မခံချင်စိတ်နဲ့ကြိုးစားရာမှာ ကမ္ဘာကျော်တဲအထိ အောင်မြင်လာတဲ့ စီးပွားရေးလုပ်ငန်းများ

Unicode

Intel တည်ထောင်သူများဖြစ်တဲ့ Robert Noyce, Gordon Moore နဲ့ Arthur Rock တို့သုံးယောက်ဟာ သူတို့ကိုတီထွင်ဖန်တီးခွင့်လုံးဝမပေးတဲ့အပြင် ကုမ္ပဏီရဲ့ဝေယျဝစ္စတွေကိုသာ တာဝန်ပေးတဲ့ Fairchild ကုမ္ပဏီမှထွက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

နောက်ဆုံးမှာတော့ သူတို့ဟာ Intel ကုမ္ပဏီ ကိုတည်ထောင်လိုက်ပြီး ပထမဆုံးသော microprocessor ကိုတီထွင်နိုင်ခဲ့ပါတယ်။ Fairchild ကုမ္ပဏီကသာ သူတို့ကိုတီထွင်ခွင့်ပေးခဲ့မယ်ဆိုရင် အခုဖြစ်လာတဲ့အောင်မြင်မှုဟာ Intel မဟုတ်ဘဲ Fairchild ဖြစ်နေမှာပါ။

၂။ လစ်ဗာပူးဘောလုံးအသင်း (The Liverpool Football Club)

လစ်ဗာပူးအသင်းကို ၁၈၉၂ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ Tom Watson ဆိုတဲ့လူတစ်ယောက်ဟာ Everton ဘောလုံးအသင်းအတွက် အားကစားကွင်းတစ်ခုဝယ်ပေးပြီးရင်းနှီးခဲ့ပေမဲ့ နောက်ဆုံးမှာ Everton က ထွက်သွားခဲ့ပါတယ်။

အဲ့ဒါကြောင့် ဘောလုံးအသင်းမရှိဘဲ အားကစားကွင်းနဲ့ Watson သာကျန်ရစ်ခဲ့ပါတယ်။ အဲ့ဒီအတွက် Watson ဟာ တခွန်စိုက်ချန်ပီယံဆု ဆွတ်ခူးနိုင်မယ့် သူ့ကိုယ်ပိုင်ဘောလုံးအသင်းဖွဲ့စည်းဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒီနေ့မှာတော့ သူဖွဲ့စည်းခဲ့တဲ့အသင်းဟာ အင်္ဂလန်နိုင်ငံရဲ့အအောင်မြင်ဆုံးချန်ပီယံအဖွဲ့ဖြစ်နေပါပြီ။

၃။ Activision

Activision ဗီဒီယိုဂိမ်းတီထွင်ဖြစ်ပါတယ်။ Activision ရဲ့တည်ထောင်သူတွေဖြစ်တဲ့ Larry Kaplan, Allen Miller, David Crane နဲ့ Bob Whitehead တို့ဟာ Atari အတွက်အလုပ်လုပ်ပေးခဲ့ကြတာပါ။

တစ်နေ့မှာ CEO ဆီသွားပြီး သူတို့တီထွင်လုပ်ဆောင်ခဲ့တဲ့ပစ္စည်းတွေမှာ သူတို့နာမည်တွေတပ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ CEO က ဒီကိစ္စကိုငြင်းလိုက်တဲ့အခါမှာ သူတို့ဟာ Activision ကိုတီထွင်ဖို့ဆုံးဖြတ်ပြီးကြိုးစားခဲ့လိုက်ရာမှ အခုလိုအောင်မြင်လာတာဖြစ်ပါတယ်။

၄။ ဒိုင်စင် (Dyson)

James Dyson ကစတင်တည်ထောင်ခဲ့တဲ့ ဖုန်စုပ်စက်ကုမ္ပဏီဖြစ်ပါတယ်။ သူဟာ Hoover ဖုန်စုပ်စက်တစ်လုံးဝယ်ခဲ့ပြီးနောက် အဲ့ဒီစက်ဟာ ဖုန်စုပ်အားမကောင်းတဲ့အပြင် အလွယ်တကူပိတ်စို့သွားတတ်တာကိုတွေ့ရှိခဲ့ပါတယ်။

