gyi

ျမန္မာစာစတင္ျဖစ္ေပၚလာျခင္းသည္ ျမန္မာသည္ ပ်ဴႏွင့္မြန္စာေရးနည္းကို စံတင္ၿပီး (၁၁)ရာစုတြင္ ျမန္မာဘာသာ ေပၚထြန္းလာခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံ စတင္တည္ေထာင္စဥ္ကာလ အေနာ္ရထာမင္း၏ လက္ထက္တြင္ သကၠတဘာသာစာျဖင့္ ေရးေသာအုတ္ခြက္စာမ်ား၊

ပါဠိစာမ်ားျဖင့္ေရးေသာ အုတ္ခြက္စာမ်ားကို အေထာက္အထားျပဳကာ ျမန္မာ့တို႔သည္ မူလက ပါဠိႏွင့္ သကၠတဘာသာတို႔ကို ရင္းႏွီးခဲ့ေၾကာင္း သိရသည္။

သကၠတဘာသာသည္ မဟာယာန ဗုဒၶဘာသာႏွင့္ ဆက္ႏြယ္ၿပီး ပါဠိဘာသာသည္ ေထရဝါဒဗုဒၶဘာသာႏွင့္ ႏွီးႏြယ္ေၾကာင္းသိရသည္။

ျမန္မာတို႔သည္ တိုင္းျခားဘာသာျဖစ္ေသာ ပါဠိစာကိုဗုဒၶဘာသာစာေပအျဖစ္ လက္ခံလာခ်ိန္တြင္ ျမန္မာတိုင္းရင္းသားမ်ား၏

စာေပျဖစ္ေသာ ပ်ဴစာ၊ မြန္စာတို႔သည္ ရွင္သန္ႏွင့္ ေနၿပီးျဖစ္ေၾကာင္း သိရသည္။

ျမန္မာစာေပၚေပါက္လာေသာ အခါတြင္ ျမန္မာတို႔သည္ ျမန္မာစာႏွင့္အတူ တိုင္းရင္း ပ်ဴ၊ မြန္စာေပတို႔ကိုလည္း ဆက္လက္ျပဳစုလာခဲ့ၾကၿပီး ခရစ္ႏွစ္(၁၁၁၃)ခုႏွစ္ တြင္ ရာဇကုမာရ္မင္းသား ေရးထိုးေသ

ာ ျမေစတီ ေက်ာက္စာတြင္ ပ်ဴ၊ မြန္၊ ျမန္မာဘာသာ တို႔ကို ပါဠိစာေပႏွင့္ အတူ ယွဥ္တြဲ ေတြ႕ရွိရသည္။

ပါဠိစာေပမွ ျမန္မာစာေပသို႔ အျပန္အလွန္ ဘာသာျပန္ အေရးအသားႏွင့္ ပါဠိဘာသာျပန္ေရးသည့္ အေရးအသားမ်ား ထြန္းကားလာခဲ့ၿပီး

(၁၁)ရာစု အေနာ္ရထာမင္း လက္ထက္တြင္ ေထရဝါဒဗုဒၶသာသနာႏွင့္ အတူ ပိဋိကတ္စာေပမ်ား ပုဂံသို႔ေရာက္ရွိလာၿပီးေနာက္တြင္

(၁၁) ရာစု ေႏွာင္းပိုင္းတြင္ ျမန္မာစာ စတင္ ေပၚေပါက္ ထြန္းကားခဲ့ေၾကာင္း သမိုင္းအေထာက္အထားမ်ားက ျပဆိုထားသည္။

ျမန္မာစာ ေပၚေပါက္လာပုံကို ပုဂံေခတ္ က်န္စစ္သားမင္း နတ္႐ြာစံၿပီး ခရစ္ႏွစ္ (၁၁၁၃) ခန႔္တြင္ ေရးထိုးေသာ

ရာဇကုမာရ္ေက်ာက္စာသည္ သကၠရာဇ္ အခိုင္အမာ ပါေသာ အေစာဆုံး ျမန္မာစာ ျဖစ္ေၾကာင္းသိရသည္။ ျမန္မာစာစတင္ ေဖာ္ျပရာတြင္ ဗုဒၶစာေပမ်ားကို ေက်ာက္စာ၊

