တစ်ပွဲ တစ်သောင်းခွဲပေးရတဲ့ ရန်ကုန်က မုန့်ဟင်းခါးဆိုင်

Unicode

အင်းလျားလမ်း မဖြူမုန့်ဟင်းခါး (တပွဲ တသောင်းခွဲကျော်) အင်းလျားလမ်း မဖြူ မုန့်ဟင်းခါးဆို တာ ဒိတ်ဒိတ်ကြဲ အဲ့ မဖြူမုန့်ဟင်းခါးရဲ့ ပဲ့ကိုင်ရှင်က မနှင်းဆီတဲ့၊ နာမည်ကြီးသလို စျေးကလည်းကြီး၊ ငါးသလောက်ဥနဲ့ အကြော်စုံ တပွဲလောက်ထည့်စားရင် တပွဲ တသောင်းကျော်။

စားမယ့်သူမရှိဘူးထင်နေလား ကြိတ်ကြိတ်တိုး စမီးလည်း ရန်ကုန်နေတိုင်းစားတယ်လေ ဟီး။ အကြော်ကို ပဲကြော် က အစ သူ့ဆိုင်မှာပဲ ဆီသန့်နဲ့ကြော်တာ ကြော်ကြော်ပြီးချင်း ပူပူလောလောကို ညှပ်ပြီး ငါးကျည်းငါးခူ နဲ့ပဲချက်တဲ့ မုန့်ဟင်းခါးထဲ ထည့်စားရတဲ့ ဟာက ဘယ်လိုကောင်းမှန်းမသိ၊

ဘူးသီးကြော် ပုစွန်ကြော် ငှက်ပျောကြော် အရွက်ကြော်နာမည်ကြီးပါ့ ဗုဒ္ဓဟူးနဲ့ ရုံးပိတ်ရက်တွေဆို အုန်းနို့ခေါက်ဆွဲ ရတယ် အသဲအမြစ် တောင်ပံ အသား အူ သွေးခဲ အကုန်ထည့်စားလို့ရတယ်

သူ့ဟာက အစိမ့်လေး၊ ငါးဖယ်ကြော်ဆိုရင် အရမ်းစစ်လို့ တထုတ်ထုတ်နဲ့ အိမ်မှာကြော်စားတာတောင် သူ့လောက်မကောင်းဘူး။

စိတ်ဝင်စားစရာကောင်းတာက မနှင်းဆီ စျေးတွက်တာ လူတွေက ပြောကြတယ် သူတွက်ချင်သလိုတွက်ပြီး သူတောင်းချင်သလိုတောင်းတာတဲ့ ကိုယ်လည်း ဟိုးအရင်စားခါစ က အဲ့လိုလားပေါ့ တပွဲဘယ်လောက်လည်းမေးရင်လည်း မကြိုက်ဘူး ဘာဖြစ်တယ် ညာဖြစ်တယ် ပြောကြတယ်။

ကိုယ်အမြဲစားတော့မှ မနှင်းဆီတွက်တာ ဆရာကျမှန်းသိတယ်.. ရောက်တာ နဲ့ ကိုယ်စားနေကျ ဗူးသီး ငါးဖယ် နံနံပင် မထည့် အဖတ်လျော့ အရေများများ ငှက်ပျောအူထည့်.. အဲ့လို ရပြီးသား စျေးတွက်တာလည်း သုံးယောက်လာစား သုံးယောက်လုံးစားတာ မှတ်မိတယ်။

စျေးကြီးတယ် မတန်ဘူးတဲ့ တချို့က.. မတန်ဖူး တန်တယ်ဆိုတာ ကိုယ်သတ်မှတ်ထားတဲ့စံနှုန်း၊ ကိုယ်ဆိုရင် မဖြူ မုန့်ဟင်းခါးကို မစားရ မနေနိုင်ဘူး ဒီအရသာမျိုးဘယ်မှာမှမရဘူး ကိုယ်ကြိုက်တဲ့အရာဆိုရင် ပေးရတာ တန်တယ်ထင်တာပဲ။

