ကမ္ဘာ့အကောင်းဆုံး Lamborghini ကားကို တီထွင်ခဲ့သူ အ ကျင်း သား Ferrucio Lamborghini ရဲ့ အကြောင်း

Unicode

Ferruccio Lamborghini ဟာ စစ်အကျဉ်းသားတစ်ယောက်ဖြစ်ပါတယ်။

သူဟာအီတလီသို့ ပြန်ရောက်လာ တော့ ကားဂိုဒေါင်တစ်ခုဖွင့်ပြီးစစ်သုံးကိရိယာများကို လယ်ယာသုံး ထွန်စက်များအဖြစ်ပြောင်းလဲခဲ့သူပါ

နောက်ပိုင်း မှာတော့ ကမ္ဘာ့ အကျော်ကြားဆုံးဇိမ်ခံ ကားမျိုးဖြစ်တဲ့ Lamborghini ကို တီထွင်လိုက်တဲ့အချိန်က စပြီး သူဟာ သန်းကြွယ်သူဌေးဖြစ်လာပါတော့တယ်၊

Ferruccioကို ၁၉၁၆ ခုနှစ်မှာ အီတလီမြောက်ပိုင်းရှိ Renazzoဒေသလေးတစ်ခုက စိုက်ပျိုးရေးခြံလေးတစ်ခုမှာ မွေးဖွားခဲ့ပါတယ်၊ သူတို့ရဲ့ မိဘတွေဟာ စပျစ်ပင်စိုက်ပျိုးပြီး စပျစ်ဝိုင်ထုတ်လုပ်ကာ အသက်မွေးကြသည်။

ဒီထက်ပိုကောင်းတဲ့ ထုတ်ကုန်ထုတ်လုပ်ရန်လည်းသားသမီးများကိုသင်ကြားခဲ့ပါတယ်။ထိုအချိန် ကတည်းက Ferruccio ဟာ မိဘသင်ကြားပေးတဲ့သင်ခန်းစာများကို ရင်ထဲနှလုံးသားထဲမှာစွဲမြဲစွာမှတ်သားထားခဲ့တယ်၊

Ferruccio ဟာ လယ်မြေစိုက်ပျိုးရေးထက် လယ်ထွန်စက် ပြုပြင်ရတာကို ပိုပြီး စိတ်ဝင်စားပါတယ်၊

Ferruccio ဟာ သူ့ရဲ့ ဝါသနာ အတိုင်း စက်ကိရိယာများအကြောင်းကို Fratelli Taddia နည်းပညာတက္ကသိုလ်မှာ တက်ရောက်သင်ကြားခဲ့ပါတယ်၊

စိတ်မကောင်းစရာတစ်ခုက Ferruccioဘွဲ့ရပြီးနောက်ပိုင်း သူ့မိဘကိုလုံးဝ မလှည့်ကြည့်တော့ဘဲ ပန်းပဲဆရာတစ်ယောက်ထံမှာ သံထည်ဂေဟေနဲ့ပတ်သတ်တဲ့ လျှို့ဝှက်ချက် များကိုဆက်လက်သင်ကြားခဲ့သည်၊

ထိုသတင်းကြောင့်Ferruccio၏ ဖခင်မှာများစွာစိတ်မကောင်းဖြစ်ရပါတယ် ၊ ထို့နောက် Ferruccio ဟာစက်ရုံများတွင်အလုပ် လုပ်ကိုင်ရန်ကြိုးစားခဲ့ပါတယ်၊

ထိုအချိန်က စက်ရုံအများစု ဟာ အီတလီစစ်တပ်ရဲ့ ယာဉ်များကို ထိန်းသိမ်းပြုပြင်ကြရပါတယ်၊

Ferruccio က အလုပ်ရရန် စက်ရုံပိုင်ရှင်များကို အသေအချာသူ့ရဲ့အရည်အချင်းကို ရှင်းပြသော်လည်း သူ့ကိုလက်မခံကြပေ၊

