ပဟေဠိဆန်တဲ့ ကြတ်ဂူ
Unicode
ပဟေဠိဆန်တဲ့ ကြတ်ဂူ
ကြတ်ဂူ သည်ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် တည်ရှိသည့် သဘာဝ ထုံးကျောက်လိုဏ်ဂူတစ်ခု ဖြစ်သည်။
လူသေတို့၏ အခေါင်းများဟု ယူဆရသည့် သစ်သားအကျိုးအပဲ့များကြောင့် လူအများ စိတ်ဝင်တစား သွားရောက်လေ့လာကြသည်။
သမိုင်းကြောင်း
ကြတ်ဂူသည် တစ်ဖက်ပိတ် ဂူအမျိုးအစား ဖြစ်သည်။ ၂၁၉၄ မီတာရှည်လျားသည်။
အတွင်းပိုင်းသို့ တဖြည်းဖြည်း ကျဉ်းသွားသည်။
ဂူပေါက်ဝမှ ပေ ၃၀၀ ခန့်တွင် အခေါင်းပုံစံ သစ်သားနှင့် သစ်သားအပိုင်းများကို တွေ့ရှိရသည်။
အချို့ကို အပိုင်းအစများ၊ အကျိုးအပဲ့များအဖြစ်သာ တွေ့ရသည်။
တည်နေရာနှင့် လမ်းပန်းဆက်သွယ်ရေး
ကြတ်ဂူသည် ကယားပြည်နယ်၊ လွိုင်ကော်မြို့၏ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာတွင် တည်ရှိသည်။
ဂူတည်ရှိရာ တောင်ကို ဒေသခံတို့က ကယားဘာသာစကားဖြင့် ရာစုကူ ဟု ခေါ်ကြသည်။
ဂူသည် ပင်လယ်ရေမျက်နှာပြင်အထက် ၂၉၉၀ ပေတွင် တည်ရှိပြီး တောင်ခြေမှ အမြင့်ပေ ၁၂၀ တွင် တည်ရှိသည်။
ကြတ်ဂူတည်ရှိရာ တောင်ခြေသို့ ကားဖြင့် အလွယ်တကူ သွားရောက်နိုင်ပြီး တောင်ခြေမှတစ်ဆင့် ဂူသို့သွားရန် အုတ်လှေကားများ တပ်ဆင်ထားသည်။
ကယားလို ရာစုကုလို့ ခေါ်ပါတယ်။ ဒီဂူအတွင်းမှာ သစ်လုံးကိုထွင်းပြီး လုပ်ထားတဲ့ သစ်သားခေါင်းတလားတွေ အများအပြား တွေ့ရှိခဲ့ကြပါတယ်။
တချို့ခေါင်းတလားတွေက ၁၅ ပေအထိ ရှည်ကြပါတယ်။ အတိုဆုံး နှစ်ပေရှိတဲ့ ခေါင်းတလားတွေအထိ ရှိကြပါတယ်။
ခေါင်းတလားတချို့ကို မြေပြင်မှာ၊ တချို့ကို ပေ ၂၀၊ ၃၀ လောက်မြင့်တဲ့ ဂူမျက်နှာကြက်တွေမှာ တွေ့ကြရတာပါ။
လွန်ခဲ့တဲ့ နှစ် ၇၀ လောက်တုန်းကတော့ အခေါင်းတွေထဲမှာ အရိုးစုတွေ တွေ့ရ တယ်လို့ ပြောကြပေမယ့် ခုရှိနေတဲ့ အခေါင်းတွေမှာတော့ အရိုးစုတွေ မတွေ့ရပါဘူး။
လက်ရှိအချိန်အထိ ခေါင်းတလား ၁၅၀ လောက် တွေ့ထားပြီ ပြောပေမယ့် ကျွန်တော်တို့ကတော့ အထဲမှာ နည်းနည်း ပဲမြင်ခဲ့ရတယ်။