ဖုန်တွေကိုအိတ်ထဲတိုက်ရိုက်ထည့်ရတာမှ ပိုလွယ်ကူဦးမယ်လို့ သူတွေးတောနေခဲ့ပြီး တစ်ချိန်မှာ ဒီ့ထက်ကောင်းတဲ့ဖုန်စုပ်စက်ကို တည်ထွင်နိုင်ရမယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

သူတို့ဒေသရဲ့သစ်စက်တစ်ခုကိုလည်ပတ်ရင်းနဲ့ စက်ရုံရဲ့ဖုန်ရှင်းစက်ကိုကြည့်မိရာမှ Hoover ဖုန်စုပ်စက်ရဲ့ပြသနာကိုဖြေရှင်းဖို့ နည်းလမ်းရှာတွေ့သွားပါတယ်။ အဲ့လိုနဲ့ Dyson ဖုန်စုပ်စက်ဖြစ်လာရတာပါ။

၅။ Puma နှင့် Adidas

၁၉၂၄ ခုနှစ်မှာ ဂျာမန်ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Rudolf Dassler နဲ့ Adolf Dassler ဟာ Gebruder Dassler Schuhfabrik ဆိုတဲ့ဖိနပ်ကုမ္ပဏီကို အတူတူတည်ထောင်ခဲ့ကြပေမဲ့ ၁၉၄၈ ခုနှစ်မှာ အရှုံးပေါ်ခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ သူတို့နှစ်ယောက်အလုပ်တွဲလုပ်လို့မဖြစ်တော့ဘူးဆိုတာကို သတိထားမိခဲ့ကြပြီး လက်တွဲဖြုတ်ခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ တစ်ယောက်က Puma ဆိုတဲ့ကုမ္ပဏီကိုတည်ထောင်ပြီး ကျန်တစ်ယောက်က Adidas ဆိုတဲ့ကုမ္ပဏီကိုတည်ထောင်ခဲ့ပါတယ်။

ဘယ်သူက ဘယ်သူ့ကိုလက်စားချေချင်လို့ တည်ထောင်ခဲ့တယ်ဆိုတာမသေချာပေမဲ့ နှစ်ယောက်စလုံးရဲ့ ကုမ္ပဏီတွေက ကမ္ဘာတစ်ဝှမ်းကျော်ကြားလာခဲ့ပါတယ်။

၆။ လမ်ဘော်ဂနီ (Lamborghini)

Lamborghini ကိုတီထွင်သူကတော့ ကနဦးမှာ Lamborghini Trattori ဆိုတဲ့ လယ်ထွန်စက်ကုမ္မဏီကိုတည်ထောင်ထားသူဖြစ်ပါတယ် ။ ဒါပေမယ့် သူဟာ Ferrari ကားတွေပတ်သတ်ပြီး ဝေဖန်ခဲ့တာကြောင့်

Ferrari ကုမ္မဏီပိုင်ရှင် Enzo Ferrari က သူ့ကို လယ်ထွန်စက်တွေလောက်သာထုတ်နိုင်ပြီး Ferrari ကားအကြောင်းကို မဝေဖန်ဖို့ပြောပြီး အရှက်ခွဲခဲ့ပါတယ်။

ဒါကြောင့် သူဟာ လက်စားချေတဲ့အနေနဲ့ Lamborghini ကားကုမ္မဏီတည်ထောင်ခဲ့ပြီး ယခုအခါမှာတော့ အားလုံးသိတဲ့အတိုင်း ကမ္ဘာကျော်ပြိုင်ကားတွေကို Ferrari ကုမ္မဏီနဲ့အပြိုင် ထုတ်လုပ်နိုင်နေပါပြီ ။

Credit – Min Thu

Zaw Gyi

Intel တည္ေထာင္သူမ်ားျဖစ္တဲ့ Robert Noyce, Gordon Moore နဲ႔ Arthur Rock တို႔သုံးေယာက္ဟာ သူတို႔ကိုတီထြင္ဖန္တီးခြင့္လုံးဝမေပးတဲ့အျပင္ ကုမၸဏီရဲ႕ေဝယ်ဝစၥေတြကိုသာ တာဝန္ေပးတဲ့ Fairchild ကုမၸဏီမွထြက္ဖို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့ပါတယ္။