သူ့အသက် ၁၈နှစ်ရောက်တော့ သူ့မွေးရပ်ဇာတိဖြစ်တဲ့ Renazzoသို့ပြန်သွားပြီး သူ့ရဲ့ ငယ်သူငယ်ချင်း Marino Filippini နှင့်အတူ ဝမ်းရှော့ ဆိုင်လေးတစ်ဆိုင် ဖွင့်လိုက်ကြပါတယ်၊

ဒီလိုနဲ့ဘဲ ဒုတိယကမ္ဘာစစ်မှာ တော်ဝင်အီတလီလေတပ်မှ ဂရိနိုင်ငံ၊ Rhodes ကျွန်းတွင်စက်ပြင်သမားအဖြစ်ခန့်အပ်ခြင်းခံခဲ့ရပြီး

သုံးနှစ်အကြာမှာတော့ ဂျာမန်တပ်များအနိုင်ရပြီး အီတလီဘက်က လက်နက်ချခဲ့ရတယ်၊ ဂျာမန်တပ်များဟာအီတလီခံမြို့ကိုသိမ်းပိုက်ပြီး အီတလီများကိုနှင်ထုတ်လိုက်ပါတော့တယ် ၊

Ferruccio ကတော့ ဆက်လက်နေထိုင်ခွင့်တောင်းခဲ့ပြီး အလုပ်ရုံဖွင့်ခွင့်တောင်းခဲ့ပါတယ် နောက်နှစ်နှစ် အကြာမှာတော့မဟာမိတ်တပ်များရောက်ရှိလာပြီး Ferruccio အပါအဝင် မြို့စောင့်တပ်သားများအားလုံးကိုအကျဉ်းသားအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်၊

သို့သော်လည်း Ferruccioရဲ့ စက်ပိုင်းဆိုင်ရာကျွမ်းကျင်မှုတို့ကြောင့် သူတို့ရဲ့ယာဉ်တွေကို ပြုပြင်ခိုင်းပါတယ်၊ဒီလိုနဲ့ တစ်နှစ်အကြာမှာတော့သူ့ကို အကျဉ်သားအဖြစ်မှ လွတ်ပေးလိုက်ပါတော့တယ်၊

Ferruccioမှာ Clelai ဆိုတဲ့ ဇနီးမယားရှိပါတယ် သို့သော်လည်း ကံမကောင်းစွာနဲ့ သားToninoလေးကိုမွေးဖွားပြီး Clelai သေဆုံးသွားခဲ့ပါတယ် ဒီလိုနဲ့ သားဖနှစ်ယောက် စစ်ကုန်တင်ယာဉ်များ၊ ထွန်စက်များ၊ lorries ကားများကို ပြုပြင်ရင်းဘဝကိုရှေ့ဆက်ခဲ့ကြတယ်

တစ်နေ့မှာတော့ သူ့အဖေက လယ်ထွန်စက် တစ်ခု အမြန်အလိုရှိကြောင်း စာတစ်စောင် ပို့ ခဲ့တယ် ထိုစာဟာ သူ့ဘဝကိုအပြောင်းဖြစ်စေခဲ့ပါတယ်၊

စစ်ပွဲကြောင့် ပျက်စီးသွားတဲ့အီတလီနိုင်ငံရဲ့ စီးပွားရေးကို လယ်ယာစိုက်ပျိုးရေး နဲ့ ပြန်လည်ထူထောင်ရန် လိုအပ်ကြောင်းသူသတိထားမိသွားပြီး သူ့ရဲ့စိတ်ကူးကိုအကောင်အထည်ဖော်ပါတော့တယ်၊

သူ့မှာ Allied နဲ့ Axis ကားများပြုပြင်ဖူးသော အတွေ့အကြုံများရှိတာကြောင့် စက်ကိရိယာများကို စစ်ပွဲသုံးကားများမှ လိုအပ်သည်များကိုယူကာ လယ်ထွန်စက် အသစ်များ ပြုလုပ်ခဲ့ပါတယ် ၊

British Morris အင်ဂျင်အဟောင်း များအသုံးပြုပြီး စက်လည်ပတ်စေရန်အတွက် ဈေးကြီးတဲ့ ရေနံအစား ဈေးပေါတဲ့ ဒီဇယ်ကို အသုံးပြုခဲ့ပါတယ်၊