မွင္စာမ်ားျဖင့္ ဇာတ္နိပတ္၊ ပန္းခ်ီ၊ ပန္းပု မ်ားႏွင့္ အတူ မွင္ျဖင့္ ေဖာ္ျပၾကၿပီး ေက်ာက္စာမ်ား ၊

မွင္စာမ်ား စတင္ ေပၚေပါက္လာခဲ့ရေၾကာင္း သိရသည္။

ေနာက္ပိုင္းတြင္ ဗုဒၶစာေပ အေၾကာင္းအရာမ်ားကို စကားေျပျဖင့္လည္းေကာင္း

ကဗ်ာမ်ားျဖင့္လည္းေကာင္း ဖြဲ႕ႏြဲလာၾကၿပီး ဗုဒၶစာေပကို အေျခခံကာ ျမန္မာစာေပ အေရးအဖြဲ႕ အမ်ိဳးမ်ိဳး ေပၚထြန္းလာရေၾကာင္းသိရသည္။

ပါဠိ၊ ပ်ဴ၊ မြန္၊ ျမန္မာ ဟူေသာ ဘာသာစကားတို႔မွ စကားလုံးမ်ားကို ေမြးစား သုံးႏႈန္းျခင္း၊

ဘာသာျပန္သုံးႏႈန္းျခင္းတို႔ျဖင့္ ျမန္မာစကား ႏွင့္ စာေပ ဖြံ႕ၿဖိဳးႂကြယ္ဝ လာခဲ့ သည္ဟု ဆိုၾကသည္။

ပင္းယေခတ္ (၁၃၀၉ ခုႏွစ္ ခန႔္ မွ ၁၃၆၀) ႏွင့္ အင္းဝေခတ္ (၁၃၆၄ မွ ၁၄၈၆) တစ္ေလ်ာက္လုံးတြင္ ျမန္မာတို႔သည္

ဗုဒၶစာေပအေမြအႏွစ္မ်ားကို ပါဠိဘာသာမွ တစ္ဆင့္ ဘာသာျပန္ျပဳစုလာခဲ့ၾကၿပီး ျမန္မာစာေပအေနႏွင့္ အေရးအသား အသုံးအႏႈန္းမ်ား ခိုင္ၿမဲစြာ အျမစ္တြယ္ ထြန္းကားေနၿပီ ျဖစ္သည္။

ျမန္မာဗ်ည္း(၃၃)လုံး ျဖစ္ေပၚလာပုံ

ျမန္မာဗ်ည္း ၃၃-လုံး ျဖစ္ေပၚလာပုံအေၾကာင္း ေျပာရာမွာ ဗ်ည္းေရာ သရေရာ ျမန္မာအကၡရာ ဘယ္လိုျဖစ္ေပၚလာတယ္ဆိုတာက စေျပာဖို႔လိုမွာေပါ့။

ျမန္မာအကၡရာဟာ အိႏၵိယႏိုင္ငံမွာ ဘီစီ ၅၀၀_ေလာက္က ၇၀၀_ေက်ာ္အထိ ထြန္းကားခဲ့တဲ့ ျဗာဟၼီ (Brahmi) အကၡရာက ဆင္းသက္လာေၾကာင္း ပညာရွင္ေတြက မိန႔္ဆိုၾကတယ္။

ခရစ္ႏွစ္ဦးပိုင္းေလာက္မွာ အိႏၵိယႏိုင္ငံသားေတြ အေရွ႕ေတာင္အာရွကို သေဘၤာႀကီးေတြနဲ႔ ႐ြက္လြင့္လာ ရာမွ ဗုဒၶဘာသာ၊

ဟိႏၵဴဘာသာ၊ အကၡရာ၊ နီတိက်မ္း၊ ဓမၼသတ္က်မ္း စတဲ့ ယဥ္ေက်းမႈေတြပါလာၿပီး အေရွ႕ေတာင္အာရွ ႏိုင္ငံေတြမွာ ထြန္းကားတာပါ။