ေနာက္ဆုံးမွာေတာ့ သူတို႔ဟာ Intel ကုမၸဏီ ကိုတည္ေထာင္လိုက္ၿပီး ပထမဆုံးေသာ microprocessor ကိုတီထြင္ႏိုင္ခဲ့ပါတယ္။ Fairchild ကုမၸဏီကသာ သူတို႔ကိုတီထြင္ခြင့္ေပးခဲ့မယ္ဆိုရင္ အခုျဖစ္လာတဲ့ေအာင္ျမင္မႈဟာ Intel မဟုတ္ဘဲ Fairchild ျဖစ္ေနမွာပါ။

၂။ လစ္ဗာပူးေဘာလုံးအသင္း (The Liverpool Football Club)

လစ္ဗာပူးအသင္းကို ၁၈၉၂ ခုႏွစ္မွာ စတင္ဖြဲ႕စည္းခဲ့တာျဖစ္ပါတယ္။ Tom Watson ဆိုတဲ့လူတစ္ေယာက္ဟာ Everton ေဘာလုံးအသင္းအတြက္ အားကစားကြင္းတစ္ခုဝယ္ေပးၿပီးရင္းႏွီးခဲ့ေပမဲ့ ေနာက္ဆုံးမွာ Everton က ထြက္သြားခဲ့ပါတယ္။

အဲ့ဒါေၾကာင့္ ေဘာလုံးအသင္းမရွိဘဲ အားကစားကြင္းနဲ႔ Watson သာက်န္ရစ္ခဲ့ပါတယ္။ အဲ့ဒီအတြက္ Watson ဟာ တခြန္စိုက္ခ်န္ပီယံဆု ဆြတ္ခူးႏိုင္မယ့္ သူ႔ကိုယ္ပိုင္ေဘာလုံးအသင္းဖြဲ႕စည္းဖို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့ပါတယ္။ ဒီေန႔မွာေတာ့ သူဖြဲ႕စည္းခဲ့တဲ့အသင္းဟာ အဂၤလန္ႏိုင္ငံရဲ႕အေအာင္ျမင္ဆုံးခ်န္ပီယံအဖြဲ႕ျဖစ္ေနပါၿပီ။

၃။ Activision

Activision ဗီဒီယိုဂိမ္းတီထြင္ျဖစ္ပါတယ္။ Activision ရဲ႕တည္ေထာင္သူေတြျဖစ္တဲ့ Larry Kaplan, Allen Miller, David Crane နဲ႔ Bob Whitehead တို႔ဟာ Atari အတြက္အလုပ္လုပ္ေပးခဲ့ၾကတာပါ။

တစ္ေန႔မွာ CEO ဆီသြားၿပီး သူတို႔တီထြင္လုပ္ေဆာင္ခဲ့တဲ့ပစၥည္းေတြမွာ သူတို႔နာမည္ေတြတပ္ေပးဖို႔ေတာင္းဆိုခဲ့ပါတယ္။ CEO က ဒီကိစၥကိုျငင္းလိုက္တဲ့အခါမွာ သူတို႔ဟာ Activision ကိုတီထြင္ဖို႔ဆုံးျဖတ္ၿပီးႀကိဳးစားခဲ့လိုက္ရာမွ အခုလိုေအာင္ျမင္လာတာျဖစ္ပါတယ္။

၄။ ဒိုင္စင္ (Dyson)

James Dyson ကစတင္တည္ေထာင္ခဲ့တဲ့ ဖုန္စုပ္စက္ကုမၸဏီျဖစ္ပါတယ္။ သူဟာ Hoover ဖုန္စုပ္စက္တစ္လုံးဝယ္ခဲ့ၿပီးေနာက္ အဲ့ဒီစက္ဟာ ဖုန္စုပ္အားမေကာင္းတဲ့အျပင္ အလြယ္တကူပိတ္စို႔သြားတတ္တာကိုေတြ႕ရွိခဲ့ပါတယ္။