ဈေးနှုန်းသက်သာပြီး အပြောင်းအလဲအသစ်အဆန်းဖြစ်တာကြောင့် လူတိုင်းက သဘောကျ လက်ခံခဲ့ကြတယ်၊

နောက်ပိုင်းမှာတော့ Ferruccio ဟာ Lamborghini Tractors နာမည်နဲ့ company ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်၊ဒီလိုနဲ့ နေ့စဉ်ဝယ်လိုအားများလာပြီး အရင်းအနီး ပိုမိုလိုအပ်လာတာကြောင့် သူ့အဖေပိုင်ဆိုင်တဲ့လယ်မြေကို ပေါင်နှံကာ company အတွက်ရင်းနှီးလိုက်ပါတော့တယ်၊

သိပ်မကြာခင်မှာဘဲ Ferruccioရဲ့ Lamborghini company ဟာ အီတလီနိုင်ငံရဲ့ အကြီးမားဆုံး ထုတ်ကုန်ပစ္စည်းဖြစ်လာပါတော့တယ်၊

ဒီလိုနဲ့ ဘဲ Ferruccioဟာ အောင်မြင်တဲ့လူတစ်ယောက်ဖြစ်လာခဲ့ပြီး Jaguars၊ Mercedes, Maseratis နှင့် Ferrarisစတဲ့ ကားတွေကိုတောင်စုဆောင်းမောင်းနှင်ခဲ့ပါတယ်၊

ဒါပေမယ့် အဲ့ဒီအရာတွေက သူ့ကိုစိတ်ကျေနပ်မှုမရစေခဲ့ပါဘူး၊ တစ်ရက်မှာတော့ သူဟာ Ferrari တစ်စီးကို ပြန်လည် ပြုပြင်ပြင်ဆင်ဖို့အတွက်ဝယ်ယူခဲ့ပါတယ်၊ Ferrari ရဲ့ ကလပ်ကို သတိထားမိပြီး သူ့ရဲ့ ထွန်စက်မှာ Ferrari ကားရဲ့ ကလပ်ကို အစားထိုးအသုံးပြုခဲ့သည်၊

နောက်ပိုင်းမှာတော့ Enzo Ferrari အား Ferrari ကားရဲ့ အားနည်းချက်ကိုပြောရန် သူဆုံးဖြတ်ခဲ့ပါတယ်၊ Enzo ခင်များရဲ့ ကားတွေမှာ ကလပ်နဲ့ပတ်သတ်ပြီး လိုအပ်ချက်တွေရှိတယ် ဒါကြောင့်ဘဲ ကားမောင်းနှင်ရာမှာ အသံဆူညံ့ပြီး မောင်းတဲ့အခါချောမွေ့မှုမရှိဘူးလို့အကြံပေးပြောဆိုခဲ့တယ်၊

Enzoက မင်းဟာ ထွန်စက်မောင်းသမားသာသာဘဲ ဒါက ကမ္ဘာ့အကောင်းဆုံးကားတွေကွ ငါတို့ရဲ့ ဇိမ်ခံကားတွေနဲ့ပတ်သတ်ပြီး ဘာမှအတွန့်တက်စရာကြောင်းမရှိဘူးလို့ပြန်လည်ဖြေ ကြားခဲ့တယ်၊

ဟုတ်ပါတယ်ငါက လယ်သမားပါ ဒါပေမယ့်တကယ် sports carဆိုတာ ဘယ်လိုမျိုးလဲ ခင်များကိုပြမယ်လို့ မခံချင်စိတ် နဲ့ ပြောလိုက်ပါတယ်၊ Ferruccio ဟာအိမ်ကိုပြန်ရောက်တော့ သူ့ရဲ့ စကားအတိုင်းစတင်အကောင်ထည်ဖော်ဖို့ကြိုးစားပါတော့တယ်။

သူဟာ Lamborghini နာမည်နဲ့ဘဲ companyတစ်ခုထပ်မံဖွင့်လစ်ပြီး Ferrari မှဝန်ထမ်းဟောင်း သုံးယောက်ကိုပြန်လည်ငှားရမ်းကာ အလွန်ကျယ်လွန်းတဲ့မြေကွက်ကိုဝယ်ယူပြီးစက်ရုံတည်ဆောက်လိုက်ပါတော့တယ်။