ဗူးသီးနဲ့ငဖယ် နဲ့ တပွဲကို သုံးထောင်ယူတယ် ခုခေတ်မှာ မဖြူထက်စျေးကြီးတဲ့ဆိုင်တွေဆိုတာပုံလို့လေ။ ကောက်ညှင်းပေါင်းနဲ့ ငါးခြောက်ဖုတ် ဆိတ်သားခြောက်လည်းရတယ်။ ကိုယ်တိုင် စားခဲ့ဖူးတဲ့ သူတဦးရဲ့ အမြင်ကိုလည်း ထပ်မံဖော်ပြ လိုက်ပါတယ်-

ဒေါ်နှင်းဆီမုန့်ဟင်းခါး တစ်ပွဲ တစ်သောင်းခွဲတဲ့ အိုးမိုင်ဂေါ့ ကိုယ်လည်း စူးစမ်းချင်လို့ သွားစားကြည့်တာ မယုံလို့ အယ် တကယ်ကြီးတော့်။ ကိုယ်ကြားဖူးတာနဲ့ စာဖူးတာ က ထောင့်ငါးရာတန်လောက်က အများဆုံးကိုး။

နီနီက ခဏခဏ ပြောပြတယ်။ အဲ့ဒီမုန့်ဟင်းခါးက ဘယ်လို ကောင်းကြောင်းပေါ့ သူသွားစားတိုင်း ပုံလှမ်းလှမ်းပို့ရတာ အမော။အဲ့လိုအချိန်ဆိုရင် ဒါဒါ သူ့ကိုပြောတယ်

နင့် မုန့်ဟင်းခါးက ဘာမလို့လဲ တစ်သောင်းခွဲပေးရအောင် ငါသာဆို စားမနေဘူး မတန်မရာတွေ အံ့သြတယ် ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့။ နီနီကပြန်ပြောတယ် နင် ရန်ကုန်ရောက်မှ စားကြည့်လိုက် ပြီးမှဆက်ပြောတဲ့ Ok ပေါ့။

ဒီနေ့ ဒီမုန့်ဟင်းခါးကိုစားဖို့ မနက်ငါးနာရီ ထရပါတယ် (ငတ်ကြီးကျတယ်ဘဲပြောပြော တစ်သောင်းခွဲဆိုသော မုန့်ဟင်းခါးကို စိတ်ဝင်စားလို့ အစောထခြင်းပါ) ဖုန်းဆက်ပြီး ဘယ်နှယောက်စာ ဆိုတာကြိုတင်မှာရပါ သေးတယ်။

(ကြီးကြီးကျယ်ကျယ် ဖုန်းဆက်မှာရသေးတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်) ကြိုက်သလိုထင်ပါ။ သူက မနက်ရှစ်နာရီကျော်လောက်ဆို ကုန်တတ်လို့ပါတဲ့။ ဆိုင်အပြင်အဆင်ကလည်း ပုံမှာမြင်တဲ့အတိုင်းပါဘဲ ရိုးရှင်းပါတယ်။

လာစားတဲ့ ကားတွေကလည်း ကျိတ်ကျိတ်တိုး အပြည့်ဘဲမလို့ ကြိုမမှာထားရင် တန်းစီစောင့်ရပါတယ် Feeling amazing ပေါ့နော်။အဲ့တာနဲ့ မုန့်ဟင်းခါး ပန်းကန်လာချတော့ ပန်းကန်က အလုံးမဟုတ်ဘူး ပန်းကန်ပြားနဲ့။ စပြီးသတိထားမိတာက ငါးဥတွေနဲ့ ငါးဖယ်တွေနဲ့ စုံပလုံ နေတာဘဲ။