ဂူအတွင်း စဝင်ဝင်ချင်းတော့ နည်းနည်း ခြောက်ခြားပါတယ်။နောက်တော့ တဖြည်းဖြည်း သွားလာရအဆင်ပြေလာတယ်။
တချို့ကလည်း ဒီကြတ်ဂူအတွင်းမှာ ဘုရင်တစ်ပါးပါးနဲ့ သူ့အမှုထမ်းတွေရဲ့ ခေါင်းတလားတွေ ရှိနေနိုင်တဲ့ အတွက် စိတ်ဝင်စားစရာတွေ ရှိမယ်လို့ ယူဆကြတယ်။
ရှာတွေ့နိုင်ဖို့ ကြိုးစားကြတယ်လို့လည်း ပြောသံကြား ခဲ့ဖူးတယ်။ ကျွန်တော်တို့ကတော့ ကြတ်ဂူအတွင်း သတ်မှတ်ထားတဲ့နေရာ အရောက်မှာ ပြန်လှည့်ခဲ့ကြတယ်။
ကြတ်ဂူတောင်က အဆင်းလမ်းမှာ သတိပြုမိတာ တံခွန်တိုင်စိုက်ထူထားတာပဲ။ ဒီဘက်မှာ တံခွန်တိုင် စိုက်ထူပူဇော် လှူဒါန်းရင်း ဆုတောင်းတဲ့ ဓလေ့နဲ့ အစဉ်အလာရှိကြောင်းကို မှတ်သားမိတယ်။
ဒီတံခွန်တိုင်က သဘာဝတရားကို ရည်ညွှန်းတာဖြစ်ပြီး စကြဝဠာတစ်ခုလုံးနဲ့အတူ ကမ္ဘာ့ဓာတ်ကြီးလေးပါး ညီညာမျှတမှုရှိအောင် ရည်ရွယ်ဆုတောင်း စိုက်ထူထားတာလည်း ဖြစ်ပါတယ်။
Credit
Zaw Gyi
ပေဟဠိဆန္တဲ့ ၾကတ္ဂူ
ၾကတ္ဂူ သည္ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕တြင္ တည္ရွိသည့္ သဘာဝ ထုံးေက်ာက္လိုဏ္ဂူတစ္ခု ျဖစ္သည္။
လူေသတို႔၏ အေခါင္းမ်ားဟု ယူဆရသည့္ သစ္သားအက်ိဳးအပဲ့မ်ားေၾကာင့္ လူအမ်ား စိတ္ဝင္တစား သြားေရာက္ေလ့လာၾကသည္။
သမိုင္းေၾကာင္း
ၾကတ္ဂူသည္ တစ္ဖက္ပိတ္ ဂူအမ်ိဳးအစား ျဖစ္သည္။ ၂၁၉၄ မီတာရွည္လ်ားသည္။
အတြင္းပိုင္းသို႔ တျဖည္းျဖည္း က်ဥ္းသြားသည္။
ဂူေပါက္ဝမွ ေပ ၃၀၀ ခန႔္တြင္ အေခါင္းပုံစံ သစ္သားႏွင့္ သစ္သားအပိုင္းမ်ားကို ေတြ႕ရွိရသည္။
အခ်ိဳ႕ကို အပိုင္းအစမ်ား၊ အက်ိဳးအပဲ့မ်ားအျဖစ္သာ ေတြ႕ရသည္။
တည္ေနရာႏွင့္ လမ္းပန္းဆက္သြယ္ေရး
ၾကတ္ဂူသည္ ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕၏ အေရွ႕ဘက္ ၁၀ မိုင္ခန႔္အကြာတြင္ တည္ရွိသည္။
ဂူတည္ရွိရာ ေတာင္ကို ေဒသခံတို႔က ကယားဘာသာစကားျဖင့္ ရာစုကူ ဟု ေခၚၾကသည္။