ဒီလိုနဲ့ 9 လ ကြာပြီးတဲ့နောက်မှာတော့ သူ့ရဲ့ ပထမ ဆုံးကားဖြစ်တဲ့ Lamborghini 350GT နဲ့ sports ကားလောကထဲ စတင်ဝင်ရောက်လာပါတော့တယ်၊

Lamborghini 350GT အပြောင်မြောက်ဆုံးနည်းပညာနှင့်အတူ V12 အင်ဂျင်တပ်ဆင်ထားတာကြောင့် ပုံမှန်ထက် ငါးဆလောက်ပိုမြန်ပြီး ဘီးလေးဘီးစလုံး disk brakes တပ်ဆင်ထားကာ ကားတစ်စီးလုံးကို ဆိုင်းထိန်းစနစ်နဲ့ တည်ဆောက်ထားပါတယ်၊

Turin Motor Show မှာစတင်ပွဲဦးထွက် ပြသချိန်မှာ တော့ သုံးစွဲသူများက အလွန်သဘောကျ ကြပြီး Ferruccio ရဲ့ အရည်အချင်းကို ချီးမွန်းဂုဏ်ပြုခဲ့ကြသည်၊

Ferruccio ဟာလယ်သမားဆိုပေမယ့် အဆင့်မြင့် sports carကို တည်ဆောက်နိုင်တဲ့ ပါရမီရှိကြောင်း Enzoအား သက်သေပြနိုင်ခဲ့ပါတယ်၊

ဒီလိုနဲ့ဘဲ Ferruccio ဟာ Lamborghiniထွန်စက်နဲ့ ကားတွေကို ပိုပြီးအဆင့်မြင့်အောင် တည်ဆောက်ရောင်းချရင်းအောင်မြင်မှုဆက်တိုက်ရရှိခဲ့ပါတယ်၊

နှစ်အနည်းငယ်အကြာမှာတော့ Boliviaမှာအာဏာသိမ်းမှုဖြစ်ပြီးလယ်ထွန်စက် အစီးရေ ၅၀၀၀ ထောက်ပံ့ရန်စာချုပ်ဖြတ်သိမ်းလိုက်ရပါတော့တယ်၊

ဒီဆုံးရှုံးမှုကြီးဟာ Ferruccioရဲ့ စီပွားရေးကို အကြီးအကျယ်ထိခိုက်စေပါတယ် ၊သူ့ရဲ့ လယ်ထွန်စက် ကုမ္ပဏီကိုရောင်းချလိုက်ရပြီး Automobili Lamborghini ရဲ့ ၅၁ ရာခိုင်နှုန်းကိုရှယ်ယာကိုပါ ထပ်မံရောင်းချလိုက်ရပါတော့တယ်၊

ဆက်လက်ပြီး၁၉၇၃ မှာ ကမ္ဘာ့စတော့ရှယ်ယာဈေးကွက်ပြိုလဲကာကမ္ဘာ့ ရေနံတင်ပို့ မှုလည်းပိတ်ပင်ခံလိုက်ရပါတယ်၊ဒါကြောင့် လောင်စာဆီ ဈေးများအဆမတန် ထိုးတက်လာပြီး မော်တော်ကားစက်ရုံအများစုကို အကြီးအကျယ် ကြပ်တည်းစေခဲ့ပါတယ်၊

Ferruccioဟာ ဆက်လက်ရပ်တည်နိုင်ရန် ရောင်းမထွက်တဲ့ လယ်ထွန်စက်များအတွက် ဝယ်သူကို ကြိုးစားရှာဖွေပါတယ်၊

၁၉၇၄ ခုနှစ်မှာတော့ စောစီးစွာအနားယူရန် ကျန်ရှိနေသေးတဲ့ သူရဲ့ ၄၉%ရှယ်ယာကို ထပ်မံရောင်းချလိုက်ပါတယ်၊