တစ်ဇွန်းစ စားကြည့်တယ် အင်း သူတို့ပြောတာမှန်တယ် ဆိုပြီးဖြစ်သွားရော တော်တော်လေး အရသာရှိပါတယ်။ သာမန်မုန့်ဟင်းခါးတွေနဲ့ အတော်လေးလည်းကွဲထွက်ပြီး ဘာကိုကောင်းတာလဲလို့မေးရင် ကောင်းလို့ ကို ကောင်းတာပါလို့ဘဲ ပြန်ဖြေချင်ပါတယ်။

“တန်ရာတန်ကြေးပေးရင် ပေးရတာနဲ့တန်အောင် ပြန်ရမှ လူတွေက ကျေနပ်ကြတာ သဘာဝကိုး ” အော် ဒီမုန့်ဟင်းခါးကို ကိုယ်တိုင် လာမစားကြည့်ခင်ကတော့ အပြစ်မြင်ခဲ့ဖူးပါရဲ့။

အခုကျတော့ ကိုယ်အပါအဝင် လူတွေများစွာ စားပွဲပေါင်းများစွာ ထိုင်ခုံပေါင်း များစွာ ဝိုင်းတွေက အပြည့်နဲ့လေ ပျော်စရာကြီးပါ။ မဆီမဆိုင် သူ့ဝင်ငွေတောင် ကိုယ်က ထိုင်တွက် ခန့်မှန်းခဲ့သေး။သူ့ကိုကြိုက်နှစ်သက်လို့ လာရောက်အားပေးကြတာလေ ဝေးကလည်းဝေးသေး တော်ရုံဆို ဘယ်လာကြမလဲ။

သူ့ရဲ့ကောင်းကွက်လေးတွေကို ချစ်ခင်နှစ်သက်စိတ်နဲ့ လက်ခံလို့ပေါ့။ အဲ့လိုဘဲ အခြားတစ်ဖက်မှာ သူ့ကိုလက်မခံချင်တဲ့ မတန်မရာ ဘာညာ သာရကာဆိုတဲ့ လူတွေလည်းရှိကောင်းရှိမှာဘဲ။

သူက တစ်သောင်းခွဲနဲ့ရောင်းနေပေမယ့် တစ်သောင်းခွဲပေးပြီး ကျေကျေနပ်နပ်နဲ့ ဝယ်စားတဲ့ လူတွေရှိမှရတာကိုး။ သူ့ကို လက်ခံနိုင်တဲ့ သူရှိသလို လက်မခံချင်တဲ့ သူလည်း ရှိမှာဘဲ။ သူကတော့ ဘာကိုမှဂရုမစိုက်အားပါဘူး။ ရောင်းကောင်းတာ လက်မလည်လို့ပါ။

အော် အဲ့တာပြောတာပေါ့ နေရာတိုင်းမှာ သူ့အနေအထားနဲ့သူ သူ့တန်ဖိုးနဲ့သူ။ စိတ်ဝင်စားရင် သွားစားလို့ရအောင် လိပ်စာလေး ရေးပေးခဲ့မယ်။ ရွှေတောင်ကြားလမ်း အလက(၆)ကျောင်းဝင်းအတွင်း။ မုန့်ဟင်းခါးစားရင်း ရလိုက်တဲ့ မုန့်ဟင်းခါး Messages

Myo Thandar Htwe

Zaw Gyi

အင္းလ်ားလမ္း မျဖဴမုန႔္ဟင္းခါး (တပြဲ တေသာင္းခြဲေက်ာ္) အင္းလ်ားလမ္း မျဖဴ မုန႔္ဟင္းခါးဆို တာ ဒိတ္ဒိတ္ႀကဲ အဲ့ မျဖဴမုန႔္ဟင္းခါးရဲ႕ ပဲ့ကိုင္ရွင္က မႏွင္းဆီတဲ့၊ နာမည္ႀကီးသလို ေစ်းကလည္းႀကီး၊ ငါးသေလာက္ဥနဲ႔ အေၾကာ္စုံ တပြဲေလာက္ထည့္စားရင္ တပြဲ တေသာင္းေက်ာ္။