အဲဒီအကၡရာဟာ မြန္လူမ်ိဳးေတြဆီ အရင္ေရာက္ၿပီး အဲဒီကမွတဆင့္ ျမန္မာေတြဆီေရာက္တယ္။

ျမန္မာေတြက အဲဒီအကၡရာေတြကို ျမန္မာစကားသံေတြနဲ႔ အံဝင္ခြင္က်ျဖစ္ေအာင္ လိုအပ္သလို မြမ္းမံအသုံးျပဳရာက ျမန္မာအကၡရာ ေပၚေပါက္လာတယ္လို႔ ယူဆၾကပါတယ္။

ျမန္မာအကၡရာဆိုရာမွာ ဗ်ည္းေရာ၊ သရေရာ ပါဝင္ပါတယ္။ ဗ်ည္းေတြကို အမည္ေပးပုံက စိတ္ဝင္စားစရာ ေကာင္းပါတယ္။

ဘယ္တုန္းကစၿပီး ကႀကီး-ခေခြး-ဂငယ္-ဃႀကီး-စတဲ့အမည္ေတြ ေပးတာလဲလို႔ စဥ္းစားၾကည့္ရင္

ျမန္မာအကၡရာေတြကို ေပ႐ြက္ေပၚမွာ ကညစ္နဲ႔ အဝိုင္းပုံေရးေတာ့မွ ျဖစ္လိမ့္မယ္လို႔ ဆိုခ်င္ပါတယ္။

ေက်ာက္စာ စေရးထိုးတဲ့ ပုဂံေခတ္တုန္းကေတာ့ ခုလို ဝိုင္းဝိုင္းစက္စက္ မဟုတ္ေၾကာင္း ပုဂံေက်ာက္စာေတြကိုၾကည့္ရင္ သိႏိုင္ပါတယ္။

အဲဒီတုန္းက ေက်ာက္ေပၚမွာ ေဆာက္တို႔၊ ဘာတို႔နဲ႔ ထြင္းရတာမို႔ ေလးေထာင့္ပုံေတြ ထြင္းတယ္၊ မဝိုင္းေသးဘူး။ ၀-၀ကေလး ဝိုင္းဝိုင္းေရး-လို႔ ေျပာလို႔မရေသးပါ။

ေပေပၚမွာေရးေတာ့ ေလးေထာင့္ေရးရင္ အဆင္မေျပဘူး။ ေပ႐ြက္အေၾကာေတြ စုတ္ျပတ္ႏိုင္တယ္။

အဝိုင္းေရးေတာ့ ပိုအဆင္ေျပတယ္။ အဲဒီလိုအဝိုင္းေရးတဲ့ေခတ္ေရာက္မွ ဗ်ည္းေတြရဲ႕ ပုံသဏၭာန္ကိုၾကည့္ၿပီး အမည္ေပးတာပါ။

ဒီေတာ့ ျမန္မာဗ်ည္းေတြဟာ မဝိုင္းခင္တုန္းက ကႀကီး-ခေခြး စတဲ့ အမည္ေတြ မရေသးဘဲ က-ခ-လို႔ပဲ ေခၚလိမ့္မယ္ထင္ပါတယ္။

ဗ်ည္းေတြကို အမည္ေပးရာမွာ ဂုဏ္အရည္အေသြးအရ အမည္ေပးတာေရာ၊ ပုံသဏၭာန္အရ အမည္ေပးတာေရာ ေတြ႕ရတယ္။

ကႀကီး၊ ဃႀကီး၊ ဏႀကီး၊ ဠႀကီး ဆိုတဲ့ အကၡရာေလးလုံးကို ႀကီးေလးလုံး-လို႔ေခၚၾကတယ္။

ဃႀကီး၊ ဏႀကီး၊ ဠႀကီးတို႔မွာေတာ့ ဂငယ္၊ နငယ္၊ လ(ငယ္) ဆိုတဲ့ အတြဲေတြ ရွိတယ္။

ဒါေၾကာင့္ အႀကီးအငယ္ခြဲၿပီး အငယ္ေတြထက္ အ႐ြယ္ပမာဏႀကီးတဲ့ အကၡရာေတြကို ႀကီး-ထည့္ၿပီး ေခၚၾကတာေပါ့။