သူ့သားTonino အတွက်တော့ သူပိုင်ဆိုင်တဲ့ Heating Companyကိုအမွေအဖြစ် ပေးခဲ့ပါတယ်၊

Tonino ဟာ Lamborghini နာမည်နဲ့ဘဲ အခြား Fashion အသုံးအဆောင်များကို ထုတ်လုပ်ကာ အောင်မြင်မှုရအောင်ဆက်လက်ကြိုးစားခဲ့ပါတယ်၊

တစ်ချိန်ထဲမှာဘဲ Automobili Lamborghini ရဲ့ ပိုင်ရှင်အသစ်တွေကလည်း ပြန်လည်အောင်မြင်မှုရအောင်ကြိုးစားခဲ့ပေမယ့် အောင်မြင်မှုမရရှိတဲ့အပြင်

အီတလီအစိုးရရဲ့ ဖျက်သိမ်းသိမ်းပိုက်ခြင်းကိုပါခံလိုက်ရပါတယ်၊၁၉၈၁ ခုနှစ်မှာတော့ အီတလီအစိုးရဟာ ဒေါ်လာ သုံးသန်း နဲ့ ပြင်သစ်သန်းကြွယ်သူဌေးနှစ်ဦးဖြစ်တဲ့ Robert Mimran နဲ့ Patrick Mimranတို့ကို ရောင်းချလိုက်ပါတော့တယ်၊

Old Lamborghini ကိုအင်ဂျင်နီယာအသစ်များနဲ့ အသစ်ပြန်လည်မွန်းမံရောင်းချခဲ့သော်လည်း အောင်မြင်မှုမရဘဲ အရှုံးပေါ်ကာ Chrysler ကိုရောင်းချလိုက်ရပါတယ်၊

Chryslerဟာ အမေရိကန်ကို တင်သွင်းဖို့ကြိုးစားခဲ့ပေမယ့်လည်း အမြတ်အစွန်းမရရှိတာကြောင့် အင်ဒိုနီးရှားလုပ်ငန်းစုကြီးထံ ထပ်မံရောင်းချလိုက်ပါတယ်။

အရောင်းအဝယ်အဆင်ပြေသော်လည်း အာရှရဲ့ ဘဏ်အကျပ်အတည်းနှင့် ရာသီဥတုဒဏ်များကြောင့် Audi company ကိုထပ်မံရောင်းချလိုက်ရပြီး Audiရဲ့ အရည်အသွေး ပိုမိုကောင်းမွန်စွာထုတ်လုပ်မှုကြောင့် ၂၁ရာစုရဲ့ဈေးကွက်မှာ ပြန်လည်နေရာရလာပါတော့တယ်၊

ကမ္ဘာ့အနှံအပြားမှ ဝယ်ယူမှုများစွာ ရှိခဲ့ပြီး

အထူးသဖြင့် အမေရိကန် မှာ ၂၀၁၉ ခုနှစ် Lamborghini ရောင်းအားမှာ စံချိန်တင်ရောင်းချနိုင်ခဲ့ပြီးယခု အခါမှာတော့ $11 billion ထိ တန်ဖိုးမြင့်တက်လာခဲ့ပါတော့တယ်၊

ဒါကတော့ လယ်သမားတစ်ယောက်လဲဖြစ် ၊ ကမ္ဘာ့စစ်အတွင်းထောင်သားတစ်ယောက်လဲ ဖြစ်ခဲ့ပြီး

လယ်ထွန်စက် ရောင်းချရာကနေ ကမ္ဘာ့ ဈေးအကြီးဆုံး Lamborghini ကို တီထွင်တည်ဆောက်ခဲ့တဲ့

Ferruccio Lamborghini ရဲ့ ဘဝဇာတ်ကြောင်းလေးဘဲဖြစ်ပါတယ်၊

အားလုံးကျန်းမာချမ်းသာကြပါစေဗျ

Credit

Zaw Gyi

ဗဟုသုတ ရစေရန် Amazing Talent မှရေးသားဖော်ပြပေးလိုက်ပါတယ်ဗျ။အားလုံးကျန်းမာချမ်းသာကြပါစေဗျ