စားမယ့္သူမရွိဘူးထင္ေနလား ႀကိတ္ႀကိတ္တိုး စမီးလည္း ရန္ကုန္ေနတိုင္းစားတယ္ေလ ဟီး။ အေၾကာ္ကို ပဲေၾကာ္ က အစ သူ႔ဆိုင္မွာပဲ ဆီသန႔္နဲ႔ေၾကာ္တာ ေၾကာ္ေၾကာ္ၿပီးခ်င္း ပူပူေလာေလာကို ညႇပ္ၿပီး ငါးက်ည္းငါးခူ နဲ႔ပဲခ်က္တဲ့ မုန႔္ဟင္းခါးထဲ ထည့္စားရတဲ့ ဟာက ဘယ္လိုေကာင္းမွန္းမသိ၊

ဘူးသီးေၾကာ္ ပုစြန္ေၾကာ္ ငွက္ေပ်ာေၾကာ္ အ႐ြက္ေၾကာ္နာမည္ႀကီးပါ့ ဗုဒၶဟူးနဲ႔ ႐ုံးပိတ္ရက္ေတြဆို အုန္းႏို႔ေခါက္ဆြဲ ရတယ္ အသဲအျမစ္ ေတာင္ပံ အသား အူ ေသြးခဲ အကုန္ထည့္စားလို႔ရတယ္

သူ႔ဟာက အစိမ့္ေလး၊ ငါးဖယ္ေၾကာ္ဆိုရင္ အရမ္းစစ္လို႔ တထုတ္ထုတ္နဲ႔ အိမ္မွာေၾကာ္စားတာေတာင္ သူ႔ေလာက္မေကာင္းဘူး။

စိတ္ဝင္စားစရာေကာင္းတာက မႏွင္းဆီ ေစ်းတြက္တာ လူေတြက ေျပာၾကတယ္ သူတြက္ခ်င္သလိုတြက္ၿပီး သူေတာင္းခ်င္သလိုေတာင္းတာတဲ့ ကိုယ္လည္း ဟိုးအရင္စားခါစ က အဲ့လိုလားေပါ့ တပြဲဘယ္ေလာက္လည္းေမးရင္လည္း မႀကိဳက္ဘူး ဘာျဖစ္တယ္ ညာျဖစ္တယ္ ေျပာၾကတယ္။

ကိုယ္အၿမဲစားေတာ့မွ မႏွင္းဆီတြက္တာ ဆရာက်မွန္းသိတယ္.. ေရာက္တာ နဲ႔ ကိုယ္စားေနက် ဗူးသီး ငါးဖယ္ နံနံပင္ မထည့္ အဖတ္ေလ်ာ့ အေရမ်ားမ်ား ငွက္ေပ်ာအူထည့္.. အဲ့လို ရၿပီးသား ေစ်းတြက္တာလည္း သုံးေယာက္လာစား သုံးေယာက္လုံးစားတာ မွတ္မိတယ္။

ေစ်းႀကီးတယ္ မတန္ဘူးတဲ့ တခ်ိဳ႕က.. မတန္ဖူး တန္တယ္ဆိုတာ ကိုယ္သတ္မွတ္ထားတဲ့စံႏႈန္း၊ ကိုယ္ဆိုရင္ မျဖဴ မုန႔္ဟင္းခါးကို မစားရ မေနႏိုင္ဘူး ဒီအရသာမ်ိဳးဘယ္မွာမွမရဘူး ကိုယ္ႀကိဳက္တဲ့အရာဆိုရင္ ေပးရတာ တန္တယ္ထင္တာပဲ။