ကႀကီးက်ေတာ့ ကငယ္ မရွိဘဲ ဘာျဖစ္လို႔ ကႀကီးလို႔ေခၚရသလဲလို႔ ေမးစရာရွိပါတယ္။

ဗ်ည္း ၃၃-လုံးမွာ ေရွ႕ဆုံးက ေခါင္းေဆာင္ဗ်ည္းျဖစ္လို႔ ကႀကီးလို႔ ေခၚတယ္လို႔လည္း ယူဆၾကတယ္။

၃၃-လုံးမွာ အႀကီးဆုံးေပါ့။ ပုံသဏၭာန္က ဂငယ္ထက္ ၂-ဆ ႀကီးေနလို႔ ကႀကီးလို႔ေခၚတယ္လို႔လည္း ဆိုၾကတယ္။

ပုံသဏၭာန္အရ အမည္ေပးတဲ့ဗ်ည္းေတြကို ၾကည့္ပါ။ ေခြေခြကေလးေနလို႔ ခ-ေခြး၊ လုံးလုံးကေလး ေနလို႔ စ-လုံး၊

လိမ္ေခြေနလို႔ ဆ-လိမ္၊ ေအာက္ကြဲေနလို႔ ဇ-ကြဲ၊ ေဘးကမ်ဥ္းဆြဲထားလို႔ ဈ-မ်ဥ္းဆြဲ၊

ရင္ကေလးေကာက္ေနလို႔ ဍ-ရင္ေကာက္၊ ဝမ္းပူေနလို႔ တ-ဝမ္းပူ၊ အငယ္အေထြးေလးျဖစ္လို႔ ဒ-ေဒြး (ဒေထြး)၊

ေအာက္ပိုင္းကၿခိဳက္(ခ်ိဳင့္) ေနလို႔ ဓ-ေအာက္ၿခိဳက္၊ မတ္မတ္ေစာက္ေစာက္ရွိလို႔ ပ-ေစာက္၊ အထက္ပိုင္းကၿခိဳက္(ခ်ိဳင့္)ေနလို႔ ဗ-ထက္ၿခိဳက္၊

ကုန္းေနလို႔ ဘ-ကုန္း၊ ပက္လက္လန္ေနလို႔ ယ-ပက္လက္၊ အဖ်ားက ေကာက္ေနလို႔ ရ-ေကာက္-ဆိုၿပီး ပုံသဏၭာန္အရ အမည္ေပးတာ ေတြ႕ႏိုင္ပါတယ္။

အကၡရာတခ်ိဳ႕ရဲ႕ အမည္ေတြက ပုံသဏၭာန္ကို ႐ိုး႐ိုးေဖာ္ျပတာမဟုတ္ဘဲ ပုံသဏၭာန္တူတဲ့ အရာဝတၳဳေတြနဲ႔ ခိုင္းႏႈိင္းအမည္ေပးတာျဖစ္ပါတယ္။

ေရွးကသုံးတဲ့ သံလ်င္းလို႔ေခၚတဲ့ ထမ္းစင္မွာပါတဲ့ ခ်ိတ္ေလးကို ေကာက္ေကာက္ကေလးမို႔ ဋ-သံလ်င္းခ်ိတ္၊

ဝမ္းဘဲနဲ႔တူလို႔ ဌ-ဝမ္းဘဲ၊ ေရမႈတ္နဲ႔တူလို႔ ဎ-ေရမႈတ္၊ ဆင္ရဲ႕ေျခေထာက္ကို ခတ္ရတဲ့ ထူးလိုအကြင္း ၂-ကြင္းပါလို႔ ထ-ဆင္ထူးလို႔ ေခၚေၾကာင္း ေတြ႕ႏိုင္ပါတယ္။

င-မ-၀-သ-ဟ တို႔ကိုေတာ့ အမည္မေပးတာ ေတြ႕ရပါတယ္။ ည-ယ-လ တို႔ကိုေတာ့ သာမန္အားျဖင့္ အမည္ မေပးေပမယ့္ လိုအပ္တဲ့အခါ ညႀကီး၊ ယပက္လက္၊ လ(ငယ္)လို႔ အမည္ေပးပါတယ္။

ဉ ကို ဉ ကေလး၊ ည ကို ညႀကီးလို႔ ခြဲျခားေခၚပါတယ္။ ျမန္မာဗ်ည္း ၃၃-လုံးမွာ ည(ညႀကီး) ပဲပါတယ္။