ဂူသည္ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ၂၉၉၀ ေပတြင္ တည္ရွိၿပီး ေတာင္ေျခမွ အျမင့္ေပ ၁၂၀ တြင္ တည္ရွိသည္။
ၾကတ္ဂူတည္ရွိရာ ေတာင္ေျခသို႔ ကားျဖင့္ အလြယ္တကူ သြားေရာက္ႏိုင္ၿပီး ေတာင္ေျခမွတစ္ဆင့္ ဂူသို႔သြားရန္ အုတ္ေလွကားမ်ား တပ္ဆင္ထားသည္။
ကယားလို ရာစုကုလို႔ ေခၚပါတယ္။ ဒီဂူအတြင္းမွာ သစ္လုံးကိုထြင္းၿပီး လုပ္ထားတဲ့ သစ္သားေခါင္းတလားေတြ အမ်ားအျပား ေတြ႕ရွိခဲ့ၾကပါတယ္။
တခ်ိဳ႕ေခါင္းတလားေတြက ၁၅ ေပအထိ ရွည္ၾကပါတယ္။ အတိုဆုံး ႏွစ္ေပရွိတဲ့ ေခါင္းတလားေတြအထိ ရွိၾကပါတယ္။
ေခါင္းတလားတခ်ိဳ႕ကို ေျမျပင္မွာ၊ တခ်ိဳ႕ကို ေပ ၂၀၊ ၃၀ ေလာက္ျမင့္တဲ့ ဂူမ်က္ႏွာၾကက္ေတြမွာ ေတြ႕ၾကရတာပါ။
လြန္ခဲ့တဲ့ ႏွစ္ ၇၀ ေလာက္တုန္းကေတာ့ အေခါင္းေတြထဲမွာ အ႐ိုးစုေတြ ေတြ႕ရ တယ္လို႔ ေျပာၾကေပမယ့္ ခုရွိေနတဲ့ အေခါင္းေတြမွာေတာ့ အ႐ိုးစုေတြ မေတြ႕ရပါဘူး။
လက္ရွိအခ်ိန္အထိ ေခါင္းတလား ၁၅၀ ေလာက္ ေတြ႕ထားၿပီ ေျပာေပမယ့္ ကြၽန္ေတာ္တို႔ကေတာ့ အထဲမွာ နည္းနည္း ပဲျမင္ခဲ့ရတယ္။
ဂူအတြင္း စဝင္ဝင္ခ်င္းေတာ့ နည္းနည္း ေျခာက္ျခားပါတယ္။ေနာက္ေတာ့ တျဖည္းျဖည္း သြားလာရအဆင္ေျပလာတယ္။
တခ်ိဳ႕ကလည္း ဒီၾကတ္ဂူအတြင္းမွာ ဘုရင္တစ္ပါးပါးနဲ႔ သူ႔အမႈထမ္းေတြရဲ႕ ေခါင္းတလားေတြ ရွိေနႏိုင္တဲ့ အတြက္ စိတ္ဝင္စားစရာေတြ ရွိမယ္လို႔ ယူဆၾကတယ္။
ရွာေတြ႕ႏိုင္ဖို႔ ႀကိဳးစားၾကတယ္လို႔လည္း ေျပာသံၾကား ခဲ့ဖူးတယ္။ ကြၽန္ေတာ္တို႔ကေတာ့ ၾကတ္ဂူအတြင္း သတ္မွတ္ထားတဲ့ေနရာ အေရာက္မွာ ျပန္လွည့္ခဲ့ၾကတယ္။
ၾကတ္ဂူေတာင္က အဆင္းလမ္းမွာ သတိျပဳမိတာ တံခြန္တိုင္စိုက္ထူထားတာပဲ။ ဒီဘက္မွာ တံခြန္တိုင္ စိုက္ထူပူေဇာ္ လႉဒါန္းရင္း ဆုေတာင္းတဲ့ ဓေလ့နဲ႔ အစဥ္အလာရွိေၾကာင္းကို မွတ္သားမိတယ္။
ဒီတံခြန္တိုင္က သဘာဝတရားကို ရည္ၫႊန္းတာျဖစ္ၿပီး စၾကဝဠာတစ္ခုလုံးနဲ႔အတူ ကမာၻ႔ဓာတ္ႀကီးေလးပါး ညီညာမွ်တမႈရွိေအာင္ ရည္႐ြယ္ဆုေတာင္း စိုက္ထူထားတာလည္း ျဖစ္ပါတယ္။
Credit