ဗူးသီးနဲ႔ငဖယ္ နဲ႔ တပြဲကို သုံးေထာင္ယူတယ္ ခုေခတ္မွာ မျဖဴထက္ေစ်းႀကီးတဲ့ဆိုင္ေတြဆိုတာပုံလို႔ေလ။ ေကာက္ညႇင္းေပါင္းနဲ႔ ငါးေျခာက္ဖုတ္ ဆိတ္သားေျခာက္လည္းရတယ္။ ကိုယ္တိုင္ စားခဲ့ဖူးတဲ့ သူတဦးရဲ႕ အျမင္ကိုလည္း ထပ္မံေဖာ္ျပ လိုက္ပါတယ္-

ေဒၚႏွင္းဆီမုန႔္ဟင္းခါး တစ္ပြဲ တစ္ေသာင္းခြဲတဲ့ အိုးမိုင္ေဂါ့ ကိုယ္လည္း စူးစမ္းခ်င္လို႔ သြားစားၾကည့္တာ မယုံလို႔ အယ္ တကယ္ႀကီးေတာ့္။ ကိုယ္ၾကားဖူးတာနဲ႔ စာဖူးတာ က ေထာင့္ငါးရာတန္ေလာက္က အမ်ားဆုံးကိုး။

နီနီက ခဏခဏ ေျပာျပတယ္။ အဲ့ဒီမုန႔္ဟင္းခါးက ဘယ္လို ေကာင္းေၾကာင္းေပါ့ သူသြားစားတိုင္း ပုံလွမ္းလွမ္းပို႔ရတာ အေမာ။အဲ့လိုအခ်ိန္ဆိုရင္ ဒါဒါ သူ႔ကိုေျပာတယ္

နင့္ မုန႔္ဟင္းခါးက ဘာမလို႔လဲ တစ္ေသာင္းခြဲေပးရေအာင္ ငါသာဆို စားမေနဘူး မတန္မရာေတြ အံ့ၾသတယ္ ဘာျဖစ္တယ္ ညာျဖစ္တယ္ေပါ့။ နီနီကျပန္ေျပာတယ္ နင္ ရန္ကုန္ေရာက္မွ စားၾကည့္လိုက္ ၿပီးမွဆက္ေျပာတဲ့ Ok ေပါ့။

ဒီေန႔ ဒီမုန႔္ဟင္းခါးကိုစားဖို႔ မနက္ငါးနာရီ ထရပါတယ္ (ငတ္ႀကီးက်တယ္ဘဲေျပာေျပာ တစ္ေသာင္းခြဲဆိုေသာ မုန႔္ဟင္းခါးကို စိတ္ဝင္စားလို႔ အေစာထျခင္းပါ) ဖုန္းဆက္ၿပီး ဘယ္ႏွေယာက္စာ ဆိုတာႀကိဳတင္မွာရပါ ေသးတယ္။

(ႀကီးႀကီးက်ယ္က်ယ္ ဖုန္းဆက္မွာရေသးတယ္လို႔ ထင္ေကာင္းထင္ႏိုင္ပါတယ္) ႀကိဳက္သလိုထင္ပါ။ သူက မနက္ရွစ္နာရီေက်ာ္ေလာက္ဆို ကုန္တတ္လို႔ပါတဲ့။ ဆိုင္အျပင္အဆင္ကလည္း ပုံမွာျမင္တဲ့အတိုင္းပါဘဲ ႐ိုးရွင္းပါတယ္။

လာစားတဲ့ ကားေတြကလည္း က်ိတ္က်ိတ္တိုး အျပည့္ဘဲမလို႔ ႀကိဳမမွာထားရင္ တန္းစီေစာင့္ရပါတယ္ Feeling amazing ေပါ့ေနာ္။အဲ့တာနဲ႔ မုန႔္ဟင္းခါး ပန္းကန္လာခ်ေတာ့ ပန္းကန္က အလုံးမဟုတ္ဘူး ပန္းကန္ျပားနဲ႔။ စၿပီးသတိထားမိတာက ငါးဥေတြနဲ႔ ငါးဖယ္ေတြနဲ႔ စုံပလုံ ေနတာဘဲ။