ဉ (ဉ ကေလး) ကိုေတာ့ အသတ္အကၡရာအျဖစ္ပဲ သုံးတယ္။ သံေယာဇဥ္တို႔၊ ဝိညာဥ္တို႔၊ အစဥ္အၿမဲ-တို႔မွာ သုံးသလိုပါ။ ဒီေနရာမွာ ပါဠိဘာသာမွာသုံးတဲ့ ညနဲ႔ ျမန္မာဘာသာမွာသုံးတဲ့ ညကို ခြဲျခားမွတ္ရပါမယ္။

ပါဠိဗ်ည္း ၃၃-လုံးမွာ ည မသုံးဘူး။ ဉ ပဲသုံးတယ္။ ဒါေၾကာင့္ ပုည ကို ပုဥ္+ဉ လို႔ အသံထြက္ရတာပါ။ ေရွ႕က ညကို အသတ္အသံထြက္ရတယ္။ /ပုန္+ညာ့/လို႔ အသံထြက္ရတာေပါ့။

ဒီလိုပဲ ပညာ/ပဥ္+ဉာ/ပ်င္ညာ။ သုည/သုဥ္+ဉ /သုန္ညာ့၊ လို႔ အသံထြက္ရတယ္။

အခ်ဳပ္အားျဖင့္ ပါဠိမွာ ညဟာ ဉ ၂-လုံးတြဲျဖစ္တယ္။ ဉ ေရာ၊ ညေရာ သုံးတယ္။ ျမန္မာမွာေတာ့ ညႀကီး ဉ ကေလးလို႔ ခြဲသုံးတယ္။

ဗ်ည္း ၃၃-လုံးမွာ ညႀကီးသုံးၿပီး အသတ္မွာ ဉ သုံးတယ္လို႔ ခြဲျခားမွတ္သားႏိုင္ပါတယ္။

ျမန္မာစာမွာ ဉ နဲ႔ ဥနဲ႔ ေရာေထြးတတ္ပါတယ္။ ဉ (ဉ ကေလး) က ေျခေထာက္ ရွည္တယ္။

ဥ (ဘဲဥ၊ ၾကက္ဥ-မွာပါတဲ့ အကၡရာ ဥ) က ေျခေထာက္ တိုတယ္။ ယပက္လက္ကို ရေကာက္နဲ႔ ယွဥ္ၿပီး ယပက္လက္လို႔ ခြဲျခားေခၚတယ္။

ေရွ႕က ရကို ရႀကီး၊ ယကို ယငယ္လို႔လည္း ခြဲေခၚေသးတယ္။ ရႀကီးနဲ႔ ရငယ္ေပါ့။ လကိုလည္း ဠနဲ႔ ယွဥ္ၿပီး လငယ္လို႔ ေခၚႏိုင္ပါတယ္။

အကၡရာအမည္ေတြနဲ႔ပတ္သက္ၿပီး ေျပာစရာတခုက ဓေအာက္ၿခိဳက္ကို ေအာက္ကခ်ိဳင့္ေနလို႔ ဓေအာက္ၿခိဳက္ ေခၚတယ္ေျပာၿပီး ေရးေတာ့ ေအာက္က မခ်ိဳင့္ပါလားလို႔ ေမးစရာရွိတယ္။

ပုဂံေခတ္ ေက်ာက္စာေတြမွာ စေရးတုန္းက ဓဟာ အခုလို ေအာက္က ပိတ္မေနပါဘူး။

ဗ ေစာက္ထိုးေရးသလို ေအာက္ကခ်ိဳင့္ေနပါတယ္။ ( ဗထက္ၿခိဳက္ ေျပာင္းျပန္ပုံစံမ်ိဳးေပါ့။) ဈ ဟာ မူလအကၡရာမွာ သီျခားပုံသဏၭာန္ ရွိပါတယ္။

စလုံးကို ယပင့္ထားတာ မဟုတ္ပါဘူး။ ေဘးက မ်ဥ္းဆြဲထားလို႔ ဈမ်ဥ္းဆြဲ ေခၚတယ္လို႔ မွတ္သင့္ပါတယ္။

Wai Linn (ေ႐ႊလက္) မူရင္းပိုင္ရွင္မ်ား_ ေမာင္ခင္မင္ (ဓႏုျဖဴ)