ဖုန္ေတြကိုအိတ္ထဲတိုက္႐ိုက္ထည့္ရတာမွ ပိုလြယ္ကူဦးမယ္လို႔ သူေတြးေတာေနခဲ့ၿပီး တစ္ခ်ိန္မွာ ဒီ့ထက္ေကာင္းတဲ့ဖုန္စုပ္စက္ကို တည္ထြင္ႏိုင္ရမယ္လို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့ပါတယ္။

သူတို႔ေဒသရဲ႕သစ္စက္တစ္ခုကိုလည္ပတ္ရင္းနဲ႔ စက္႐ုံရဲ႕ဖုန္ရွင္းစက္ကိုၾကည့္မိရာမွ Hoover ဖုန္စုပ္စက္ရဲ႕ျပသနာကိုေျဖရွင္းဖို႔ နည္းလမ္းရွာေတြ႕သြားပါတယ္။ အဲ့လိုနဲ႔ Dyson ဖုန္စုပ္စက္ျဖစ္လာရတာပါ။

၅။ Puma ႏွင့္ Adidas

၁၉၂၄ ခုႏွစ္မွာ ဂ်ာမန္ညီအစ္ကိုႏွစ္ေယာက္ျဖစ္တဲ့ Rudolf Dassler နဲ႔ Adolf Dassler ဟာ Gebruder Dassler Schuhfabrik ဆိုတဲ့ဖိနပ္ကုမၸဏီကို အတူတူတည္ေထာင္ခဲ့ၾကေပမဲ့ ၁၉၄၈ ခုႏွစ္မွာ အရႈံးေပၚခဲ့ပါတယ္။

အဲ့ဒီအခ်ိန္မွာ သူတို႔ႏွစ္ေယာက္အလုပ္တြဲလုပ္လို႔မျဖစ္ေတာ့ဘူးဆိုတာကို သတိထားမိခဲ့ၾကၿပီး လက္တြဲျဖဳတ္ခဲ့ၾကပါတယ္။ အဲ့ဒီေနာက္မွာေတာ့ တစ္ေယာက္က Puma ဆိုတဲ့ကုမၸဏီကိုတည္ေထာင္ၿပီး က်န္တစ္ေယာက္က Adidas ဆိုတဲ့ကုမၸဏီကိုတည္ေထာင္ခဲ့ပါတယ္။

ဘယ္သူက ဘယ္သူ႔ကိုလက္စားေခ်ခ်င္လို႔ တည္ေထာင္ခဲ့တယ္ဆိုတာမေသခ်ာေပမဲ့ ႏွစ္ေယာက္စလုံးရဲ႕ ကုမၸဏီေတြက ကမာၻတစ္ဝွမ္းေက်ာ္ၾကားလာခဲ့ပါတယ္။

၆။ လမ္ေဘာ္ဂနီ (Lamborghini)

Lamborghini ကိုတီထြင္သူကေတာ့ ကနဦးမွာ Lamborghini Trattori ဆိုတဲ့ လယ္ထြန္စက္ကုမၼဏီကိုတည္ေထာင္ထားသူျဖစ္ပါတယ္ ။ ဒါေပမယ့္ သူဟာ Ferrari ကားေတြပတ္သတ္ၿပီး ေဝဖန္ခဲ့တာေၾကာင့္

Ferrari ကုမၼဏီပိုင္ရွင္ Enzo Ferrari က သူ႔ကို လယ္ထြန္စက္ေတြေလာက္သာထုတ္ႏိုင္ၿပီး Ferrari ကားအေၾကာင္းကို မေဝဖန္ဖို႔ေျပာၿပီး အရွက္ခြဲခဲ့ပါတယ္။

ဒါေၾကာင့္ သူဟာ လက္စားေခ်တဲ့အေနနဲ႔ Lamborghini ကားကုမၼဏီတည္ေထာင္ခဲ့ၿပီး ယခုအခါမွာေတာ့ အားလုံးသိတဲ့အတိုင္း ကမာၻေက်ာ္ၿပိဳင္ကားေတြကို Ferrari ကုမၼဏီနဲ႔အၿပိဳင္ ထုတ္လုပ္ႏိုင္ေနပါၿပီ ။

Credit – Min Thu