တစ္ဇြန္းစ စားၾကည့္တယ္ အင္း သူတို႔ေျပာတာမွန္တယ္ ဆိုၿပီးျဖစ္သြားေရာ ေတာ္ေတာ္ေလး အရသာရွိပါတယ္။ သာမန္မုန႔္ဟင္းခါးေတြနဲ႔ အေတာ္ေလးလည္းကြဲထြက္ၿပီး ဘာကိုေကာင္းတာလဲလို႔ေမးရင္ ေကာင္းလို႔ ကို ေကာင္းတာပါလို႔ဘဲ ျပန္ေျဖခ်င္ပါတယ္။

“တန္ရာတန္ေၾကးေပးရင္ ေပးရတာနဲ႔တန္ေအာင္ ျပန္ရမွ လူေတြက ေက်နပ္ၾကတာ သဘာဝကိုး ” ေအာ္ ဒီမုန႔္ဟင္းခါးကို ကိုယ္တိုင္ လာမစားၾကည့္ခင္ကေတာ့ အျပစ္ျမင္ခဲ့ဖူးပါရဲ႕။

အခုက်ေတာ့ ကိုယ္အပါအဝင္ လူေတြမ်ားစြာ စားပြဲေပါင္းမ်ားစြာ ထိုင္ခုံေပါင္း မ်ားစြာ ဝိုင္းေတြက အျပည့္နဲ႔ေလ ေပ်ာ္စရာႀကီးပါ။ မဆီမဆိုင္ သူ႔ဝင္ေငြေတာင္ ကိုယ္က ထိုင္တြက္ ခန႔္မွန္းခဲ့ေသး။သူ႔ကိုႀကိဳက္ႏွစ္သက္လို႔ လာေရာက္အားေပးၾကတာေလ ေဝးကလည္းေဝးေသး ေတာ္႐ုံဆို ဘယ္လာၾကမလဲ။

သူ႔ရဲ႕ေကာင္းကြက္ေလးေတြကို ခ်စ္ခင္ႏွစ္သက္စိတ္နဲ႔ လက္ခံလို႔ေပါ့။ အဲ့လိုဘဲ အျခားတစ္ဖက္မွာ သူ႔ကိုလက္မခံခ်င္တဲ့ မတန္မရာ ဘာညာ သာရကာဆိုတဲ့ လူေတြလည္းရွိေကာင္းရွိမွာဘဲ။

သူက တစ္ေသာင္းခြဲနဲ႔ေရာင္းေနေပမယ့္ တစ္ေသာင္းခြဲေပးၿပီး ေက်ေက်နပ္နပ္နဲ႔ ဝယ္စားတဲ့ လူေတြရွိမွရတာကိုး။ သူ႔ကို လက္ခံႏိုင္တဲ့ သူရွိသလို လက္မခံခ်င္တဲ့ သူလည္း ရွိမွာဘဲ။ သူကေတာ့ ဘာကိုမွဂ႐ုမစိုက္အားပါဘူး။ ေရာင္းေကာင္းတာ လက္မလည္လို႔ပါ။

ေအာ္ အဲ့တာေျပာတာေပါ့ ေနရာတိုင္းမွာ သူ႔အေနအထားနဲ႔သူ သူ႔တန္ဖိုးနဲ႔သူ။ စိတ္ဝင္စားရင္ သြားစားလို႔ရေအာင္ လိပ္စာေလး ေရးေပးခဲ့မယ္။ ေ႐ႊေတာင္ၾကားလမ္း အလက(၆)ေက်ာင္းဝင္းအတြင္း။ မုန႔္ဟင္းခါးစားရင္း ရလိုက္တဲ့ မုန႔္ဟင္းခါး Messages

Myo Thandar Htwe